Wednesday, August 21, 2013

လက်နက်များက ပြောသောနိုင်ငံရေး

Win Ko shared ရုပ် ဆိုး's photo.
လက်နက်များက ပြောသောနိုင်ငံရေး 
---------------------------------------
       ခုတလော ဖေ့စ်ဘုတ်မှာ လည်းဘာသာရေးပဋိပက္ခ နဲ့ ပက်သက်ပြီး စိတ်မချမ်းသာစရာတိုက်ခိုက်မှုတွေ ၊ ပုဂ္ဂိုလ် အငြိုးတေး တိုက်ပွဲတွေ နဲ့ 
ကိုယ့်အတွက် ဗဟုသုတ ရစရာ ၊ ခံစားမှု ပေးနိုင်တဲ့ စာရယ်လို့ မယ်မယ် ရရ မတွေ့ မိဘူး ။ ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်ကြိုးစားရင်း ဖေ့စ်ဘုတ်လည်း
ကြာကြာသုံးဖို့ စိတ်မပါတာနဲ့ တခြားနေရာမှာ စိတ်ကူးတည့်ရာလေးတွေ လျှောက်ဖတ်နေမိတယ် ။ လျှောက်ဖတ်လိုက် တွေးလိုက်ပေါ့ ။

      ကျွန်တော်တို့ လူသားတွေ ဟာ စစ်ရဲ့ အနိဌာရုံတွေ ၊ စစ်ရဲ့ ခါးသီးတဲ့ ဒုက္ခတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ နေပါလျှက်ကယ်နဲ့ ဘာကြောင့်များ 
စစ်တွေ တိုက်နေကြရတာလဲ ။ ဘာကြောင့် များ နိုင်ငံ တွေမှာ စစ်တပ် တွေထားနေရတာလဲ ။ ဘာကြောင့်များ ခေတ်မှီလက်နက်တွေ အပြိုင်ဆိုင်တပ်ဆင်နေကြရတာလဲ ..စသဖြင့် အတွေး စ က ဖြစ်ပေါ် လာတဲ့မေးခွန်းလေးတွေ ကို နက်ပေါ် ကနေတဆင့် ရှာဖတ်ကြည့်မိတယ် ။  

       စစ်ပွဲတွေ ဟာ ကျွန်တော်တို့ လူသားသမိုင်းနဲ့ အတူယှဉ်တွဲ ဖြစ်ပေါ်လာတယ်လို့ ပြောလို့ရမယ်ထင်ပါတယ် ။ ဘာကြောင့် လဲဆိုတော့အီဂျစ်တောင်ပိုင်းနဲ့ဆူဒန်နိုင်ငံ မြောက်ပိုင်း နိုင်းမြစ်တစ်လျှောက်မှာတည်ရှိခဲ့တဲ့ Nubia ဒေသ က သချိုင်းတွေ ၊ အုတ်ဂူတွေမှာ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၁၂၀၀၀ က စပြီး လူတွေဟာ တိုက်ခိုက်ရင်း သေဆုံးခဲ့ တဲ့ အထောက်ထားတွေ တွေ့ခဲ့ရလို့ပါပဲ ။ 
အဲဒီ နောက် လွန်ခဲ့ တဲ့ နှစ်ပေါင်း ၅၀၀၀ က စပြီး အခိုင်အမာ စစ်တပ်တွေ တည်ရှိခဲ့ ကြတယ် ၊ စစ်ခင်းခဲ့ကြတယ် ၊ စစ်ကြောင့် သေဆုံးခဲ့ကြတယ် ဆိုတဲ့ 
အထောက်ထားတွေ က တွေ့ ရှိရတယ်လို့ဆိုတယ် ။ War Before Civilization ဆိုတဲ့ စာအုပ်မှာ တော့ ကျွန်တော်တို့ လူသား တွေဟာ BC ၃၅၀၀  ကစလို့ AD ၂၀ ရာစုနှောင်းပိုင်းထိ ..ကာလအပိုင်းအခြားမှာ ..စစ်ကြောင့် လူပေါင်း ၃.၅ ဘီလီယံ သေဆုံးခဲ့ ကြရပြီး ...နှစ်ပေါင်း ၃၀၀ မျှသောအချိန်သာလျှင်စစ်ပွဲ မရှိပဲ ငြိမ်းငြိမ်းချမ်းချမ်းနေ
ခဲ့ရတယ်လို့ ဆိုပါတယ်။

      စစ်ပညာ ရှင် ကာလ်ဗွန် ကလော့ဝဇ် က စစ်ပွဲ ရဲ့ အဓိပ္ပါယ်ကို  " War is thus an act of force to compel our enemy to do our will " လို့ဖွင့်ဆိုခဲ့တယ် ။ 
စစ်ပွဲဆိုတာ တဖက်လူကို ကိုယ့်စိတ်တိုင်းကျ ခေါင်းငြိမ့်စေတဲ့ ဆောင်ရွက်မှု တစ်ခုပေါ့ ။ အဲဒါကြောင့် လဲ အတ္တ ၊ လောဘ ၊ ဒေါသ တွေ ထူပြောနေတဲ့ မနုဿလူသားတွေမှာ စစ်ရဲ့ အခြေခံ အကြောင်းတရားတွေ ဖြစ်ပေါ်လာကြရတယ် ။ စစ်သမိုင်းပညာ ရှင် တစ်ယောက်ဖြစ်တဲ့ John Keegan ရဲ့ History of Warfare မှာတော့ ...War is a universal phenomenon whose form and scope is defined by the society that wages it. လို့ ဆိုထားတယ် ။ Philosophy of war တွေ ၊ History of War ဆိုတာတွေကို အနည်းငယ်လေ့လာကြည့်တဲ့ ခါ ကျွန်တော်တို့ လူသဘာဝကို က စစ်နဲ့ မကင်းနိုင်ခဲ့ ကြတာကိုတွေ့ရမှာပါ ။

    လူသားတွေ ဟာ စစ်နဲ့ မကင်းနိုင်ကြတဲ့ အလျှောက် စစ်ပွဲ အောင်နိုင်ဖို့ ရာ အသုံးပြုကြတဲ့ ..ခွန်အား ၊ လက်နက် ၊ စစ်နည်းပရိယာယ်တွေဟာလည်း တစထက်တစ ပိုပိုပြီးတိုးတက်များပြားလာခဲ့ကြရတယ် ။ စစ်တို့ရဲ့ ခေတ်မှာ လည်း ကျောက်ခေတ် ၊ သံခေတ် ၊ ယမ်းခေတ် ၊ အနူမြူခေတ် ၊ သူသားအသိဥာဏ်ခေတ်ရယ်လို့ ပြောင်းလဲ လာတာနဲ့ အမျှ
စစ်ပွဲ တွေရဲ့ ပုံသဏ္ဍန်တွေဟာ လည်း သမာရိုးကျ စစ်ပွဲ တွေ ပုံစံ ကနေ ခွဲထွက်ပြီး Multidimensional Warfare တွေ အဖြစ် ပြောင်းလဲ လာခဲ့တယ် ။ စစ်ရေး ဟာ စစ်ရေးသက်သက် မရပ်တည်တော့ ပဲ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ဘာသာရေး ၊ ယဉ်ကျေးမှူ ၊ မီဒီယာ ၊ နည်းပညာ ၊ ယဉ်ကျေးမှု လွှမ်းမိုး ခြင်း စတာတွေ နဲ့ ဒွေးရောယှက်တင် ပေါင်းစပ်လာကြတယ် ။ ထိုနည်းတူပဲ စစ်ပွဲ များအောင်နိုင်မှု ၊ တောင့်တင်းသောစစ်အင်အားပိုင်ဆိုင်မှု ၊ ဆန်းသစ်တဲ့ စစ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်မှု ဟာ Globalization ခေတ်မှာ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေးတွေမှာ အရေးပါလာခဲ့တယ် ။ 

     စစ်အေးတိုက်ပွဲ နှင့် နောက်ပိုင်း ကာလတစ်လျှောက် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဟာ မိမိတို့ရဲ့ ကိုယ်ပွားလေးတွေ မွေးဖွားပေး ဖို့ ၊ ကမ္ဘာ့ စာမျက်နှာ မှာ မိမိတို့ရဲ့ အသိုင်းဝိုင်းကြီးမားလာဖို့ ၊ မိမိတို့ရဲ့ ခေတ်မမှီတော့ သော စစ်လက်နက် ပစ္စည်းတွေ ကနေတဆင့် စီးပွားရေးဖြစ်ထွန်းဖို့ ၊ နိုင်ငံရေးအရ လိုအပ်သလို ထိန်းချုပ်နိုင်ဖို့ အတွက် ...နိုင်ငံငယ်များကို ပွန်း အဖြစ် ကိုင်ပြီး ကစားလေ့ရှိကြတယ် ။ နိုင်ငံငယ်များ အချင်းချင်း ၊ နိုင်ငံတွင်း လူမျိုးစုများအချင်းချင်း ပဋိပက္ခဖြစ်အောင်ဖန်တီးပေး ခြင်းဖြင့် လက်နက်များကိုဝယ်ယူစေတယ် ။ သက်ဆိုင်ရာ နိုင်ငံငယ်များမှာ စစ်ရေးအခြေနေတွေ ဆိုးဝါးလာတာနဲ့ အမျှ နိုင်ငံရေးတည်ငြိမ်မှု ၊ စီးပွားရေး တည်ငြိမ်မှုတွေ ပျက်ပြားပြီး 
ကမ္ဘာ့ အလယ်မှာ အားကိုရှာ ရတဲ့အဆင့်ကိုရောက်ရှိလာကြတယ် ။ နိုင်ငံတကာ စစ်လက်နက်ရောင်းဝယ်ရေး သဘောတူစာချုပ် ကို နိုင်ငံအတော်များများ လက်မှတ်ထိုးထားကြသည့်တိုင် ယနေ့ချိန်ထိ ကမ္ဘာ့ အဖြစ်ထွန်းဆုံး ကမ္ဘာ့ တရားမဝင်စီးပွားရေး အဖြစ် လက်နက်မှောင်ခိုရောင်းဝယ်မှု က ရပ်တည်လျှက်ရှိပါတယ် ။

    ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးကို မြေအနေထားရ ၊ စီးပွားရေးအရ ၊ စစ်ရေးအရ ..စသဖြင့် အမျိုးမျိုးပိုင်းခြားရှုမြင်လေ့ရှိကြပါတယ် ။ Geopolitics နှင့် စစ်မဟာဗျူဟာတွေအရ တော့ ကမ္ဘာကြီးကို အပိုင်း ၁၀ ပိုင်း ပိုင်းခြားထားတယ်လို့ ဆိုပါတယ် ။ အဲဒါတွေကတော့

(၁) အာရှ-ပစိတ်ဖိတ်ဒေသ (၂၇ နိုင်ငံ)
     သြစတေးလျ ၊ အာဖဂန်နစ်စတန် ၊ ဘင်္ဂလားဒေ့ရှ် ၊ ဘရုနိုင်း ၊ ဘူတန် ၊ ဗီယက်နာမ် ၊ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီယား ၊ တရုတ် ၊ မြောက်ကိုရီးယား ၊ လာအို ၊ မလေးရှား၊ မွန်ဂိုလီယား ၊ မြန်မာ ၊ နီပေါ ၊ နယူးဇီလန် ၊ ပါကစ္စတန် ၊ နယူးဂီနီ ၊ စင်္ကာပူ ၊ ထိုင်း ၊ ထိုင်ဝမ်  ၊ ဖီဂျီ ၊ ဖိလစ်ပိုင် ၊ သီရိလင်္ကာ ၊ တောင်ကိုးရီယား ၊ ဂျပန် ။
(၂) မြောက်ပိုင်း အဖရိက နှင့် အရှေ့မြောက် အာဖရိက (၁၁ နိုင်ငံ)
(၃) အာဖရိကနှင့် ဆာဟာရကန္တာရဒေသ (၃၇ နိုင်ငံ)
(၄) အရှေ့အလယ်ပိုင်း (၁၆ နိုင်ငံ)
(၅) ဆိုဗီယက်ခွဲထွက် (၁၅ နိုင်ငံ)
(၆) အရှေ့ဥရောပ (၁၃ နိုင်ငံ)
(၇) အနောက်ဥရောပ (၂၀ နိုင်ငံ)
(၈) တောင်အမေရိက နှင့် မက္ကဆီကို (၁၃ နိုင်ငံ)
(၉) အမေရိကအလယ်ပိုင်းနှင့် ကာရေဗီယန်ဒေသ (၁၅ နိုင်ငံ)
(၁၀) မြောက်အမေရိက (၂ နိုင်ငံ)
ဆိုပြီး ရှိပါတယ် ။ 

   ကျွန်တော်တို့ မြန်မာတည်ရှိရာ အာရှပစိဖိတ်ဒေသ က နိုင်ငံများကို ကြည့်ကြည့်ပါ။  
(၁) ကမ္ဘာ့ စူပါ ပါဝါနှင့် စူပါပါဝါ ဖြစ်ရန်အလားအလာရှိသောနိုင်ငံ ၃ နိုင်ငံရှိပါတယ် ။ (တရုတ် ၊ အန္ဒိယ ၊ ဂျပန်)
(၂) ကမ္ဘာမှာ နြူလက်နက် ပိုင်ဆိုင်တဲ့ ၈ နိုင်ငံ ထဲ ကမှ အာရှ-ပစိဖိတ်ဒေသမှာ ၄ နိုင်ငံရှိပါတယ် ။ (တရုတ် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ မြောက်ကိုးရီးယား)
(၃) ကမ္ဘာ့ စစ်စားရိတ်အသုံးပြုဆုံး ၁၀ နိုင်ငံထဲမှ ၃ နိုင်ငံရှိပါတယ် ။ (တရုတ် ၊ အိန္ဒိယ ၊ ဂျပန်)
(၄) ကမ္ဘာ့ စစ်လက်နက်အများဆုံးတင်သွင်းတဲ့ ၁၅ နိုင်ငံ ထဲက ၈ နိုင်ငံရှိပါတယ်။(အိန္ဒိယ ၊ သြစတေးလျ ၊ တောင်ကိုးရီးယား ၊ စင်္ကာပူ ၊ တရုတ် ၊ ပါကစ္စတန် ၊ မလေးရှား ၊ အင်ဒိုနီးရှား)
(၅) ကမ္ဘာ့ စစ်အင်အားအကြီးမားဆုံး ၁၀ နိုင်ငံထဲမှ ၅ နိုင်ငံ ရှိပါတယ် ။ (တရုတ် ၊ အန္ဒိယ ၊ မြောက်ကိုးရီးယား ၊ တောင်ကိုးရီးယား ၊ ပါကစ္စတန်)
ဆိုပြီးရှိပါတယ် ။ 

     အထက်ပါအကြောင်းရာတွေ ကို ကျွန်တော်ဘာကြောင့် ပြောနေရလဲဆိုတော့ အာရှ-ပစိဖိတ်နိုင်ငံ တွေထဲကနေ ရွေးချယ်ကြည့်ရှူနိုင်ဖို့ပါ ။ အမေရိကန် နိုင်ငံရဲ့ အရှေ့အလယ်ပိုင်း interest ကာလမှ ဘာတွေဖြစ်ခဲ့သလဲ ။ ဘယ်သူတွေ အကျိုးအမြတ်ရခဲ့သလဲ ။ အရင်ကဖြစ်ပျက်ခဲ့သော ၊ ယခုလက်ရှိဖြစ်ပျက်နေသော အကြောင်းရာတွေကိုကြည့်ရှူရင်သိနိုင်ပါလိမ့် မယ်။
အခုလက်ရှိ အမေရိကန်သမ္မတ မစ္စတာအိုဘားမားရဲ့ အာရှ-ပစိဖိတ် interest ကနေ ကျွန်တော်တို့ မြန်မာနိုင်ငံ ဘယ်လို အခြေနေတွေဖြစ်ပေါ်နေသလဲ ဆိုတာအားလုံးအသိပဲဖြစ်ပါတယ် ။ ပြီးခဲ့ တဲ့ ဂျွန် လ ၂၅ ရက်နေ့ က IHS jane's Defense ရဲ့ အစီရင်ခံစာအရ အမေရိကန် တပ်မတော်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ လာမဲ့ ၁၀ နှစ်အတွင်း အာရှ-ပစိဖိတ် အတွင်း interest ရွေ့လျားမယ်လို့ ဆိုထားပါတယ် ။ ပြီးတော့ ၂၀၁၃ ကနေ ၂၀၂၁ ထိ ၁၀ နှစ်တာကာလအတွင်းမှာ အာရှ-ပစိတ်ဖိတ် ဒေသ ကနေ လက်နက်ရောင်းချမှု အတွက် အမေရိကန် ဒေါ်လာ ၁.၆ ထွီလီယံ ထိ ရရှိနိုင်တယ်လို့ ဆိုထားပါတယ် ။ 

     ကျွန်တော်တို့ မြန်မာနိုင်ငံ တည်ရှိရာ အာရှ-ပစိတ်ဖိတ် ဒေသ နိုင်ငံများကို စိတ်ဝင်တစား ပြန်ကြည့်ကြည့် ပါ ။ ပြီးတော့ စူပါပါဝါဖြစ်နေတဲ့ နိုင်ငံ တွေ ၊ ကိုယ့်ဘာကိုယ်လက်နက်ထုတ်နိုင်တဲ့ နိုင်ငံတွေ ၊ လက်နက်အင်အားကြီးပြီးသားနိုင်ငံတွေ ၊ နိုင်ငံရေး ၊ စီးပွားရေးအရ တည်ငြိမ် နေပြီးသားနိုင်ငံတွေ ၊ ကုန်းတွင်းပိတ် မို့ လို့ ဘယ်လိုမှ အင်အားကြီးမလာ နိုင်တဲ့နိုင်ငံတွေ ၊ အဆမတန်သေးငယ်လွန်း တဲ့ နိုင်ငံ တွေ စတာတွေ ကို ဖယ်ကြည့်ပါ ။ အဲဒါဆိုရင် ယေဘူယျ အားဖြင့် ၁.၆ ထီလီယံ ပေးရမဲ့ နိုင်ငံ တွေ စာရင်းရမှာဖြစ်ပါတယ် ။ အဲဒီ နိုင်ငံတွေ ကနေမှ
မဟာဗျူဟာအချက်ချာနေရာတွေ ၊ နိုင်ငံတွင်း sensitive ဖြစ်နိုင်တဲ့ အခြေနေတွေ ၊ စစ်ဖြစ်လာနိုင်တဲ့ အကြောင်းတရားရှိမှု တွေ နဲ့ တိုက်ပြီး ထပ် ပြီး ရွေးချယ်ကြည့်ပါ ။ အဲဒါဆိုရင် ဘယ်နိုင်ငံတွေဟာ စီးပွားရေးမတည်ငြိမ်မှုတွေ ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ ၊ လူမှုရေးမတည်ငြိမ်မှုတွေ ဖြစ်လာနိုင်လဲ ... ဆိုတဲ့  လက်နက်များက ပြောတဲ့ နိုင်ငံရေး စကားကို ကြားရပါလိမ့်မယ်  ၊ လက်နက်များက ပြသနေ တဲ့ နိုင်ငံရေးအခြေနေတွေကို ကြိုမြင်ရပါလိမ့်မယ် ။

~~ ရုပ်ဆိုး ~~
ခုတလော ဖေ့စ်ဘုတ်မှာ လည်းဘာသာရေးပဋိပက္ခ နဲ့ ပက်သက်ပြီး စိတ်မချမ်းသာစရာတိုက်ခိုက်မှုတွေ ၊ ပုဂ္ဂိုလ် အငြိုးတေး တိုက်ပွဲတွေ နဲ့
ကိုယ့်အတွက် ဗဟုသုတ ရစရာ ၊ ခံစားမှု ပေးနိုင်တဲ့ စာရယ်လို့ မယ်မယ် ရရ မတွေ့ မိဘူး ။ ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်ကြိုးစားရင်း ဖေ့စ်ဘုတ်လည်း
ကြာကြာသုံးဖို့ စိတ်မပါတာနဲ့ တခြားနေရာမှာ စိတ်ကူးတည့်ရာလေးတွေ လျှောက်ဖတ်နေမိတယ် ။ လျှောက်ဖတ်လိုက် တွေးလိုက်ပေါ့ ။

ကျွန်တော်တို့ လူသားတွေ ဟာ စစ်ရဲ့ အနိဌာရုံတွေ ၊ စစ်ရဲ့ ခါးသီးတဲ့ ဒုက္ခတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ နေပါလျှက်ကယ်နဲ့ ဘာကြောင့်များ စစ်တွေ တိုက်နေကြရတာလဲ ။

ဘာကြောင့် များ နိုင်ငံ တွေမှာ စစ်တပ် တွေထားနေရတာလဲ ။ ဘာကြောင့်များ ခေတ်မှီလက်နက်တွေ အပြိုင်ဆိုင်တပ်ဆင်နေကြရတာလဲ ..စသဖြင့် အတွေး စ က ဖြစ်ပေါ် လာတဲ့မေးခွန်းလေးတွေ ကို နက်ပေါ် ကနေတဆင့် ရှာဖတ်ကြည့်မိတယ် ။

စစ်ပွဲတွေ ဟာ ကျွန်တော်တို့ လူသားသမိုင်းနဲ့ အတူယှဉ်တွဲ ဖြစ်ပေါ်လာတယ်လို့ ပြောလို့ရမယ်ထင်ပါတယ် ။ ဘာကြောင့် လဲဆိုတော့အီဂျစ်တောင်ပိုင်းနဲ့ဆူဒန်နိုင်ငံ မြောက်ပိုင်း နိုင်းမြစ်တစ်လျှောက်မှာတည်ရှိခဲ့တဲ့ Nubia ဒေသ က သချိုင်းတွေ ၊ အုတ်ဂူတွေမှာ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၁၂၀၀၀ က စပြီး လူတွေဟာ တိုက်ခိုက်ရင်း သေဆုံးခဲ့ တဲ့ အထောက်ထားတွေ တွေ့ခဲ့ရလို့ပါပဲ ။
အဲဒီ နောက် လွန်ခဲ့ တဲ့ နှစ်ပေါင်း ၅၀၀၀ က စပြီး အခိုင်အမာ စစ်တပ်တွေ တည်ရှိခဲ့ ကြတယ် ၊ စစ်ခင်းခဲ့ကြတယ် ၊ စစ်ကြောင့် သေဆုံးခဲ့ကြတယ် ဆိုတဲ့
အထောက်ထားတွေ က တွေ့ ရှိရတယ်လို့ဆိုတယ် ။ War Before Civilization ဆိုတဲ့ စာအုပ်မှာ တော့ ကျွန်တော်တို့ လူသား တွေဟာ BC ၃၅၀၀ ကစလို့ AD ၂၀ ရာစုနှောင်းပိုင်းထိ ..ကာလအပိုင်းအခြားမှာ ..စစ်ကြောင့် လူပေါင်း ၃.၅ ဘီလီယံ သေဆုံးခဲ့ ကြရပြီး ...နှစ်ပေါင်း ၃၀၀ မျှသောအချိန်သာလျှင်စစ်ပွဲ မရှိပဲ ငြိမ်းငြိမ်းချမ်းချမ်းနေ
ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ပညာ ရှင် ကာလ်ဗွန် ကလော့ဝဇ် က စစ်ပွဲ ရဲ့ အဓိပ္ပါယ်ကို " War is thus an act of force to compel our enemy to do our will " လို့ဖွင့်ဆိုခဲ့တယ် ။
စစ်ပွဲဆိုတာ တဖက်လူကို ကိုယ့်စိတ်တိုင်းကျ ခေါင်းငြိမ့်စေတဲ့ ဆောင်ရွက်မှု တစ်ခုပေါ့ ။ အဲဒါကြောင့် လဲ အတ္တ ၊ လောဘ ၊ ဒေါသ တွေ ထူပြောနေတဲ့ မနုဿလူသားတွေမှာ စစ်ရဲ့ အခြေခံ အကြောင်းတရားတွေ ဖြစ်ပေါ်လာကြရတယ် ။ စစ်သမိုင်းပညာ ရှင် တစ်ယောက်ဖြစ်တဲ့ John Keegan ရဲ့ History of Warfare မှာတော့ ...War is a universal phenomenon whose form and scope is defined by the society that wages it. လို့ ဆိုထားတယ် ။ Philosophy of war တွေ ၊ History of War ဆိုတာတွေကို အနည်းငယ်လေ့လာကြည့်တဲ့ ခါ ကျွန်တော်တို့ လူသဘာဝကို က စစ်နဲ့ မကင်းနိုင်ခဲ့ ကြတာကိုတွေ့ရမှာပါ ။

လူသားတွေ ဟာ စစ်နဲ့ မကင်းနိုင်ကြတဲ့ အလျှောက် စစ်ပွဲ အောင်နိုင်ဖို့ ရာ အသုံးပြုကြတဲ့ ..ခွန်အား ၊ လက်နက် ၊ စစ်နည်းပရိယာယ်တွေဟာလည်း တစထက်တစ ပိုပိုပြီးတိုးတက်များပြားလာခဲ့ကြရတယ် ။ စစ်တို့ရဲ့ ခေတ်မှာ လည်း ကျောက်ခေတ် ၊ သံခေတ် ၊ ယမ်းခေတ် ၊ အနူမြူခေတ် ၊ သူသားအသိဥာဏ်ခေတ်ရယ်လို့ ပြောင်းလဲ လာတာနဲ့ အမျှ
စစ်ပွဲ တွေရဲ့ ပုံသဏ္ဍန်တွေဟာ လည်း သမာရိုးကျ စစ်ပွဲ တွေ ပုံစံ ကနေ ခွဲထွက်ပြီး Multidimensional Warfare တွေ အဖြစ် ပြောင်းလဲ လာခဲ့တယ် ။ စစ်ရေး ဟာ စစ်ရေးသက်သက် မရပ်တည်တော့ ပဲ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ဘာသာရေး ၊ ယဉ်ကျေးမှူ ၊ မီဒီယာ ၊ နည်းပညာ ၊ ယဉ်ကျေးမှု လွှမ်းမိုး ခြင်း စတာတွေ နဲ့ ဒွေးရောယှက်တင် ပေါင်းစပ်လာကြတယ် ။ ထိုနည်းတူပဲ စစ်ပွဲ များအောင်နိုင်မှု ၊ တောင့်တင်းသောစစ်အင်အားပိုင်ဆိုင်မှု ၊ ဆန်းသစ်တဲ့ စစ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်မှု ဟာ Globalization ခေတ်မှာ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေးတွေမှာ အရေးပါလာခဲ့တယ် ။

စစ်အေးတိုက်ပွဲ နှင့် နောက်ပိုင်း ကာလတစ်လျှောက် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဟာ မိမိတို့ရဲ့ ကိုယ်ပွားလေးတွေ မွေးဖွားပေး ဖို့ ၊ ကမ္ဘာ့ စာမျက်နှာ မှာ မိမိတို့ရဲ့ အသိုင်းဝိုင်းကြီးမားလာဖို့ ၊ မိမိတို့ရဲ့ ခေတ်မမှီတော့ သော စစ်လက်နက် ပစ္စည်းတွေ ကနေတဆင့် စီးပွားရေးဖြစ်ထွန်းဖို့ ၊ နိုင်ငံရေးအရ လိုအပ်သလို ထိန်းချုပ်နိုင်ဖို့ အတွက် ...နိုင်ငံငယ်များကို ပွန်း အဖြစ် ကိုင်ပြီး ကစားလေ့ရှိကြတယ် ။ နိုင်ငံငယ်များ အချင်းချင်း ၊ နိုင်ငံတွင်း လူမျိုးစုများအချင်းချင်း ပဋိပက္ခဖြစ်အောင်ဖန်တီးပေး ခြင်းဖြင့် လက်နက်များကိုဝယ်ယူစေတယ် ။ သက်ဆိုင်ရာ နိုင်ငံငယ်များမှာ စစ်ရေးအခြေနေတွေ ဆိုးဝါးလာတာနဲ့ အမျှ နိုင်ငံရေးတည်ငြိမ်မှု ၊ စီးပွားရေး တည်ငြိမ်မှုတွေ ပျက်ပြားပြီး
ကမ္ဘာ့ အလယ်မှာ အားကိုရှာ ရတဲ့အဆင့်ကိုရောက်ရှိလာကြတယ် ။ နိုင်ငံတကာ စစ်လက်နက်ရောင်းဝယ်ရေး သဘောတူစာချုပ် ကို နိုင်ငံအတော်များများ လက်မှတ်ထိုးထားကြသည့်တိုင် ယနေ့ချိန်ထိ ကမ္ဘာ့ အဖြစ်ထွန်းဆုံး ကမ္ဘာ့ တရားမဝင်စီးပွားရေး အဖြစ် လက်နက်မှောင်ခိုရောင်းဝယ်မှု က ရပ်တည်လျှက်ရှိပါတယ် ။

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးကို မြေအနေထားရ ၊ စီးပွားရေးအရ ၊ စစ်ရေးအရ ..စသဖြင့် အမျိုးမျိုးပိုင်းခြားရှုမြင်လေ့ရှိကြပါတယ် ။ Geopolitics နှင့် စစ်မဟာဗျူဟာတွေအရ တော့ ကမ္ဘာကြီးကို အပိုင်း ၁၀ ပိုင်း ပိုင်းခြားထားတယ်လို့ ဆိုပါတယ် ။ အဲဒါတွေကတော့

(၁) အာရှ-ပစိတ်ဖိတ်ဒေသ (၂၇ နိုင်ငံ)
သြစတေးလျ ၊ အာဖဂန်နစ်စတန် ၊ ဘင်္ဂလားဒေ့ရှ် ၊ ဘရုနိုင်း ၊ ဘူတန် ၊ ဗီယက်နာမ် ၊ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီယား ၊ တရုတ် ၊ မြောက်ကိုရီးယား ၊ လာအို ၊ မလေးရှား၊ မွန်ဂိုလီယား ၊ မြန်မာ ၊ နီပေါ ၊ နယူးဇီလန် ၊ ပါကစ္စတန် ၊ နယူးဂီနီ ၊ စင်္ကာပူ ၊ ထိုင်း ၊ ထိုင်ဝမ် ၊ ဖီဂျီ ၊ ဖိလစ်ပိုင် ၊ သီရိလင်္ကာ ၊ တောင်ကိုးရီယား ၊ ဂျပန် ။
(၂) မြောက်ပိုင်း အဖရိက နှင့် အရှေ့မြောက် အာဖရိက (၁၁ နိုင်ငံ)
(၃) အာဖရိကနှင့် ဆာဟာရကန္တာရဒေသ (၃၇ နိုင်ငံ)
(၄) အရှေ့အလယ်ပိုင်း (၁၆ နိုင်ငံ)
(၅) ဆိုဗီယက်ခွဲထွက် (၁၅ နိုင်ငံ)
(၆) အရှေ့ဥရောပ (၁၃ နိုင်ငံ)
(၇) အနောက်ဥရောပ (၂၀ နိုင်ငံ)
(၈) တောင်အမေရိက နှင့် မက္ကဆီကို (၁၃ နိုင်ငံ)
(၉) အမေရိကအလယ်ပိုင်းနှင့် ကာရေဗီယန်ဒေသ (၁၅ နိုင်ငံ)
(၁၀) မြောက်အမေရိက (၂ နိုင်ငံ)
ဆိုပြီး ရှိပါတယ် ။

ကျွန်တော်တို့ မြန်မာတည်ရှိရာ အာရှပစိဖိတ်ဒေသ က နိုင်ငံများကို ကြည့်ကြည့်ပါ။
(၁) ကမ္ဘာ့ စူပါ ပါဝါနှင့် စူပါပါဝါ ဖြစ်ရန်အလားအလာရှိသောနိုင်ငံ ၃ နိုင်ငံရှိပါတယ် ။ (တရုတ် ၊ အန္ဒိယ ၊ ဂျပန်)
(၂) ကမ္ဘာမှာ နြူလက်နက် ပိုင်ဆိုင်တဲ့ ၈ နိုင်ငံ ထဲ ကမှ အာရှ-ပစိဖိတ်ဒေသမှာ ၄ နိုင်ငံရှိပါတယ် ။ (တရုတ် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ မြောက်ကိုးရီးယား)
(၃) ကမ္ဘာ့ စစ်စားရိတ်အသုံးပြုဆုံး ၁၀ နိုင်ငံထဲမှ ၃ နိုင်ငံရှိပါတယ် ။ (တရုတ် ၊ အိန္ဒိယ ၊ ဂျပန်)
(၄) ကမ္ဘာ့ စစ်လက်နက်အများဆုံးတင်သွင်းတဲ့ ၁၅ နိုင်ငံ ထဲက ၈ နိုင်ငံရှိပါတယ်။(အိန္ဒိယ ၊ သြစတေးလျ ၊ တောင်ကိုးရီးယား ၊ စင်္ကာပူ ၊ တရုတ် ၊ ပါကစ္စတန် ၊ မလေးရှား ၊ အင်ဒိုနီးရှား)
(၅) ကမ္ဘာ့ စစ်အင်အားအကြီးမားဆုံး ၁၀ နိုင်ငံထဲမှ ၅ နိုင်ငံ ရှိပါတယ် ။ (တရုတ် ၊ အန္ဒိယ ၊ မြောက်ကိုးရီးယား ၊ တောင်ကိုးရီးယား ၊ ပါကစ္စတန်)
ဆိုပြီးရှိပါတယ် ။

အထက်ပါအကြောင်းရာတွေ ကို ကျွန်တော်ဘာကြောင့် ပြောနေရလဲဆိုတော့ အာရှ-ပစိဖိတ်နိုင်ငံ တွေထဲကနေ ရွေးချယ်ကြည့်ရှူနိုင်ဖို့ပါ ။ အမေရိကန် နိုင်ငံရဲ့ အရှေ့အလယ်ပိုင်း interest ကာလမှ ဘာတွေဖြစ်ခဲ့သလဲ ။ ဘယ်သူတွေ အကျိုးအမြတ်ရခဲ့သလဲ ။ အရင်ကဖြစ်ပျက်ခဲ့သော ၊ ယခုလက်ရှိဖြစ်ပျက်နေသော အကြောင်းရာတွေကိုကြည့်ရှူရင်သိနိုင်ပါလိမ့် မယ်။
အခုလက်ရှိ အမေရိကန်သမ္မတ မစ္စတာအိုဘားမားရဲ့ အာရှ-ပစိဖိတ် interest ကနေ ကျွန်တော်တို့ မြန်မာနိုင်ငံ ဘယ်လို အခြေနေတွေဖြစ်ပေါ်နေသလဲ ဆိုတာအားလုံးအသိပဲဖြစ်ပါတယ် ။ ပြီးခဲ့ တဲ့ ဂျွန် လ ၂၅ ရက်နေ့ က IHS jane's Defense ရဲ့ အစီရင်ခံစာအရ အမေရိကန် တပ်မတော်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ လာမဲ့ ၁၀ နှစ်အတွင်း အာရှ-ပစိဖိတ် အတွင်း interest ရွေ့လျားမယ်လို့ ဆိုထားပါတယ် ။ ပြီးတော့ ၂၀၁၃ ကနေ ၂၀၂၁ ထိ ၁၀ နှစ်တာကာလအတွင်းမှာ အာရှ-ပစိတ်ဖိတ် ဒေသ ကနေ လက်နက်ရောင်းချမှု အတွက် အမေရိကန် ဒေါ်လာ ၁.၆ ထွီလီယံ ထိ ရရှိနိုင်တယ်လို့ ဆိုထားပါတယ် ။

ကျွန်တော်တို့ မြန်မာနိုင်ငံ တည်ရှိရာ အာရှ-ပစိတ်ဖိတ် ဒေသ နိုင်ငံများကို စိတ်ဝင်တစား ပြန်ကြည့်ကြည့် ပါ ။ ပြီးတော့ စူပါပါဝါဖြစ်နေတဲ့ နိုင်ငံ တွေ ၊ ကိုယ့်ဘာကိုယ်လက်နက်ထုတ်နိုင်တဲ့ နိုင်ငံတွေ ၊ လက်နက်အင်အားကြီးပြီးသားနိုင်ငံတွေ ၊ နိုင်ငံရေး ၊ စီးပွားရေးအရ တည်ငြိမ် နေပြီးသားနိုင်ငံတွေ ၊ ကုန်းတွင်းပိတ် မို့ လို့ ဘယ်လိုမှ အင်အားကြီးမလာ နိုင်တဲ့နိုင်ငံတွေ ၊ အဆမတန်သေးငယ်လွန်း တဲ့ နိုင်ငံ တွေ စတာတွေ ကို ဖယ်ကြည့်ပါ ။ အဲဒါဆိုရင် ယေဘူယျ အားဖြင့် ၁.၆ ထီလီယံ ပေးရမဲ့ နိုင်ငံ တွေ စာရင်းရမှာဖြစ်ပါတယ် ။ အဲဒီ နိုင်ငံတွေ ကနေမှ
မဟာဗျူဟာအချက်ချာနေရာတွေ ၊ နိုင်ငံတွင်း sensitive ဖြစ်နိုင်တဲ့ အခြေနေတွေ ၊ စစ်ဖြစ်လာနိုင်တဲ့ အကြောင်းတရားရှိမှု တွေ နဲ့ တိုက်ပြီး ထပ် ပြီး ရွေးချယ်ကြည့်ပါ ။ အဲဒါဆိုရင် ဘယ်နိုင်ငံတွေဟာ စီးပွားရေးမတည်ငြိမ်မှုတွေ ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ ၊ လူမှုရေးမတည်ငြိမ်မှုတွေ ဖြစ်လာနိုင်လဲ ... ဆိုတဲ့ လက်နက်များက ပြောတဲ့ နိုင်ငံရေး စကားကို ကြားရပါလိမ့်မယ် ၊ လက်နက်များက ပြသနေ တဲ့ နိုင်ငံရေးအခြေနေတွေကို ကြိုမြင်ရပါလိမ့်မယ် ။

~~ ရုပ်ဆိုး ~~

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...