Thursday, August 8, 2013

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ

လယ်သမားတစ်ယောက်မှာ မြင်းတစ်ကောင်နဲ့ဆိတ်တစ်ကောင်မွေးထားသတဲ့ ..။

တစ်နေ့မှာ မြင်း အတော်နေမကောင်းဖြစ်တော့ တိရစ္ဆာန်ဆေးကုဆရာဝန်ကို ပင့်ရတာပေါ့ ...။
ဆရာဝန်က စမ်းသပ်ပြီး "အင်း .... ခင်ဗျားမြင်းမှာ ဗိုင်းရပ်ပိုးဝင်နေတယ် ...။ ခင်ဗျားသူ့ကို ဒီဆေးကို သုံးရက်ဆက်တိုက်ပါ ..။ သုံးရက်ပြည့်တဲ့အထိ မသက်သာဘူးဆိုရင်တော့ ခင်ဗျားမြင်းကို အဆုံးစီရင်ပစ်ရလိမ့်မယ်" လို့ပြောသတဲ့ ...။
သူတို့ပြောနေကြတာကို အနားမှာရှိတဲ့ ဆိတ်က နားထောင်နေသတဲ့..။ 
ပြီးတော့ ဆရာဝန်နဲ့ လယ်သမားဟာ မြင်းကို ပထမနေ့အတွက် ဆေးတိုက်ပြီး ထွက်သွားကြတယ် ...။

အဲဒီ့မှာ ဆိတ်က မြင်းရဲ့အနားကိုရောက်လာပြီး ...
"အားတင်းထားပါ .. သူငယ်ချင်း ...
ကြိုးစားထကြည့်စမ်းပါ ... ဒါမှမဟုတ်ရင် မင်းကို ထာဝရအိပ်သွားအောင် သူတို့လုပ်ကြလိမ့်မယ် ..."

ဒုတိယနေ့ရောက်လာပြန်ရော ...
လယ်သမားကြီး မြင်းကိုဆေးတိုက်ပြီးထားခဲ့တဲ့ အချိန်မှာ ဆိတ်ကပြန်ရောက်လာသတဲ့ ...။
"လာပါ သူငယ်ချင်း ... ထပါ ... ဒါမှ မဟုတ်ရင် မင်းသေသွားမှာကွ ... လာပါကွာ ... မင်းထနိုင်ဖို့ ငါကူညီမယ်
ကဲ စရအောင် ... တစ် .. နှစ် .. သုံး" ဆိုပြီး မြင်းကို ထနိုင်အောင် သူ့ခေါင်းနဲ့တိုးဝှေ့ပြီး လုပ်ပေးသတဲ့ ...။

တတိယနေ့လည်းရောက်ရော ... ထုံးစံအတိုင်းဆေးလာတိုက်ကြသတဲ့ ...။ ဆရာဝန်လည်းရောက်လာပြီး ဒီလို ပြောသတဲ့ ...။
"ကံမကောင်းဘူးဗျာ ...။ ခုချိန်အထိ မကောင်းသေးဘူး ...။ ဒီလိုပဲ ဆက်ဖြစ်နေမယ် ဆိုရင်တော့ ကျွန်တော်တို့ ဒီမြင်းကို နက်ဖြန် အဆုံးစီရင်ရလိမ့်မယ် ...။ ဒါမှမဟုတ်ရင် အနီးအနားတစ်ဝိုက်မှာ ရှိနေတဲ့ တခြားမြင်းတွေမှာ အဲဒီ့ဗိုင်းရပ်ပိုး ကူးစက် သွားနိုင်တယ် ...။ အဲဒါဆို ဒီနယ်တစ်ဝိုက်က မြင်းအားလုံးသေကုန်လိမ့်မယ် ..။ "

သူတို့လဲ ပြန်သွားရော ဆိတ်လေးဟာ သူ့သူငယ်ချင်းမြင်း အနားကို ထပ်ရောက်လာပြန်တယ် ...။
"နားထောင်ပါကွာ ... ဒီတစ်ကြိမ်မှ မထနိုင်ရင် ဘယ်တော့မှ ထနိုင်တော့မှာ မဟုတ်ဘူး .. လာပါ ... သတ္တိရှိပါ .. ကဲ .. လာ .. ထမယ်! ကြိုးစားထမယ်!
ဟုတ်ပြီ ... ဖြေးဖြေးချင်းထ ... တော်တယ် ... လာ ... တစ် .. နှစ် .. သုံး .. ဟုတ်ပြီကွ ... လမ်းလျှောက်ကြည့်မယ် ... ကောင်းတယ် .. ကောင်းတယ် ... နဲနဲလောက်မြန်မြန်လေးလျှောက်ကြည့် ... လာ .. မိုက်တယ်ဟေ့ ... နည်းနည်းလောက် ပြေးကြည့်ပါလား ... ပြေးမယ် ... အိုး .... ရပြီကွ ... ဟေးးးး ... ရပြီ ရပြီ မင်းလုပ်နိုင်သွားပြီ ... ဒါမှ ငါ့သူငယ်ချင်းကွ ... ချန်ပီယံကွ ...!!"

အဲဒီ့အချိန်မှာ သူတို့သခင်လယ်သမားကြီး ပြန်ရောက်လာသတဲ့ ... လယ်ကွင်းထဲမှာ သူ့မြင်း ပြေးနေတာကိုမြင်တော့ ... အံ့အားသင့်သွားပြီး အော်သတဲ့ ...
"ဟာား ... ထူးဆန်းလိုက်တာ ... အံ့သြဖို့ကောင်းလိုက်တာကွာ ... ငါ့မြင်းကောင်းသွားပြီ ... ငါ့မြင်းကောင်းသွားပြီကွ .... ဒီလိုမျိုးဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူး ... ငါတို့ ဒီည ကံကောင်းခြင်း အထိမ်းအမှတ် အဖြစ် ပါတီပွဲလုပ်မယ် ... ပါတီပေးဖို့ ဆိတ်ကိုသတ်မယ်ဟေ့ ...." 

ဒီ story လေးကိုဖတ်ပြီး သူငယ်ချင်းတို့ဆီမှာ တွေးစရာ တစ်စုံတစ်ရာ ရသွားလိမ့်မယ်လို့ ထင်ပါတယ်ရှင်။

(အလင်္ကာမေကျော်)
 
0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...