(((((````` လောဘ ပုံပြင်´´´´´)))))
Author: lubo601 | 9:21 AM | No မှတ်ချက် |
လူသားတို့၏ လောဘ အကြောင်းကို အမျိုးမျိုးသော ပုံပြု ဥပမာများဖြင့် တင်စားပြဆိုခဲ့ကြသည်...။
လောဘသက္ကာယ ဆိုသည်မှာ လောဘ (လိုချင်တပ်မက်မှု)၊ သက္ကာယ ( အထင် အရှားဖြစ်သော )
ထို့ကြောင့် ``အထင်အရှားဖြစ်သော လိုချင်တပ်မက်မှု´´ဟု
အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။
ပုတုဇဉ် လူသားတို့မည်သည် လောဘနှင့်
မကင်းနိုင်ပေ...၊ ကင်း၍လည်းမရ ပုတုဇဉ်ဆိုသည့်အမျိုးကပင် လောဘ၊ ဒေါသ၊
မောဟများဖြင့် ဖုံးလွှမ်းနေသော သတ္တ၀ါများပင် မဟုတ်ပါလား...။
ပုံပြင်လေးတစ်ခုကြားဘူးပါသည်... ။
တစ်ခါက ရွာတစ်ရွာတွင် လိုချင်တပ်မက်မှု(လောဘ) ကြီးလွန်းသော အမျိုးသမီးတစ်ဦး ရှိလေသည်။
သူသည် ရွာပြင်တောင်ခြေရင်း၌ နေ့တစ်ဓူဝ သွားရောက်ကာ လိုချင်တပ်မက်မှု
မှန်သမျှ ရစိမ့်သောငှာ တောင်စောင့်နတ်အား ပူဇော်ပသ၍ တောင်းဆုပြုလေသည်။
ထိုအမျိုးသမီးနှင့် ရှေးရှေး အတိတ် ဘ၀များမှ ဆွေမျိုးတော်စပ်ခဲ့သော
တောင်စောင့်နတ်သည် အတိတ်ဘ၀များစွာက ပြုဘူးသော ကျေးဇူး တရားကို ထောက်ရှု၍
လိုအပ်သမျှ ပေးနိုင်စွမ်းသောငှာ လူယောင်ဖန်ဆင်းပြီးလျှင် လိုတရ
နှင်တံလေးအား ကိုင်၍ အမျိုးသမီးအား `` လိုရာဆု သုံးခု တောင်းပါ
ပြည့်စေရမည်´´ ဟု ဆိုလေသည်။
အမျိုးသမီးလည်း မယုံတ၀က် ယုံတ၀က်ဖြင့်
`` အသုံးအဆောင် အပြည့်ဖြင့် အိမ်ကြီးကြီးတစ်လုံးအား ခြံကျယ်ကြီးဖြင့်
ရလိုပါသည်´´ ဟုဆိုလေလျှင် တောင်စောင့်နတ်လည်း နှင်တံလေးဖြင့်
မြေကိုထိုးလေသော် တောင်းဆိုသော ခြံနှင့် အိမ်ကြီး ပေါ်လာလေသည်။
အမျိုးသမီးလည်း ၀မ်းသာအားရပင် `` ရွှေအိုးကြီးများ
ခြံဝင်းနှင့်အပြည့်ရလိုပါသည်´´ ဟု ဆိုလေသော် တောင်စောင့်နတ်လည်း
ရှေးနည်းအတိုင်း ပြုလေသော် ဆိုတိုင်း ဖြစ်လေသည်။
ထို့နောက်
အမျိုးသမီးသည် ခေတ္တမျှ စဉ်းစား၍ `` နတ်မင်း၏ လိုတရ နှင်တံလေးအား
ရယူလိုပါသည်´´ ဟု တောင်းဆိုလေသော် တောင်စောင့်နတ်နှင့် ဖန်ဆင်းထားသမျှ
တို့သည် ရုတ်ချည်း ကွယ်ပျောက်လေကြောင်း ကြားသိခဲ့ဘူးပါသည်။
လောဘသက္ကာယအတွက် တန်ခိုးရှင်များသည် ဆောင်ကျဉ်းပေးခြင်းငှာ မစွမ်းနိုင်ကြောင်း သာဓက ပုံပြ ဥပမာလေး ဖြစ်ပါသည်။
ပုတုဇဉ်လူသားတို့ အနေဖြင့်ကား အသက်ရှင်ရပ်တည်မှုနှင့် ရည်မှန်းချက်အတွက်
လုံလောက်သော လောဘကိုတော့ဖြင့် ပယ်သတ်နိုင်မည်မဟုတ်သော်လည်း လောဘသက္ကာယ ဟူသော
အထင်အရှားဖြစ်သည့် မတော်လောဘများကို ပယ်သတ်၍ ငြိမ်းချမ်းသော ဘ၀များ
တည်ဆောက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျှက်......
(ကွန်ဆူးမား)(၁၃-၈-၂၀၁၃)
လူသားတို့၏ လောဘ အကြောင်းကို အမျိုးမျိုးသော ပုံပြု ဥပမာများဖြင့် တင်စားပြဆိုခဲ့ကြသည်...။
လောဘသက္ကာယ ဆိုသည်မှာ လောဘ (လိုချင်တပ်မက်မှု)၊ သက္ကာယ ( အထင် အရှားဖြစ်သော ) ထို့ကြောင့် ``အထင်အရှားဖြစ်သော လိုချင်တပ်မက်မှု´´ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။
ပုတုဇဉ် လူသားတို့မည်သည် လောဘနှင့် မကင်းနိုင်ပေ...၊ ကင်း၍လည်းမရ ပုတုဇဉ်ဆိုသည့်အမျိုးကပင် လောဘ၊ ဒေါသ၊ မောဟများဖြင့် ဖုံးလွှမ်းနေသော သတ္တ၀ါများပင် မဟုတ်ပါလား...။
ပုံပြင်လေးတစ်ခုကြားဘူးပါသည်...
တစ်ခါက ရွာတစ်ရွာတွင် လိုချင်တပ်မက်မှု(လောဘ) ကြီးလွန်းသော အမျိုးသမီးတစ်ဦး ရှိလေသည်။
သူသည် ရွာပြင်တောင်ခြေရင်း၌ နေ့တစ်ဓူဝ သွားရောက်ကာ လိုချင်တပ်မက်မှု မှန်သမျှ ရစိမ့်သောငှာ တောင်စောင့်နတ်အား ပူဇော်ပသ၍ တောင်းဆုပြုလေသည်။
ထိုအမျိုးသမီးနှင့် ရှေးရှေး အတိတ် ဘ၀များမှ ဆွေမျိုးတော်စပ်ခဲ့သော တောင်စောင့်နတ်သည် အတိတ်ဘ၀များစွာက ပြုဘူးသော ကျေးဇူး တရားကို ထောက်ရှု၍ လိုအပ်သမျှ ပေးနိုင်စွမ်းသောငှာ လူယောင်ဖန်ဆင်းပြီးလျှင် လိုတရ နှင်တံလေးအား ကိုင်၍ အမျိုးသမီးအား `` လိုရာဆု သုံးခု တောင်းပါ ပြည့်စေရမည်´´ ဟု ဆိုလေသည်။
အမျိုးသမီးလည်း မယုံတ၀က် ယုံတ၀က်ဖြင့် `` အသုံးအဆောင် အပြည့်ဖြင့် အိမ်ကြီးကြီးတစ်လုံးအား ခြံကျယ်ကြီးဖြင့် ရလိုပါသည်´´ ဟုဆိုလေလျှင် တောင်စောင့်နတ်လည်း နှင်တံလေးဖြင့် မြေကိုထိုးလေသော် တောင်းဆိုသော ခြံနှင့် အိမ်ကြီး ပေါ်လာလေသည်။
အမျိုးသမီးလည်း ၀မ်းသာအားရပင် `` ရွှေအိုးကြီးများ ခြံဝင်းနှင့်အပြည့်ရလိုပါသည်´´ ဟု ဆိုလေသော် တောင်စောင့်နတ်လည်း ရှေးနည်းအတိုင်း ပြုလေသော် ဆိုတိုင်း ဖြစ်လေသည်။
ထို့နောက် အမျိုးသမီးသည် ခေတ္တမျှ စဉ်းစား၍ `` နတ်မင်း၏ လိုတရ နှင်တံလေးအား ရယူလိုပါသည်´´ ဟု တောင်းဆိုလေသော် တောင်စောင့်နတ်နှင့် ဖန်ဆင်းထားသမျှ တို့သည် ရုတ်ချည်း ကွယ်ပျောက်လေကြောင်း ကြားသိခဲ့ဘူးပါသည်။
လောဘသက္ကာယအတွက် တန်ခိုးရှင်များသည် ဆောင်ကျဉ်းပေးခြင်းငှာ မစွမ်းနိုင်ကြောင်း သာဓက ပုံပြ ဥပမာလေး ဖြစ်ပါသည်။
ပုတုဇဉ်လူသားတို့ အနေဖြင့်ကား အသက်ရှင်ရပ်တည်မှုနှင့် ရည်မှန်းချက်အတွက် လုံလောက်သော လောဘကိုတော့ဖြင့် ပယ်သတ်နိုင်မည်မဟုတ်သော်လည်း လောဘသက္ကာယ ဟူသော အထင်အရှားဖြစ်သည့် မတော်လောဘများကို ပယ်သတ်၍ ငြိမ်းချမ်းသော ဘ၀များ တည်ဆောက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျှက်......
(ကွန်ဆူးမား)(၁၃-၈-၂၀၁၃)
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment