Friday, August 16, 2013

အခြားမျက်နှာစာများ

August 15, 2013 at 6:46pm


သူငယ်ချင်း တယောက်က ပြောတယ်…
မင်းဟာ တော်တော် အကောင်းမြင်တဲ့ကောင် တဲ့ …
ကိုယ်ကြည့်မရတဲ့ လူတယောက်ဆို အလိုလိုနေရင်း မြင်ပြင်းကပ်တတ်တဲ့ ကျနော့် အတွင်းစိတ်ကို သူမှ
သိမထားတာ။


သူငယ်ချင်း တယောက်က ပြောတယ်...
မင်းဟာ တော်တော် စိတ်ရှည်တဲ့ကောင် တဲ့…
ခေါင်းထဲနောက်နေတဲ့အခါ အပြစ်ရှာ ဒေါသထွက်လွယ်တဲ့ ကျနော့် အကျင့်ကို သူမှ အကဲမခတ်မိတာ။

သူငယ်ချင်း တယောက်က ပြောတယ်…
မင်းဟာ တော်တော် စကားနည်းတဲ့ကောင် တဲ့…
ကိစ္စတခုခု အာရုံကျမိတဲ့အခါ တဖက်လူထွက်ပြေးချင်လောက်အောင် ကျနော် စကားများတတ်တာ သူမှ
မကြုံဖူးသေးတာ။

သူငယ်ချင်း တယောက်က ပြောတယ်…
မင်းဟာ တော်တော်နုံတဲ့ကောင် တဲ့…
တခါတရံ ပြိုင်ဘက်ကို တကွက်ကျော်ရွှေ့တတ်တဲ့ ညာဉ် ကျနော့်မှာ ရှိနေတာ သူ မရိပ်မိသေးလို့ပါ။

သူငယ်ချင်း တယောက်က ပြောတယ်…
မင်းဟာ တော်တာ် ယဉ်ကျေးတဲ့ကောင် တဲ့…
သည်းခံနိုင်ရည် အကန့်အသတ် တင်းပြတ်သွားချိန်မှာ ကျနော် လူကြမ်းဖြစ်တတ်တာကို သူ ကိုယ်တွေ့
မမြင်ရသေးလို့ပါ။

သူငယ်ချင်း တယောက်က ပြောတယ်…
မင်းဟာ တော်တော် လူကြီးဆန်တဲ့ကောင် တဲ့…
မထင်မှတ်ဘဲ အပြောင်အပျက်သရုပ်နဲ့ အရှက်မဲ့စွာ ကျနော် ဟာသလုပ်တတ်တာ သူ မတွေ့ဘူးလို့ပါ။

သူငယ်ချင်းတို့ရေ ….
ငါဟာ သာမန်ပုထုဇဉ် တယောက်…
မှောက်မှောက်မှားမှား လမ်းလွဲသွားခဲ့တာတွေ မနည်းလှပေါ့ …။

တရားမှု နဲ့ မတရားမှု…
အဖြူ နဲ့ အမဲ …
နည်းနည်းပါးပါး  ခွဲခြားသိတတ်တဲ့…
ဦးနှောက်ဆင်ခြင်ဥာဏ်လေး ရှိနေလို့သာ ….
လူ့အဖွဲ့အစည်းမှာ ကန့်လန့်ကာချ စည်းတားထားတဲ့ …
အမှောင်ထုကြား ငါမရောက်ခဲ့သေးတာ ….။

ဒီထက်ပိုပြီး ထူးခြားသာလွန်တဲ့ ……
သီလ သမာဓိ ပညာ …
ဘာဆို ဘာမှ  ငါမပိုင်နိုင်သေး ….။

ငါမရှိတော့တဲ့ နောက်မှာ …
လူတကာ ပါးစပ်ဖျား…
ကဲ့ရဲ့သံ ပါးနိုင်သမျှ ပါးစေဖို့ နဲ့ ..
အဖေကြောင့် မျက်နှာငယ်မယ့်…
သားသမီးတွေ မချန်ရစ်ခဲ့ချင်လို့ ..
လူဆန်ဆန် နေသားကျအောင်…
မူမမှန်တာတွေ တဆင့်ချင်း ပြင်နေဆဲ ငါ့ကို…
တဖြည်းဖြည်းလေးပဲ အထင်ရောက်ကြပါကွယ် ….။

နေမင်းသူ
15-8-2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...