Saturday, August 3, 2013

လိင်စစ်

August 3, 2013 at 5:30am

ငါ့ ခန္ဓာကိုယ်ပေါ်က ရုန်းရင်းဆန်ခတ် ဖြစ်မှုဟာ သွေးကြောထဲက အက်တမ်ဗုံးတွေလိုပဲ
ဘယ် အစားအစာကို ရှောင်ရင် ဘယ်နှစ်ကီလို ကျဆင်းမယ် ဘာအ၀တ်တွေ ၀တ်လိုက်ရင်
ဘယ်လောက် Sexy ပိုကျမယ် အတွက်အချက်မှန်မှန်နဲ့
ကမ္ဘာကြီး အလှည့်ကျ စစ်ဖြစ်လိုက်ကြ
ငါ့ပိုက်ဆံအိတ်ဟာ ခုခံအားကျဆင်းမှု ရောဂါကူးဆက်လာခဲ့ အဲဒါ ရှော့ပဲ အဲဒါ မြွှေပဲ
ကီးဘုတ်ခလုတ်တွေကြားက ငါ့မိတ်ဆွေတွေ ဘယ်ရောက်ကုန်ကြတာလဲ
ခေတ်မှီ ရယ်ဒီမိတ် မိန်းမတွေတဲ့ တစ်နာရီမှာ အကြိမ်ပေါင်း ဘယ်လောက် ဆက်တိုက်ချစ်ပြနိုင်မယ်
ဆိုတော့ ငါ့ခန္ဓာကိုယ်ပေါ် ရုန်းရင်းဆန်ခတ် စစ်ဖြစ်နေကြ လောက်ကောင်တွေဟာ တဖြတ်ဖြတ်
ရုန်းထွက် ရမက်ဟာ အဲဒီ ဆေးတွေသောက်မှ ထွက်ကျလာတော့လည်း ဘာဖြစ်လဲ
ဒါဟာ ကမ္ဘာကြီးရဲ့ စတုတ္ထမျိုးဆက် လူသားတစ်ဦး ဒုက္ခတွေလား အသည်းကြားက နိုးကြားလာတဲ့
လိင်စိတ်တွေနဲ့ ပြီးတော့ ငါတို့ စစ်ကို ငွေနဲ့ ၀ယ်ယူ ဖြစ်ကြရဦးမယ်
ဒီတစ်မိုးမကုန်ခင် ခင်နဲ့မောင် ဇာတ် ခပ်လှလှလေး သိမ်းကြစေဖို့ ရုန်းကန်လှုပ်ရှားကြရအောင်
ငါ့ပြဿနာဟာ မီးခိုးကြွက်လျှောက် အတောင်တွေ တ၀ုန်းဝုန်းခတ်လို့ မင့်ခန္ဓာကိုယ်ထဲသို့
အင်တာနက်က တစ်ဆင့် ၀င်ရောက်လာလိမ့်မယ် ပွဲသိမ်းဟာ ဒိုင်ခရာ မမှုတ်ခင် မပြီးကြဖို့တော့လိုမှာပဲ
ကမ္ဘာကြီးဟာ တဖြည်းဖြည်း ပြန်ကျယ်လာမယ် ငါ့လက်တွေ ဆန့်ကားပြီး လိင်စိတ်တွေ
အညောင်းပြေသွားတဲ့ အထိ ငါတို့ စစ်ဖြစ်ကြမယ် ဘယ်နိုင်ငံထုတ် ဦးနှောက်အပို တစ်လုံး
ဘယ်နိုင်ငံထုတ် နှလုံးသားတစ်ဂရမ် အချိန်အဆမှန်ဖို့တော့ လိုလိမ့်မယ် ဘ၀ကို
အေးအေးဆေးဆေးဖြစ်သွားအောင် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ကြ
မေတ္တာတရားတွေ လိုက်ကောက်တဲ့ အမှိုက်ပုံးနားက ကလေးသူငယ်တွေကိုတော့ ခင်ဗျားမကြည့်လိုက်နဲ့
သူတို့ဟာ လက်နက်ကိုင်မိဘတွေက မွေးလာကြတာ လမ်းဘေးအဟောင်းဆိုင်တွေမှာ လိုချင်တယ်ဆို
ခင်ဗျားပခုံးပေါ် တပ်ဖို့ အပွင့်အခက်တွေရှိတယ် တစ်ရာဖိုး နှစ်ပွင့်နဲ့ ခင်ဗျားဝယ်ထားလိုက်
ရာသီဥတုကောင်းတဲ့ တစ်နေ့ အရက်သောက်ရင်း ခင်ဗျားနဲ့ ကျွန်တော် စစ်ဖြစ်ကြမယ်
စစ်ပွဲနိုင်ရင် ရတဲ့ ပိုက်ဆံနဲ့ အိမ်က မိန်းမကို ဗားရှင်းမြှင့်လိုက် ပြီးတော့ ခင်ဗျားမပေးဆောင်ထားတဲ့
လိင်ခွန်တွေ တိုင်းပြည်ကို ပေးဆောင်ပါ စစ်ပွဲအပြီးမှာ ခင်ဗျားဟာ တရားဝင်လိင်ကိုင်ဆောင်ခွင့်ရပြီပေါ့
ပျော်ပျော်နေပါ ကိုယ့်ကိုယ်ကို သနားပါ ညှာတာပါ လောကကြီးကိုတော့ ထင်တိုင်းကျဲပါ
ခင်ဗျား ရမက်အခိုးတွေနဲ့ အပူပေးပြီး ကိုယ်တိုင် အရက်ချက် သောက်သုံးပါ
နောက်ဆို ခင်ဗျားကတုံးကို စိတ်ထင်တိုင်း မတုံးတော့နဲ့ စတုတ္ထမျိုးဆက် ငှက်တွေ မစင်မစွန့်ကြတော့ဘူး
ရေခဲသေတ္တာထဲက ဘ၀ကိုတော့ သေသေချာချာ လျှော်ဖွတ်ပြီး မီးပူထိုးလိုက်
အချိန်ရတိုင်း  %temp% ထဲက မေတ္တာတရား လက်ကျန်တွေကို ရှင်းပစ်ပါ သူတို့ဟာ ဒုက္ခလှလှပေးနိုင်တယ်
သေချာချင်တယ်ဆို Prefetch ထဲက ခင်ဗျား မှတ်ဉာဏ်တွေကို စနစ်တကျ မေ့ပစ်ပါ
စတုတ္ထမျိုးဆက် လူသားတစ်ဦး တာဝန်တွေကို ခင်ဗျား အလွတ်ကျက်ထားပါ လေ့ကျင့်ပါ
လိင်စစ်တွေကို အားတိုင်းယားတိုင်း မွှေနှောက်ပါ တိုက်ပွဲဝင်ပါ စိန်ခေါ်ပါ
သိပ်လည်း စိတ်မပူပါနဲ့ လူတွေက ခင်ဗျားအပေါ် ရှုံ့ချလာတိုင်း task manager ခေါ်ယူပြီး
End Process လုပ်ပစ်လိုက် ကမ္ဘာကြီးမှာ ခင်ဗျား အမျှော်အမြင် ရှိပါစေ။

> ရင်နင့်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...