Monday, August 5, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၈)

သစ်ထူးလွင်



Posted: 05 Aug 2013 05:38 AM PDT
စပါးအဓိက စိုက်ပျိုး ထုတ်လုပ်ရာ ဧရာဝတီတိုင်း ဒေသကြီးတွင် စပါးလက်ကျန် နည်းလာပြီး ဈေးမြင့်လာကာ ရန်ကုန်သို့ အဝင်နည်း လာခြင်းကြောင့် ရန်ကုန်ဆန်ဈေးသည် တစ်ပတ်အတွင်း ဆန်အမျိုးအစား အလိုက် (၁၀၈ ပေါင်ဝင်) တစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် ရုတ်တရက် မြင့်တက် သွားကြောင်း ဝါးတန်းဆိပ်ကမ်း အခြေစိုက် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 03:15 AM PDT
ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် လယ်ဧက များ ရေနစ်မြုပ်နေကာ စပါးခင်း များပျက်စီးသကဲ့သို မြန်မာနိုင်ငံ အလယ်ပိုင်းအတွင်း ရွှေဘိုနှင့် ဝက် လက်ဒေသများတွင် မိုးခေါင်ကာ ဆည်ရေကိုသာ အားပြုစိုက်ပျိုး နေရခြင်းကြောင့် လယ်စိုက်ဧက ထက်ဝက်နီးပါး လျော့နည်းနေ ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကျုံဒိုးမြို့တွင် ရေကြီးနေပုံ

Posted: 05 Aug 2013 03:05 AM PDT
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကားဈေးကွက်မှာ မကြာသော ကာလအတွင်း ဈေးကွက်ပုံစံ အသစ်များ ပြောင်းလဲ၍ ဈေးနှုန်းများ သိသာစွာ ထိုးကျ သွားနိုင်ကြောင်း ကျွမ်းကျင် သူများက သုံးသပ်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြောင်းလဲ ကျင့်သုံးခဲ့သော ကားတင်သွင်းခွင့် မူသစ်ကြောင့် ယခင်ကထက် ကားဈေးနှုန်းများ သိသာစွာ ကျဆင်း လာခဲ့သော်လည်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 03:01 AM PDT
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကြီးမှူး ကျင်းပမည့် ပထမအကြိမ် ကရင့်ရိုးရာ ၀ါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲကို ကရင်အမျိုး သားတိုင်း ပါဝင်ဆင်နွှဲနိုင်ရန်ရည်ရွယ်၍ လာမည့် သြဂုတ်လ ၁၂ရက်နေ့တွင် ပန်းတနော်မြို့ အောင်သပြေ ဘိုးဘွားရိပ်သာတွင် ကျင်းပမည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 02:55 AM PDT
ယခု၂၀၁၃ ဘဏ္ဍာနှစ် ဇွန်လအထိ မြန်မာ နိုင်ငံအတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသည်ဦးရေ ခုနစ် သိန်းအထိ ရှိနေပြီဖြစ်ကြောင်း ဟိုတယ်ဝန်ကြီးဌာန ဒုတိယဝန် ကြီးဒေါက်တာတင်ရွှေက ဩဂုတ် ၃ ရက်တွင်ပြုလုပ်သော ရန်ကုန် ဟိုတယ်ဇုန်အလုပ်အမှုဆောင် ရွေးပွဲ၏ အဖွင့်မိန်ခွန်းတွင် ပြောဆို သွားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 02:52 AM PDT
မြို့နယ် တွင် စက်ရုံများရှိခြင်းသည် အလုပ် ရရန် ခက်ခဲသောအချိန်တွင် တစ် ဖက်တစ်လမ်းက ကောင်းသော် လည်း ဝင်ငွေနည်းပါးခြင်းကြောင့် အခက်အခဲများရှိသည်ဟု ဒေသခံ များက ပြောသည်။ ''ဒီကလူတွေက ဆိုင်ကယ် ကယ်ရီဆွဲသူရှိသလို အထည် ချုပ်စက်ရုံမှာ လုပ်တဲ့သူတွေလဲ ရှိတယ်။ စက်ရုံမှာလုပ်တာကတော့ လခနည်းတယ်။ ခဏတာစားဝတ် နေရေးလောက်ပဲ ဖြေရှင်းနိုင် တယ်။ အလုပ်ရကြတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 02:50 AM PDT
အမေရိကန်ဒေါ်လာဈေး ဆက်တိုက် ကျဆင်းနေပြီး ပြည်တွင်း၌ ဈေးတက် ရမည့် ရာသီဖြစ်သော်လည်း ရွှေဈေး မြင့်တက်ခြင်းမရှိဘဲ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ခြောက်သိန်း ကိုးသောင်း၊ ခုနစ်သိန်း ဝန်းကျင်အထိသာ အမြင့်ဆုံး ရောက်ရှိကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Aug 2013 02:27 AM PDT
၂၀၁၃ ခုနှစ် ၊ သြဂုတ်၊ (၅)ရပ်နေ့၊ ယနေ့ မနက် တွင် မြိတ်မြို့ လူစည်းကားရာ ဗိုလ်ချုပ် ကြေးရုပ်ဘေးတွင် ချိတ်ဆွဲထားသော ၈၈၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ဖိတ်ကြားချက် ပိုစတာကြီးအား ဖျက်ဆီး ဖြုတ်ယူ သွားတာ  ခံလိုက်ရပါသည်။ " ကျနော်အမြင်က ဒါ ကျွန်တော်တို့ သာမာန် ပြည်သူထဲက မကျေနပ်ချက်ရှိ တဲ့သူ လက်ချက် မဟုတ် လောက်ဘူးဗျ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြိတ်မြို့တွင် 8888 ရှစ်လေးလုံး အထိမ်းအမှတ် ပိုစတာကြီး ဖျက်ဆီးခံရ

Posted: 05 Aug 2013 02:14 AM PDT
၂၀၁၃ ခုနှစ် ဩဂုတ် ၈ ရက်နေ့ ကျရောက်မယ် ၂၅ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနားကို ဩဂုတ် ၆၊ ၇နဲ့ ၈ ရက်နေ့တွေမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ဒီအခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာမှာ ကျင်းပပြုလုပ်သွား မှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေနဲ့ ဒီမိုကရေစီမိတ်ဆွေ အင်အားစုတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 02:09 AM PDT
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီ အက်စ်ဒီအက်ဖ်) နဲ့  ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၄ ချက်ကို သဘောတူညီ လက်မှတ်ထိုး လိုက်ပါတယ်။ ဒီနေ့ ရန်ကုန် မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံပြီး အခုလို သဘောတူ လက်မှတ်ထိုး လိုက်တာပါ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


(ဓာတ်ပုံ - ဦးညိုအုန်းမြင့် ဖေ့စ်ဘုတ်)

Posted: 05 Aug 2013 01:56 AM PDT
၎.၈.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ကမာရွတ်မြို့နယ်၊ ပြည်လမ်း အတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း အောင်ကိုဝင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ၂စ/---- ကင်တာ အမျိုးအစား
(ကိုယ်ပိုင် ယာဉ်)သည် မြန်မာ့အသံ ၀င်းရှေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ရောက်ရှိ ကာ ပြည်လမ်း အတိုင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 01:52 AM PDT
SEA Games အတွက် တည်ဆောက်ထားသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပသည့် နေပြည်တော်နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ၏ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ကစားပွဲတွင် လုံခြုံရေး အားနည်းမှုကြောင့် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်လာသဖြင့် ပွဲချိန် မိနစ် ၃၀ တွင် ဆက်မကစားနိုင်ဘဲ ပွဲပျက်သွားကာ ရန်ကုန် ကစားသမား အချို့လည်း ထိခိုက် ဒဏ်ရာရကုန်ကြောင်း ပွဲကြည့် ပရိသတ်များထံမှ စုံစမ်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သြဂုတ်လ ၄ ရက်နေ့ညနေက ကျင်းပခဲ့တဲ့ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ၂၂ တွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် နေပြည်တော် အသင်းတို့ကစားသည့် ပွဲစဉ်အား နေပြည်တော် ၀ဏ္ဏသိဒ္ဓီဘောလုံးကွင်းတွင်းတွင် ယှဉ်ပြိုင်ကစား ခဲ့ကြပါသည်။ ပွဲကစားချိန် ၃၅ မိနစ်ခန့်တွင် နှစ်ဖက် အချင်းများရာမှ ပွဲကစားချိန် ၃၇ မိနစ်ခန့်တွင် ပွဲစဉ်ကို လုံးဝရပ်နားခဲ့ရသည်။  အဆိုပါပွဲစဉ်တွင် ရန်ကုန်ပရိသတ် ထောင့်လေးရာခန့် နှင့် နေပြည်တော် ပရိသတ် တစ်သောင်းကျော်တို့လာရောက်ကြည့်ရှုခဲ့သည်ဟု သိရပါသည်။ ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ

Posted: 05 Aug 2013 01:29 AM PDT
ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းတွင် ကစားမည့် MNL ဖလား ပိတ်ပွဲပြိုင်ပွဲ မစမှီ အချိန် (၁)နာရီ အလိုခန့်ကပင် ပွဲကြည့်စဉ် တောင်ဘက်ရှိ ရန်ကုန် ပရိတ်သတ်များ နှင့် ပွဲကြည့်စဉ် အနောက်တောင်ဘက်ရှိ နေပြည်တော် ပရိတ်သတ်များ တစ်ဖက်နှင့် တစ်ဖက် ရေသန့်ဗူးများ၊ ကွမ်းတတွေးထုတ်များ၊ ပုလင်းခွံများနှင့် ပစ်ပေါက်ခြင်းများ စတင်ဖြစ်ပွား ခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓါတ်ပုံ - Soccer Myanmar


--

Posted: 05 Aug 2013 01:06 AM PDT
ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း အနောက်မြောက်ရပ်ကွက်၊ ကြည့်မြင်တိုင် ငါးဈေးအနီး လှိုင်မြစ်ကမ်းတွင် သြဂုတ်လ ၃ ရက် ညနေပိုင်း၌ ပုပ်ပွနေသည့် အသက် ခုနစ်နှစ်အရွယ် ကလေး အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 01:04 AM PDT
၃၀.၃.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရွှေပြည်သာ မြို့နယ်နေ ဦးသန်းအေးသည် သမီးဖြစ်သူ မ----- အား ရွှေပြည်သာမြို့နယ် နေသူများဖြစ်သည့် မမာမာဦး၊ မအေးမြတ်မွန်(ခ)အငယ်လေးနှင့်
မစိုးစိုး (စိစစ်ဆဲ)တို့ (၃)ဦးမှ စည်းရုံးခေါ်ဆောင်သွားပြီး လာရှိုးမြို့၊ အားကစားကွင်း အနီး၌ ကြိုတင်ရောက်ရှိ နေသူ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 12:56 AM PDT
အသစ်ထွက်ရှိသော ၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများကို အွန်လိုင်းမှ တစ်ဆင့် တိုက်ရိုက် ငွေဖြည့် သွင်းနိုင်ရန် စတင်ဆောင်ရွက် လိုက်ကြောင်း သိရသည်။ www.topup.com.mm ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက်အနေဖြင့် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz ဖုန်းများအား အွန်လိုင်းမှ ငွေဖြည့် သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရာမှ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Aug 2013 12:50 AM PDT
သာကေ တ အနော်မာ ရပ်ကွက်၌ ရဲနှင့် ပြည်သူ ပဋိပက္ခ ဖြစ်ပွားမှုတွင် ဝတ္တ ရားနှောင့်ယှက်မှုဖြင့် အရေးယူ ခံရသူ ၅ဝအနက် ၂ဝကျော်ကို ဖမ်းဆီး ရမိထားပြီ ဖြစ်ကြောင်း သိရသည်။ ကျန်ရှိနေသည့် လူများကို တရား ဥပဒေအရ အရေးယူနိုင် ရန် ထပ်မံ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး ယင်းဖြစ် ရပ်ကို မှန်ကန်တိကျစွာ ကိုင်တွယ် ရန် ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ရဲတပ်ရင်း ကွပ်ကဲမှု ရန်ကုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 12:34 AM PDT
Posted: 05 Aug 2013 12:32 AM PDT
သြဂုတ်လ(၄)ရက်နေ့ ထုတ် Digital Life ဂျာနယ် အတွဲ ၂ အမှတ် ၁၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 12:30 AM PDT
သြဂုတ်လ(၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 12:18 AM PDT
ကျေးရွာအုပ်စုပေါင်း ၇၀ ရှိသည့်အနက် ၅၀ ခန့် ရေကြီးနစ်မြုပ်နေသော ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နေရာ သုံးရက်အတွင်း ရေ တစ်ပေခန့် ပြန်လျော့သွားကြောင်း အဆိုပါမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးဝင်းသိန်းက မဇ္ဈိမသို့ ပြောသည်။ င၀န်မြစ်ရေ မြင့်တက်မှုကြောင့် သြဂုတ် ၁ ရက်တွင် သာပေါင်းမြို့နယ်၌ မြစ်ရေမှတ်၂၀.၂၀ ပေအထိ မြင့်တက်ခဲ့ရာမှ သုံးရက်အတွင်း တစ်ပေခန့် လျော့ကျသွားခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 12:15 AM PDT
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် သြဂုတ်လ ၄ ရက် နံနက် ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရပ်ကွက်အချို့ ရေဖုံးလွှမ်းခဲ့ကြောင်း ယင်းမြို့ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ “မိုးကသဲသဲမဲမဲရွာတယ်။ အဲဒီမှာ ရေတွေက မြောင်းတွေကနေ ကားလမ်းပေါ် ကျော်တက်ပြီး အိမ်တွေထဲအထိ ဝင်ကုန်တယ်” ဟု ရပ်ကွက် (၃) နေ ဦးစိုင်းခမ်းကျောက်က The Voice သို့ ပြောကြားသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Aug 2013 12:13 AM PDT
ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါ အောင်မြင်ထားပြီး လိုင်စင် ရရှိရန် စောင့်ဆိုင်းနေ သော ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည် ဟု ပြောကြားထားသည့် တယ်လီနော မြန်မာ ကုမ္ပဏီသည် လာမည့် သီတင်းပတ် တစ်ပတ်မှ နှစ်ပတ်အတွင်း ဝန်ထမ်းများ စတင် ခေါ်ယူ မည် ဖြစ်ကြောင်းနှင့် ကြိုတင် လျှောက်ထားလိုသူများ အီးမေးလ်မှ တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ စုံစမ်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Aug 2013 08:30 PM PDT
ချစ်တာ တစ်ခုတည်းနဲ့ဖြင့် မပြီးနိုင်တော့တဲ့ ခေတ်မြန်မာနိုင်ငံ လူဦးရေ၏အ သက် (၁၅) နှစ်မှ (၄၉) နှစ် အတွင်း ရှိသူ အသက် အပိုင်းအခြား အ တွင်းမှ ထက်ဝက်ခန့်သည် အိမ် ထောင်မပြုကြဘဲ နေထိုင်လျက်ရှိ နေကြသည် ဆိုသည့် သတင်းထုတ် ပြန်ချက် တစ်ခုကို ကမ္ဘာ့လူဦးရေ နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ သည့် အခမ်းအနားဆီမှ ကြားလိုက် ရသည်။ ကျား၊ မ ရာခိုင်နှုန်း အ ချိုးအဆ အနေနှင့်မူ အဆိုပါအ သက်အပိုင်း အခြားရှိ လူဦးရေထဲ မှ ထက်ဝက်ခန့်၏ အမျိုးသမီး ၄၄ ရာခိုင်နှုန်းနှင့် အမျိုးသား ၄၇ ရာ ခိုင်နှုန်းတို့သည် အိမ်ထောင် မပြု ဘဲနေထိုင်ကြ သည်ဟုဆိုလေ၏။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Aug 2013 07:46 PM PDT
အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိက မြောက်ပိုင်း ဒေသတွေ မှာရှိတဲ့ သံတမန်ဌာန အတော်များများကို အခုသီတင်းပတ် တပတ်လုံး အတွက် ပိတ်ထားမယ်လို့ အမေရိကန် အစိုးရက ပြောကြား လိုက်ပါတယ်။ အမေရိကန် သံရုံးနဲ့ ကောင်စစ်ဝန် ရုံးပေါင်း ၂၀ ကျော်ကို လုံခြုံရေး စိုးရိမ်တဲ့အတွက် တနင်္ဂနွေနေ့မှာ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အစ္စရေး Tel Aviv မြို့တော်က အမေရိကန်သံရုံး။ (သြဂုတ်လ ၄ ရက်၊ ၂၀၁၃)။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...