Monday, August 5, 2013
"ကျီးကန်းကို မျှားနဲ့ ထိုးခြင်း"
August 5, 2013 at 5:44pm
ကျီးကန်းဆိုတဲ့ငှက်ကို မျှားနှင့်ပစ်ရမှာပေါ့၊ မင်းက
ဘာလို့ မျှားနဲ့ ထိုးရတာတုံး ငတုံးရ... လို့ ချင်ဗျား
တို့ စိတ်မှာမေးမိကြမှာပဲ။
ကျွန်တော်မျှားနဲ့ ထိုးခဲ့
တာ စက္ကူကျီးကန်းမဲမဲကြီးဗျ။
အချိန်က သြဂတ်စ် (၂၅ - ၂၆) ရက်၊ ၁၉၈၈ ပေါ့။
၁၉၈၈ အရေးအခင်းကြီးအရှိန်ကောင်းနေတုံး။
သေတဲ့လူလည်း တပြည်လုံးသောက်သောက်လဲ
သေပြီးပြီ။ နောက်ထပ် စက်တင်ဘာ (၁၈) ရက်နေ့ 
မှာလည်း ကြည့်မြင်တိုင်၊ အလုံ နဲ့ စမ်းချောင်းက
အထက်တန်းကျောင်းသားလေးတွေ ထပ်ပြီးသွေး
မြေမခရသေးခင် ရက်ပိုင်းအလို။ NLD ပါတီဆိုတာ
ဘယ်ဆီနေမှန်းမသိသေးဘူး။
(၂၅) ကျပ်တန် အရေးအခင်းပြီးတော့ ဂျပန်ထွက်
ဖို့  စောင့်နေတဲ့ ကျွန်တော့်ကို RIT (Rangoon
Institute of Technology) က သူငယ်ချင်းတွေက
နယ်မှာ လာခေါ်ခဲ့ခဲ့တယ်။ သူတို့ နဲ့ ရန်ကုန်ပြန်
လိုက်ဖြစ်ခဲ့ပြီး အိမ်ကိုပြန်မရောက်ခဲ့တာ သည်နေ့ 
အထိပဲ။ RIT က သူငယ်ချင်းတွေနဲ့  မန္တလေးဆောင်
နဲ့  ကျောင်းထဲမှာ၊ အင်းလျားလမ်းက ဒေါ်အောင်
ဆန်းစုကြည်အိမ်မှာရော နောက်ထပ်အဖွဲ့ အစည်း
တခုမှာရော နေ့ တွေလတွေကုန်ခဲ့တယ်။ တောခို
တဲ့အထိပဲ။
ကျောင်းသားအဇွဲ့ အစည်းတခုမှာ ဇော်ဝင်း က
ဥက္ကဌ၊ ၀င်းအေးက ဒုဥက္ကဌ၊ ကျွန်တော်က အထွေ
ထွေအတွင်းရေးမှူး၊ အောင်မြိုင်သင်းက တွဲဘက်
အတွင်းရေးမှူး။ ကျွန်တော်က အကူအညီတောင်း
တဲ့ ကျောင်းသားအဖွဲ့ အစည်းတွေနဲ့  သူငယ်ချင်း
တွေအားလုံးအတွက် Statement ရေးတဲ့သူပေါ့။
ရောက်တဲ့နေရာမှာ တရားဟောတယ်။ ကျွန်တော့်
အဖွဲ့ ထဲက သူငယ်ချင်းတွေက အင်းလျားလမ်းက
ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ လုံခြုံရေးယူပေး
တယ်။ လအတန်ကြာ ကျွန်တော်အိမ်ပြန်မရောက်
ခဲ့ပါဘူး။ ငတ်တလှည့်ပြတ်တလှည့်။ မသေကောင်း
မပျောက်ကောင်းဘ၀တွေကိုဖြတ်ခဲ့ရတယ်။ လမ်း
ဘေးမှာ ကြည့်မြင်တိုင်ကမ်းနားဈေးက ဈေးခုံတွေ
ကြားမှာ အိပ်ခဲ့ဖူးတယ်။ ကျွန်တော်နဲ့  ၀င်းအေးတို့ 
ဟောတဲ့ တရားပွဲကို ၀င်ပစ်လို့ ကြည့်မြင်တိုင်ကမ်း
နားဈေးမှာ လူတွေသေကုန်ခဲ့ဖူးတယ်။ ကျွန်တော်
က ကံကောင်းလို့ မသေခဲ့ဘူး။ ဈေးခုံတွေကြားမှာ
ဝပ်နေတဲ့ကျွန်တော့် ခေါင်းပေါ်ကအုံးသီးတွေကို
မှန်ပြီး အုန်းရည်တွေ တကိုယ်လုံးရွှဲခဲ့ဖူးတယ်။
အခု ဆယ်စုနှစ် နှစ်ခုကျော်တဲ့အချိန်မှာ ကျွန်တော်
ငယ်ငယ်က အညတရ တယောက်အနေနဲ့  ၁၉၈၈
မှာ ကြုံခဲ့ရတာတွေထဲက အဖြစ်အပျက်တခုကို
အညတရ တယောက်အနေနဲ့ ရေးပြီး၊ ကျဆုံးခဲ့တဲ့
အညတရတွေအတွက် မှတ်တမ်းတင်ပါတယ်။
သေခဲ့တဲ့ သူငယ်ချင်းတွေ ကျောင်းထဲမှာ၊ မြောင်း
ထဲမှာ၊ ထောင်ထဲမှာ၊ စစ်ကြောရေးစခမ်းတွေမှာ၊
တောထဲမှာ တောင်တန်းတွေကြားထဲမှာ သေခဲ့
ကြပြီပဲ။
သြဂတ်စ် (၂၅) ရက်နေ့  မှာ မြတ်စံ ကျွန်တော်
တို့ ဆီကိုရောက်လာခဲ့တယ်။ မနက်ဖြန် (၂၆)
ရက်နေ့ မှာ ရွေတိဂုံအနောက်မုဂ်မှာလုပ်မဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုအစည်းအဝေး
မှာ လုံခြုံရေးယူဖို့ ။ ကျွန်တော့်အဖွဲ့ က ကျွန်တော်
အပါအ၀င်ငါးယောက် သိန်းတန် (ကျဆုံး)၊
ကျော်ရင် (အသတ်ခံရ) ၀င်းအေး နဲ့  ကျွန်တော်
တိုပါပဲ။ နောက်ထပ်တဖွဲ့ က ငါးယောက် - ပါကြီး၊
ဝကြီး၊ မိုးမြတ်သူ တို့ ပါကြပါတယ်။
သြဂတ်စ် (၂၅) ညမှာ စိမ်းချောင်း က အိမ်တလုံး
ရဲ့ အပေါ်ထပ်မှာ ကျွန်တော်တို့  ဆယ်ယောက်
တယောက်ချင်းပဲ ခပ်ဆိတ်ဆိတ်ပဲရောက်လာခဲ့ကြ
ပါတယ်။ ကျွန်တော်တို့ ငါးယောက်ထဲမှာ လေး
ယောက်က တက္ကသိုလ်မှာရော UTC (တက္ကသိုလ်
လေ့ကျဥ့်ရေးတပ် - University Training Corp)
ကသူငယ်ချင်းတွေ။ ကျန်တဲ့ငါးယောက်ကတော့
ကျွန်တော်တို့ ထက် အသက်အတန်ငယ်တဲ့ RASU
ကကျောင်းသားတွေပါပဲ။ ည (၁၁) နာရီလောက်
မှာ ကျွန်တော်တို့ အားလုံး စုံကြပါတယ်။
ည (၁၂) နာရီလောက်မှာ မြတ်စံ (မြတ်စံက ကျွန်
တော့်ထက်ကြီးပါတယ် ဒါပေမဲ့နှုတ်ကျိုးနေတော့
သည်လိုပဲခေါ်ဖြစ်တာပါ) ရောက်လာပြီးကျွန်တော့်
ကိုခေါ်တယ်။ စက္ကူကျီးကန်းတကောင်နဲ့ တတောင်
ကျော်တဲ့ ၀ါးနဲ့ လုပ်ထားတဲ့ မျှားတချောင်းကို
ကျွန်တော့်လက်ထဲထည့်တယ်။ "လှိုင်ဘွား ဒါ -
အရေးကြီးတယ် မင်းဖြစ်အောင်လုပ်ပါ" တဲ့....။
မင်းလိုအပ်မယ်ထင်ရင် နောက်တယောက်ကို
ခေါ်သွားပါ တဲ့။
ကျွန်တော်လုပ်ရမဲ့အလုပ်က - မနက် မိုးမလင်းခင်
မှာ - ရွှေတိဂုံအနောက်မုဂ်နဲ့  ဦးဝိစ္စာရလမ်းဘေး
သွေးဆေးကန်ဘေးက ကုက္ကိုပင်ကြီးမှာ အဲသည်
စက္ကူကျီးကန်းကို အဲသည်မျှားနဲ့  ကျွန်တော့်လက်
တဖောင်လောက်အမြင့်ကနေစိုက်ရမှာ။ အဲသည့်
ညမှာ စစ်ကားအစီး လေးဆယ်ကျော်က စစ်သား
အပြည့်နဲ့  .... ဦးဝိစ္စာရလမ်းနဲ့  တော်လှန်ရေး
ပန်းခြံတ၀ိုက်မှာ နေရာယူထားတာအပြည့်ပဲ။
ကျွန်တော်သွားရမဲ့လမ်းက သွေးဆေးကန်ဘေး
က ကုက္ကိုပင်မဟုတ်ပဲ ရေကြည်အိုင်ကိုတန်းနေ
ပါတယ်။ မြတ်စံက ကျွန်တော့်သူငယ်ချင်းပါ။
သူ ဘာကြောင့် သည်အလုပ်ကို ကျွန်တော့်ကို
ခိုင်းတယ် အကူအညီတောင်းတယ်ဆိုတာ
ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်
တယောက်မျက်နှာ တယောက်တော်တော်
ကြာကြာ ကြည့်မိကြပြီး ကျွန်တော်ဘာမှသူ့ ကို
မမေးမိဘူး။ မြတ်စံကျွန်တော့်ကို စေ့စေ့ကြည့်ပြီး
ထွက်သွားတယ်။
ကျွန်တော်တို့ ဆယ်ယောက် အိပ်ယာတွေမှာလှဲ
နေတဲ့အခန်းထဲကို ကျွန်တော်ပြန်ရောက်လာတယ်။
ကျွန်တော်ပြန်ဝင်လာတော့ အားလုံးက ကျွန်တော့်
ကိုဝိုင်းကြည့်နေကြတယ်။ စက္ကူကျီးကန်းမဲကြီးနဲ့ 
ဝါးချွန်မျှားတစဉ်းကိုကိုင်လို့ လေ။ အငယ်ငါး
ယောက်ကတော့ စူးစမ်းသလိုကြည့်နေတယ်။
ကျွန်တော်မှတ်မိပါသေးတယ်။ ကျွန်တော့်ထက်ကြီး
တဲ့ရာထူးယူထားတဲ့ ကျွန်တော့်သူငယ်ချင်းက
သူ့ ခေါင်းကိုငုံ့ ထားတယ်။ ကျွန်တော်တို့  (၅)
ယောက်က ဆယ်ကျော်သက်ကတည်းက တက္က
သိုလ်အထိငယ်ပေါင်းတွေ။ ကျွန်တော် သူတို့ အထဲ
က တယောက် (သိန်းတန်) ကိုရွေးပြီး "မင်းအဆင်
သင့်လုပ် ပြီးရင် ငါနဲ့ လိုက်ခဲ့ရမယ်" လို့ ပြောလိုက်
ပါတယ်။ သိန်းတန်က ဘာတလုံးမှပြန်မပြောပဲ
သူ့ ပုဆိုးအစား ဂျင်းဘောင်းဘီကိုလဲနေပါတယ်။
(ကျော်ရင့်ကို ခေါ်ပြီး လိုအပ်တာတွေမှာပါတယ်)။
ကျွန်တော်တို့ နှစ်ယောက် ပြန်မရောက်ခဲ့ရင်
တချိန်မှာ ကျွန်တော်တို့ မိဘတွေကို သပိတ်သွပ်
ဖို့ ပြောပေးဖို့ လောက်ပါ။ အဲသည်အချိန်က
ကျွန်တော်တို့ ဘ၀တွေက နေ့ မြင်ညပျောက်ဘဝ
တွေလေ။
ယျတြာချေတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ... အူ
ကြောင်ကြောင်အလုပ်တခုဆိုပေမဲ့ ဘ၀နဲ့ အသက်
နဲ့ ရင်းရတော့မဲ့ ကိစ္စပဲလေ။ အိမ်ကမထွက်ခင်
အောက်ထပ်မှာ သန်းတန် ကိုကျွန်တော်တို့ ဘာ
လုပ်ရမယ်ဆိုတာ Plan A နဲ့  B ကိုပြောပြပါတယ်။
Plan A က နှစ်ယောက်အတူ အဲသည်နေရာကို
ရောက်အောင်သွားပြီး အဲသည်ကိစ္စကိုပြီးအောင်
လုပ်ပြီး တယောက်တလမ်းဆီ ပြန်ဖို့ ။ Plan B က
တစုံတခုဖြစ်မယ်ဆိုရင် ကျွန်တော်က ကိစ္စကိုအပြီး
လုပ်ပြီး သိန်းတန်က အရောက်ပြန်ဖို့ ။ ဒါပါပဲ။
စမ်းချောင်းမင်းလမ်းတ၀ိုက်နဲ့  မြေနီကုန်း
တလျှောက် ဘယ်ခွေးတကောင်ကြောင်တမြီးမှာ
မရှိ။ ညဦးပိုင်းမှာပဲ စစ်ကားအစီးလေးဆယ်ကျော်
ချထားပြီကိုး။ ကျွန်တော်တို့  မြေနီကုန်းလမ်းဆုံ
ရောက်တဲ့အချိန်မှာ တော်လှန်ရေးပန်းခြံဘက်ကို
ကျွန်တော်လှမ်းကြည့်မိတယ်။ ဘာမှ ထူးခြားတဲ့
စစ်ကားတစီးမှမတွေ့ ရဘူး။ သည်လိုနဲ့ နှစ်ယောက်
သား ဦးဝိဇ္စာရလမ်းဘက်ကို ချိုးဝင်ပြီး ပုံမှန်လျှောက်
သွားခဲ့ကြတယ်။ ကျွန်တော် အဲသည်စက္ကူကျီးကန်း
မဲကြီးကို သွေးဆေးကန်ဘေးက ကုက္ကိုပင်မှာ
ဝါးမျှားနဲ့  အသားကုန်ထိုးစိုက်ခဲ့ပါတယ်။
စမ်းချောင်းထဲက ဆုံရပ်အိမ်ကိုရောက်တော့
ကျွန်တော့ကို ချစ်တဲ့ (ကျော်ရင်) ကငုတ်တုပ်လေး
ထိုင်စောင့်နေပါတယ် .......။ ကျန်တဲ့သူတွေက
တော့ အိပ်နေကြပြီ၊ မနက်မှာ ဒေါ်အောင်ဆန်းစု
ကြည့်ရဲ့ လူ ငါးသိန်းကျော်လာတဲ့ သမိုင်းဝင်
မိန့် ခွန်းပြောပွဲမှာ အနီးကပ်လုံခြုံရေးယူပေးရမှာ
ကိုး။ သည်လိုနဲ့  (၂၆) ရက်နေ့ မနက်မှာ သိန်းတန်
နဲ့ ကျွန်တော်နှစ်ယောက်လည်း ပင်ပမ်းခဲ့တဲ့ရက်
တွေ လတွေ အိပ်ရေးပျက်တဲ့မျက်နှာတွေနဲ့ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးလူထုမိန့် ခွန်း
ပြောပွဲမှာ စင်ပေါ်က ထိုင်နေတဲ့ ကျောင်းသား
ဆယ်ယောက်အဖြစ် လုံခြုံရေးတာဝန်ကိုယူပေး
ခဲ့ကြပါတယ်။
███████
မှတ်ချက်။ သိန်းတန် RASU (တောခိုစဉ်ကျဆုံး)
ကျော်ရင် RASU - UTC (သေဘော်ဘိုးရောက်ပြီး
နောက် မော်ကဲတပ်ရင်း၏ ပထမဆုံးရင်းအရာခံ
ဗိုလ်အဖြစ်တာဝန်ယူပြီး နောက် မြန်မာပြည်
ရောက်ပြီး အသတ်ခံရ)။ မိုးမြတ်သူ (သီတာ former
DVB Norway ၏မောင်)၊ အောင်မြိုင်သင်း (ဆရာ
ဦးအောင်သင်း၏သား)
မြတ်စံ - facebook account နှင့် မနှစ်က အဆက်
အသွယ်ရ။
နောက်ဆက်တွဲကတော့ ... အဲသည်နေ့ က
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံအနောက်မုဂ်
တရားပွဲကပုံတွေဟာ အဲသည်အချိန်က စာစောင်
တွေမှာ ပလူပျံနေခဲ့ပြီး ကျွန်တော့်ပုံအကြီးကြီးဟာ
အောင်ပွဲသစ်ဆိုတဲ့စာစောင်မျက်နှာဖုံးမှာ ပါနေခဲ့
လို့  - စက်တင်ဘာ (၁၈) ရက် အာဏာသိမ်ပြီး
တောခိုချိန်မှာ သူငယ်ချင်းထွန်းမော် (ဗဟိုတရား
ရုံးရှေ့ နေဦးထွန်းစိန်၏သား) နဲ့ ကျွန်တော်
ရခါနီးမှာ - အဲသည်အချိန်က စစ်တပ်ကဗိုလ်မှူး
ကင်းရွှေနဲ့  ရဲကမြို့ နယ်မှူး ဦးသန်းထွန်းလို့ 
ကောင်းမူနဲ့ လက်စမပျောက်ပဲ - လူကြီးသား
သမီးတွေဆိုပြီး မော်လမြိုင်အထိ Pass လုပ်ပြီး
စစ်တပ်ကားပေါ်တင်ပေးလိုက်တာပါပဲ။
(ကျွန်တော်အဖေက အဲသည်အချိန်က အလုပ်သ
မားအစည်းအရုံးဗဟိုဦးစီးအဖွဲ့ ဝင် ဦးတင်အုန်း
လေ)။
ကျွန်တော်နဲ့ ထွန်းမော်ကို လက်ပြန်ကြိုးတုပ်
ချည်ထားတဲ့ကြိုးတွေကိုဖြေပြီး ဗိုလ်မှူးကင်းရွှေ
မှာ ထမင်းလိုက်ကြွေးတယ်။ အဲသည်အချိန်မှာ
သထုံ တပ်မ (၄၄) က စစ်ကားတန်းကြီးဆိုက်
လာတယ်။ တပ်ရင်းမှူးနဲ့ အခြားအရာရှိတွေ
ဆိုင်ထဲကိုဝင်လာကြတယ်။ တပ်ရင်မှူးဘေးမှာ
ပါလာတာက ကျွန်တော်တို့  ထွန်းမော်တို့ နဲ့ 
ကျောင်းနေဘက် တက္ကသိုလ်မှာ UTC မှာ -
မောရင် တယောက်ပေါင်ပေါ်တယောက်အိပ်
ခဲ့တဲ့ ဗိုလ်ကြီးမြတ်ထွေး။ ထွန်းမော်ကကျွန်
တော့်ကို လှမ်းပြောတယ်။ လှိုင်ဘွား ဟိုမှာ
မြတ်ထွေး ... တဲ့။ သူငယ်ချင်းတွေ စကား
ထွက်မှာ။ ကျွန်တော်က တောခိုမှာလေ။
၁၉၈၉ မှာ ဘုရားသုံးဆူကို RC 3 က ကိုတိုး
ဆိုတာရောက်လာတယ်။ လှိုင်ဘွား မင်းသူ
ငယ်ချင်း ဗိုလ်ကြီးမြတ်ထွေး မဲသဝေါမှာ ကျ
သွားတယ်... တဲ့။ (စခမ်းသိမ်းပြီးမှာ Over
Head ပေါ် စီးကရက်ထိုင်သောက်နေတာကို
KNU Sniper မိသွားတယ်လို့ သိရတယ်)။
ဗိုလ်မြတ်ထွေးဆိုတာ အခြားသူတော့မဟုတ်
ဘူး။ မြောက်ဥက္ကလာပ ဘီစကွတ်စက်ရုံမှာ
ပိတ်မိနေခဲ့တဲ့တပ်စုရဲ့ အရာရှိ။ အဲသည်အချိန်
က UTC က ကျွန်တော့်သူငယ်ချင်းသိန်းလှိုင်
ဦးက သူ့ ကိုအရပ်ဝပ်လဲပြီး ပစ္စတိုကို ဆိုက္ကား
အံဝှက်ထဲထည့်ပြီး စစ်ရုံးအရောက်ပို့ ပေးခဲ့
ရသူ။ သိန်းလှိုင်ဦးက တောခိုတဲ့အထိမှာ မပါ
ခဲ့ပဲ ထောင်သုံးနှစ်အချခံလိုက်ရတယ်။
ကိုတိုးကတော့ ကျောင်းသားတပ်မတော်နဲ့ 
ရေးကိုကိုဦးနဲ့ အတူ ကျသွားခဲ့တယ်။
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်အနား
ရောက်နေတော့ ... ကျွန်တော့်အဖေက
"မင်းကုလားမယားအနားမှာ ဘာသွားလုပ်
နေလဲ" လို့ စာရေးမေးခဲ့တယ်။ တဆွေလုံး
တမျိုးလုံးကကျွန်တော့်နဲ့  ကျွန်တော့်ယောက်ဖ
ကိုသန်းအောင် (ဒေါက်တာသန်းအောင် NLD
(၂)ကို အမျိုးစားရင်းကနေ ပယ်လိုက်ကြတယ်။
ကိုသန်းအောင် ထောင်လေးနှစ်အချခံလိုက်
ရတယ်။ အဖေမသေခင် ၁၉၉၈ မှာ ဖုံးနဲ့ 
စကားပြောဖြစ်တယ်။ "သားမှန်တယ်ထင်
တာကိုဆက်လုပ်ပါ" တဲ့။
လှိုင်ဘွား - ၅ - ၈ -၂၀၁၃
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...