Sunday, August 18, 2013

((((.... ဒီနေ့ .....)))))



ဒီနေ့ ကျောင်းပိတ်ရက်...
ကျွန်တော် အဖေနဲ့လိုက်ခဲ့မယ်။

နေပူပူ ပင်လယ်ကမ်းစပ်က
နွမ်းနယ်စွာ ပြန်လာတတ်ခဲ့..
အပြုံးမပျက်တဲ့ ဖေဖေနဲ့ပါ။

ဘာမှ မလုပ်နိုင်သော်မှ
ကျွန်တော် စကားလေးပြောတဲ့အခါ
ဖေဖေ အမော ပြေတတ်ကြောင်း
ကျွန်တော်ကောင်းကောင်း သိပါတယ်
ဖေဖေ ပြုံးနေတတ်တယ်လေ...။



မကြာသေးခင်က
ကျွန်တော်မြင်ခဲ့ရပါတယ်....

ကမ်းစပ်က နွံတွေကြားမှာ
ရုန်းထလာတဲ့ ခြေရာတွေ
ဒါ ဖေဖေ့ခြေရာတွေပေါ့....။

ကျွန်တော် မှတ်သားထားပါတယ်
ဒီခြေရာတွေက
ကျွန်တော့်အတွက်တော့
အင်မတန်လှပတယ်လို့လေ။

ခြေသည်းတွေလည်း မွဲညစ်
ကျွန်တော့်အတွက်တော့...
အင်မတန် ချစ်စရာကောင်းခဲ့တယ်။

နေလောင်တဲ့အသား
ကျွန်တော့်အတွက်တော့....
အင်မတန်ခန့်ငြားခဲ့ပါတယ်။

ခဏလေးဖြစ်ဖြစ် အမောတွေပြေ
ဖေဖေရယ်မောနေတဲ့ အခါ...
ကျွန်တော် ကျေနပ်ရပါတယ်။

မနက်ဖြန် မရောက်ခင်
ဒီနေ့တစ်ရက်ပဲဖြစ်ဖြစ်
ကျွန်တော် ချစ်တဲ့အကြောင်းနဲ့
ဖေဖေ့ စေတနာတွေ
ခံစားနားလည်တတ်ကြောင်း အတွက်
ကျွန်တော် သက်သေပြချင်တယ်...

ပင်လယ်ကြီးက လှလိုက်တာ
ဖေဖေ့ရဲ့ နံဘေးမှာ
ကျွန်တော်ပါလာတဲ့ ဒီနေ့
ဖေဖေ အပြုံးလေး တွေ့ရလို့...။

(ကွန်ဆူးမား)(၁၈-၈-၂၀၁၃)

****** အဖေ့ကို ချစ်သော သားများအတွက် ******

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...