Wednesday, August 21, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၈)

သစ်ထူးလွင်



Posted: 21 Aug 2013 07:00 AM PDT
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည် မြောက်ဘက် အစပ်မှာ ၁၉-၈-၂၀၁၃ ရက်နေ့ ည၉နာရီ  အချိန်ခန့်တွင်  ငွေတောင် ဆည်မြောင်း ၀န်ထမ်း (စက်မောင်း) ကိုဇော်ဇော်ထွေး သည် ငါးခုတ်ရာမှ ရွှံ့ထဲတွင် နစ်နေသော လုံးပတ် ၇လက်မ၊ အရှည် ၂ ပေခန့်ရှိသော ဒလက်ပါ ဗုံးသီးအဟောင်း ၁ ခု တွေ့ရှိခဲ့သဖြင့် ဆယ်ယူပြီး ရေစပ်ရှိ သစ်ငုတ်ပေါ်တွင် တင်ထားခဲ့ပါသည်။
ယခုအခါတွင် အဆိုပါ ဗုံးသီးအဟောင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်မြေပြင် အင်ဂျင်နီယာ တပ်သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

by Myanmar News Now


Posted: 21 Aug 2013 06:43 AM PDT


ပဲခူးမြို့နယ်၊ အ၀ိုင်းကျေးရွာအုပ်စု၊ အ၀ိုင်းကျေးရွာ၏ မြောက်ဘက်(၂)ဖာလုံ အကွာ ဦးဝင်းမြင့်အပိုင် လယ်ထဲရှိ နွားစားခွက်အောက်တွင် (၂၀.၈.၂၀၁၃)နေ့ ည(၈း၃၀)အချိန်ခန့်ကလုံးပတ်(၁)ပေ
ခွဲ၊အရှည်(၁၃)ပေခန့်ရှိ စပါးအုံးမြွေဟု ယူဆရသော မြွေတစ်ကောင် တွေ့ရှိကြောင်း သတင်းရသဖြင့် ပဲခူးမြို့နယ် သစ်တောရုံးမှ တောအုပ် ဦးမြင့်ထွန်းနှင့်အဖွဲ့ သည်(၂၁.၈.၂၀၁၃)နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က၄င်း မြွေအား ဖမ်းဆီးရန် သွားရောက်ရာ ဦးဝင်းမြင့်၏ လယ်ထဲရှိ နွားစားခွက် အောက်တွင် ထိုမြွေကြီးမရှိတော့ကြောင်း သိရှိရပြီး မြွေနှင့်ပတ်သက်၍ နီးစပ်ရာ ကျေးရွာများရှိ ပြည်သူများ အန္တရာယ်မဖြစ်စေရန် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

Ko Thant Zin

by Myanmar News Now
Posted: 21 Aug 2013 06:30 AM PDT

မန္တလေးတိုင်း ဒေသကြီး ၀မ်းတွင်းမြို့ နယ်မှာ လယ်ယာမြေဧက ၄၀၀၀ ခန့် စိုက်ပျိုးရေ မရလို့ အခက်တွေ့ နေရကြောင်း သိရပါတယ်။  ၀မ်းတွင်းမြို့ ဟာ မိုးခေါင်ရေရှား ဒေသ ဖြစ်တာကြောင့် စိုက်ပျိုးရေ ရရန် ဆည်ကြီးများကို အမှီပြုနေရတာ ဖြစ်ပါတယ်။  တောင်ပုလုဆည်၊ သပြေရိုးဆည်တို့ မှ ရေများကို ရယူပြီး စိုက်ပျိုးနေရသည့် ၀မ်းတွင်းမြို့ နယ် ပြည်တော်သာရွာ၊ ကျောင်းကုန်းရွာ၊ ခံဘဲ့ရွာ၊ အင်းယင်းရွာတို့ မှ လယ်မြေဧက ၄၀၀၀ခန့် မှာ ပျိုးထောင်ရန် စိုက်ပျိုးရေ လုံးဝမရှိသည့် အတွက်

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Aug 2013 05:49 AM PDT

ကားတင်သွင်းခွင့်မူဝါဒများ ပြောင်းလဲပေးခဲ့ပြီးနောက် တစ်ချိန်က လူအများစိတ်ဝင်စားခံခဲ့ရသော စက်မှုဇုန်ထုတ်ကားများမှာ အမေ့လျော့ခံဘ၀သို့ ရုတ်ခြည်းရောက်ရှိသွားသည်။ ယခင်အစိုးရလက်ထက်က စက်မှုဇုန်ကားထုတ်လုပ်သူများကို ပုံစံမျိုးစုံဖြင့် ဖြေလျှော့ပေးပြီး ဇုန်ထုတ်ကားစီးရေတိုးလာရန် ကြိုးပမ်းခဲ့ကြသည်။ ဇုန်ကားထုတ်သော လုပ်ငန်းရှင်အများစုသည် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်ကြီးများအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

Posted: 21 Aug 2013 05:49 AM PDT
သြဂုတ်လလယ် နေ့လယ်ခင်းတစ်ခုတွင် ရန်ကုန်ဆေးရုံကြီး အတွင်း ပေနှစ်ဆယ် ပတ်လည်ခန့်ရှိသော သီးသန့် လူနာများထားရာ အခန်းရှေ့၌ တာဝန်ကျ သူနာပြုဆရာမလေးက “မနေ့က သုံးနှစ်အရွယ်ကောင်လေးတစ်ယောက် ဆုံးသွားတယ်။ ဒီနေ့ခုနစ်နှစ်အရွယ် ကလေး တစ်ယောက် ထပ်ရောက် နေပြန်ပြီ”ဟု ကရုဏသက်သော လေသံဖြင့် ခပ်တိုးတိုးလေး ပြောသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- နစ်ကီ

Posted: 21 Aug 2013 04:56 AM PDT

မိုးခေါင် ရေကြီးမှုများကြောင့် သီး နှံများ ထိခိုက်ပျက်စီးမှုအပေါ် လယ်/ ဆည်ဝန်ကြီးဌာနက မျိုးစေ့များ အကူ အညီပေးရန် တိုင်းဒေသကြီးနှင့် ပြည် နယ် ၄ ခုတို့က အကူအညီတောင်းခံ ထားသည်။ ပြီးခဲ့သော ဇူလိုင်လကုန်ပိုင်းမှ စကာ ကရင်ပြည်နယ်တွင် ရေစတင် ကြီးပြီး မွန်၊ တနင်္သာရီစသော ဒေသတို့ ၌ပါရေကြီးမှုဖြစ်ပေါ်ခဲ့ရာ လယ်ဧက သိန်းချီ၍ ရေကြီးနစ်မြုပ်မှုခံရပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Aug 2013 04:52 AM PDT

‘အတိုက်အခံဆိုသည်မှာ နိုင်ငံ ရေးအုပ်စု၊ နိုင်ငံရေးပါတီ သို့မဟုတ် အဖွဲ့အစည်းမဟုတ်သော တစ်သီးပုဂ္ဂလ နှင့် လူအုပ်စုများဖြစ်ပြီး သူတို့သည် အစိုးရ ပြောင်းလဲရေးနှင့် အစိုးရ၏ မူ ဝါဒများ ပြောင်းလဲရေးအတွက် လှုပ်ရှား  ဆောင်ရွက်နေသူများ ဖြစ်၏။ တချို့ နိုင်ငံများတွင် အတိုက်အခံများအတွက် တရားဝင်နေရာ သတ်မှတ်ပေး ထားသည်။ ထိုအတိုက်အခံတို့က ရွေးကောက်ပွဲ တွင် မဲအများစုရရှိပါက အစိုးရအဖွဲ့ သစ်ဖြစ်နိုင်သည်ဟု လက်ရှိအစိုးရက မျှော်မှန်းထားသောကြောင့် သူတို့ကို အတိုက် အခံ နေရာပေးထားခြင်းဖြစ် သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Aug 2013 04:11 AM PDT

စိတ်ကျန်း မာရေးဆေးရုံသို့ ရောက်ရှိလာ သောလူနာများတွင် အရက်ကြောင့် ဖြစ်ပွားမှုနှုန်းမှာ လွန်ခဲ့သောသုံး နှစ်တာကာလအတွင်းမှစ၍ ထိပ် ဆုံးနံပါတ်တစ်နေရာတွင် ရောက် ရှိနေကြောင်း သိရသည်။ ''ဆေးရုံကိုရောက်လာကြ တဲ့အထဲမှာ အရက်နဲ့မူးယစ်ဆေး ဝါးသုံးစွဲမှုရယ်၊ ဦးနှောက်အမြှေး ပါးရောဂါကြောင့်ရယ်၊ ကလေး မွေးတဲ့အခါ ဦးနှောက်ထိခိုက်သွား တာတို့ကြောင့်လဲ ဖြစ်နိုင်သလို စိတ်ခံစားချက်ကြောင့် ဖြစ်သွား တာကြောင့်လဲ စိတ်ရောဂါဖြစ် သွားကြတာပဲ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Aug 2013 04:02 AM PDT

ကလေးငယ်များ ကော်ရှူမှု အများဆုံးတွေ့ရှိရသည်မှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (MANA) ဥက္ကဋ္ဌက သြဂုတ်လ၂၀ရက်တွင် ရန်ကုန်မြို့ရှိ ၎င်းတို့ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ရန်ကုန်တိုင်း အတွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များသည် အလွယ်တကူ ရနိုင်သော ပိုက်ဆက်ကော်၊ တင်ဒါနှင့် လူသုံးကုန်ပစ္စည်းများမှ ရနိုင်သော ကော်များကို အလွယ်တကူ ရှာဖွေရရှိနိုင်သဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Aug 2013 03:49 AM PDT

ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာ နယ်မြေရှိ စစ်ရှောင် စခန်းများ တွင် နေထိုင်လျက် ရှိသော ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက် ထောက်ပံ့ရန် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက လိုင်ဇာသို့ သွားရောက်မည်ကို ကေအိုင်အိုဘက်က လက်မခံခဲ့ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီ အသင်းမှ ပြောရေး ဆိုခွင့်ရှိသူ ဦးဂဲနက်စ်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Aug 2013 03:45 AM PDT

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၈၇/၀နှင့် ၁၈၇/၁ ကြား တောင်နန်ချွန် ကျေးရွာ ဆည်မြောင်းရုံး ရှေ့တွင် သြဂုတ်လ ၁၈ ရက် ည ၇ နာရီခန့်က တပ်မတော်သား တစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ကို ယာဉ်တစ်စီး အနောက်မှ ဝင်တိုက်သဖြင့် ဆိုင်ကယ် မောင်းနှင်လာသူ တပ်မတော်သား သေဆုံးခဲ့ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Aug 2013 11:07 PM PDT

၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနား ကျင်း ပရေး သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကျောင်းဆ ရာမတစ်ဦးကို ပညာရေးဝန်ကြီး ဌာနက မယူမနေရ ပင်စင် ပေး လိုက်ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တော်ဝင် နှင်းဆီ ခန်းမ၌ ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော ၄င်းသတင်းစာရှင်း လင်းပွဲသို့ နေပြည်တော်မှ လာ ရောက် တက်ရောက်သည် ဟူ သောအချက်ဖြင့် အဆိုပါကျောင်း ဆရာမကို သြဂုတ်လ ၁၇ ရက်နေ့ တွင် မယူမနေရ ပင်စင်ပေးလိုက် ခြင်းဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Aug 2013 10:39 PM PDT

ကျပ်သိန်း ဆယ်ချီ ဈေးနှုန်းပေါက်သည့် တရားရုံး အခွန် (တံဆိပ်ခေါင်းခွန်) များကို အဆပေါင်းများစွာ လျှော့ချရန် လွှတ်တော်ကို တင်ပြရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ရန်ကုန် ရှေ့နေအသင်းမှ တရားလွှတ်တော် ရှေ့နေ ဦးသန်းဌေးက The Voice သို့ ပြောကြားသည်။ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း ဦးဆောင်ကာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 10:33 PM PDT

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မြောက်ဦးမြို့ သို့ နိုင်ငံခြားသားများ ၀င်ရောက်မှု နည်းပါးခဲ့သည့် အပြင် ခရီးသွားလာ ခွင့် ကိုလည်း ကန့်သတ်နယ်မြေ များအဖြစ် သတ်မှတ်ထားခဲ့ရာမှ ယခုခါတွင် ကန့်သတ်နယ်မြေ အဖြစ်မှ ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ကန့်သတ်နယ် မြေများ အဖြစ် ပြုလုပ်ခဲ့ရခြင်း မှာလည်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 10:44 PM PDT

မြန်မာနိုင်ငံမှာ တီဘီ(ခ)အဆုတ်နာရောဂါ ခံစားနေရသူအရေအတွက်ဟာ လူ တစ်သိန်းမှာ (၅၂၅) ယောက် ရှိနေ တာကြောင့် ကမ္ဘာ့ ပျမ်းမျှ စံချိန်ထက် သုံးဆကျော်ရှိနေတယ်လို့ MSF ခေါ် နယ်စည်းမခြားဆရာဝန်များအဖွဲ့ က ပြောပါတယ်။ တီဘီ(ခ)အဆုတ်နာ ဒဏ်အခံရဆုံး နိုင်ငံပေါင်း (၂၂) နိုင်ငံမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံဟာ MDR-TB ခေါ် ဆေးမတိုး တဲ့ တီဘီ အဆုတ်နာဒဏ် ကိုလည်းခံနေရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 10:27 PM PDT

မြန်မာနိုင်ငံအနေနဲ့ မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ဆော်တာတွေကို ကိုင်တွယ်အရေးယူရမှာဖြစ်ပြီး၊ ဘာသာရေး အကြမ်းဖက်တာတွေ အပေါ်လက်ပိုက်ကြည့်နေတတ်တဲ့ အစဉ်အလာကိုလည်း တိုက်ဖျက်ရမှာဖြစ်ကြောင်း၊ ဒီလိုမဟုတ်ရင်တော့ ကြီးမားတဲ့ ကပ်ဘေးအဆင့် ပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိကြောင်
း အမေရိကန် အခြေစိုက် PHR ခေါ် လူ့အခွင့်အရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Aug 2013 10:21 PM PDT

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မြန်မာ အမျိုးသမီးနှင့် အတူ နေထိုင်သည့် အမျိုးသမီး အလုပ်သမား၂၀၀ ကျော်ကို လုံခြုံသော နေရာသို့ ပြောင်းရွှေ့ပေးရန် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိထားပြီး လက်ရှိ နေထိုင်နေသည့် အဆောင်တွင်လည်း လုံခြုံရေးများ ချပေးထား ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ယခုဖော်ပြပါ ဓာတ်ပုံမှာ မြန်မာ မိန်းကလေးများ အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆို နေတာဖြစ်ပါတယ်။ သူတို့ ဆန္ဒ ပြသော အကြောင်းအရာမှာ သူတို့ နေအိမ် အဆောင်များ လုံခြုံမှုရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေး ယူတိုင်ကြား ပေးရန် ဖြစ်ပါတယ်။



Posted: 20 Aug 2013 10:17 PM PDT

ပြည်သူ့လွှတ်တော်က အတည်ပြုထားသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းသည် နိုင်ငံတကာ စံညွှန်းများနှင့် ကိုက်ညီမှု ...မရှိသည့် အချက်များ ပါဝင်ကြောင်း ပြည်တွင်း ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ အချို့ထံမှ သိရှိရသည်။ ကိုက်ညီမှု မရှိသည့် အချက်များကို ပြည်တွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားမှု များ ဆောင်ရွက်နေသော ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Equality Myanmar ဥက္ကဋ္ဌ ဦးအောင်မျိုးမင်း


Posted: 20 Aug 2013 09:58 PM PDT

ကမ္ဘာ့ဖော်ရွေမှု အရှိဆုံး မြို့ကြီး၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNNနှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ ရက်တွင် သတင်းရရှိသည်။ အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံးမြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်း ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟု ဖော်ပြချက်များမှ သိရသည်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 09:56 PM PDT

ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိ လူများအနက် အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်ယူရဖွယ်ရှိသည့် လူသားတစ်ဦး ရှိနေပြီဖြစ်သည်။ ၎င်းမှာ ဘိုလီးဗီးယားနိုင်ငံရှိ အင်းဒီးတောင် တန်းဒေသတွင် နေထိုင်ပြီး ကိုကာရွက် များကို ဝါးလေ့ရှိကာ မီးပုံဘေး၌ ချက် ပြုတ်စားသောက်သူ ကာမီလိုဖလို ရီးစ်လူရာ ဆိုသူဖြစ်သည်။ ၎င်းသည် ယခု အခါ အသက် ၁၂၃နှစ် ရှိပြီး အတည် ပြုနိုင်မည်ဆိုပါက  --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Aug 2013 09:51 PM PDT

ရခိုင်ပြည်နယ် သံတွဲမြို့တွင် လွန်ခဲ့သည့် သုံးရက်ကတည်းက မိုးသည်းထန်စွာရွာသွန်း ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေကြီးမှု များဖြစ်နေကြောင်း ဒေသခံ များက ပြောသည်။"မနေ့က ညနေမှာ ရေစတက်တယ်။ ရေတက်တာကလည်းမြန် တယ်။ ဒီနေ့နေ့လယ်အထိ ရေပြန်ကျတာလေးလက်မလောက်ပဲ ရှိသေးတယ်"ဟု သံတွဲမြို့ အမှတ်(၂) ရပ်ကွက်မှဒေသခံပြည်သူတစ်ဦးက ပြောသည်။ရေကြီးမှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက် အားလုံး ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 09:47 PM PDT

သြဂုတ်လ(၂၄)ရက်နေ့ ထုတ် Techspace နည်းပညာဂျာနယ် Volume 2 - Issue 21

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 09:36 PM PDT

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ယနေ့ ကျင်းပပြုလုပ်သည့် ကရင်နယ်ခြား စောင့်တပ်(BGF)၏ ဖွဲ့ စည်းတည်ထောင်ခြင်း ၃နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ကရင်အမျိုးသား အစည်းအရုံး(KNU)စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး စောဂျော်နီနှင့် ကေအဲန်ယူ ခေါင်းဆောင်တစ်ချို့ တက်ရောက်ခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 20 Aug 2013 09:33 PM PDT

ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပဋိပက္ခဖြစ်ပွားခြင်းမှ ရှောင်ကျဉ်ကာ ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထိပ်သီးပိုင်း
ခေါင်းဆောင်များ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု နယ်ခြားစောင့်တပ် BGF ဗိုလ်မှူးစောချစ်သူက သြဂုတ် ၁၉ ရက်တွင် မဇိ္ဈမကို ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗိုလ်မှူးချုပ် စောချစ်သူ

Posted: 20 Aug 2013 09:24 PM PDT

တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသဖြင့် သံတွဲမြို့တွင် နှစ်ရက်ဆက်တိုက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ဈေးနှင့်ကျောင်းများလည်း ပိတ်ထားရကြောင်း ဒေသခံများက သြဂုတ်၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။ “မိုးက လေးရက်ဆက်တိုက် ရွာတယ်။ ချောင်းရေက တအားကျတော့ မနေ့က နေ့လည်လောက်ကနေ ဒီနေ့အထိ ရေတရိပ်ရိပ် တက်လာတယ်။ ပြီးခဲ့တဲ့ညကဆို ရတနာလမ်းက အိမ်ခြံစည်းရိုးတွေ မြှုပ်သွား တယ်”ဟု သံတွဲမြို့မှ ဒေသခံ ကိုဝေယံက မဇ္ဈိမကို ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရခိုင်ပြည်နယ်တွင် မိုးများ ဆက်တိုက် ရွာသွန်းမှုကြောင်း သံတွဲမြို့၊ အမ်းမြို့၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့တွင် ရေကြီးမှုများရှိနေသည်ဟု သိရှိရသည်။ သံတွဲမြို့ပေါ်တွင် လမ်းဘေး ဓာတ်မီးတိုင်းများ ပြိုပျက်လျက်ရှိပြီ လမ်းများတွင်လည်း ပြိုပျက်လျှက်ရှိသည်ဟုသိရှိရပါသည်။ ရခိုင်မှ ရန်ကုန်သို့ သွားသို့ လမ်းများတွင်လည်း ပြိုပျက်လျှက်ရှိပြီး ခရီးသွားလာရ ခက်ခဲလျှက်ရှိသည်ဟုလည်း သိရှိရပါသည်။ ဓါတ်ပုံ - RSV\


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...