Thursday, August 15, 2013

ရှဥ့်ကလေးတွေရဲ့သတ္တိ


လွန်ခဲ့သော ၁၅နှစ်ခန့် ကဖြစ်ပါသည်။ ကျွန်တော်စာရေးဆရာပေါက်စ ဘဝ
ဝင်ငွေမသေချာသေးသည့်အချိန်။ တစ်နေ့ မှာတာ့ လက်ရှိဘဝပြဿနာကို
အလေးအနက်စဉ်းစား အဖြေရှာတော့မည် ရည်ရွယ်ကာ တိတ်ဆိတ်သည့်
ပန်းခြံတစ်ခုထဲ ကျွန်တော်ဝင်လာခဲ့သည်။
အမျိုးသမီးနှင့် စေ့စပ်ကြောင်းလမ်းထားခဲ့တာ လေးနှစ်ရှိသွားပြီဖြစ်သည်။
သို့ သော်လက်ထပ်ဖို့ မစဉ်းစားနိုင်သေး။ နောက်နှစ်မှာ ကျွန်တော့်ဝင်ငွေ
ဘယ်လောက်ရှိမယ်ဆိုတာ ခန့် မှန်းမရနိုင်သေး။ ပြီးတော့ ကျွန်တော်တို့ နှစ်
ယောက် သိပ်တောင်းတတာ တစ်ခုရှိသည် ပါရီ၊ ရောမ၊ ဗီယင်နာ၊ လန်ဒန်
စသဖြင့် ဥရောပအနှံ့ အပြားမှာ လှည့်လည်နေထိုင်ရင်း စားရေးချင်သော
ဆန္ဒဖြစ်သည်။

သို့ သော် မကြာမကြာ ငွေအသင့်အတင့်ရဖို့ ပင် မသေချာသေးသော ယခု
အချိန်ခါ၌ ကိုယ့်အတွက်လုံခြုံမှုရှိသည့် ကိုယ်သိကျွမ်းပြီးသား ပတ်ဝန်းကျင်
ကိုစွန့် ခွာကာ မိုင်၃၀၀၀ ကျော်အဝေးရှိ ဥရောပသို့ သွားရောက်ရန်မှာ
မစဉ်းစားကောင်းသော အရာတစ်ခုဖြစ်နေသည်။

"အဲသည်အခိုက်အတန့် မှာပင် ပန်းခြံထဲရှိ သစ်ပင်မြင့်ကြီး တစ်ခုထက်မှ
ရှဥ့်ကလေးတစ်ကောင်သည် နောက်သစ်ပင်ကြီးတစ်ပင်ပေါ် လှမ်းခုန်ကူး
တာ ကျွန်တော်မြင်လိုက်ရသည်။" သူရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြီးမှ
သစ်ကိုင်းက သူနှင့်အတော်ပင်အလှမ်းဝေးသည်။ မြင့်လည်းအမြင့်ကြီး။
သူလုပ်ပုံက စွန့် စားတာနှင့်မတူ၊ သတ်သေဖို့ ကြံစည် နေသလားပင်
အောက့်မေ့ရသည်။

တစ်ကယ်လည်း သူခုန်သည့်ကိုင်းကြီးဆီသို့ မရောက်ပါ။ လေထဲပြုတ်ကျလာ
သည်။ သို့ သော်အောက်ဘက် အတော်နိမ့်သည့် သစ်ကိုင်းတစ်ခုမှာ
ဘေးမရန်မခ ချိတ်သွားမိသည်။ ပြီးတော့ ဘာမှမမှုသလိုဟန်မျိုးနှင့် သူနဂို
ရည်မှန်းရာသစ်ကိုင်းကြီးဆီသို့  ပြေးတက်သွားသည်။ အတော်ဟုတ်သည့်
ကောင်။ ခုန်တန်းလျားပေါ်ထိုင်နေသည့် အဖိုးကြီးတစ်ယောက်ကလည်း
သဘောကျစွာမှတ်ချက်ချသည်။

"အံ့သြစရာကွ! ဒီကောင်တွေခုန်တာကို အကြိမ်ပေါင်းရာချီပြီး မြင်ဖူးတယ်၊
အထူးသဖြင့် အောက်မှာခွေးတွေ ဝိုင်းနေလို့ မြေကြီးပေါ်ဆင်းမလာနိုင်တဲ့
အချိန်၊ ခုန်တယ်၊ အများသောအားဖြင့်လွဲသွားတာပဲ၊ ဒါပေမဲ့ဒီလိုကြိုးစား
ရင်း နာသွားတာ ဒုက္ခရောက်သွားတာ တစ်ခါမှမတွေ့ ရဘူးကွ!"
အဖိုးကြီးက ကျေနပ်အားရစွာရယ်သည်။ ပြီးတော့မှ……………

"အေးလေ သစ်ပင်တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံးအချိန်မဖြုန်းချင်
ရင်တော့ ဒီလိုပဲ စွန့် စားကြရမှာပဲ" ဟုဆိုလေသည်။

သည်စကားကြားအပြီး ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခုဝင်သွားသည်။
"ရှဥ့်တစ်ကောင်တောင် ရှိတဲ့အခွင့်အရေးကိုရယူဖို့ ကြိုးစားတယ်၊ ငါကရှဥ့်
လောက်သတ္တိမရှိဘူးလား"
ကျွန်တော်ကြာကြာမဆိုင်းပါ နှစ်ပတ်အတွင်းမှာပင် အမျိုးသမီးနှင့်လက်ထပ်
လိုက်သည်။ ထို့ နောက်သင်္ဘောခရီးအတွက် စရိတ် စက ရအောင်ကြံဖန်
စုဆောင်းပြီး အတ္တလန်တိတ်ကို ဖြတ်ကူးလာခဲ့သည်။

ဥရောပမှာ ကျွန်တော်နှစ်ဆတိုးကြိုးစားသည်။ စာတွေနှစ်ဆလောက်မြန်
အောင်ရေးသည်။ ထို့ နောက်တွင်ကားကိုယ်တိုင် အံ့အားသင့်ရလောက်
ပင်ကျွန်တော်လျှင်မြန်စွာ အောင်မြင်လာခဲ့သည်။
"လေးစားလောက်သော ဝင်ငွေရှိသူ" အဝန်းအဝိုင်းသို့ များမကြာမီကျွန်တော်
ရောက်ရှိသွားခဲ့သည်။

၃နှစ်အကြာ နယူးယောက်သို့  ကျွန်တော်တို့ ပြန်ရောက်ကြသည့်အခါ
မိတ်ဆွေတစ်ယောက်က ကျွန်တော့်အား နိုင်ငံခြားတွင်နေထိုင်၍ စာရေး
သားခဲ့သည့် အတွေ့ အကြုံများအကြောင်း ဟောပြောရန်ကမ်းလှမ်းလာပါ
သည်။ဟောပြောခကောင်းကောင်း ရစေရမည်ဖြစ်ကြေင်းလည်း အာမခံပါ
သည်။ကျွန်တော်ခေါင်းခါသည်။ ကျွန်တော်က ပရိသတ်ရှေ့ တွင်တစ်ခါမျှ
ဟောပြောဖူးသူမဟုတ်။ စင်ပေါ်တက်ပြီး ပရိသတ်ကို ရင်ဆိုင်မိရုံမှဖြင့်
မေ့လဲသွားနိုင်သည်ဟု အကြောင်းပြကာ ငြင်းသည်။

သည်အချိန်ဇနီးသည်က စကားတစ်ခွန်း ဝင်ပြောသည်။…………
"တစ်ခါတုန်းက ရှဥ့်လေးတစ်ကောင်ရှိတယ် ……မှတ်မိလား" ဟူ၍
သူကခုန်ဖို့ တိုက်တွန်းလိုက်ခြင်းပင်ဖြစ်သည်။ ပေါ်လာသည့်အခွင့်အရေးကို
အရယူဖို့ ။ မှန်သည်။ ကြိုးစားကြည့်သဖြင့် အနာတရဖြစ်သွား နိုင်သည်မှ
မဟုတ်ဘဲ။ အဲသည်နေရာတွင်ပဲ ဆုံးဖြတ်ချက်ကို ကျွန်တော်ပြင်ခဲ့သည်။
နောက် လအနည်းငယ်အတွင်းမှာ ပွဲပေါင်း၂၀ ကျော် ဟောပြောခဲ့ရသည်။
ဘာအနာအဆာ ထိခိုက်ဒဏ်ရာမျှမရခဲ့ ပျော်တောင်ပျော်ခဲ့သေးသည်။

အဲသည်နောက်မှာတော့ လုပ်ငန်းသစ်တစ်ခုကို စွန့် စားပြီးလုပ်မလား၊
နေရာတွင်ပဲ ကုတ်တွယ်နေမလား စဉ်းစားရသည့်အခါတိုင်း တစ်ခါတုန်းက
ရှဥ့်လေးတစ်ကောင်ကိုပြေးသတိရသည်။ တစ်ဆက်တည်းပင် ပန်းခြံခုန်
တန်းလျားပေါ်က အဖိုးအို၏ စကားသံကို နားထဲ ပြန်ကြားရောင်လာသည်။

"အေးလေ! သစ်ပင် တစ်ပင်တည်း ပေါ်မှာချည်း တစ်သက်လုံးအချိန်မဖြုန်း
ချင်ရင်တော့ ဒီလိုပဲစွန့် စားကြရမှာပဲ" ဟူသောစကား။
သို့ နှင့် အကြိမ်ကြိမ်အခါခါ ကျွန်တော်ခုန်ဖြစ်ခဲ့ပါသည်။ သည်လိုခုန်ရင်းက
ရှဥ့်ကလေးတွေဘာကြောင့် မကြာခဏ ခုန်ရသလဲဆိုတာပါ ကျွန်တော်
သဘောပေါက်လာသည်။
ခုန်ရတာပျော်စရာပေကိုး။

[မူရင်း= Oscar Schisgall ၏ Once There Was a Squirrel]
ဆရာဦးဖြေမြင့် ဘာသာပြန်ရေးသားသော နှလုံးသားသားအဟာရ(၂)

စာအုပ်မှ ကျွန်တော်ဖတ်နေရင်းနဲ့  အတွေးသစ်များစွာကိုမွေးဖွားပေး
သော ရသ စာစုလေးကို မိတ်ဆွေတို့  မဖတ်ရသေးရင် ဖတ်စေချင်လို့ 
မျှဝေလိုက်တာပါ။
ခုန်စရာလေးတွေရှိရင်ခုန်ရအောင်လို့ ပေါ့…………။

သိုက်ကြီး(ကျောက်ပန်းတောင်း)kpgtheik@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...