Sunday, August 18, 2013

ဒီ ကလေးပုံကိုကြည့်ပြီး ခများတို့ နည်းနည်းမှတော့ စိတ်ချမ်းသာလိမ့်မယ် မထင်ဘူး

Myint Aung shared Aunghtut Thet's photo.

ကိစ္စတစ်ခုနဲ့ ရန်ကုန်စစ်တွေ လမ်းမကြီးတစ်နေရာရဲ့လမ်းဘေးကျောက်ထုတ်လုပ်ရေး စခန်းတစ်ခုကို ကျနော်ရောက်သွားတဲ့အချိန်မှာ အခုလို ငုတ်တုတ်အိပ်နေတဲ့ ကလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။

ဒီကလေးအကြောင်းစပ်စုကြည့်လိုက်တော့ မိဘနှစ်ပါးက မိုးလင်းမိုးချုပ်အလုပ်သွားရာမှာ ကျောက်ခွဲစက်ကအစောင့်အမျိုးသမီးကြီးတစ်ယောက်ဆီမှာဒီကလေးကိုအပ်ထားခဲ့တယ် ကလေးက မိုးရွာထဲလဲဒီအတိုင်းအိပ်တယ် နေပူထဲလဲဒီအတိုင်းအိပ်တယ် ကွပ်ပျစ်ပေါ်ခေါ်သိပ်လို့မအိပ်ဘူးတဲ့ ဒါကျနော်ငေါက်ပီးအရိပ်ထဲရွှေ့ပေးထားတာ

ကလေးကိုစကားပြောကြည့်တော့ ကလေးနဲ့မလိုက်တဲ့အရိပ်အရောင်အမူအရာတွေမြင်ရတယ် ဒီကလေးမအိပ်တဲ့အချိန်တွေမှာ သူ့တဲမှာသွားပီး မအေသည်ကို တပီးငိုနေတတ်သတဲ့ အစောင့်အမျိုးသမီးအပြင်သွားစရာရှိတဲ့အခါမျိုးမှာ ကလေးကို စခန်းမှာပျက်လို့ရပ်ထားတဲ့ကျောက်သယ်ယာဉ်တစ်စီးရဲ့ ခေါင်းခန်းထဲမှာထည့်ပီးသွားသတဲ့ လျှောက်သွားတတ်တယ်ပြောတယ် မိုးရွာတဲ့အချိန်တွေမှာမထောင်းသာပေမဲ့ နေပူနေချိန်မှာ အဲ့ကားခေါင်းခန်းဆိုတာ တကယ့်ငရဲပါ

သူတို့နေတဲ့တဲကိုသွားကြည့်တော သုံးဖက်ကာရှေ့မျက်နာစာအပွင့် အမိုးကျိုးတိုးကျဲတဲနဲ့ ပြိုကျပျက်စီးဖို့တည်းတည်းလေးသာလိုတော့တဲ့ တဲဆိုမှတဲ စောင်ခြင်ထောင်ခေါင်းအုံးဆိုတာမပြည့်စုံရှာပေမဲ့ ဘေးမှာတော့ အရက်ပုလင်းခွံတွေတောင်လိုပုံနေတာတွေ့ရတယ်

မအေက ၂လုံး၃လုံးဝဲဂယက်ထဲမှာမြုပ်နေသူ ဖအေက အရက်နဲ့မျက်နာသစ်တဲ့လူစား ဒီကလေးရဲ့ရှေ့ဆက်ကြီးပြင်းဖို့အရေးက ရင်လေးစရာပါ မိဘနှစ်ပါးတစ်နေ့ဝင်ငွေက ၇၀၀၀ ကျပ်ထက်မလျော့ပါဘူး လိမ္မာစွာနဲ့ကောင်းကောင်းစီဖြာနိုင်ရင် လူတန်းစေ့ပါတယ်

ဒီကလေးလိုဘဝမျိုးတွေ ဘယ်လောက်များရှိနေမယ်မသိ တချို့တချို့ဘဝတွေက ဘယ်လောက်ဆွဲခေါ်ခေါ်တက်မလာပါဘူး သိကြားမင်းဆင်းကယ်လဲမရဘူး

ဒါ ခောတ်ကြောင့်လား??? စနစ်ကြောင့်လား???

ခောတ်ကြောင့်လဲမဟုတ်ဘူး စနစ်ကြောင့်လဲမဟုတ်ဘူး ဘယ်သူ့မှာတာဝန်အရှိဆုံးလဲဆိုတာ----။

ဗိုက်ပူသူတော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...