သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၈)
သစ်ထူးလွင် |
|
- ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ရေနံချောင်းပြန်ပို့မည်
- လေလွင့် စိတ်ဝေဒနာရှင်များကို မန်းစည်ပင်ဆေးရုံ ပို့ဆောင်ပေးမည်
- မိုင်းရှူးမြို့ စာသင်ကျောင်း အိမ်သာကြမ်းခင်း အင်္ဂတေပြိုကျ၍ ကျောင်းသူ ၃ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရ
- မူလတန်း တွဲဖက်သင်ရိုးအခိျု့ ကလေးရော ဆရာပါ နားမလည်
- အကြမ်းဖက်မှု အန္တရာယ်ကြောင့် ရန်ကုန်ရှိ ဗြိတိန်နှင့် အမေရိကန် သံရုံးများ လုံခြုံရေးတိုးမြှင့်ထားရန် အကြောင်းကြား
- ပဋိပက္ခများ ဖြစ်ပွားပါက တိုင်းနှင့် ပြည်နယ်အစိုးရများ တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းရန် သမ္မတညွှန်ကြား
- ရှမ်းတိုင်းရင်းသားဒုက္ခသည် နေရပ်မပြန်လို
- အစိုးရ လက်ကျန်သက်တမ်းအတွင်း လူထုတိုက်ရိုက် အကျိုးရှိမည့် စီမံကိန်းများသာ လုပ်မည်ဟုဆို
- အစိုးရနှင့် ABSDF ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး အပြီးသတ် လက်မှတ်ထိုးမည်
- ရဲတပ်ဖွဲ့ ဝင်များအား အကြမ်းဖက်မှု အချို့ ပြုလုပ်လာ ခဲ့သဖြင့် သက်ဆိုင်ရာက ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ
- ပင်လယ်ထွက်ပေါက်နဲ့ ဆိပ်ကမ်းမှာ မှောင်ခိုတင်ပို့ ရောင်းချမှု Mobile Team ဖြင့် ဖမ်းဆီးမည်ဟုဆို (ရုပ်/သံ)
- လေဆန်လမ်းရဲ့စည်းဝါးခတ်သံ ပြဇာတ် (ရုပ်/သံ)
- ကင်တာနား (၇) ကြိမ်မြောက်မြန်မာခရီး ဘာတွေလုပ်မှာလဲ
- သြဂုတ်လ(၉)ရက်နေ့ ထုတ် Focus Online Journal အမှတ် ၅၃
- သြဂုတ်လ(၁၀)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ
- သြဂုတ်လ(၁၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ကိုထင်ကျော် အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြ
- အသင်းအဖွဲ့ ဥပဒေကြမ်းကိစ္စ ပြည်ထဲရေးနှင့် အရပ်ဘက် တာဝန်ရှိသူများ တွေ့မည်
- ကွက်တာမြို့မှာ အကြမ်းဖက်သမား တွေတိုက်ခိုက်
- လက်ပံတောင်း ကြေးနီ စီမံကိန်း ဒေသမှာ လျော်ကြေးငွေ နောက်ဆုံး ထုတ်ရ မယ့်ရက် ကြေညာ
- မြန်မာနိုင်ငံသား ၇ ဦး ထိုင်းလူကုန်ကူးသူတွေလက်က ကယ်တင်
- စစ်တွေမှာ ရဲက ပစ်လို့ လူအခိျု့ ဒဏ်ရာရ
- (၈) လေးလုံးနှစ်ပတ်လည် ဖမ်းဆီးမှုအပေါ် ၈၈ အဖွဲ့ ကန့်ကွက်
- နိုင်ငံရေးဆွေးနွေးပွဲစတင်ဖို့ ကျောင်းသားတပ်မတော် ဥက္ကဌ တိုက်တွန်း
- သံတွဲမှာ တစ်ကိုယ်တော်ဆန္ဒပြသူ အာမခံနဲ့ ပြန်လည်လွတ်မြောက်
Posted: 10 Aug 2013 04:32 AM PDT
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့နယ် အ.ထ.က (၁) ကျောင်းမှ ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပါဠိဘာသာ လက်ရေးမူ စာအုပ်ကို စက်တင်ဘာလအတွင်း အဆိုပါကျောင်းသို့ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Aug 2013 04:31 AM PDT
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနသည် အုပ်ထိန်းသူမရှိဘဲ လမ်းများပေါ်တွင် သွားလာနေသည့် စိတ်ရောဂါသည် ဝေဒနာရှင်များကို ကားဖြင့်ခေါ်ဆောင်ကာ စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်ပေးကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Aug 2013 03:57 AM PDT
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက် ရတနာမြေ ၀မ်ကန်အခြေခံပညာ အထက်တန်းကျောင်းရှိ ကျင်းအနက်(၁၅)ပေ အပေါ်တည့်တည့်တွင် သြဂုတ်၉ ရက်နေ့ နံနက်၁၀၄၅ အချိန်က တည်ဆောက်ထားသည့် အမျိုးသမီး ရေလောင်း အိမ်သာ(၅)ခန်းတွဲ မျက်နှာချင်းဆိုင် စုစုပေါင်း(၁၀)ခန်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Aug 2013 03:33 AM PDT
အခြေခံ ပညာ မူလတန်းတွင် သင်ကြားနေ ရသော တွဲဖက်သင်ရိုးအခိျု့မှာ ကလေးများသာမက ဆရာ၊ ဆရာ မများအတွက်ပါ သင်ကြားရေး တွင် အခက်အခဲဖြစ်စေလျက်ရှိ ကြောင်း ပညာရေး အသိုင်း အဝိုင်း မှ သိရသည်။ မူလတန်း အရွယ်နှင့် မလိုက် ဖက်အောင်ပင် သင်ယူနေရသည့် စိုက်ပျိုးရေး၊ လူမှုဘဝ၊ သိပ္ပံအစ ရှိသည့် ဘာသာရပ်များမှာ ပြဌာန်း မှုမြင့်မားနေသည့်အတွက် ယင်း သို့ အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Aug 2013 03:26 AM PDT
မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးနှင့် အမေရိကန်သံရုံး တို့အနေဖြင့် ကိုယ်ပိုင်လုံခြုံရေး ကို ယခုရက်ပိုင်းအတွင်း တိုးမြှင့်ချ ထားရန် အကြောင်းကြားထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြော သည်။ အမေရိကန် နှင့်ဗြိတိန်နိုင် ငံအပါအဝင် အနောက်နိုင်ငံများ ၏သံရုံးများကို အကြမ်းဖက်သ မားများက တိုက်ခိုက်မည်ဟု လွန် ခဲ့သောရက်အတွင်းက ထွက်ပေါ် ခဲ့သည့် သတင်းအပေါ်မူတည်၍ ယခုကဲ့သို့ သံရုံးများ လုံခြုံရေးတိုး မြှင့်ရန် အသိပေး အကြောင်းကြား ထားခြင်းဖြစ်သည်ဟု သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Aug 2013 09:29 PM PDT
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဘာသာရေး အသွင်ဆောင် ပဋိပက္ခနှင့် အခြားပဋိပက္ခများ ဖြစ်ပွားပါက ဒေသဆိုင်ရာ အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ညွန်ကြားလိုက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Aug 2013 09:27 PM PDT
ထိုင်းနိုင်ငံ မြောက်ပိုင်း ဝိန်ဟင်း မြို့နယ် ဒုက္ခသည် စခန်းက ရှမ်း တိုင်းရင်းသား ဒုက္ခသည်တွေ ကို မြန်မာ အာဏာပိုင် တွေက မြန်မာ နိုင်ငံဘက်ကို ပြန်ပို့ဖို့ ပြင်ဆင်နေ တဲ့ လက္ခဏာတွေ ရှိနေတဲ့ အတွက် ရှမ်း လူမှု အဖွဲ့ အစည်းတွေက စိုးရိမ် နေပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Aug 2013 09:31 PM PDT
အစိုးရသစ်၏
လက်ကျန်သက်တမ်း လပေါင်းသုံးဆယ်အတွင်း ပြည်သူလူထုထံ တိုက်ရိုက်ရောက်ရှိကာ
အများပြည်သူ အကျိုးခံစားနိုင်မည့် စီမံကိန်းများကိုသာ ဆက်လက်လုပ်ဆောင်မည်
ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ကျင်းပသည့် အစိုးရယန္တရား
တာဝန်ရှိသူအားလုံးနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Aug 2013 09:14 PM PDT
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုအပြီး ငါးရက်အကြာ သြဂုတ်လ ၁၀ ရက်နေ့ (ယနေ့) တွင် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် အပြီးသတ်လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင် ဦးညိုအုန်းမြင့်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Aug 2013 09:04 PM PDT
ယနေ့ နံနက် ၈ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မှန်စီကျေးရွာ မှန်စီချောင်းဝတွင် အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက မှုခင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ပတ်ဝန်းကျင် ကျေးရွာများမှ ဘင်္ဂါလီ လူမျိုးများက လာရောက်ကြည့်ရှုခဲ့ကြောင်း၊ ကြည့်ရှုသူ အင်အား ၅၀၀ ခန့် ဖြစ်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ပြောကြားစဉ် အာလန် (၁၆ နှစ်) က ဒုတိယ ရဲမှူးဌေးဝင်းအား ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Aug 2013 07:22 PM PDT
မြန်မာ့ကုန်သွယ်မှုရဲ့ ၈ဝ%ဟာ ပင်လယ်ရေကြောင်း ဝင်ပေါက်ထွက်ပေါက်နဲ့ ရန်ကုန်ဆိပ်ကမ်းနယ်မြေ ဖြစ်တာမို့ တရားမဝင်ကုန်စည်သယ်ဆောင်မှုနဲ့ အခွန်ရှောင်မှုတွေကို ဖမ်းဆီးဖို့အတွက် Mobile Team တွေဖွဲ့စည်းသွားမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက သြဂုတ် ၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Aug 2013 07:15 PM PDT
သြဂုတ်လ ၈ ရက်မှာ ကျရောက်တဲ့ ရှစ်လေးလုံး အရေး တော်ပုံ ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်း စင်တာမှာ ကျင်းပခဲ့ပါတယ်။ ငွေရတု အထိမ်း အမှတ် အဖြစ် ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ထင်ဟပ်တဲ့ "လေဆန်လမ်းရဲ့ စည်းဝါး ခတ်သံ" ပြဇာတ်ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေက တင်ဆက် ခဲ့ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Aug 2013 07:04 PM PDT
မကြာခင်အချိန်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာတောမတ်စ် အိုဟေးကင်တားနားဟာ အခုအချိန်မှာတော့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကို သွားရောက်ပြီး အဲဒီဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Aug 2013 06:58 PM PDT
|
||
Posted: 09 Aug 2013 06:55 PM PDT
|
||
Posted: 09 Aug 2013 06:52 PM PDT
|
||
Posted: 09 Aug 2013 10:52 AM PDT
ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုအဖွဲ့  ခေါင်းဆောင် ကိုထင်ကျော်ဟာ အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတာ ၄ ရက်ရှိပြီလို့ သိရပါတယ်။ သူ့ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ခ၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ တွေနဲ့ အာဏာပိုင်တွေက ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ပို့ထားတာဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Aug 2013 10:50 AM PDT
အငြင်းပွားဘွယ်ဖြစ်နေတဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ လွှတ်တော်အပါအ၀င် ဥပဒေကြမ်း ရေးဆွဲတဲ့ ပြည်ထဲရေး တို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းဟာ ၂၀၀၈ ဖွဲ့စည်းပုံပါ နိုင်ငံသားတိုင်း လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်ကို ဆန်ကျင်တဲ့အတွက် ဒီဥပဒေကြမ်းကို လက်မခံနိုင်တဲ့အကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Aug 2013 10:35 AM PDT
ပါကစ္စတန် နိုင်ငံ အနောက် တောင်ပိုင်းမှာ ရှိတဲ့ Balochistan ပြည်နယ်ရဲ့ မြို့တော် ကွက်တာ က ဆူနီဗလီကို အစ်ပွဲတော် အတွက် ဝတ်ပြုဖို့ ရောက်လာ ကြသူတွေ အပြန်မှာ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ သေနတ်သမား တစ်စုက တိုက်ခိုက်ခဲ့ပါတယ်။ ကြာသပတေးနေ့ကလည်း ကွက်တာ မြို့မှာပဲ အသေခံ ဗုံးခွဲမှု ဖြစ်ခဲ့လို့ လူတွေ အများကြီး သေဆုံးခဲ့ပါတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Aug 2013 10:31 AM PDT
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ အတွင်း ပါဝင်တဲ့ မြေယာလျော်ကြေး ငွေတွေကို လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ရမယ်လို့ နိုင်ငံပိုင်သတင်း မီဒီယာတွေက မနေ့က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာမှာ ကျေးရွာပေါင်း၂၆ ရွာက မြေဧကပေါင်း ၆၉၀၀ ကျော်ပါဝင်နေတာဖြစ်ပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Aug 2013 10:28 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း စတန်းခရိုင် လငူးမြို့နယ် ကာဘန်ရွာအနီးက ငါးဖမ်းလှေတွေမှာ လူပွဲစားတွေကတဆင့် ရောင်းစားခံထားရတဲ့ အသက် ၂ဝ အောက် ၃ ဦးအပါအဝင် မြန်မာနိုင်ငံသား ၇ ယောက်ကို မနေ့က ထိုင်းနိုင်ငံအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နဲ့ ထိုင်းရေတပ်တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Aug 2013 10:22 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့အနီး အုန်းတောကြီး ကယ်ဆယ်ရေးစခန်းမှာ သောကြာနေ့ မနက်က ရဲနဲ့ မွတ်ဆလင်တွေ အဓိကရုဏ်းဖြစ်ပြီး ရဲက ပစ်ခတ်ခဲ့တဲ့အတွက် လူတခိျု့ ဒဏ်ရာရသွားပါတယ်။ ချောင်းဝမှာ သေဆုံးနေတဲ့ မွတ်ဆလင်အမျိုးသမီး အလောင်းကို မွတ်ဆလင် ထုံးတမ်းနဲ့အညီ နေ့ချင်း သဂြိုဟ်ဖို့ ဒေသခံတွေ သွားတောင်းရာမှာ ရဲကလည်း မှုခင်းမှုရာ စစ်ဆေးဖို့ ရှိတာကြောင့် ခွင့်မပြုရာက ပဋိပက္ခစတင်ခဲ့တာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Aug 2013 10:17 AM PDT
(၈) လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့ ကြသူ တချို့အပေါ် အဖမ်းအဆီးတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) က ကန့်ကွက်လိုက်သလို ဒီအဖမ်းအဆီး တွေကို ကြည့်ခြင်း အားဖြင့် အစိုးရအတွင်း အထက်နဲ့ အောက်ခြေအဆင့်တွေမှာ ကွာဟချက်တွေ ရှိနေတယ်ဆိုတာကို မီးမောင်း ထိုးပြနေတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးက ပြောလိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 09 Aug 2013 10:12 AM PDT
လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေပွဲတွေ တဆက်တည်းဖြစ်ပေါ်လာရေးတွေကို အစိုးရကဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ကိုသံခဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 09 Aug 2013 10:09 AM PDT
ရခိုင်ပြည်နယ် သံတွဲမြို့မှာ တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ရှစ်လေးလုံးငွေရတုနေ့ အထိမ်းအမှတ်အနေနဲ့ မနေ့က တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်တဲ့အတွက် ဖမ်းဆီးခံထားရသူ ကိုစိုးဝေကို အာဏာပိုင်တွေက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ၁၈နဲ့ တရားစွဲဆိုခဲ့ပြီး ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment