Tuesday, August 20, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၈)

သစ်ထူးလွင်



Posted: 20 Aug 2013 03:18 AM PDT

မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် ခုနှစ်ဆင့်ပါသော ရေတံခွန်တစ်ခုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၁၆ မိုင်ခန့်အကွာ ဆဒုံးမြို့နား မရောက်မီ တောနက်ကြီး တစ်ခုထဲတွင် အမှတ်မထင် တွေ့ရှိခဲ့ရကြောင်း သြဂုတ်လ ၁၄ ရက်တွေင် ဒေသခံတစ်ဦး ကပြောကြားခဲ့ သည်။ “အရင်တုန်းက ဒီတောက တအားနက်တယ်။ သစ်ပင်တွေ ထူတယ်။ ပိန်းပိတ်အောင် ပေါက်ရောက် တယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 02:44 AM PDT

နေပြည်တော်၊ သြဂုတ် ၂၀

၁၉-၈-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၃/၅-၆)ကြားတွ
င် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေလေးပင်အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးမှရန်ကုန်သို့ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်နေ ဟိန်းဇော်(ခ)အရှည်ကြီး(၂၈)နှစ်မောင်းနှင်လာသော ၃က/xxxx ဟိုင်းလပ် အပြာရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘယ်ရီယာတုံးအား ၀င်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိတိမ်းမှောက်နေကြောင်း တွေ့ရှိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ(၁၉)ဦး
အနက် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်နေ ဦးညွန့်လှိုင်(၇၀)နှစ်ပါ ၄ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ဟိန်းဇော်(ခ)အရှည်ကြီးအား ပေလေးပင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်


Posted: 20 Aug 2013 02:38 AM PDT

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(6)ရပ်ကွက်၊ ကျန်စစ်သား အိမ်ယာတွင် တိုက်ခန်းအငှားဈေးများ လွန်စွာမြင့်တတ် နေပါသည်။

မြေညီထပ် 200000 ကျပ် ကျော်မှ ပထမထပ်150000 ကျပ်ကျော်၊ ဒုတိယထပ် 100000 ကျပ် ၊အပေါ်ဆုံးထပ်များမှာ 90000 ကျပ်မှ 80000 ကျပ်ကျော်ထိရှိပါသည်။ အိမ်ငှားနေသူ ၀န်ထမ်းများမှာ လစာငွေ 100000 ကျော်ခန့်သာရရှိပါသည်။ စားစရိတ် ကုန်ကျငွေနုတ်ပြီးလျှင်နေစရိတ်
မှာလုံလောက်အောင်ပေးနိုင်သောပမာဏ မရှိတော့ပါသောကြောင့် တိုက်ခန်းငှားခများအား သင့်တင့်သောအခကြေးငွေဖြင့် ငှားရမ်းနိုင်အောင်ထိန်းချုပ်ပေးစေချင်ပါသည်။
ထို့အပြင် တိုက်ခန်းငှားသည့်ပုံစံမှာ စပေါ်ပျောက်(6)လချုပ်ရပါသည်။ပွဲ
စားများကို တစ်လစာပေးရပါသည်။ တိုက်ခန်းဈေးများမြင့်တတ်လေ ပွဲစားခမြင့်တတ်လေဖြစ်သည်။ ထို့ကြောင့် ၄င်းပွဲစားများသည် (6) လပြည့်ပြီးနောက်တစ်ကြိမ် ထပ်စာချုပ်ရန်နီးကပ်လာသည်နှင့် ဈေးတတ်ကြောင်းပြောပါတော့သည်။ ဆိုရသော် လ တိုင်း ဈေးတတ်ရန် ကြိုးစားနေကြသည်။
နေထိုင်စဉ်ကာလအတွင်း မိုးမလုံခြင်း၊ ပြတင်းပေါက်ပျက်စီးခြင်းများကို လည်း ပြုပြင်ပေးရန်ခဲယဉ်းပါသည်။ 3 နှစ်ခန့် နေမှ တစ်ကြိမ်လောက်သာ ပြုပြင်ပေးကြပါသည်။ ပွဲစားများသည် ပိုက်ဆံရပြီးသည်နှင့် နောက်ကြောင်းကိစ္စ လုံးဝ လှည့်မကြည့်တော့ပါ။ နေထိုင်မှု အဆင်မပြေသည့်အခက်ခဲများကိုလည်း လုံးဝမဖြေရှင်းတော့ပါ။  တိုက်ခန်းဈေးများမှာလည်း ဥပဒေမရှိပဲ ၄င်းတို့ ပါးစပ်မှထွက်သည့် အတိုင်း လိုက်လံ ပေးဆောင်နေရပါသည်။ မနေချင်သောကြောင့် နောက်တစ်နေရာပြောင်းတော့ လည်း ၄င်းကဲ့သို့ နောက်တစ်ယောက်နှင့် တွေ့ရပါသည်။

ဝန်ထမ်းလစာနှင့် အိမ်ပိုင်ယာပိုင်ဝယ်နိုင်ရန် လုံးဝမဖြစ်နိုင်ပါ။ အိမ်ငှားနေရသည်ကလည်း အထက်ပါ အခက်အခဲများစွာနှင့် ရင်ဆိုင်ရပြန်ပါသည်။ ထို့ကြောင့် ၀န်ထမ်းမိသားစု များစွာတို့၏ ဘ၀ကိုစာနာသနားသောအားဖြင့် တိုက်ခန်း၊အိမ်ခန်း၊ ငှားခ ဈေးနှုန်းများကို သင့်တင့်မျှတသောဈေးနှုန်းတစ်ခု
ခုဖြင့် ထိန်းချုပ်ပေးစေချင်ကြောင်းအသိပေးတိုင်ကြားအပ်ပါသည်။

ကျန်စစ်သားအိမ်ယာတွင်နေထိုင်သော
လခစား ၀န်ထမ်း မိသားစုဝင်တစ်ဦး

by Myanmar News Now



Posted: 20 Aug 2013 02:34 AM PDT

တရားမဝင် တင်သွင်းလာသည့် စကော့တလန်ဝီစကီနှင့် ထိုင်းနိုင်ငံထုတ် ဘီယာချမ်း အပါအဝင် ပစ္စည်းအမည်လွှဲ၊ အကောက်ခွန်မဲ့ တရားမဝင် ကုန်စည်ဝင်ရောက်မှု အမှုတွဲရှစ်ခုကို စစ်ဆေးတေ...ွ့ ရှိထားကြောင်း ရန်ကုန်ဆိပ်ကမ်းနယ်မြေ ရေကြောင်းလှုပ်ရှားအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Aug 2013 02:29 AM PDT

ရန်ကုန် တိုင်း ဒေသကြီး အတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းများနှင့် ဘော် ဒါဆောင်တချို့ အဆောင်ခများ နှင့်ပတ်သက်၍ ပိုမိုရယူသည်ဟု တိုင်ကြားခံရပါက ပိတ်သိမ်းသည် အထိအရေးယူ သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ် ဦးကပြောသည်။ အချို့ဘော်ဒါဆောင်နှင့် ပုဂ္ဂလိကကျောင်း အချို့သည် အ ဆောင်နေသူ၊ စာသင်ကြားသူတို့ ထံမှ ထိုက်သင့်သည့်ပမာဏထက် ပိုတောင်းခံမှုများ ရှိကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်က ISM ပုဂ္ဂလိကကျောင်း လခတိုးကောက်မှု မိဘတွေ ဒေါသထွက်

Posted: 20 Aug 2013 02:15 AM PDT

မြန်မာ့ ကမ်းလွန် မုတ္တမ ပင်လယ်ကွေ့အတွင်း ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး M3 လုပ်ကွက်က အစမ်းတွင်း (၄) တွင်းမှာ ဓါတ်ငွေ့ ပမာဏအမြောက်အများ တွေ့ရှိကြောင်း ထိုင်းနိုင်ငံပိုင် PTTEP ရေနံ ကုမ္ပဏီက ပြောပါတယ်။ အဆင့်ဆင့် စမ်းသပ်ချက်တွေအရ အောင်သိင်္ခ အစမ်းတွင်းအမှတ် (၃) (၄) (၅ ) နဲ့ (၆) ကနေ တစ်နေ့ကို စုစုပေါင်း ဓာတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၃၄.၅ သန်း ထုတ်ယူနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 02:10 AM PDT

ပဲခူးတိုင်း၊ ပြည်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုတစ်ခုနှင့် ပတ်သက်၍ သံသယရှိသူတစ်ဦးကို ခရိုင်တရားရုံး၌ သြဂုတ် ၁၉ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း အဆိုပါတရားရုံးမှ စုံစမ်းရရှိသည်။ တရားစွဲခံနေရသူမှာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သဲခုံကျေးရွာမှ ဒေါ်သန်းမြဆိုသည့် အမျိုးသမီးကြီး ဖြစ်ပြီး ၎င်းသည် ယခုအမှု၏ တရားလိုများဖြစ်သည့် အမျိုးသမီးနှစ်ဦးကို တစ်လကျပ်ရှစ်သောင်းရသည့် ထမင်းဆိုင် အလုပ်သမားအဖြစ် အလုပ်သွင်းပေးမည်ဟုဆိုကာ ကချင်ပြည်နယ်တွင် ရောင်းစားခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 02:02 AM PDT

နယူးဇီလန်နိုင်ငံ Fonterra နို့ထွက် ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီထုတ် နို့ထွက် ပစ္စည်းများတွင် လူကို အန္တရာယ်ဖြစ်စေသော ဗက်တီးရီးယားပိုးများ ပါသွားခဲ့ခြင်းကြောင့် အဆိုပါ ကုမ္ပဏီထုတ် နို့ထွက် ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ကို ယခုလ အစောပိုင်းက ပိတ်ပင်ခဲ့ ပြီးနောက် ယခု ထပ်မံ၍ နယူးဇီလန် နို့ထွက်ပစ္စည်း ထုတ်လုပ်သော Westland ကုမ္ပဏီထုတ် နို့ထွက်ပစ္စည်းများတွင် နိုက်ထရိတ် ပမာဏ ပိုမို ပါဝင်နေသည်ကို တွေ့ရှိရပြီးနောက် အဆိုပါ ကုမ္ပဏီထုတ် နို့ထွက်ပစ္စည်း များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်သွင်းခြင်းကို ပိတ်ပင်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 01:30 AM PDT

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် ကင်တားနား မန္တလေးမြို့မှ နေပြည်တော်သို့အသွားရာ လမ်းတွင် မိတ္တီလာမြို့သို့ ဖြတ်သန်းစဉ်၎င်း မြို့သူမြို့သားများက အလိုမရှိကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ သြဂုတ် ၁၉ရက် ည ၁၀နာရီခွဲခန့်မှ မတ္တီလာမြို့ကန်ကူ တံတားပေါ်တွင် ၈၈ မျိုးဆက် ကျောင်းသားများ ကွန်ယက်အဖွဲ့မှ ဦးဆောင်ရ၍ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 01:08 AM PDT

မြန်မာလူမျိုးများ အဓိက စားသုံးနေသော ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်သည်ကို တွေ့ရှိရသည်ဟု စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။ လုပ်ငန်းရှင် တစ်ဦးက ငါးပိနှင့် ပတ်သက်သော စီးပွားရေး လုပ်လိုသဖြင့် ဧရာဝတီတိုင်းတွင် ငါးပိ ဝယ်ယူနိုင်ရန် စားသုံးသူ ကာကွယ်ရေးအသင်းက ကူညီရာတွင် ငါးပိများ၌ ဓာတ်မြေသြဇာများ ထည့်သွင်း အသုံးပြုထားခြင်း ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Aug 2013 01:05 AM PDT
မြန်မာ နိုင်ငံသားများကို ဗီဇာကတ်ပေးသုံး မည့်အချိန်ကို မိမိတို့စောင့်ဆိုင်းနေ ကြောင်း ဗီဇာအင်တာနေရှင်နယ် ကုမ္ပဏီက ပြောကြားသည်။ လောလောဆယ်တွင် မြန် မာနိုင်ငံ၌ ဗီဇာကတ်ကို နိုင်ငံခြား ခရီးသွားများသာ သုံးစွဲနိုင်ခြင်း ရှိနေပြီး အခြေခံအဆောက်အ အုံများ တည်ဆောက်ပြီး ငွေကြေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများ လျော့ချပေးမည့်အချိန်ကို ဗီဇာ က စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီ ဇာ၏ မန်နေဂျာ ဆွမ်ဘွမ်ခရော့ တီရနွန်က ပြောသည်ဟု ဩဂုတ် ၁၉ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Aug 2013 01:56 AM PDT
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာအကဲဖြတ်ဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မန္တလေးတိုင်း မိတ္ထီလာမြို့ကို သွားရောက်စဉ် ဒေသခံတွေရဲ့ ဆန္ဒပြမှုနဲ့ တားမြစ်မှုကို ခံခဲ့ရပါတယ်။ မစ္စတာ ကင်တားနားဟာ ဩဂုတ် ၁၉ ရက်နေ့က ရှမ်းပြည်နယ် နမ့်ဆန်၊ သီပေါနဲ့ မန္တလေးတိုင်း မေမြို့၊ မန္တလေးမြို့သွားရောက်ခဲ့ပြီး မိတ္ထီလာမြို့ကို ညဘက် ၁၀ နာရီကျော်မှာ ရောက်ရှိခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 20 Aug 2013 12:51 AM PDT

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ဘာသာရေး ပဋိပက္ခအဖြစ် မရှုမြင်ရန် အရေးကြီးကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်င...ံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားက ပြောကြားသည်။ ကင်တားနား၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ သြဂုတ်လ ၁၄ ရက်နေ့က The Voice အပါအဝင် ပြည်တွင်း၊ ပြည်ပ မီဒီယာများ၏ ဆက်သွယ် မေးမြန်းမှုကို ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Aug 2013 12:46 AM PDT

အိမ်၊ ခြံ၊ မြေများ ၀ယ်ယူရောင်းချရာတွင် ကောက်ခံနေသော အခွန်နှုန်းထားများ ပြင်ဆင်ပြောင်းလဲရန် မရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောသည်။ အိမ်ခြံမြေ တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်းနှင့် ခုနစ်ရာခိုင်နှုန်းတို့မှာ ယခင်ကာလတွင် ဈေးနှုန်းမများသော်လည်း လက်ရှိကာလတွင် ဖြစ်ပေါ်နေသော ပေါက်ဈေးများကြောင့် လျော့ချသင့်ကြောင်း၊ ရေဖြူ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက လွှတ်တော်တွင်တင်ပြခြင်းကို ပြန်လည်ဖြေရှင်းခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 12:36 AM PDT

ညဘက် ယာဉ်စစ်ဆေးရေးဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များကို ကားမောင်းလာသည့် အမျိုးသားတစ်ဦးက နှောင့်ယှက်ပြီး ရဲတစ်ဦးကို ဓားနှင့်ထိုးခဲ့သည့် ဖြစ်ရပ်တစ်ခု သြဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့သဖြင့် ဗဟန်းရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး
က ထုတ်ပြန်သည်။ ရန်ကုန်မြို့တွင် ညဘက်ပြိုင်ကားမောင်းသူများက လမ်းသွားလမ်းလာ ပြည်သူများ အနှောင့်အယှက် များပေးကြသဖြင့် ရဲများက ညစဉ် စစ်ဆေးရေးဂိတ်များ ပြုလုပ်ကာစောင့်ဆိုင်းစစ်ဆေးနေကြစဉ် ယခုလို ဖြစ်ပွားခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 12:34 AM PDT

မန္တလေးတိုင်း ဒေသကြီး ခုတင် ၅၅၀ ဆံ့ ကလေး ဆေးရုံကြီးတွင် တက်ရောက် ကုသလျက်ရှိသော စအိုကင်ဆာ ဖြစ်နေသော တစ်လသား အရွယ် ယောက်ျားလေးကို ဆရာဝန်ကြီးများက အခမဲ့ ခွဲစိတ် ကုသပေး မည် ဖြစ်ကြောင်း ကလေးငယ် ကျန်းမားရေးအတွက် ကူညီနေသော One to One Myanmar ကူညီရေးအဖွဲ့မှ ဦးနေမျိုးမောင်မောင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Aug 2013 12:11 AM PDT

မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု ရွာသာ (အနောက်) ကျေးရွာတွင် သြဂုတ်လ ၁၇ ရက်နေ့ ညပိုင်းက ချစ်သူ မိန်းကလေးနှင့် ၎င်းမိန်းကလေး၏ မိခင်ကို ရန်ငြိုးကြောင့် ဓားဖြင့် ထိုးသတ်မှု တစ်ခု ဖြစ်ပွားရာ သားအမိ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း ယင်းနယ်မြေ ရဲတပ်ဖွဲ့ စခန်းနှင့် ကျေးရွာ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Aug 2013 08:35 PM PDT

“မည်သည့် အခါမျှ လူမျိုးကို မချစ်သူများ...တစ်မုဟုတ်ချင်း မျိုးချစ်များ ဖြစ်လတ္တံ့။ ပြည်သူ့ အရင်းအမြစ်များကို လက်ဝါးကြီး အုပ်ကာ အမြတ်ထုတ်သူ နိုင်ငံရေး သမားတဖြစ်လဲ ခရိုနီကြီးများက ရဟန်း၊ သံဃာ အရှင်သူမြတ်တို့ကို ချဉ်းကပ်လာ လတ္တံ့။ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချသူကို မိစာဒိဋ္ဌိဟုစွပ်စွဲကြလတ္တံ့။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြွေးကြော်သူ လူထုခေါင်းဆောင် ကို အမျိုးဘာသာ မကာကွယ်နိုင်သူဟု ယိုးစွပ်ကြ လတ္တံ့” --- 
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 08:34 PM PDT

မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်အနောက် ညောင်တွင်း ကျေးရွာတွင် ကျောင်းနေအရွယ် ကလေးဦးရေ ၄၀ ခန့် ဖျားနာမှုများ ဖြစ်ပွားသောကြောင့် ကျန်းမာရေး စစ်ဆေး ပေးခဲ့ရကြောင်း ညောင်တွင်းကျေးရွာ ကျန်းမာရေးဋ္ဌာနခွဲမှ သူနာပြုဆရာမ ဒေါ်ယုဇာနွယ်ဦးက မဇ္ဈိမသို့ ပြောသည်။  မိုးရာသီတွင် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုများ သောကြောင့် ဒေသခံ မိဘများက သွေးလွန်တုပ်ကွေး ဖြစ်သည် ဟု သံသယ ရှိသော်လည်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 08:10 PM PDT

ရခိုင်ပြည်နယ်၌ အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဆိုသည့် အဖွဲ့အစည်းက ရှင်းလင်းပွဲများပြုလုပ်လျှက်ရှ
ိကြောင်း ယင်းအဖွဲ့၏ ဗဟိုကော်မတီဝင် တိပိဋကဓရ ဆရာတော် အရှင်ဣန်္ဒပါလက မဇ္ဈိမကို မိန့်သည်။ ထိုအဖွဲ့သည် သံဃာ ၁၅၀၀ ကျော်၏ သဘောတူ ညီချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ အဖွဲ့၏ မူနှင့် လမ်းစဉ်များကို ပြည်သူများထံသို့ တိုင်းနှင့် ပြည်နယ်အလိုက် လိုက်လံရှင်းလင်းတင်ပြနေခြင်း ဖြစ်သည်ဟုလည်း ဆရာတော်က မိန့်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 08:00 PM PDT

မြိုင်ကြီးငူ ဒေသခံများ တင်ပြခဲ့သည့် အကြောင်း အရာဖြစ်သည့် မြေမြှုပ်မိုင်း ရှင်းလင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကတည်းက DKBA, BGF, KNU အဖွဲ့များ ပူးပေါင်း အကောင်အထည် ဖော်နေရာ တူးဖော် ရှင်းလင်းမှုများ ပြီးစီး သလောက်ရှိနေပြီဟု သက်ဆိုင်ရာ အဖွဲ့များက ပြောသည်။ အဆိုပါ အစီအစဉ်သည် ဒေသခံများ တင်ပြမှုကြောင့် ကရင်လက်နက်ကိုင်တပ်များ ညီညွတ်ရေး ကော်မတီက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Aug 2013 07:41 PM PDT

အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာ အစိုးရတို့ကြား လူမှောင်ခိုမှု တိုက်ဖျက်ရေး အတွက် ပထမဆုံး အကြိမ်အဖြစ် ဆွေးနွေးရာမှာ ကျေနပ်အားရမှု ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုက လူမှောင်ခိုမှု တိုက်ဖျက်ရေးရုံးရဲ့ အထူးသံတမန် Luis CdeBaca ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာရဲချုပ် ဗိုလ်မှူးချုပ် ဇော်ဝင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Aug 2013 07:38 PM PDT

အီဂျစ် နိုင်ငံမှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို စွဲချက်သစ်တွေနဲ့ အစိုးရ ရှေ့နေတွေက တရားစွဲခဲ့ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံဆော် ဖန်တီးမှု စွပ်စွဲချက်တွေနဲ့ စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ အခု တင်မယ့် စွဲချက်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက သမ္မတ နန်းတော် အပြင်ဖက်က ဆန္ဒပြသမားတွေ သေဆုံးရမှုနဲ့ ဆက်စပ်နေကြောင်း သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အဖမ်းခံလိုက်ရတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘေဒီ

Posted: 19 Aug 2013 04:27 PM PDT

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား နိုင်ငံက မွတ်ဆလင်တွေကို တာလီဘန်တွေက မြန်မာနိုင်ငံတွင်းက နေရာ အတိအကျ မဖေါ်ပြထားတဲ့ နေရာမှာ စစ်ရေး လေ့ကျင့်ပေးနေတယ် ဆိုတဲ့ အကြောင်း Asia News International (ANI) သတင်းကို ကိုးကားပြီး bd24.com ဘင်္ဂလားဒေ့ရှ် အင်တာနက် စာမျက်နှာမှာ ဓါတ်ပုံနဲ့ တကွ ရေးသား ဖေါ်ပြထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ် ရခိုင်ပြည်နယ် မြို့အတော် များများမှာ လုံခြုံရေးတွေ ချထား


Posted: 19 Aug 2013 04:22 PM PDT

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ ဇလုပ်ကျေးရွာအုပ်စု ၊ ကံပြားလေးရွာ သုဿန်ဟောင်း၏ မြောက်ဘက်အနီးရှိ ရေကန်ဟောင်းကြီး(ရေမရှိ) အတွင်း၌ ယခုလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ပြည်သူများ၏ ဆက်သွယ်ပြောကြား ချက်များအရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...