Saturday, August 3, 2013

ညီမလေးအတွက် စကားလက်ဆောင်(၂၂)



မိန်းကလေးဆိုတာ ပြင်ဆင်မှုအလှနဲ့ သဘာဝအလှဆိုပြီး နှစ်မျိုးရှိတယ်။

ပြင်ဆင်မှုအလှပာာ မိန်းကလေးတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ သဘာဝ အလှကတော့ မိန်းကလေးတိုင်း ပိုင်ဆိုင်ခွင့် မရနိုင်ပါဘူး။

ပြင်ဆင်မှုကတော့ ပြောစရာမလိုပါဘူး။ သဘာဝအလှကတော့ နည်းနည်း ပြောချင်ပါတယ်။

မိမိရဲ့ ခန္ဓာကိုယ်ကို အပျိုစင်အတိုင်း တည်ရှိနေခြင်းကသာ သဘာဝ အလှစစ်စစ်ပဲ ညီမလေး။ ခန္ဓာကိုယ် ဖွဲ့စည်းပုံပာာ တစ်ယောက်နှင့် တစ်ယောက် မတူကြပါဘူး။ တစ်ချို့မိန်းကလေးရဲ့ ဖွဲ့စည်းပုံပာာ ပိုပြီး စွဲမက်ဖို့ကောင်းပေမယ့် အဲ့ဒါက မြတ်နိုးထိုက်တဲ့ အလှမျိုး မပာုတ်သေးပါဘူး။



ယောက်ျားသားတိုင်းပာာ မိန်းကလေးတိုင်းရဲ့ အပျိုဂုဏ်ကိုပဲ တကယ်မြတ်နိုးကြတယ် ညီမလေး။ အပျိုစင် မိန်းကလေးမှာ မွေးရာပါ အလှပာာ သဘာဝအတိုင်း တည်ရှိနေတာကို ပြောတာပါ။

အိမ်ထောင်မကျမချင်း မိမိကိုယ်ကို ထိန်းသိမ်းတယ်ဆိုရင် သဘာဝ အလှကို ထိန်းသိမ်းတာပါပဲ။

နောက်တစ်မျိုးက ကိုယ်ကျင့်တရားအလှပါ။ ကိုယ်ကျင့်တရားကောင်းတဲ့ မိန်းကလေးပာာ မပြင်မဆင်ဘဲ အလိုလို လှနေတယ်ညီမလေး။
အဲ့ဒီအလှကို လူသားတွေတင်မပာုတ်ဘူး။နတ်တွေကပါ မြတ်နိုးချစ်ခင်ကြရတယ်။ အလှစစ်ပေါ့။သိပ်အရေးကြီးတဲ့အလှပါ။ ဒါကြောင့် လှချင်ရင် ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားရမယ်။

အပြုံးအလှ။ အပြုံးဆိုတာ အလှတစ်မျိုးပဲညီမလေး။ ပြုံးနေတဲ့လူပာာ အလိုလို လှနေတယ်။ ဘယ်လောက်လှတဲ့လူပဲဖြစ်ဖြစ် မဲ့နေရင် ချစ်စရာမကောင်းဘူး။ ဒါ့ကြောင့် အမြဲ ပြုံးနေနိုင်အောင်ကြိုးစားရမယ်။ ပေါကြောင်ကြောင် အခြောက်တိုက် ရယ်ခိုင်းနေတာမပာုတ်ပါဘူး။ ပြုံးရုံလေးပါပဲ။

ဒီလောက်ဆိုရင် မိန်းကလေးတစ်ယောက်ပာာ တကယ်ကို လှပနေပါပြီ။ နောက်မှဆက်ပြောပါ့မယ်။
အားလုံး အလှကိုယ်စီ ပိုင်ဆိုင်နိုင်ပါစေ။

အားလုံးကို ခင်မင်လျက်
ပြည်ငြိမ်း

  1 comment:

  1. အကိုရေ လာလည်သွားတယ်နော် ဖတ်လို့ အရမ်းကောင်းပါတယ်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...