Saturday, August 3, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၈)

သစ်ထူးလွင်



Posted: 03 Aug 2013 06:03 AM PDT
သြဂုတ်လ(၆)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.30
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။
http://www.mediafire.com/?ojojmbuhp3sq1jm

Posted: 03 Aug 2013 06:00 AM PDT
သြဂုတ်လ (၄)ရက်နေ့ထုတ် Reporter News Journal Issue - 31

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Aug 2013 05:54 AM PDT
သဘာဝဘေး အန္တရာယ် ဖြစ်ပွားရာ ဒေသမှ ပြောင်းရွှေ့ရန် ညွှန်ကြားချက် အား ငြင်းဆန်နေသော သူများကို (၁) လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမည်ဟု သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၏ အခန်း(၈)၌ ဖော်ပြထားသည်။ ပြဋ္ဌာန်းလိုက်သော သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ဇူလိုင်လ (၃၁)ရက်နေ့က ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Aug 2013 05:44 AM PDT
 မြန်မာနိုင်ငံ ရှိ နာမည်ကြီးအင်းလေးကန် အား ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ် စာရင်းတင်သွင်းနိုင်ရန် အတွက် နော်ဝေအစိုးရမှ အမေ ရိကန် ဒေါ်လာတစ်သိန်းကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယူနက်စ ကို အဖွဲ့အစည်းမှ သိရ သည်။ ယင်းကဲ့သို့ ကမ္ဘာ့ယဉ်ကျေး မှုအမွေအနှစ်စာရင်းတင်သွင်း နိုင်ရန်အတွက် ၂၀၁၃-၂၀၁၄ ခုနှစ်မှစတင်ကာ အချက်အလက် များ စုဆောင်းခြင်းနှင့် သဘာဝ အင်းလေးကန်အား ထိန်းသိမ်း စောင့်ရှောက်ခြင်း များ ဆောင် ရွက်ရန်အတွက် နော်ဝေအစိုးရမှ ယင်းကဲ့သို့ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အင်းလေးကန် သဘာဝရှုခင်း ။ ဓာတ်ပုံ - မင်းမင်းကျော် အင်းလေးကန် သဘာဝရှုခင်း ။ ဓာတ်ပုံ - မင်းမင်းကျော်

Posted: 03 Aug 2013 05:14 AM PDT
နေပြည်တော်၊ သြဂုတ် ၃

၂-၈-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက်နေ မောင်ယေ(၂၅)နှစ်နှင့် ဇနီးဖြစ်သူမဌေးချေ(၂၂)နှစ်တို့ ၂ ဦး လင်မယားချင်းစကားများရာမှ မောင်ယေက ဓါးနှင့်ခုတ်သဖြင့် မဌေးချေတွင် ဦးခေါင်း၊ လည်ပင်းနှင့်ယာလက်တို့၌ ပြတ်ရှဒဏ်ရာများ ရရှိကာသေဆုံးခဲ့သည်။ ထို့နောက် မောင်ယေအားလိုက်လံရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်း၊ ထုတ်တန်း၌ တီဗွီအန်တီနာကြိုးဖြင့်ကြိုးဆွဲ
ချသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသောကြောင့် မြေပုံနယ်မြေ ရဲစခန်း(ပ)၁၀၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ နှင့် သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၃)တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


Posted: 02 Aug 2013 10:26 PM PDT
သဘာဝ တွင်းထွက် သယံဇာတ များမှရရှိ သည့် နိုင်ငံတော် ဆိုင်ရာ အခွန်အခ များကို မည်ကဲ့သို့ သုံးစွဲနေ သည်ကို ပြည်သူများအား တင်ပြ နိုင်မည့် အဖွဲ့အစည်းကို ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက် တာ မောင်မောင်သိမ်း  ကပြော ကြားသည်။  ဩဂုတ် ၂ရက်က မြန်မာ့ အာမခံ လုပ်ငန်းတွင် ကျင်းပပြု လုပ်သည့် တွင်းထွက် သယံဇာတ အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများ တွင် ပွင့်လင်းမြင် သာမှု ဆိုင်ရာ ဆွေး နွေးပွဲ တွင် ယင်းကဲ့သို့ပြော ကြားခဲ့ခြင်း ဖြစ်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 10:20 PM PDT
အယ်လ်ကိုင်းဒါး အကြမ်းဖက် သမားတွေရဲ့ ခြိမ်းခြောက်မှုကို သတိထားဖို့ အတွက် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အမေရိကန် နိုင်ငံသားတွေကို  အမေရိကန် အစိုးရက ခရီးသွား သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက် အန္တရာယ်ကို အထူး သတိထားရမယ့် ဒေသတွေဟာ အရှေ့ အလယ်ပိုင်း ဒေသနဲ့  မြောက်ပိုင်း အာဖရိက ဒေသဖြစ်တယ်လို့  သောကြာနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

A U.S. officer observes a moment of silence during an event to mark the 10th anniversary of the 9/11 attack on the World Trade Center, at the U.S. embassy in Kabul September 11, 2011 REUTERS/Omar Sobhani (AFGHANISTAN - Tags: ANNIVERSARY MILITARY POLITICS

Posted: 02 Aug 2013 10:12 PM PDT
မြန်မာ့တပ်မတော်ကို ခေတ်မီကျွမ်းကျင် တပ်မတော် ဖြစ်လာစေရေး အတွက် အမေရိကန် အစိုးရက စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်က ပြောကြားသည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ ရောက်ရှိနေသော အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေးအရာရှိ Ben Rhodes နှင့် သတင်းမီဒီယာအချို့ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ပြောကြား လိုက်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Aug 2013 10:09 PM PDT
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့သို့ မောင်းနှင် လာသော ရွှေခြင်္သေ့ ခရီးသည်တင် ယာဉ်တစ်စီး သြဂုတ်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က မြေပြိုမှုကို ရှောင်ရင်း တစ်ဖက် လမ်းဘေး ပေ ၁၅၀ ခန့်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ရာ လူငါးဦး သေဆုံးသွား ခဲ့ကြောင်း အဆိုပါ မြို့ဒေသခံများထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကလေးမြို့နှင့် ဖလမ်းမြို့သွား ခရီးသည်တင်ယာဉ်

Posted: 02 Aug 2013 09:57 PM PDT
ဇင်ဘာဘွေနိုင်ငံ ပါလီမန် ရွေးကောက်ပွဲ ရလဒ် အမတ်နေရာ အများစုကို ထုတ်ဖေါ် ကြေညာ ခဲ့ရာမှာ သမ္မတ Robert Mugabe ရဲ့ ZANU-PF ပါတီက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲနိုင်ခွင့် ရှိမယ့် အမတ်နေရာ အများစု ၃ပုံ ၂ပုံ နီးပါးကို အနိုင်ရခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သမ္မတ မူဂါဘီပဲ ဆက်အာဏာရမယ့် ပုံ ရှိနေ

Posted: 02 Aug 2013 09:52 PM PDT
ကရင်ပြည်နယ်မှာ အဆိုးရွားဆုံး ရေကြီးခဲ့တဲ့ မြ၀တီမြို့မှာ ကြာသပတေးနေ့လောက် ကစပြီး ရေပြန်ကျ သွားပြီ ဖြစ်ပါတယ်။ ထိုင်း မြန်မာ နယ်စပ် အဖြစ် ပိုင်းခြား ထားတဲ့ သောင်ရင်း မြစ်ရေဟာ သောကြာနေ့မှာ ၅၀၁ စင်တီမီတာ အထိ ကျလာပြီး စိုးရိမ် ရေမှတ် ဖြစ်တဲ့ ၄၇၇ စင်တီမီတာထက် ၁ ပေအမြင့်လောက် အထိ ကျလာပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကရင်ပြည်နယ်အတွင်းမှာ မြဝတီမြို့က အဆိုးဝါးဆုံး ရေကြီးမှုနဲ့ ရင်ဆိုင်ခဲ့ရ

Posted: 02 Aug 2013 09:39 PM PDT
ဟင်္သာတခရိုင် မြန်အောင်မြို့ အမှတ် (၆) ရပ်ကွက် ဂုန်လျှော်ဂိုဒေါင် လမ်း မြစ်ကမ်းနှင့် ကိုက် ၅၀ ခန့်အကွာ ဧရာဝတီမြစ်အတွင်း သြဂုတ်လ ၁ ရက်နေ့ ည ၇ နာရီ ဝန်းကျင်တွင် မြစ်ကျောက်များ တင်ဆောင်လာသည့် ကုန်တင် ရေယာဉ် တစ်စင်း ခါးကျိုး နစ်မြုပ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 02 Aug 2013 09:33 PM PDT
ဧရာဝတီတိုင်း ဒေသကြီး ကြံခင်းမြို့နယ် ရွာသစ် ရပ်ကွက်အတွင်း သြဂုတ်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က ရဲတပ်သား တစ်ဦး ယူနီဖောင်းဝတ်ဖြင့် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက် အတွင်း နေထိုင်သူများ ထံမှ သိရှိရသည်။ သေဆုံးသူ ရဲတပ်သား တေဇာလင်းသည် ၎င်း၏ နေအိမ် အမြင့် ၇ ပေခန့်ရှိ ထုတ်တန်းတွင် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 02 Aug 2013 09:26 PM PDT
သြဂုတ်လ(၃)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 09:24 PM PDT
သြဂုတ်လ(၃)ရက်နေ့ ထုတ် ကြေးမုံ နေ့စဉ်ထုတ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 09:21 PM PDT
သြဂုတ်လ(၁)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၈၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 09:19 PM PDT
ဇူလိုင်လ(၃၁)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၄၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 09:02 PM PDT
မြန်မာနိုင်ငံက ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ၃၀ အတွက် အိန္ဒိယ နိုင်ငံက RIL ၊ OVL နဲ့ Cairn ကုမ္ပဏီတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော် ရှာဖွေခွင့်ရဖို့ ပြိုင်ဆိုင်နေကြတယ်လို့ အိန္ဒိယ PTI သတင်းဌာနက ဖော်ပြပါတယ်။ ကမ်းဦး ရေတိမ်ပိုင်း လုပ်ကွက် ၁၁ ခုနဲ့ ရေနက်ပိုင်း လုပ်ကွက် ၁၉ ခု အတွက် မြန်မာနိုင်ငံက တင်ဒါ ခေါ်ထားပြီး ပြည်ပကုမ္ပဏီ ၆၁ ခု က အရည်အချင်း ပြည့်မှီတယ်လို့ ဆိုပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 08:59 PM PDT
လက်ရှိမြန် မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ၈၅ရာခိုင်နှုန်း အထိ ရင်းနှီး လုပ်ကိုင်နေသည့် ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍတွင် မြန်မာနိုင်ငံသားများ ဝင်ရောက် ရင်းနှီးလုပ်ကိုင်ပါက ဦးစားပေးခွင့်ပြုသွားမည်ဖြစ် ကြောင်း ဇူလိုင် ၂၉ရက်ထုတ်ပြန် လိုက်သည့် မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှု ဥပဒေတွင် ဖော်ပြထား သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 09:09 PM PDT
(၂.၈.၂ဝ၁၃) ရက်နေ့  နံနက် (ဝ၉းဝဝ)နာရီ အချိန်ခန့် တွင် တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ မှာ တရုတ်နိုင်ငံ ဘက်မှ တင်သွင်းလာသည့် စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများကို မူဆယ် အကောက်ခွန် ဦးစီးဌာနမှ ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။ မူဆယ်မြို့  လေယာဉ်ကွင်းလမ်းဘေး တစ်နေရာတွင် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိရောက်စွာ မီးရှို့ ဖျက်ဆီးစဉ်
ဘီယာ၊ အချိုရည်တို့ အား ဖျက်ဆီးစဉ်
Posted: 02 Aug 2013 04:07 PM PDT
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ ကျေးရွာပေါင်း ၃၀ ကျော်က အချက် ၅ ချက်ပါတဲ့ တောင်းဆိုချက်တွေကို ဒီနေ့ရက်စွဲနဲ့ ကျောက်ဖြူခရိုင် အာဏာပိုင်တွေဆီ စာရေးသားတောင်းဆိုလိုက်ပါတယ်။ ဒီဓာတ်ငွေ့ပိုက်လိုင်းကြောင့် ထိခိုက်နစ်နာနေရတဲ့ ရွာ ၃၀ ထဲက ဒေသခံ ဦးမောင်အေးက RFA ကို အခုလို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 02 Aug 2013 04:00 PM PDT
ထိုင်းနိုင်ငံ အတွင်းမှာ လှုပ်ရှား နေတဲ့ လူကုန်ကူး ဂိုဏ်ခေါင်းဆောင် ကိုမျိုးကို ဘန်ကောက် မြန်မာ သံရုံး အလုပ်သမား ညွှန်ကြား ရေးမှူးနဲ့ ထိုင်း ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့ ပါတယ်။ အသက် ၄၂ နှစ် အရွယ် ပဲခူးတိုင်း ဇာတိ ဖြစ်တဲ့ လူကုန်ကူး ခေါင်းဆောင် ကိုမျိုးဟာ မြန်မာ လုပ်သား ၆၀၀ ကျော်ကို ကော့သောင် ကနေ တဆင့် ထိုင်းနိုင်ငံကို ခေါ်လာပြီး လှေပေါ်မှာ ရောင်းစား ခဲ့တယ်လို့ ဘန်ကောက်က မြန်မာ သံရုံး အလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်းက ဘီဘီစီကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ငါးဖမ်း လှေတွေပေါ်မှာ ရေလုပ်သား တွေကို ရောင်းစားခဲ့

Posted: 02 Aug 2013 03:15 PM PDT
လအတန်ကြာ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ မင်းဓမ္မပန်းကွင်းနဲ့ ပတ်သက်ပြီး စည်ပင်အလုပ်သမားတွေနဲ့ ပန်းအရောင်း ဆိုင်ပိုင်ရှင် တွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ သြဂုတ်လ ၂ရက်နေ့ မနက်မှာ ဖြစ်ပွားခဲ့တာကြောင့် လူ၂ ဦး ပြင်းထန်တဲ့ ဒဏ်ရာရရှိ သွားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 10:17 AM PDT
ရခိုင်လူမျိုးတွေ အပေါ် အစွန်းရောက် အမျိုးသား ဝါဒီတွေလို့ နိုင်ငံတကာ တစ်ဖက်သတ် မြင်နေတာကို တန်ပြန်တဲ့အနေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ အကြမ်းဖက်မှုဆိုင်ရာ ရခိုင်တိုင်းရင်းသားတွေရဲ့အမြင်ကို ထင်ဟပ်ထားတဲ့ အစီရင်ခံစာတစ်စောင် သြဂုတ်လ ၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 02 Aug 2013 10:07 AM PDT
ကရင်ပြည်နယ် ဘားအံမြို့နားမှာ သံလွင်မြစ်ရေကြီး တာကြောင့် ရပ်ကွက်တွေ ကျေးရွာတွေ ရေနစ်မြုပ်နေ ပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...