ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ??
လူ့ဘဝသက်တမ်းကို ယေဘုယျ ၇၅ နှစ်ထားမယ်ဆိုရင် အသက်၄၀ ရှိသူဟာ၃၅ နှစ်ပဲနေခွင့်ရတော့မှာပါ။ အသက် ၅၀ ရှိသူက ၂၅ နှစ်သာနေခွင့်ရမှာဖြစ်ပြီး လက်ကျန်အချိန်ဟာ နည်းသထက်နည်းလာမှာဖြစ် ပါတယ်။ ကျန်ရှိတဲ့အချိန်တွေက ကိုယ့်အတွက် သိပ်တန်ဖိုးရှိပါတယ်။ ကိုယ့်ကိုကိုယ်ကောင်းအောင်နေဖို့ ကြိုးစားရပါမယ်။
တန်ဖိုးရှိအောင် ဘယ်လိုနေမလဲ??
လူတစ်ယောက်ရဲ့တန်ဖိုးကို ဘာနဲ့ဆုံးဖြတ်မလဲ။ရာထူး ငွေကြေး ပညာ အောင်မြင်မှု အခြံအရံတွေနဲ့ တိုင်းတာမလား။
ဒါတွေနဲ့တိုင်းတာလို့မရပါဘူး။လူ
ရာထူး ငွေကြေး ပညာ အောင်မြင်မှု တော့ရှိပါရဲ့ သိက္ခာ ၃ ပါးမရှိရင် တန်ဖိုးရှိတယ်လို့ မဆိုနိုင်ပါဘူး။ ရာထူးစသည်များလည်းရှိမယ် သိက္ခာ ၃ ပါးလည်းရှိရင်တော့ အတိုင်းထက်အလွန်ပေါ့။
ဒါကြောင့် ကိုယ့်ကိုကိုယ် သိက္ခာ ၃ ပါးတည်အောင်လုပ်ရပါမယ်။
မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားစင်ရှေ့ ငါးပါးသီလယူလိုက်ပါ။ ဒါဆိုသီလသိက္ခာ တည်သွားပါပြီ။
နောက်ဂုဏ်တော်ကို ၅ မိနစ် မေတ္တာ ကို ၅မိနစ်ပွားလိုက်ပါ။ဒါဆို သမာဓိသိက္ခာ တည်သွားပါပြီ။
နောက်ဝိပဿနာ ၅မိနစ်ပွားလိုက်ပါ။ဒါဆို ပညာသိက္ခာတည်သွားပါပြီ။
ကျန်ရှိနေသေးတဲ့သက်တမ်းမှာ သိက္ခာ ၃ ပါးတည်ခြင်းဖြင့်တန်ဖိုးရှိရှိ
ရဝေနွယ်(အင်းမ)
0 comments:
Post a Comment