Friday, August 16, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၈)

သစ်ထူးလွင်



Posted: 16 Aug 2013 06:59 AM PDT

မြန်မာ့သ မိုင်းတွင်ထင်ရှားခဲ့သည့် ရဟန်း ကြီး ဦးကျည်ပွေ့(ခ)ရှင်ဒိသာပါ မောက်၏ အောင်မြေနေရာဖြစ် သည့် ရုတ်မေးရုတ်ဖြေရေကန် ကြီးနှင့် ပုဂံခေတ်တူးမြောင်းကြီး မှာ အလွန်ပျက်စီးနေပြီဖြစ်၍ ရှေး ဟောင်းသုတေသနမှ ထိန်းသိမ်း စောင့်ရှောက်သင့်ကြောင်း ရန်ကုန် တက္ကသိုလ် ရှေးဟောင်းသုတေ သနပညာဌာနမှ သိရသည်။ အဆိုပါရေကန်ကြီးသည် ပုဂံခေတ်တွင် တည်ဆောက်ထား သည့် လူသိနည်းပါးသော ရေကန် ကြီးဖြစ်ပြီး ယခုလက်ရှိတွင် ပုဂံရှိ စူဠာမဏိဘုရားအနီးတွင်ရှိကြောင်း
၊ ကျစွာမင်းလက်ထက်တွင် ရဟန်း အိုကြီး ဦးကျည်ပွေ့ခေါ် ရှင်ဒိသာ ပါမောက်၏အထိမ်းအမှတ် အောင် မြေနေရာ ဖြစ်ကြောင်းသိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရှေးဟောင်းရေကန် (ပုံသေး) နှင့် ပုံဂံခေတ်တူးမြောင်း (ပုံကြီး)

Posted: 16 Aug 2013 06:23 AM PDT

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ငါးဖမ်းလှေတွေ မီးတင်ရှို့မှု ဖြစ်ပွားခဲ့တယ်လို့ ခရို်င်အဆင့် အုပ်ချုပ်ရေးပိုင်းက ပြောပါတယ်။ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင်းမှာ အခုလ ၁၃ ရက်နေ့ ညပိုင်းက ငါးဖမ်းလှေ ၇ စီးကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ တရားခံတွေ ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတုန်းပဲလို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီဗွီဘီကို ပြောပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 06:05 AM PDT

မန္တလေးမြို့တော်တွင် မိုးရွာသွန်းချိန်၌ ရေကြီးရေလျှံ ဖြစ်ပေါ်စေနိုင်သည့် မြို့နယ် သုံးခုရှိ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ပိုင် ရေမြောင်း များပေါ်တွင် မြောင်းဆယ်၍ မရအောင် ကွန်ကရစ် တုံးများဖြင့် အသေ ဖုံးအုပ်ထားမှုများကို လိုက်လံ စာရင်းကောက်ယူလျက် ရှိကြောင်း အဆိုပါကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 04:18 AM PDT

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သြဂုတ်လ ၁၁ ရက် ည ၈ နာရီ ခန့်အချိန်တွင် လူသူကင်းမဲ့ သည့်နေရာဖြစ်သည့် မြိတ်ဂေါက်ကွင်းအတွင်း၌ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေစဉ် အင်္ကျီ အနက်ရောင်ဝတ် အမည်မသိလူနှစ်ဦးက ဓားဖြင့်လာရောက်ခြိမ်းခြောက်ပြီ
း ငွေနှင့် လက်ကိုင်ဖုန်းများကို လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့ နယ်မြေ ရဲကင်းလှည့် တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 04:11 AM PDT

မထသကော်မတီ မှအလွဲသုံးစားလုပ်ထားသည့် မထသဝန်ထမ်းများ၏ လူမှုရေး ရန်ပုံငွေအချို့ကို ယနေ့အထိပြန် လည်မရရှိသေးကြောင်း မထသ သယ်ယူပို့ဆောင်ရေး၊ မြို့နယ်အ လုပ်သမား အဖွဲ့ အစည်း ၏ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ
ထိန်း သိမ်းရေးကော်မတီအနေဖြင့် မှတ်ပုံတင်သက်တမ်းကြာမြင့် သော(စ၊ ဆ၊ ဇ)အက္ခရာ CNG ယာဉ်ပိုင်ရှင်များကို သင်္ခေပကုမ္ပဏီ နှင့် အားမာန်သစ်ကုမ္ပဏီတို့မှ ဝယ်ယူ တင်သွင်း သော ယာဉ်သစ် ကြီး ၅၃စီးအား ရောင်းချခဲ့ရာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 04:07 AM PDT

စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာ၊ သီရိမင်္ဂလာ ကျောင်းတိုက်တွင် သီတင်းသုံး လျက်ရှိနေသော ဦးနန္ဒိယဆရာ တော်ကြီးသည် သက်တော်ရ၅နှစ်၊ ဝါတော် ၅၄ဝါအရတွင် ၂၀၁၂ခု နှစ် ဒီဇင်ဘာ ၁၄ရက်က ပျံလွန် တော်မူခဲ့သော ဆရာတော်ကြီး ၏ ရုပ်ကလာပ်သည် ယခု၂၀၁၃ ခု၊ ဩဂုတ် ၁၄ရက်တိုင်အောင် ထူးဆန်းစွာ မပုပ်မသိုးဘဲရှိနေ ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 03:58 AM PDT

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် MAI လေယာဉ်ပေါ်တွင် သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က အရက်မူးကာ မူးယစ်ရမ်းကားသူ အသက် ၃၀ အရွယ် အမျိုးသားကို လေဆိပ်ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၅၀ ဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 03:50 AM PDT

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဘဝသစ်ဒိုင်နယ် အရှေ့ဖျား ကျေးရွာတွင် ပုစွန်ကြား တစ်ပိဿာ ၇၀၀၀ မှ ၂၀,၀၀၀ ကျပ်အထိ ဈေးကောင်းရနေ၍ ပုစွန်မွေးမြူရေးကန် ၅၀ ကျော်ကို အုပ်စုဖွဲ့ပြီး နေစဉ်ဝင်ရောက် လုယက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း ပုစွန်မွေးမြူရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 03:41 AM PDT

ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့  ရခိုင်ပြည်နယ်အတွင်းက ကျေးရွာပေါင်း ၁၇၀ နီးပါးကို ပယ်ဖျက်လိုက်ပြီး ကျေးရွာပေါင်း  ၁၁၁ ရွာကို ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ပါ
တယ်။ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်အစိုးရက  တင်ပြသွားတာဖြစ်ပြီး   ခုလို ပယ်ဖျက်တာနဲ့ အသစ်တိုးချဲ့တာတွေ ပြုလုပ် လိုက်တဲ့ ကျေးရွာတွေကတော့ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်းမြို့နယ်တွေထဲက ကျေးရွာတွေဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 03:28 AM PDT

ရန်ကုန် တိုင်းဒေသကြီးရှိ အချို့မြို့နယ် များတွင် ကလေးပျောက်ဆုံးမှုများ ပြန်လည်ဖြစ်ပေါ်လာနေကြောင်း သိရသည်။ လွန်ခဲ့သော သုံးလေးရက် အတွင်းက မြောက်ဥက္ကလာကြိုး တံတားအနီးနှင့် လှိုင်သာယာ၊ ရွှေ ပြည်သာမြို့နယ်တို့၌ ဆယ်ကျော် သက်အရွယ်ကလေး လေးဦးပျောက် ဆုံးခဲ့ကြောင်း၊ မိဘဆွေမျိုးများအ နေဖြင့်လည်း သက်ဆိုင်ရာရဲစခန်း များသို့မတိုင်ကြားဘဲ ရှာဖွေမှုများ ပြုလုပ်နေကြောင်း အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 03:23 AM PDT
ချင်းပြည် နယ်တွင် သစ်ထုတ်လုပ်မှုများ မလျှော့ချပါက ဒေသခံပြည်သူ များက ကန့်ကွက်တော့မည်ဖြစ် ကြောင်း သစ်တောနှင့် သတ္တု ဝန်ကြီး ဦးကျော်ငြိမ်းက ပြော သည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် အဆိုပါ ဒေသ အတွင်းမှ ကျွန်းသစ် နှင့် သစ်မာတန်ချိန်စုစုပေါင်း ၄၀၀၀ ထုတ်ယူခဲ့ရာ ထပ်မံ၍ ယင်းသို့ သစ်ဆက်လက်ထုတ်ယူ မည်ဆိုပါက ဒေသခံများက ကန့် ကွက်တော့မည်ဖြစ်သည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 03:09 AM PDT

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကညွှတ်ကွင်းမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၃/၀ အနီးတွင် သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ၂ နာရီ ၄၀ မိနစ်က အသက် ၄၃ နှစ်အရွယ် စည်ပင်သာယာ အမှိုက်သိမ်းဝန်ထမ်း အမျိုးသားတစ်ဦး အမှိုက်သိမ်းဆည်းသည့် ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံးကြောင်း ကညွှတ်ကွင်းမြို့ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 16 Aug 2013 03:05 AM PDT

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ် (၆) ရပ်ကွက် ၁ လမ်းတွင် ညီအစ်မချင်း စကားများရာမှ ၎င်းတို့၏ ခင်ပွန်းနှစ်ဦး အပြန်အလှန် ဓားဖြင့် ခုတ်ကြရာ တစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းမှ သိရှိရသည်။ သြဂုတ်လ ၉ ရက် နံနက် ၇ နာရီခန့်က ညီအစ်မချင်း စကားများရာ အစ်မဖြစ်သူ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Aug 2013 09:04 PM PDT

ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို အဖြေရှာဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပွန် ...တိုဝီးချတ်တို့ မနေ့က တွေ့ဆုံခဲ့ကြ တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာ အင်္ဂလိပ်ပိုင်းရဲ့ဖော်ပြချက်အရ ထိုင်းနိုင်ငံက ရိုဟင်ဂျာတွေကို ထိန်းသိမ်းထားတာ ခြောက်လလောက် ကြာလောက်ရှိသွားပြီး ဖြစ်တဲ့အတွက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Aug 2013 08:52 PM PDT

ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့နယ် သီတာကုန်းမြင့် တိုက်နယ်ဆေးရုံတွင် ယနေ့သြဂုတ်လ၁၅ရက်နေ့ ည ၇နာရီ ၂၅မိနစ် အချိန် တိုက်နယ်ဆရာဝန် ဒေါက်တာနေ၀င်းထွန်းနှင့် အဖွဲ့ မှ ရင်ချင်းဆက်အမွှာအား အောင်မြင်စွာ ခွဲစိတ်မွေးဖွား ပေးနိုင်ခဲ့ပါသည်။

အမွှာမှာ မိန်းခလေးဖြစ်ပြီး မိဘများမှာ လေးမျက်နှာမြို့နယ် ၀က်ကုန်းကျေးရွာမှ ဦးဇော်မျိုးသက် နှင့် အမိ ဒေါ်အေးအေးမိုး တို့ ဖြစ်ကြပါသည်။ ယခုညတွင်၎င်းညီအမအား ရန်ကုန်မြို့ ရန်ကင်းကလေး ဆေးရုံကို ပို့ဆောင်မယ်လို့ သိရတယ်။

Author အေးလပြည့်
The Modern News Journal


Posted: 15 Aug 2013 08:50 PM PDT

ရန်ကုန်တိုင်း တစ်ခုတည်း၌ပင် အစိုးရစီမံကိန်းများ၊ စက်မှုဇုန်များနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် သိမ်းဆည်းထားသည့် မြေစုစုပေါင်း ဧကလေးသောင်း ခန့်ရှိကြောင်း တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ လွှတ်တော် အမတ် ဦးအောင်သိန်းလင်းက သြဂုတ် ၁၅ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Aug 2013 08:31 PM PDT

မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် သတ်မှတ်ပြဌာန်းဖို့ မြန်မာဘက်က တင်ပြခဲ့တဲ့အပေါ် ထိုင်းဘက်က အားတက်သရော မရှိဘဲဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ ဟွာဟင်းမြို့က အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ ဆွေးနွေးပွဲ အတွင်း ၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းနိုင်ငံ ဟွာဟင်းမြို့က အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ ဆွေးနွေးပွဲ

Posted: 15 Aug 2013 08:24 PM PDT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်နိုင်ငံ ကို ရှေ့လအတွင်း ပထမဆုံး အကြိမ်သွားရောက်မယ် လို့ သိရပါတယ်။ ချက်နိုင်ငံ Prague မြို့မှာ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် Forum 2000 ညီလာခံ ကို တက်ရောက်ဖို့ အတွက် သွားရောက်မှာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Aug 2013 08:04 PM PDT

ပြည်ထောင်စု လွှတ်တော်တွင် စစ်တပ်ကမြေသိမ်းသဖြင့် ပြည်သူများ နစ်နာနေရကြောင်း ရခိုင်တိုင်းရင်းသား အမတ် တစ်ဦးက သြဂုတ် ၁၅ ရက်က ဆွေးနွေးနေစဉ် စစ်သားအမတ်တစ်ဦးက ထကန့်ကွက်လိုက်သဖြင့် စစ်တပ်နှင့် ပတ်သက်၍ ထပ်မပြောရန် လွှတ်တော်နာယက ဦးရွှေမန်းက တားမြစ်လိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Aug 2013 07:31 PM PDT

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းရွာ ဘုရားပွဲတော်သို့ လာရောက် ငွေတောင်းရမ်း သူများနှင့် ကြဲချငွေကောက်သူများကို အဆိုပါ ဘုရားဂေါပက အဖွဲ့ကဖယ်ရှားသွားမည် ဖြစ်ကြောင်း တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။ အဆိုပါ တောင်ပြုန်း ပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာသော တောင်းစားသူများနှင့် တောင်ပြုန်းကျေးရွာ အနီးဝန်းကျင်မှ အပျော်တမ်း ငွေကောက်သူများကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Aug 2013 05:22 PM PDT

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများအိမ်ရာ အတွင်းရှိ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သီရိပျံချီ ဦးတင်စိုး နေထိုင်သော နေအိမ်၌ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖောက်ထွင်းမှုတွင် စိန်ထည် ပစ္စည်းများ အပါအ၀င် အဖိုးတန် ပစ္စည်းများစွာ ခိုးယူခံခဲ့ရပြီး ၎င်းအမှုအား ပုသိမ်မြို့ အမှတ်(၂) ကိုးသိန်းရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရှိရသဖြင့် သွားရောက် စုံစမ်းရာ လူကြီးအမှု ဖြစ်သဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပုသိမ်မြို့ ၀န်ကြီးချုပ်နှင့် အိမ်ချင်းကပ်လျက် တိုင်းလွှတ်တော်ဥက္ကဋ္ဌအိမ် ဖောက်ထွင်းခိုးယူခံရ

Posted: 15 Aug 2013 05:20 PM PDT

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စု၊ ဆပ်အင်းကျေးရွာ၊ ကျွဲဒညင်းကုန်း အပိုင်တွင် ယခင်က ပင်မ လက်နက် ခဲယမ်းမီးကျောက် တပ်ပိုင်က သိမ်းဆည်း ထားသည်ဟု နားလည် ထားသော်လည်း နိုင်ငံတော် သမ္မတကြီး၏ တပ်သိမ်းပိုင်မြေများ၊ စီမံကိန်း မဖော်ဆောင်ပါက မူလပိုင်ရှင်များထံ ပြန်လည်ပေး အပ်ရမည်ဟု မိန့်ခွန်းပြောပြီးနောက် ယင်းတပ်သိမ်းမြေမှာ အငြိမ်းစား ဗိုလ်ချုပ်တစ်ဦး အမည်ဖြင့် ဂရန်ထွက်နေ သည်ကို ထူးဆန်းစွာ တွေ့ရသည်ဟု -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တပ်သိမ်းမြေမှ ဗိုလ်ချုပ်(ငြိမ်း) မြေသို့ ပြောင်းလဲသွားသည့် ပဲခူးမှ ခြံမြေ


Posted: 15 Aug 2013 04:18 PM PDT

မြန်မာ ကလေးငယ်တွေ အာဟာရချို့တဲ့မှုဟာ စိုးရိမ်ရတဲ့ အဆင့်ကို ရောက်နေပြီး အာဟာရချို့တဲ့မှုဖြစ်ရခြင်း အကြောင်းရင်း နှစ်ခုအနက် ဆင်းရဲမွဲတေမှုထက် ကိုယ်ဝန်ဆောင်စဉ် အစားအစာ ရှောင်တဲ့ ကျန်းမာရေး အသိနည်းပါး မှုတွေကြောင့် ဖြစ်ရတယ်လို့ ယူနီဆက်ဖ်က သတိပေး လိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Aug 2013 02:09 PM PDT

အစ္စလာမ်ဘာသာဝင်တွေရဲ့ အီးဒ်နေ့အထိမ်းမှတ်အဖြစ် မန္တလေးမြို့ အစ္စလမ်ဘာသာရေးအဖွဲ့က ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ သံဃာတော်အပါး ၁ဝဝ ကို ဒီနေ့ နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။ ဒီပွဲကို ကြွရောက်ချီးမြှင့်ခဲ့တဲ့ ဆရာတော် ဦးတိက္ခဥာဏက RFA ကို ခုလို မိန့်ကြားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
“ဒီလိုအခမ်းအနားတွေလုပ်တာမှာ ဦးဇင်းတို့က တစ်ခုခုရည်ရွယ်ချက်ထားတာတော့မရှ
ိပါဘူး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြာဟ္မစိုရ်တရားကို အဓိကထားပြီးတော့ လက်ကိုင်ထားတဲ့ သဘောမျိုးသာလျှင် ဦးဇင်းတို့ဒီမှာ ကြွရောက်ခြင်းဖြစ်ပါတယ်”
ဒီနေ့ နေ့ဆွမ်းကပ်လှူဒါန်းရခြင်းနဲ့ ပတ်သက်ပြီး မန္တလေးမြို့ အစ္စလာမ်ဘာသာရေးအဖွဲ့၊ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးနေဇော်လတ်က အခုလိုပြောပါတယ်။

“ဒီလိုကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ကတော့ ကျနော်တို့ဘာသာရဲ့ ပျော်ရွှင်ဖွယ်နေ့တစ်နေ့မှာ ကျန်တဲ့လူတွေကိုလည်း ပါဝင်စေချင်တာ ပျော်ရွှင်မှုကို မျှဝေစေချင်တဲ့ဆန္ဒပဲရှိတယ်၊ အဲဒီနောက်ကွယ်မှာ နောက်ထပ်ရည်ရွယ်ချက် ဘာမှမရှိဘူး၊ ကျနော်တို့ ဒီဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အယူကတော့ ဒါအစ္စလာမ်ဘာသာနဲ့လည်း မဆိုင်ဘူး၊ ကျနော်တို့က ဒါအုပ်စုတစ်စုရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်လာတယ်လို့ ခံယူပါတယ်”

အဲဒီ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို မန္တလေးမြို့က ဘာသာပေါင်းစုံခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese


Posted: 15 Aug 2013 02:00 PM PDT

နိုင်ငံပိုင်စီမံကိန်းတွေ၊ အစိုးရဌာနဆိုင်ရာတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးဖို့နဲ့ တချို့လယ်ယာမြေတွေကို လယ်သမားတွေထံ ပြန်ပေးဖို့ပါရှိတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း (၃) ကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...