Monday, August 5, 2013

ပုံပြင်ဟောင်း (၃)

Photo: ပုံပြင်ဟောင်း(၃)

            စည်းကမ်းကြီးတဲ့ တရားစခန်းမှာ တရားဘာဝနာ ရှူမှတ်ရင်းနဲ့ ကောင်မလေးဟာ အေးချမ်းမှုနှင့် ငြိမ်းချမ်းမှုကို လုံးဝရှာမတွေ့ပါဘူးတဲ့ကွယ်။ "ဖောင်းတယ်၊ပိန်တယ်။ဖောင်းတယ်၊ပိန်တယ်.... ချစ်ပေမယ့်မုန်းတယ်၊မုန်းတယ်.. မောင်ကရက်စက်တယ်...။အယ်ဒုက္ခပါပဲ... ငါဘာတွေ မှတ်နေမိပါလိမ့်...ဒီလူကို ဘာလို့မမေ့နိုင်တာပါလိမ့်???။ဒီလိုမှန်းသိရင် စာမေးပွဲပဲ အကျခံလိုက်ပါတယ်။ ဒီဘွဲ့က ဘာလုပ်ရမှာတုန်းးး ငါ့ချစ်သူနဲ့ လဲယူရအောင်ထိ မတန်ပါဘူးးး"
               "စိတ်ညစ်လိုက်တာ... တစ်နာရီတရားချိန်ကလည်း မပြည့်နိုင်သေးဘူးးး ဒါပြီးရင် လမ်းလျှောက်ရင်း တရားမှတ်ရအုံးမယ်။ ဘယ်လိုမှတ်မှတ် ငါလည်းဘာတရားမှ ရမယ်မထင်ပါဘူးးး။တော်ပြီ မမှတ်တော့ဘူး။ ဘုရားကို အာရုံပြုပြီး ဂုဏ်တော်ပဲ ပွားနေတော့မယ်..." ဒါလည်းသမာဓိက ခဏပဲတည်တယ်တဲ့ကွယ်။ ခဏနေတော့ ဘုရားကို အာရုံပြုရာကနေ ကောင်လေးမျက်နှာပဲ မြင်လာပြန်တယ်တဲ့... ကောင်လေးနဲ့ သူမတို့ရဲ့ အကြောင်းပဲ တွေးမိ လာတယ်တဲ့ကွယ်။ 
ဘယ်လောက်ထိ တွေးလည်းဆိုရင် ဟိုးးးငယ်ငယ်ကမေ့နေခဲ့တဲ့ အကြောင်းတွေထိပါ တွေးမိကုန်ပါတယ်တဲ့။
               "အဲ့ဒီတုန်းက ၇တန်းနှစ်ထင်တယ်...မောင်က ဟိုဘက်ခုံတန်းကနေ မင်ဖျက်ဆေးနဲ့ လှမ်းပစ်ပြီးစတာ...ဗူးအသစ် ဆိုတော့ ဆေးရည်တွေက အပြည့်လေ။အဲ့တော့ ခေါင်းကိုနာသွားတာပဲ...။ဘယ်ရမလဲ ဒီကလည်း ချက်ခြင်းထသွားပြီး သင်္ချာစာအုပ်အထူကြီးနဲ့ ပိတ်ရိုက်ပစ်ခဲ့တာ... အမ်းးး ထိုင်တရားချိန်ပြည့် သွားပါလားးးဟွန့်.. လမ်းလျှောက်ပြီးတရားမှတ်ရအုံး တော့မယ်...ရူးချင်တာပဲ" 
             လျှောက်တရားမှတ်ပြီးရင် ထိုင်တရားပြန်ထိုင်ရပြန်ရောတဲ့။ဒီလိုနဲ့ ကောင်မလေးဟာ တရားစခန်းထဲမှာလည်း ငြိမ်းချမ်းမှုကို မရတဲ့အပြင် စိတ်ရော ကိုယ်ပါ ဆင်းရဲရှာပါသတဲ့ကွယ်။စိတ်ဓါတ်တွေလည်းအကြီးအကျယ် ကျလာပါရောတဲ့ကွယ်။ ဒီလိုနဲ့လေး၊ငါးရက်နေတော့ ဆရာတော်ဘုရားရှေ့မှာ ကောင်မလေးက တရားစစ်ဆေးတာ ခံရပါတယ်တဲ့ကွယ် 
             တရာထိုင်တော့ ဘာတွေမြင်တုန်းး ဘာတွေခံစားရတုန်းးး ဘာဝေဒနာ တွေပြတုန်းး ဘာနိမိတ်တွေ မြင်တုန်းပေါ့....။  တခြားယောဂီတွေက သူတို့မြင်တာ၊ တွေ့တာ ၊ခံစားရတာတွေ... ဒါတွေကို ကျော်လွန်အောင် ဘယ်လိုရှုမှတ် လိုက်တာတွေ... စသဖြင့်လျှောက်တင်တော့ ဆရာတော်များက လူအမျိုးအစားအလိုက် မြင်ထင်လာတဲ့ အာရုံနိမိတ်တွေအလိုက် သင့်လျော်တဲ့ တရားဘာဝနာရှုမှတ်ဖို့တွေကို လမ်းပြပေးပါသတဲ့ကွယ်။
                ဒီမှာပဲ လိမ်လိမ်မာမာနဲ့ စာကြိုးစားပြီး တစ်သက်လုံးက မျက်နှာပွင့်ခဲ့တဲ့ ကောင်မလေးဟာ စာမလုပ်တဲ့ ကျောင်းသားဆိုးတစ်ယောက် အတန်းရှေ့ထွက် ရိုက်ခံရသလိုမျိုး ခံစားချက်တွေနဲ့ သူမရဲ့ အဖြစ်ကို ရှက်ရွံ့မိတော့တာပါပဲတဲ့။ ဒါနဲ့ပဲ မညာတတ်လေတော့ "ခုချိန်ထိ တပည့်တော်ဟာ ဘာအာရုံနိမိတ်မှလည်း မမြင်သလို ဘာတရားမှလည်း မရသေးပါဘူး ဘုရားးး ခွင့်လွှတ်တော်မူပါ.....နောက်ရက်ကစပြီး ကြိုးစားအားထုတ်ပါ့မယ်ဘုရားလို့ " မျက်နှာပူပူနဲ့ တောင်းပန်လျှောက်ထား လိုက်ပါသတဲ့ကွယ်။
           နေ့စဉ်နေ့တိုင်းလည်း သူတပါးက သဒ္ဓါကြည်ဖြူ ပေးလှူတဲ့ ဆွမ်းကိုစားပြီး ဘာတရားမှ မရှုမှတ်နိုင်တာဟာ အချောင်နေ အချောင်စားသလို ဖြစ်နေတယ်လို့ တွေးမိပြီး ကောင်မလေးက ကိုယ့်ကိုယ်ကို မကြည်ညိုနိုင်အောင်လည်း ဖြစ်နေပါသတဲ့ကွယ်။   ညဘက်လည်း အိပ်မပျော်တဲ့ အတူတူ အိမ်ကနေ ယူလာတဲ့ ရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ရေးသားတော်မူတဲ့ ရတနာ့ဂုဏ်ရည် စာအုပ်လေးကို ဖတ်ရင်းးးဗုဒ္ဓါနုဿတိကို ပွားနိုင်အောင်ကြိုး စားရှာပါသတဲ့။ မစင်ကြယ်သေးတဲ့ပုထုဇဉ် ပီပီ ကောင်မလေးဟာ ငါဆိုတဲ့ အတ္တနဲ့ယှဉ်တဲ့ အတွေးအခေါ်အလင်းတန်း လေးတစ်ခု ပွင့်သွားပါတယ်တဲ့ကွယ်။
            "ငါအခုလို ငိုနေချိန်မှာ သူငိုနေမှာလားးး သူ့ချစ်သူနဲ့ ပျော်ရွှင်ရယ်မောနေမှာလားးး" "ငါစိတ်ဆင်းရဲနေချိန်မှာ သူကရော ငါ့အကြောင်းကို တစ်ချက်ကလေး ပြန်ငဲ့တွေးကြည့်မိမှာတဲ့လားးးသူ့ကိုယ်ပိုင်မိသားစုဘဝတစ်ခုကို တည်ဆောက်ဖို့စဉ်းစား နေမှာလားးး" "သူတောင်ငါမရှိတဲ့ဘဝမှာ ပျော်နေနိုင်ရင် ငါကရော သူမရှိတဲ့ဘဝမှာ ဘာ့ကြောင့်မပျော်နိုင် ရတာလဲ????" "သူတောင် ငါ့ကိုမချစ်ဘဲနေနိုင်သေးတာ ငါကဘာလို့ သူ့လိုမနေနိုင်ရတာလဲ ????" "သူကဘဝကို လက်တွေ့ကျကျ တည်တည်ငြိမ်ငြိမ် နေထိုင်နိုင်ချိန်မှာ ငါကဘာလို့ ယောက်ယက်ခက်ပြီး ကမ္ဘာပျက်နေရတာလဲ????"
               "ငါ့အဖြစ်ဟာ ရှက်တတ်ရင် တော်တော်ရှက်စရာ ကောင်းတာပါလားးး ငါ့မှာ ရှိသင့်တဲ့မာနတော့ ရှိရမယ်... အဖြစ်မှန်တွေကို ရင်ဆိုင်ရဲတဲ့ သတ္တိမျိုး ရှိရမယ်....။သူကငါ့ကို သိပ်ချစ်ခဲ့တာပါ ဆိုတဲ့ ကယောင်ချောက်ခြား အတွေးမျိုးကို ဖျောက်ပစ်နိုင်ရမယ်...။သူမချစ်လို့ငါ့ကို ထားသွာခဲ့တာ ဆိုတဲ့ အဖြေမှန်ကို လက်ခံနိုင်ရမယ်... ရခဲလှတဲ့ လူ့ဘဝမှာ ကြုံကြိုက်ခဲတဲ့ သာသနာတော်တွင်း ကြုံရခိုက်မှာ ဝိပဿနာတရားဆိုတာကို နှလုံးသွင်း ဆင်ခြင်ပြီး ရှုမှတ်နိုင်အောင် ကြိုးစားရမယ်..." ဆိုပြီး ကောင်မလေးက သူ့ကိုယ်သူ ဆုံးမသွန်သင်ရှာတယ်တဲ့ကွယ်။
                ဒီလိုနဲ့ကောင်မလေးဟာ တရားအားထုတ်ရာကနေ တရားမရတာ သေချာပေမယ့် တည်ငြိမ်အေးဆေးမှု တစ်ခုကို ရသွားပြီး ဆောက်တည်ရာမဲ့နေတဲ့ အတွေးတွေကို ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်တဲ့။ ကောင်လေးအကြောင်း မတွေးမိအောင် နေတတ်လာသလို တွေးမိခဲ့ရင်တောင် သာမန်အတွေးအဆင့်မှာပဲ ရပ်သွားပြီး ချစ်ခြင်း၊မုန်းခြင်းတွေ၊စိတ်လှုပ်ရှားမှုတွေ မဖြစ်ပေါ်တော့ ပါဘူးတဲ့။ အဲ့လိုတွေးမိတဲ့ အခါတွေမှာလည်း ကောင်မလေးက ကောင်လေးကို မေတ္တာပို့လေ့ရှိပါတယ်တဲ့။ 
               ဒီတိုင်းးးးကျန်းမာပါစေ ချမ်းသာပါစေလို့ ကောင်လေးကို အာရုံပြုပြီး ပို့ရင် ကိလေသာနဲ့ ယှဉ်တွဲနေမှာကြောင့် မေတ္တာကမ္မဌာန်းကိုပဲ စီးဖျန်းလေ့ရှိပါသတဲ့ကွယ်။ အရင်ဆုံးးးကောင်မလေးက သူ့ကိုယ်သူ မေတ္တာပို့သတဲ့ကွယ်။ပြီးရင်သူ့ဘဝမှာ ကျေးဇူးကြီးမားသူတွေကို မေတ္တာပို့ သတဲ့ကွယ်...ပြီးရင် သူငယ်ချင်းမိတ်ဆွေတွေကို မေတ္တာပို့သတဲ့ကွယ် ပြီးမှ ကောင်လေးကို မေတ္တာပို့သတဲ့ကွယ်။နောက်ဆုံးအဆင့်မှာတော့ ရန်သူတွေ...ရန်သူကဲ့သို့ အသွင်ဆောင်သူတွေကို မေတ္တာပို့သတဲ့ကွယ်။
             တရားစခန်းရဲ့ တတိယမြောက် အပါတ်မှာတော့ ကောင်မလေးဟာ ဆရာတော်တွေရဲ့ တရားစစ်ဆေးမှုတွေကို ကောင်းစွာ အစစ်ဆေး ခံနိုင်ပြီး သူမအတွက် မရှင်းလင်းတဲ့ တွေ့ရှိချက်အာရုံနိမိတ်တွေကိုပါ ပြန်လည်မေးလျှောက် ဖြေရှင်းခိုင်းပါသတဲ့ ကွယ်။
          တရားစခန်းရဲ့ငါးပါတ်မြောက် မှာတော့ ကောင်မလေးကို အိမ်ကပြန်လာခေါ်သွား သတဲ့ကွယ်။ကောင်မလေးလည်းအဲ့ဒီကစပြီး ထောင့်ငါးရာ မေတ္တာနဲ့ ပတ်သတ်လာရင် တည်ငြိမ်အေးချမ်းတဲ့ စိတ်အစဉ်နဲ့နေသလို ကျန်တဲ့ဘဝရဲ့အချိန်ပိုင်းလေးတွေမှာတော့ ယောက်ျားလေး၊မိန်းကလေး သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေသတဲ့ကွယ်။ ဒါပေမယ့်....ကောင်မလေးက အားလပ်ချိန်တွေကို စာအုပ်တွေနဲ့ အချိန်ကုန်တာများပြီး စကားပြောဆိုမှု တွေဟာ တဖြေးဖြေးနဲ့ နည်းလာသတဲ့ကွယ်။
             ကောင်မလေးက တဖြည်းဖြည်း အတ္တကြီးလာတယ် ပြောရမလားးး ချစ်ရမှာ ကြောက်နေသလား မသိပေမယ့် နောက်ထပ်ဘယ်သူ့ကိုမှ ထပ်မချစ်တတ်တော့သလို သူမအချစ်နဲ့ တန်တဲ့လူလည်း မရှိဘူးလို့တွေးလေ့ ရှိပါသတဲ့ကွယ်။သူမကိုယ်သူမပဲ ချစ်တယ်။ သူမအတွက်ပဲတွေးတယ်တဲ့။ ဘာမှမဆိုင်တဲ့ တစိမ်းယောက်ျား တစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ ချစ်တယ်ဆိုတာ အင်မတန်မိုက်မဲတဲ့ လုပ်ရပ်ပါပဲလို့ သူမကယူဆသတဲ့ကွယ်။ ခြွင်းချက်ကတော့ ယောက်ျားလေး သူငယ်ချင်းများကို မိန်းကလေးသူငယ်ချင်း များနဲ့ မခွဲခြားဘဲ ခင်မင်တွယ်တာတတ်မှု ပါပဲတဲ့။
                  တစ်ရက်မှာတော့ မြို့ငယ်လေး တစ်ခုက ဆေးရုံကို ကောင်မလေးက အရေးတကြီး လူနာကြည့် သွားခဲ့ရပါတယ်တဲ့။စဉ့်ကူးငလျင်ကြောင့် ကောင်မလေးတို့ရဲ့ ရွှေတူးဖော်တဲ့ တွင်းထဲကနေ ထိခိုက်မှုဖြစ်တဲ့ လုပ်သားနှစ်ယောက်ကို တင်ပို့ထားရလို့ သွားကြည့်ရတာပေါ့ကွယ်။ အဲ့ဒီမှာပဲ တခြားတူးဖော်ရေးကုမ္ပဏီ တစ်ခုက တွင်းပိတဲ့လူနာတွေ တော်တော် များများလည်း ရောက်နေကြတယ်တဲ့ကွယ်။ 
           အဲ့ဒီလူနာတွေထဲက သွေးထွက်လွန်ပြီး သွေးလိုတဲ့ လူနာတစ်ယောက် ရှိနေပါတယ်တဲ့။ ဒါနဲ့ကောင်မလေးလည်း သွေးအမျိုးအစား တူရင် လှူချင်ပါတယ်လို့ ပြောလိုက်တာပေါ့ကွယ်..."အရင်ကသွေးလှူဖူးပါသလားးးဘာရောဂါတွေဖြစ်ဖူးပါသလဲ။ဘာညာသာတကာ ဟိုဟာဒီဟာပေါ့..........။"  "တစ်ခါမှမလှူဖူးသေးပါဘူး။ဘာရောဂါမှ ကြီးကြီးကျယ်ကျယ် မဖြစ်ဖူးပါဘူး။လွန်ခဲ့တဲ့၂နှစ်လာက်က တစ်ကိုယ်လုံး မက်ဒီကယ်ချက်ကပ် လုပ်ဖူးပါတယ်။အားလုံးကလီးယား ဖြစ်ပါတယ်။ဘီပိုးကာကွယ်ဆေးလည်း ၃ကြိမ်ထိုးထားပါတယ်။" "နည်းနည်းတော့ကြာနေပြီပဲ။ဒါပေမယ့်...."  ဒီလိုနဲ့သွေးလှူဖြစ်လိုက်တယ်ပေါ့ကွယ်။ 
             ကောင်မလေးက အဲ့ဒီအဖွဲ့ရဲ့ မန်နေဂျာဆိုသူကို သိချင်တာတွေ အင်တာဗျူးခဲ့တာပေါ့ကွယ်....။ "ရှင်တို့က မနက်အစောကြီး အလုပ်ဆင်းလို့ ဒီလောက်အထိနာ ကြတာလားး"  "ခါတိုင်းတော့စောစောမဆင်းပါဘူးအမ။ တွင်းပိုင်ရှင်ပေါလန်ရဲ့သားက တွင်းအနေအထားကြံ့ခိုင်မှုနဲ့ စက်ပစ္စည်းတွေကို ကိုယ်တိုင်ဆင်းစစ်တာမို့ သူမပြန်ခင် လက်စသတ်ချင်တယ်ဆိုပြီး စောစောဆင်းလိုက်လို့ ဖြစ်ကုန်တာပါ။"  "ကျွန်မတို့က လိုတဲ့ပစ္စည်းတွေ အဝယ်လွှတ်တဲ့ရက်မို့ အနားပေးတဲ့ရက်လို ဖြစ်သွားတော့ ကံကောင်းသွားပါတယ်။ဒါတောင် ခဏဆင်းစစ်ဆေးဖို့ လုပ်တဲ့လူနှစ်ယောက် ထိခိုက်မိတယ်။ ဒဏ်ရာကတော့ မပြင်းပါဘူး။" 
               "ကျွန်တော်တို့လည်း ပေါလန်ကို လှမ်းခေါ်ထားပါတယ်။ သူတို့က ရန်ကုန်ဘက်ရောက်နေကြလို့ နောက်ကျတာပါ။အခု အမသွေးလှူပေးတာ ပေါလန်သားပဲလေ။ မန္တလေး ဆေးရုံကြီးရွှေ့မယ်လည်းပြောပါတယ်။သူက မြန်မာပြည် ပြန်လာတာလည်း မကြာသေးဘူးခင်ဗျ။"  "ကျွန်မသူ့ကိုသိပါတယ်။" "အော်ဟုတ်လား...သတိရလာရင် ကျွန်တော်တို့ အမအကြောင်းပြောပြထား လိုက်ပါ့မယ်။ " "နေပါ့စေရှင်...မပြောပါနဲ့။သူနဲ့က သိပ်မခင်ပါဘူး။"  "အမတို့ ကုမ္ပဏီလုပ်ကွက်နဲ့ ကျွန်တော်တို့ လုပ်ကွက်နဲ့က သိပ်မဝေးဘူးဗျ။ပြီးခဲ့တဲ့လေလံတုန်းက အဲ့ဒီဘက်တွေထိ ပေါလန်က ချဲ့ပြီးဆွဲလိုက်တာလေ။ဒါ့ကြောင့်နီးသွားတာ။"
           နောက်၂ပါတ်လောက် အကြာမှာတော့ ကောင်မလေးဆီကို ဖုန်းနံပါတ်တစ်ခုကနေ မက်စေ့တစ်စောင် ဝင်လာပါတယ်တဲ့။သွေးလှူခဲ့မှုကို ကျေးဇူးတင်ကြောင်း ရေးထားတဲ့ စာတိုလေးပေါ့ကွယ်... အဲ့ဒီစာအဆုံးမှာ တော့ ကောင်လေးရဲ့ နာမည် ပါရှိနေပါတယ်တဲ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်
               ဆက်ရန်မရှိတော့ပါ။
                              နေထက်ထက်အောင်
စည်းကမ်းကြီးတဲ့ တရားစခန်းမှာ တရားဘာဝနာရှူမှတ်ရင်းနဲ့ ကောင်မလေးဟာ အေးချမ်း မှုနှင့် ငြိမ်းချမ်းမှုကို လုံးဝရှာမတွေ့ပါဘူးတဲ့ကွယ်။ "ဖောင်းတယ်၊ပိန်တယ်။ဖောင်းတယ်၊ပိန်တယ်.... ချစ်ပေမယ့်မုန်းတယ်၊မုန်းတယ်.. မောင်ကရက်စက်တယ်...။ အယ်ဒုက္ခပါပဲ... ငါဘာတွေ မှတ်နေမိပါလိမ့်...
ဒီလူကို ဘာလို့မမေ့နိုင်တာပါလိမ့်???။ဒီလိုမှန်းသိရင် စာမေးပွဲပဲ အကျခံလိုက်ပါတယ်။ ဒီဘွဲ့က ဘာလုပ်ရမှာတုန်းးး ငါ့ချစ်သူနဲ့ လဲယူရအောင်ထိ မတန်ပါဘူးးး"

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...