(((((`````ကုက္ကိုရိပ်ကလေး....´´´´´)))))
ငယ်ငယ်က ပြေးရင်းလွှားရင်းနဲ့ မောပမ်းတဲ့အခါ ရွာထိပ်က ကုက္ကိုရပ်ကလေးမှာ နား... အပြားလိုက်ထောင်နေတဲ့ ကုက္ကိုမြစ်ကြီးတွေကြားထဲမှာ
ဘယ်ခရီးကပဲ လာလာ၊ ဘယ်လောက်ပဲ ပူလောင်နေပါစေ ကုက္ကိုပင်ကြီးရဲ့ အရိပ်အောက်ကိုရောက်ရင် အမောပြေသွားတတ်ကြတယ်....။
နွေနေ့တွေမှာတိုက်ခတ်တတ်တဲ့
တဖြည်းဖြည်းနဲ့ အစိမ်းရောင်လွင်လွင်လေးတွေ ထင်ထင်ရှားရှားမြင်ရတဲ့ ကုက္ကိုရွက်ကလေးတွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲ.... အပင်ကြီးကလည်း တဖြည်းဖြည်းကြီးလာတော့ စိမ်းညို့ လာတဲ့ အရွက်တွေကို မော့ကြည့်တာတောင် သေသေချာချာ မမြင်ရတော့ဘူး...။ ဒီအရွက်လေးတွေကို မော့ကြည့်မိတဲ့အခါ သူ့အနောက်မှာ အလင်းတွေ ထင်ရှားတဲ့ အဖြူရောင် ဒါမှမဟုတ် အပြာရောင် ကောင်းကင်ကြီးက ဒီ လွင်လွင်လေး စိမ်းနေတတ်တဲ့ ကုက္ကို ရွက်ကလေးတွေကို သိမ်းပိုက်ထားလိုက်ကြတယ်လေ.
ဟုတ်တယ်..... အချိန်နဲ့ ရာသီတွေက ကျွန်တော်ကိုလည်း ကုက္ကိုပင်ကြီးလိုပဲ တဖြည်းဖြည်းနဲ့ ကြီးပြင်းစေခဲ့တယ်...။
တစ်ခါတလေမှာ ရင်တွေပူလာတိုင်း....၊ မောပမ်းတယ်လို့ ခံစားရတိုင်းမှာ လေလေးတဖြူးဖြူးတိုက်နေတဲ့ ကုက္ကိုပင်ကြီးရဲ့ အရိပ်ကို သတိရနေမိတတ်ပါတယ်။ တစ်ခါလောက်လည်း ငယ်ငယ်ကလို ခြေပစ် လက်ပစ် လှချပစ်လိုက်ချင်မိတယ်...။
ကုက္ကိုရိပ်ကို သတိရတိုင်းမှာလည်း ဆက်စပ်နေတဲ့ ငယ်ဘ၀တွေကို လွမ်းမိတယ်...။
လုပ်စရာရှိတာတွေကို ၀ိုင်းကူလုပ်ကိုင်ရင်း.... ကျောင်းသွားရင်း... ကုက္ကိုရိပ်ကလေးနဲ့ ၀န်းကျင်တ၀ိုက်မှာ ဆော့ကစားရင်း... ဖေဖေနဲ့ မေမေတို့ကို ချစ်ရင်း.... မလှမ်းမကမ်းက ချောင်းလေးထဲမှာ ကူးခပ်ရင်း... လယ်ကန်သင်း ရိုးပြတ်တွေကြားမှာ ဘောလုံးကန်ရင်း.... သူငယ်ချင်းတွေနဲ့ သီချင်းတွေဆိုရင်း... အဲဒီတုံးက အပူအပင်ကင်းကင်းနဲ့ ကြီးပြင်းခဲ့တဲ့ ကလေးဘ၀လေးတွေက ကြည်လင်လှပလွန်းပါတယ်။
တစ်ခါတလေလည်း စဉ်းစားဖြစ်တယ်....
ကုက္ကိုပင်ကြီးက သူစတင်ပေါက်ဖွားခဲ့တဲ့နေရာမ
ဒီဇာတ်လမ်းလေးထဲမှာ ပါဝင်သူတွေကတော့ ကျွန်တော်တို့လို ကလေးတွေရယ်...၊ ခရီးဝေးက လာရတဲ့ ခရီးသွားတွေရယ်.... ကောင်းကင်ပြာပြာကြီးရယ်...၊
တစ်ခါတစ်ခါမှာလည်း ကျောင်းကအပြန် ရုတ်ကနဲ မိုးရွာချတဲ့အခါ... မိုးမများရင် ကုက္ကိုပင်ကြီးက မိုးတွေ မစိုအောင်လည်း ကာကွယ်ပေးထားတတ်သေးတယ်...။ အဲဒီတုန်းကလည်း မိုးခိုရင်း ကုက္ကိုပင်ကြီးက စီးကျလာတတ်တဲ့ ရေစီးကြောင်းလေးတွေကိုလည်း ဘာရယ်မဟုတ် ကြည့်နေခဲ့ဘူးပါတယ်။
ကျွန်တော်တို့ လူသားတွေကတော့... မွေးဖွားပြီးတဲ့အချိန်ကစပြီ
``အဘိဏှ´´သုတ်တော်ထဲကလို ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လို သေဆုံးရမယ်ဆိုတာလည်း မသိနိုင်ခဲ့ပါဘူး...
နောက်ပြီး ချစ်သောသူနဲ့လည်း ရှင်ကွဲလည်းကွဲရမယ်... သေကွဲလည်း ကွဲရမယ်.. မချစ် မနှစ်သက်သောသူတွေနဲ့လည်း ပေါင်းသင်းဆုံတွေ့နေရတယ်..။
ကုက္ကိုပင်ကြီးကတော့ ဒီလိုမဟုတ်ခဲ့ဘူး....
သူ့နေရာလေးမှာပဲ ပေါက်ရောက်လာတယ်...
သူ့သဘာဝအတိုင်းပဲကြီးပြင်းလ
သူ့သဘာဝအတိုင်းပဲ အရိပ်ခိုသူ လူသားတွေအတွက် အေးချမ်းခြင်းတွေကို ထာဝရ ပေးစွမ်းသွားခဲ့တယ်..။
ကုက္ကိုပင်ကြီးလို ကလေးတွေပျော်ရွှင်စွာ ဆော့ကစားနိုင်စေဖို့ရယ်... ခရီးဝေးကလာသူ... နေပူထဲက လာသူတွေအတွက် အရိပ်ခို အပမ်းဖြေစရာ အရိပ်အာဝါသ အေးအေးလေးတွေ ဖန်တီးပေးနိုင်ခဲ့ရင် ဘယ်လောက်များ ကောင်းလိမ့်မလဲလို့လည်း တွေးဖြစ်ခဲ့ပါတယ်...။
ဒါပေမယ့်လည်း ဒီလို အေးမြခြင်းတွေကို နှစ်ရှည်လများ ပေးစွမ်းနိုင်ခဲ့တဲ့ ကုက္ကိုပင်ကြီးလည်း တစ်နေ့တော့ သေဆုံးပျောက်ကွယ်ရဦးမှာပါပ
ဒီလို သေဆုံးပျောက်ကွယ်သွားတဲ့အခါ
ငယ်ငယ်က ဆော့ကစားခဲ့... နားခဲ့... မိုးခိုခဲ့တဲ့ ကုက္ကိုရိပ်ကလေးကို သတိရတိုင်း လွမ်းတဲ့ စိတ်ကလေး ဖြစ်ခဲ့ပါတယ်...။
မကြာခင်က ငယ်ဘ၀ရဲ့ ပျော်စရာ ကျေးလက်ရွာလေးကို တစ်ခေါက်ရောက်တုံးကတော့ ကုက္ကိုပင်ကြီးရဲ့ ပင်စည်မှာ ကပ်ပြီး ရိုက်ထားတဲ့ ရေချမ်းစင်လေးကို သတိထားမိခဲ့သေးတယ်...
အဲဒီတုန်းက အဲဒီ ရေချမ်းစင်လေးရဲ့ ရေအိုးပေါ်က ရေခွက်လေးကို ကြိုးလေးတစ်ချောင်းချည်ပြီး
ဝေ့ကနဲ... ဝေ့ကနဲ ကြားနေရတဲ့ လေတိုးသံလေးတွေထဲမှာ စကားသံတစ်ချို့ ပါနေသလို ခံစားရလို့ ကျွန်တော်နားစိုက်ထောင်ကြည့
`` သူတစ်ပါးရဲ့ စေတနာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတဲ့သူတွေများလ
ကျွန်တော် လူတွေရဲ့ သဘောသဘာဝကို တော်တော်နားလည်တတ်တဲ့ အရွယ်မှာ စိတ်ပျက်စရာ သောက်ရေအိုးစင်က ရေခွက်လေးကို ကြည့်ရင်း ကုက္ကိုပင်ကြီးကို ပိုပြီး အားကျခဲ့မိတယ်...။
အပြစ်မမြင်တတ်ခြင်း... အပြစ်မတင်တတ်ခြင်းနဲ့ ပေးဆပ်ခြင်းသက်သက်ကို ပုတုဇဉ် လူသားတွေအနေနဲ့ ဘယ်သူတွေကများ လုပ်ပေးနိုင်မှာလဲလို့....
တကယ်တော့ ကျွန်တော်လည်း အတူတူပါပဲ......
ကျွန်တော် နှစ်သက်ခဲ့တဲ့ ကုက္ကိုရိပ်ကလေးရနေအောင်....
ကုက္ကိုရိပ်ကလေးများ အများကြီးရရှိနိုင်စေဖို့..
(ကွန်ဆူးမား)(၇-၈-၂၀၁၃)
0 comments:
Post a Comment