ကျည်ဆံတစ်တောင့်က လူတစ်ယောက်ကိုပဲသတ်ပေမယ့် ဆိုးဆေးတစ်ထုပ်က. . .
Author: lubo601 |
10:51 PM |
No မှတ်ချက် |
Cloud Cuckoo Land shared Scientist Myanmar's photo.
အခုပြောမဲ့အကြောင်းကတော့ ဆိုးဆေးတွေအကြောင်းပါ။ဘာလို့ဒီအ ကြောင်းကို ပြောရတာလဲဆိုရင် ကျွန်တော်တို့နေ့စဉ်ဘ၀မှာ စားသောက်နေရတဲ့အစားအစာတွေမှာ ဆိုးဆေးတွေပါဝင်နေလို့ပါပဲ။ ဒီနေရာမှာ ဆိုးဆေးကို ပရိတ်သတ်များ အလွယ်တကူမြင်နိုင်တဲ့ဆိုးဆေးရှိသလို မမြင်နိုင်တဲ့ဆိုးဆေးတွေလဲရှိပါ တယ်။ဘာတွေလဲ
မျှစ်တွေကို ဆိုးဆေးအနီရောင်တွေ၊အ၀ါရောင်တွေ ဆိုးကြတာကို မြင်ဘူးကြပါလိမ့်မယ်။ဒါပေမယ့်အခုတင်ပြမယ့်အကြောင်းအရာတွေက ပရိတ်သတ်တွေ အလွယ်တကူ သတိမထားမိတဲ့ ဆေးဆိုးထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။
ပထမဆုံးစပြောရရင် ကျွန်တော် တို့နေ့စဉ်စားသုံးနေတဲ့  ၀က်သား၊ အမဲသား၊ ဆိတ်သားတွေအကြောင်း က စရပါလိမ့်မယ်။ဒီအသားတွေကို ဆိုးဆေးတွေဆိုးထားသလား??ဟုတ်ကဲ့ အင်းစိန်ရွာမမှာသားသတ်ရုံတွေရှိ ပါတယ်။အဲဒီသားသတ်ရုံတွေမှာ ဘယ်လိုသတ်ကြလဲဆိုတော့ သူတို့ကအရင်ဆုံး သွေးတွေကို ထုတ်ပါတယ်။နွားရဲ့လည်ပင်းကို ဓါးထက်ထက်နဲ့ အပေါက်သေးသေးလေးဖေါက်ပါတယ်။သွေး တွေပန်းထွက်လာတာပေါ့၊သွေးထွက်တာ နဲနဲနည်းသွားပြီဆို၇င် အပေါက်ကိုထက်ချဲ့ပါတယ်။ထွက်လာတဲ့ သွေးတွေနဲ့ ၀က်ဆိုလဲဝက်သွေးပေါ့၊အမဲဆိုလဲ အမဲသွေးခဲတွေလုပ်ပါတယ်။အသားတွေကို ခွာတဲ့အခါမှာ အသားတွေမှာ သွေးမကျန်သလောက်ပါပဲ။အဲဒီအသားဖြူဖြူတွေကို ဆိုးဆေးအနီတွေနဲ့ ဆိုးပါတယ်။အသားကရဲနေတော့လတ်ဆက် တယ်ပေါ့။သူတို့ကို ဘာလို့ဆိုးရတာလဲမေးတော့ ၀ယ်တဲ့သူတွေက အသားဆိုနီနေမှကြိုက်တယ်။ဖြူနေရင်မရောင်းရလို့ပါတဲ့။
နောက်တစ်ခုက ငါး။ပုဇွန်။
ငါးဒိုင်တွေမှာတော့ငါးတွေဝယ်လာတုန်းက ပါးဟက်တွေကနီနေပါတယ်။ဒါပေမယ့် အချိန်ကြာလာရင် ပါးဟက်တွေက မည်းလာပါတယ်။စဉ်းစားကြည့်ပါ သတ္တ၀ါတွေသေပြီးတာနဲ့ တဖြည်းဖြည်းအတွင်းကနေပုပ်လာမဲလာ တာပါပဲ။လူတောင်သေပြီးရင် အသားတွေမဲပြီး ခြောက်သွားတတ်တာ သဘာဝပဲလေ။ငါးသည်တွေဆီရောက်တဲ့အခါ ငါးတွေက ပါးဟပ်တွေမဲနေပြီ။ဒီတော့ဘာလုပ်လဲ။ငါးတွေရဲ့ပါးဟပ်ထဲကို ဆိုးဆေးအနီမှုန့်တွေ ပက်ထည့်ပါတယ်။ငါးကပါးဟက်လေးတွေနီနေတာပေါ့။ဝယ်တဲ့သူတွေကလဲ ငါးပါးဟက်ကို ဖြဲကြည့်ကြတယ်။နီနေမှ။ပြီးတော့အိမ်ရောက်တော့ရေဆေးတဲ့အခါ သွေးတွေထွက်တယ်လိုကထင်ကြတယ်။တကယ်တော့ဆိုးဆေးတွေအရည်ပျော်ကုန်တာ ပါ။
ပြီးတော့ပုဇွန်...ပုဇွန်ကို အပြာရောင်ဖြစ်အောင်ဆိုပြီး မဲနယ်တွေဆိုး၊တချို့က ဒုတ္တာတွေဆိုးသတဲ့။မဲနယ်ဆိုတာ သဘာဝဆိုပေမယ့်စားသုံးဖို့မသင့်ေ တ်ာပါဘူး။
ငံပြာရည်တွေမှာလဲ ဒုတ္တာတွေဆိုးထားတယ်ဆိုတာ ဟိုတစ်နေ့က သတင်းစာထဲမှာတွေ့လိုက်ရပါတယ်။
နောက်ထပ်အများကြီးရှိသေးတယ်။တစ် ခါကထားဝယ်သွားတုန်းက ဈေးထဲရောက်တာ အမဲရောင် ဆိုးဆေးအမှုန့်တွေရောင်း နေတာတွေ့လို့ ဘာလုပ်တာလဲလို့မေးကြည့်တော့"မုန့်ကုလားမဲ လုပ်တာ"တဲ့။ကောက်ညင်းင ချိပ်ကဈေးကြီးလို့ ရိုးရိုးကောက်ညင်းကို အမဲရောင်ဆိုးထားတာတဲ့။
ဆိုးဆေးတွေကို ဘယ်မှာဝယ်လို့ရလဲ။များသောအားဖြင်းဈေးထဲက ပရဆေးဆိုင်တွေမှာ အစုံဝယ်လို့ရပါတယ်။အင်းစိန်ဈေး စီရုံက ပရဆေးဆိုင်မှာ တထုပ်တစ်ရာနဲ့ ရောင်စုံရှိပါတယ်။ဇီးရောင်ယူမလား၊လိမ္မော်ရောင်ယူမလား။အရောင်စုံ ရသလို အနံ့အတု အရသာအတုတွေလဲရပါတယ်။အုန်းသီးအရသာရှိပါတယ်။အုန်းစိမ်းရည်အရသာပေါ့ ။သံပရာ၊ဇီး၊နာနတ်၊အစုံရှိသလို။ နာနတ်အနံ့တို့၊ဘာလီအနံ့တို့ အနံ့တွေလဲတော်တော်ရပါတယ်။ဒီလိုဆိုင်တွေ ရန်ကုန်မှာ ဒုနဲ့ဒေး။
ဟုတ်ပါပြီ။ဆိုးဆေးတွေစားတော့ဘြာ ဖစ်လဲ။ဆိုးဆေးတွေဟာ အရမ်းပြင်းထန်တဲ့အတွက် ခန္ဓာကိုယ်တွင်းရောက်ရင် အသည်းကိုထိခိုက်စေပါတယ်။အသည်ြးေ ခာက်တာ၊အသည်းကြွပ်တာတွေဖြစ်နိုင်ပါတယ်။ကင်ဆာရောဂါတွေအဓိက ဖြစ်ရတဲ့အကြောင်းက ဆိုးဆေးကြောင့်လဲပါတယ်လို့ ဆရာဝန်ကြီးတစ်ယောက်ကပြောဖူးပါတယ်။အခုဆိုမြန်မာနိုင်ငံမှာ ကင်ဆာဖြစ်ပွားတာ ခေတ်စားနေပါပြီ။ဟိုလူဆေးရုံတက်ရ တယ်။မေးလိုက်တော့ကင်ဆာ။ဒီလူဆေးရုံတက်ရတယ် မေးလိုက်တော့ကင်ဆာ။မြန်မာနိုင်ငံဟာ WHO ရဲ့ ကင်ဆာဖြစ်ပွားမှုနိုင်ငံများစာရင်းမှာ ဒုတိယနေရာမျာရှိပါတယ်။ဘယ်အချိန် ပထမနေရာရောက်လာမယ်မှန်းမသိတာမို့  ပရိတ်သတ်များအနေနဲ့ ဂရုပြုကြဖို့အချိန်ရောက်နေပြီဖြ စ်ပါကြောင်း
မောင်စိုင်း
(ကနောင်)
ယခုလက်ရှိဖြစ်ပွားနေတဲ့ ကြောက်စရာကောင်းတဲ့ပိုးသတ်ဆေးတွေအကြောင်းကို အလျဉ်းသင့်သလိုဖော်ပြပေးပါမည်။ပိုးသတ်ဆေးဖြန်းထားသော အသီးအနှံများစားမိပြီးချက်ချင်း သေဆုံးကြသည့်အကြောင်းတွေဖြစ်ပါသ ည်။
(မြန်မာနိုင်ငံစားသုံးသူကာကွယ်ေ ရးအဖွဲ့အား အထူးကျေးဇူးတင်အပ်ပါသည်။)
မျှစ်တွေကို ဆိုးဆေးအနီရောင်တွေ၊အ၀ါရောင်တွေ
ပထမဆုံးစပြောရရင် ကျွန်တော် တို့နေ့စဉ်စားသုံးနေတဲ
နောက်တစ်ခုက ငါး။ပုဇွန်။
ငါးဒိုင်တွေမှာတော့ငါးတွေဝယ်လာတ
ပြီးတော့ပုဇွန်...ပုဇွန်ကို အပြာရောင်ဖြစ်အောင်ဆိုပြီး မဲနယ်တွေဆိုး၊တချို့က ဒုတ္တာတွေဆိုးသတဲ့။မဲနယ်ဆိုတာ သဘာဝဆိုပေမယ့်စားသုံးဖို့မသင့်ေ
ငံပြာရည်တွေမှာလဲ ဒုတ္တာတွေဆိုးထားတယ်ဆိုတာ ဟိုတစ်နေ့က သတင်းစာထဲမှာတွေ့လိုက်ရပါတယ်။
နောက်ထပ်အများကြီးရှိသေးတယ်။တစ်
ဆိုးဆေးတွေကို ဘယ်မှာဝယ်လို့ရလဲ။များသောအားဖြင
ဟုတ်ပါပြီ။ဆိုးဆေးတွေစားတော့ဘြာ
မောင်စိုင်း
(ကနောင်)
ယခုလက်ရှိဖြစ်ပွားနေတဲ့ ကြောက်စရာကောင်းတဲ့ပိုးသတ်ဆေးတေ
(မြန်မာနိုင်ငံစားသုံးသူကာကွယ်ေ
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment