Friday, August 9, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၈)

သစ်ထူးလွင်



Posted: 09 Aug 2013 07:16 AM PDT

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၃)၊ မင်းကြီး မဟာမင်းခေါင်လမ်းနှင့် ဆိပ်ကမ်းသာ လမ်းထောင့်ရှိ သန့်သုခ သစ်ချောထည်စက်ရုံတွင် သြဂုတ် ၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်က လူလေးဦးသည် သစ်ခွဲသားတစ်ခုကို ပြိုင်တူသယ်ယူလာပြီး အောက်ချရာ သယ်ဆောင်လာသူ တစ်ဦး၏ လည်ပင်းကို သစ်ခွဲသားပြားနှင့် ရိုက်မိ၍ အသက် ၄၂ နှစ်အရွယ် စက်ရုံလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Aug 2013 06:34 AM PDT
နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စု ၀န်ကြီးတွေ၊ ဒုတိယ ၀န်ကြီးတွေ၊ ပြည်နယ် ၀န်ကြီးချုပ်တွေနဲ့ တွေ့ဆုံပြီး ပြည်နယ် အစိုးရတွေကို လုပ်ပိုင်ခွင့် ပိုပေးဖို့ ကိစ္စအပါအ၀င် ဦးစားပေး လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ဒီနေ့ ညွှန်ကြား ခဲ့တယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ဒီဗွီဘီကို ပြောပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်တာအပြင် ပြည်ထောင်စု အစိုးရရဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအပေါ် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဦးရဲထွဋ်ကို မေးမြန်းထားပါတယ်။ by ​အေး​နိုင်  (ဒီဗွီဘီ)



ဦးရဲထွဋ်

Posted: 09 Aug 2013 06:30 AM PDT

ရန်ကုန် တောင်ပိုင်းခရိုင်၊ သုံးခွမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ခန်းမတွင် 8-8-2013 ရက်နေ့တွင် ၈၈၈၈အရေးတော်ပုံ တိုက်ပွဲဝင်ခဲ့ကြသော အညတြ သူရဲကောင်းများ အောက်မေ့ဘွယ်နှင့် ငွေရတု အခမ်းအနားကျင်းပရာ အခမ်းအနားမှူးအဖြစ် ဦးချစ်ကို(အမေ့အိမ်)မှ ဆောင်ရွက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သုံးခွမြို့နယ် ဥက္ကဌ ဦးဝင်းမြင့်မှ အဖွင့်အမှာ စကား ပြောကြားရာမှာ  ၈၈၈၈အရေးတော်ပုံမှ မွေးဖွားလာခဲ့သည့် နိုင်ငံဖြစ်စဉ်များ အပေါ်ကျေးဇူးတင်ရှိ ကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အလုပ်အမှုဆောင်နှင့် နိုင်ကျဉ်းဟောင်း ဦးတင်ဝင်းမှ ၈၈၈၈ အရေးတော်ပုံအတွင်း တက်ကြွစွာ ပါဝင် ခဲ့ကြသည့် အညတြသူရဲကောင်းများ အကြောင်းကို ပြောကြား ဂုဏ်ပြုခဲ့ပါသည်။

အမေ့အိမ် ပညာဒါနကျောင်း ကျောင်း စီမံအုပ်ချုပ်မှု ကော်မတီမှ ဆရာကြီးဦးကြည်လှ ကလည်း  အရေးတော်ပုံ သမိုင်းကြောင်းနှင့် မျိုးဆက်သစ်လူငယ်များ၏ အနာဂါတ် နိုင်ငံရေး ပုံစံသစ်များအား မိန့်ကြားခဲ့ပြီး လူငယ်မျိုးဆက်သစ်များမှ ဂုဏ်ပြုလက်ဆောင်ပေးအပ် ဂုဏ်ပြုခဲ့ပြီး ကျဆုံးရဲဘော်များအား ရည်စူး၇်ျ ဆွမ်းဆက်ကပ်လှူဒါန်း အမျှဝေ ခဲ့ပါသည်။

by Myanmar News Now

သုံးခွမြို့ မှာ ၈၈၈၈ အရေးတော်ပုံ ငွေရတုနှင့် အညတြသူရဲကောင်းများ အောက်မေ့ဘွယ် အခမ်းအနားကျင်းပ

Posted: 09 Aug 2013 06:19 AM PDT

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က အမေရိကန်သံတမန်အများစု မြို့ကနေထွက်ခွာကြဖို့ အမေရိကန်အစိုးရက အမိန့်ပေးလိုက်ပါတယ်။ လာဟိုးရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ခြိမ်းခြောက်မှု လုပ်တဲ့အတွက် မရှိမဖြစ် အရေးပေါ် ဝန်ထမ်းတွေက လွဲလို့ ရုံးကို စွန့်ခွာကြဖို့ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လာဟိုးရှိ လက်ကျန်အမေရိကန်တွေလည်း ခရီးသွားလာမှု ကန့်သတ်သင့်ကြောင်း ကန်အစိုးရ သတိပေး။

Posted: 09 Aug 2013 05:30 AM PDT

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်းကလေး ရဲကင်းတာဝန်ကျ ရဲတပ်သား ချမ်းငြိမ်းသူက လက်ထပ်ခွင့် မတင်ခြင်းနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲစခန်းမှူးက လက်သီးဖြင့် ထိုးကြိတ်ခဲ့မှုကို သြဂုတ်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနထံသို့ တိုင်ကြားခဲ့ကြောင်း ရဲတပ်သား ချမ်းငြိမ်းသူ၏ဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Aug 2013 05:20 AM PDT

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အုန်းတော ဒုက္ခသည်စခန်းမှာ ဒီနေ့ မနက်ပိုင်းက ရဲကင်းနဲ့ လုံခြုံရေး အဆောက်အဦ တချို့ မီးရှို့ခံလိုက်ရ ပါတယ်။ မွတ်စလင် ဒုက္ခသည်တွေနဲ့ ရဲတပ်ဖွဲ့ ဝင်တချို့ ပဋိပက္ခဖြစ်ပွားရာက စတင်ခဲ့တာလို့ ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဒီဗွီဘီကို ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးဝင်းမြို့ကို ဆက်သွယ် မေးမြန်းထား ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရဲစခန်း မီးရှို့ မှု လူစုခွဲရာ ဘင်္ဂလီ (၄)ဦးသေဆုံးပြီး တစ်ချို့မှာ ဒဏ်ရာရ  - ဓါတ်ပုံ (RSV)

Posted: 09 Aug 2013 05:13 AM PDT

စစ်တွေမြို့နယ် ၊ အုန်းတောကြီး ဒုက္ခသည်စခန်းတွင် ဧရိယာဝင်းမှ အရာရှိရုံးထိုင်အဆောင်၊ ကင်းစောင့်ရုံ၊ အခြားအဆောင်နှစ်ခု စုစုပေါင်း (၄)ဆောင် မီးလောင်းသွားကြောင်း သိရှိရပြီး အစိုးရမှ သေနပ်ဖောက် လူစုခွဲမှုကြောင်း ဘင်္ဂလီ (၄)ဦးသေဆုံးပြီး တစ်ချို့မှာ ဒဏ်ရာရရှိပြီး အရေးပေါ်ကျန်မာရေး စောင့်ရှောက်မှုများ ပြုလုပ်ထားရကြောင်း သိရှိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အုန်းတော ဒုက္ခသည်စခန်း နောက်ဆုံးရ သတင်းဓာတ်ပုံ
ဘင်္ဂလီ (၄)ဦးသေဆုံး

ဘင်္ဂလီ (၄)ဦးသေဆုံးပြီး တစ်ချို့မှာ ဒဏ်ရာရ



Posted: 09 Aug 2013 05:00 AM PDT

မိုးသည်းထန်စွာ ရွာသွန်းရာမှ ရေကြီးနစ်မြုပ်၍ တောင်ပြို လမ်းပိတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု ရပ်နားထားသော မြဝတီကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုများ ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း ယင်းစခန်း၏ ဒုတိယတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိန်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Aug 2013 04:57 AM PDT

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး
၊ ပြည်မြို့ ရွာဘဲနယ်မြေအတွင်း အသက် ၁၅ နှစ်နှင့် ၁၉နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် လူကုန်ကူးခဲ့သူဟု သံသယရှိသူ သုံးဦးအား တရားစွဲ တင်နိုင်ရေး အတွက် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ပြည်ခရိုင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှုး (ရုံးခွဲ) က စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Aug 2013 03:35 AM PDT

ယနေ့ ၉ . ၈ .၂၀၁၃ တွင် ရခိုင်ပြည်နယ် သံတွဲမြို့ နယ်တရားရုံးတွင် အံတော်မြို့သစ် မီးလောင်မှုအား ရုံးထုတ်ရာ မည်သည့် စစ်ဆေးမှုမှ မပြုလုပ်ဘဲ (၂၁.၈.၂၀၁၃)နေ့သို့ ပြန်ချိန်းသည့် အတွက် ရောက်ရှိလာသော ရာနှစ်ချီတဲ့ လူထုပရိသတ်က မကျေနပ်သည့် အတွက် အနည်းငယ်မငြိမ်မသက် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မတရားဖမ်းဆီး ခံရတဲ့ သံတွဲမြို့သူမြို့သားများကို ခု ချက်ခြင်းလွှတ်ပေးဟု ယနေ့  တောင်းဆိုနေကြစဉ်



Posted: 09 Aug 2013 03:09 AM PDT

ရခိုင်ပြည်နယ် စစ်တွေမြို့ တစ်မြို့လုံးကို လျှပ်စစ်မီး ပေးနေသော ဖိုးသီးချို ကုမ္ပဏီက(၂၀၁၃)ခုနှစ်သြဂုတ်လ(၈)
ရက် နံနက်ပိုင်းတွင် လျှပ်စစ်မီးဖြတ် တောက်ထားကြောင်း သိရသည်။ ယခုလို မီးဖြတ်တောက်ရခြင်းသည် (၂၀၁၃)ခုနှစ် သြဂုတ်လ(၇)ရက်နေ့က ကျင်းပသောညှိနှိုင်း အစည်းအဝေးတွင်  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Aug 2013 03:00 AM PDT

ကလေးတွေ ကျန်းမာရေး ထိခိုက်နိုင်တာကြောင့် နိုင်ငံခြားမှာ Dumex နိုမုန့်တွေကို ပြန်သိမ်းယူ နေတာနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံက မိဘတွေမှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဦးရဲဝင့်သူ တင်ဆက်ထားပါတယ်။ DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 09 Aug 2013 02:56 AM PDT

သြဂုတ်လ ၁၁ ရက်နေ့ထုတ် Reporter News Journal Issue - 32

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Aug 2013 02:53 AM PDT

သြဂုတ်လ(၉)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Aug 2013 02:38 AM PDT

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့သို့ နေ့စဉ် ဖြတ်သန်း ခုတ်မောင်းလျက် ရှိသော ခင်ဦး-မုံရွာ ခရီးသည်တင် လော်ကယ် ရထားကြီးပေါ်၌စီးနင်း လိုက်ပါလာသော ခရီးသည် အချို့သည် ထိုင်ခုံများ ပေါ်တွင် စနစ်တကျ ထိုင်၍ လိုက်ပါခြင်း မရှိဘဲ ခရီးသည်များအတက်၊ အဆင်း ပြုလုပ်သည့် တံခါးမကြီး အဝ၌ ထိုင်၍ လိုက်ပါနေသဖြင့် ဘေးအန္တရာယ် ဖြစ်ပေါ် လာမည်ကို စိုးရိမ်လျက် ရှိကြောင်း ဗိုလ်အောင်ဇေယျ ရပ်ကွက်နေ ရပ်မိရပ်ဖ တစ်ဦးက ပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Aug 2013 02:39 AM PDT
ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ် အောက်ဘက် ရှောက်ချောင်း ကျေးရွာ အုပ်စု ရေချို ရေငန်စပ်သော ဆင်မဝဲချောင်း ကျေးရွာအနီး ဆန်းသစ်ကျေးရွာ ချောင်းကမ်းစပ်၌ ယမန်နေ့ နံနက် ၉နာရီက မိကျောင်းသုံးကောင် သွားလာလှုပ်ရှား နေကြောင်း ဒေသခံ ပြည်သူ များနှင့် ရေလုပ်သားများက တွေ့ မြင်ခဲ့ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Aug 2013 02:33 AM PDT

မြန်မာနိုင်ငံ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Mya North ခေါ် အနောက်ဘက် မြ သဘာဝဓါတ်ငွေ့ လုပ်ကွက်ကနေ ဓာတ်ငွေ့တွေ စတင်ထုတ်ယူနေပြီလို့ တောင်ကိုရီးယား ဒေ၀ူးကော်ပိုရေးရှင်းက ပြောပါတယ်။ မြ သဘာဝဓါတ်ငွေ့ တွင်း (၄ )တွင်းကို မနှစ်က တူးခဲ့တာဖြစ်ပြီး စုစုပေါင်း တစ်ရက်ကို ဓါတ်ငွေ့ ကုဗပေ သန်းပေါင်း (၁၂၀) ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Aug 2013 02:29 AM PDT

ချင်းတောင် ဒေသ ဖလမ်း၊ ဟားခါး၊ တီးတိန် မြို့နယ်များနှင့် ဆက်သွယ်သွား လာရသည့် ကားလမ်းတစ်လျှောက် တွင် မိုးအဆက်မပြတ်ရွာ သဖြင့် တောင်ပြို လမ်းပိတ်မှုများ မကြာ ခဏဖြစ်ပေါ်လျက်ရှိကြောင်း သိ ရသည်။ ယခုရက်ပိုင်း ချင်းတောင် တောင်ပြိုကျသည့်နေရာများမှာ ကလေးမြို့နှင့် မိုင်၃ဝဝေးသော သိုင်းငင်းထမင်းစားစခန်းရွာ အ ကြား ကားလမ်းနေရာတွင်လည်း ကောင်း၊  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Aug 2013 02:26 AM PDT

၂၅နှစ်မြောက် ရှစ်လေးလုံး ငွေရတုဂုဏ်ပြုလမ်း လျှောက်ပွဲတွင် ပါဝင်လမ်းလျှောက် ခဲ့သူများကို ဖြတ်သန်းရာလမ်း တစ်လျှောက်ရှိမြို့နယ် ခြောက်ခု မှ ပုဒ်မ ၁၈ဖြင့် အရေးယူထား ကြောင်း သိရသည်။  ယနေ့ နံနက် ၉နာရီတွင် စမ်းချောင်းမြို့နယ်၊ ဟံသာဝတီ အဝိုင်းအနီးမှ လူဦးရေ ၅ဝခန့်မှ စတင်ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရှစ်လေးလုံးငွေရတု ဂုဏ်ပြု လမ်းလျှောက်သူများအား တွေ့ရစဉ် ။ ဓာတ်ပုံ - ကျော်ဇေယျ

Posted: 09 Aug 2013 01:59 AM PDT

ရေနံချောင်း အထက (၁) တွင် သိမ်းဆည်းထားသည့် ဗိုလ်ချုပ်အောင် ဆန်း၏ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ယူဆောင်သွားခြင်းကိစ္စ ဂယက်ရိုက်လျက်ရှိသည်။ (၆၆)နှစ်မြောက် အာဇာနည်နေ့ညတွင် ဦးခင်အောင်မြင့် နတ်မောက်ရှိ ဗိုလ်ချုပ်ငယ်စဉ်ကနေအိမ် (ယခု ပြတိုက်) သို့ သွားရောက် ကြည့်ရှု ပုံနှင့် ဗိုလ်ချုပ်ပညာ သင်ကြားခဲ့သည့် ရေနံချောင်းအထက(၁)သို့ သွားရောက် ခဲ့ပုံများကို မြန်မာ့ရုပ်သံက ထုတ်လွှင့် ပြသသွားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Aug 2013 01:53 AM PDT

မန္တလေး၊ သြဂုတ်၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးတွင် ခေါင်းမူးမေ့တတ်သည့် ဝေဒနာ ခံစားနေ၍ ဆေးဝါး ကုသမှု ခံယူနေသည့် သံဃာ တစ်ပါးသည် သြဂုတ်လ ၆ ရက်နေ့ နံနက် ၃ နာရီ ခန့်က ဆေးရုံ အိမ်သာအတွင်း လေးပေအမြင့် သစ်သားတန်းရှိ သံကွင်းတွင် သင်္ကန်းခါးပန်းကြိုးကို ချိတ်ဆွဲ၍ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဆိုပါ သေဆုံးသူသည် ဦးသောဘန (ခ) ဦးမြင့်သိန်း ၃၅ နှစ် ဝါတော် ၂ ဝါ ဖြစ်ပြီး ဝမ်းတွင်းမြို့နယ် သိမ်တောင် ကျောင်းတိုက်မှ ဖြစ်ပြီး မိတ္ထီလာမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၃/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ထပ်မံ သိရသည်။

The Voice Weekly

Posted: 09 Aug 2013 01:49 AM PDT

ရေကြီးနစ်မြုပ်မှုများနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သည့် ပြည်တွင်း ဆန်ဈေး မြင့်တက်မှုများကို ကာကွယ်နိုင်ရန် ဆန်ကုမ္ပဏီများက ဆန်အိတ်ရေ ခြောက်သောင်းကျော်ကို ဈေးကွက်ပေါက်ဈေးအောက် ဈေးလျှော့ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Aug 2013 02:12 AM PDT

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံကိုပြင်ဆင်ရန် ကြောက်မနေသင့်ဟု သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ လူတွေက လုပ်ထားတဲ့ အရာတစ်ခုပါ။ အဲဒါကို ကျွန်မတို့က မကိုင်ရဲဘူး မထိရဲဘူး ဆိုလို့ရှိရင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သြဂုတ်လ ၈ ရက်နေ့က မြန်မာကွန်းဗင်းရှင်းစင်တာ (MCC) မှာ ကျင်းပတဲ့ ၈ လေးလုံး အရေးတော်ပုံကြီး ငွေရတု နှစ်ပတ်လည်အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ မိန်းခွန်းပြောကြားစဉ်။ ဓါတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ

Posted: 09 Aug 2013 01:40 AM PDT

အာဏာပိုင်နှင့် သူတို့မိသားစုများ၏ ပိုင်ဆိုင်မှုစာရင်းများကို လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်က တောင်းသည့်အခါ မပေးလျှင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သြဂုတ်၈ရက်က ပြဋ္ဌာန်းလိုက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Aug 2013 01:35 AM PDT

၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြို
င်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ် နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း သိရှိရသဖြင့်လိုက်သွားခဲ့ရာ ညီဖြစ်သူတွင် ၀ဲနံရိုးကြား ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲဘက်ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို
တွေ့ရှိခဲ့ ရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...