Saturday, February 16, 2013

ဆံစ မှ ခြေဖျားထိ ဝေါဟာရများ အပိုင်း- ၆ (Mouth)

ဆံစမှ ခြေဖျားအထိ ဝေါဟာရအသုံးအနှုန်းများတွင် ယခုတစ်ပတ်အတွက် ပါးစပ်(Mouth)နှင့် ပတ်သက်သော ဝေါဟာရအသုံးအနှုန်းများကို ဆက်လက်မျှဝေလိုက်ပါသည်။

ပါးစပ်(Mouth)ကို နာမ်(noun)အဖြစ်သုံးသော အသုံးအနှုန်းများ
Open your mouth wide and say "Ah".(မင်းပါးစပ်ကို ကျယ်ကျယ်ဟပြီး “အ” လို့အော်လိုက်)
You shouldn't put so much food in your mouth at once. (အစားအသောက်ကို တပြိုင်တည်း အများကြီး ပါးစပ်ထဲ မထည့်သင့်/ မစားသင့်ဘူး)
He had a cigarette in his mouth. (သူက ပါးစပ်မှာ စီးကရက် ခဲထားတယ်)
Don’t talk with your mouth full. (မင်းစကားပြောရင် ပါးစပ်နဲ့ မဆန့် မပြောပါနဲ့။)
Every time I open I mouth (I speak) he contradicts me. (ကျွန်တော် စကားပြောတိုင်း သူကတော့ ကျွန်တော့်ကို အမြဲတမ်း ဆန့်ကျင်တယ်။)

The mouth of a cave (လှိုဏ်ဂူ အဝ)
A decorative pattern rounds the mouth of the mouth. (အိတ်ရဲ့ အဝမှာ အလှအပ ပုံစံများဖြင့် ပတ်လည် တန်ဆာဆင် ထားသည်)
We are sailing into the mouth of the Ayayarwady. (ကျွန်တော်တို့ တစ်တွေ ဧရာဝတီမြစ်ဝ ဆီသို့ ရွက်လွှင့်ကြသည်)

*****************************************************************************
ပါးစပ်(Mouth)ကို ကြိယာ(verb)အဖြစ်သုံးသော အသုံးအနှုန်းများ
mouth/ mouthed/ mouthed/ mouthing = တီးတိုးရေရွက်သည်၊ (တွေ့ကရာ)  ရမ်းသမ်းရေရွက်သည်။

‘Thank you’, she mouthed. (“ကျေးဇူးတင်ပါတယ်” လို့ သူမက ပါးစပ်လှုပ်ရုံလေား ပြောခဲ့တယ်)
It looks to me as if the singers are only mouthing the words. (ကျွန်တော့် အတွက်တော့ အဆိုတော်က ပါးစပ်လှုပ်ရုံလေး ဆိုသွားတဲ့ ပုံပေါက်တယ်)
Don't want to stand here listening to you mouthing excuses. (သူရဲ့ မဟုတ်မှန်တဲ့ ဆင်ခြေတွေကို နားထောင်ဖို့ ဒီအနားမှာ မနေချင်တော့ဘူး) (= saying in a way that is not sincere)
This clergyman mouths platitudes in breathy, soothing tones. (ခရစ်ယာန် ဘုန်းတော်ကြီးသည် ချမ်းမြေ့စေသော စကားများကို အသက်ပြင်းပြင်းရှုကာ ထပ်ကာထပ်ကာ ရေရွတ်သည်)

*****************************************************************************
ပါးစပ်(mouth)နှင့် ပတ်သက်သော အီဒီယမ် အသုံးအနှုန်းများ
Be all mouth [IDM]  - အပြောသက်သက် အလုပ်မပါ
He says he's going to complain to the manager, but I reckon he is all mouth. (သူက မန်နေဂျာကို ကွန်ပလိန်းတက် တော့မယ်လိုတော့ ပြောတာပဲ၊ ကျွန်တော့် ထင်တာတော့ အပြောသက်သက်ပါ တကယ်လုပ်မှာ မဟုတ်ပါဘူး)
make sb’s mouth water [IDM]  - သွားရည် ကျစေသည်
The smell of that fish cooking is making my mouth water. (ဒီ ငါးချက်တဲ့ အနံ့က ကျွန်တော့်ကို သွားရည်ကျ စေသည်)
mouth to feed [IDM]  - တစ်စုံတစ်ယောက် အထူးသဖြင့် ကလေးငယ်ကု ကျွေးမွေး စောင့်ရှောက်ခြင်း
How can they afford another mouth to feed? (နောက်ထပ် ကလေးတစ်ယောက်ကို သူတို့ ဘယ်လိုများ ကျွေးမွေး စောင့်ရှောက်ကြမှာလဲ?)
give mouth (of a dog) [IDM]  - ကိုက်သည်
When the scent is struck, the dogs give mouth. (အနံ့ရသောအခါ ခွေးက ကိုက်လိုက်သည်)
open one's mouth [IDM]  - ပြောသည်
Sorry, I’ll never open my mouth about you again. (တောင်းပန်ပါတယ်၊ မင်းကို ဘယ်တော့မှ ငါထပ်မပြောတော့ပါဘူး)
watch one's mouth [IDM]  - သူတစ်ပါး စကားကို ဂရုစိုက်သည်
You’d better watch your mouth, mate. (မင်းသူငယ်ချင်းပြောတာကို ပိုဂရုစိုက်သင့်တယ်)
keep in the mouth [IDM]  - စိတ်မချမ်းသာ၊ ဝမ်းနည်း ပန်းနည်း

keep one’s mouth shut [IDM] (infml) – ပါးစပ်ပိတ်ထား
You would better keep your mouth shut. (မင်းပါးစပ်ကို ပိတ်ထားဖို့ကောင်းပြီ)
*****************************************************************************
အခြား အသုံးအနှုန်းများ
born with a silver spoon in  your  mouth - ရွှေဇွန်းကိုက်ပြီး မွေးလာသည်

be foaming at the mouth - အလွန်ဒေါသထွက်စေသည်

put  your  foot in  your  mouth - တစ်စုံတစ်ယောက်ကို ရှက်ကိုး ရှက်ကန်းဖြစ်သည်၊ ကသိကအောက်ဖြစ်သည်၊ စိတ်ဆိုးသည်
I really put my foot in it with Mary. I had no idea she was divorced. (ကျွန်တော် မေရီကို အမှန်တကယ်ပဲ စိတ်ဆိုးတယ်၊ သူ့ကို ကျွန်တော် လမ်းခွဲဖို့ စိတ်ကူးမရှိခဲ့ဘူး)

live (from) hand to mouth - လက်လှုပ်မှ ပါးစပ်လှုပ်၊ တစ်နေ့လုပ်မှ တစ်နေ့စား၊ လက်လုပ် လက်စား
My father earned very little and there were four kids, so we lived from hand to mouth. (အဖေ့ဝင်ငွေက တော်တော်နည်းတယ်၊ ပြီးတော့ ကလေးက ၄ ယောက်ဆိုတော့ ကျွန်တော်တို့ဘဝက လက်လုပ် လက်စားတွေပါ)

one’s  heart  in  one’s  mouth - အလွန် စိတ်လှုပ်ရှား ရင်ဖိုသည်၊ စိုးထိတ်သည်၊ ကြောက်ရွံ့သည်။
My heart was in my mouth when I opened the letter. (စာကို ဖွင့်နေတဲ့ အချိန်မှာ ကျွန်တော် တော်တော် စိတ်လှုပ်ရှား ရင်ဖိုနေတယ်)

leave a bad taste in  your  mouth - ခါးသီးသော အတိတ် အကြောင်း
We all felt he'd been treated very unfairly and it left a bad taste in our mouths. (ကျွန်တော်တို့အားလုံး မမျှတ တာတွေခံစားခဲ့ရတော့ အဲဒါတွေက ကျွန်တော်တို့မှာ ခါးသီးတဲ့ အတိတ်တွေ ကျန်နေခဲ့တယ်)

shoot  your  mouth off - မရပ်မနား အထိန်းအကွပ်မဲ့ ပြောသည်
Ma Ma likes shooting his mouth off about  other people's affairs. (မမက သူများအကြောင်းကို မရပ်မနား တရစပ် ပြောရတာကို ကြိုက်တယ်)

*****************************************************************************

mouth - to - resuscitation (n) – ပါးစပ်ချင်းတေ့ကာ ကူညီ အသက်ရှုနည်း

mouth watering (adj)– သွားရည်ယိုစရာကောင်းသော
mouth watering food (သွားရည်ယိုစရာ ကောင်းသော အစားအစာ)

mouthful (n) – တစ်လုပ်စာ၊ တစ်ငုံစာ
a mouthful of soup (စွပ်ပြုတ် တစ်ငုံစာ)
He ate the cake in two mouthfuls. (သူ ကိတ်မုန့်ကို နှစ်လုပ်တည်းနှင့် ကုန်အောင် စားလိုက်သည်)

mouth-organ (n)– ဘာဂျာ

mouth piece (n) – တယ်လီဖုန်း စကားပြောခွက်၊ လေမှုတ်တူရိယာများ၏ တံပွတ်

mouth wash (n) – ခံတွင်းသန့်ဆေးရည်


*****************************************************************************


အောင်ကိုဦး(UMK)
Phone: (95) 9 421752568

Read more: ဆံစ မှ ခြေဖျားထိ ဝေါဟာရများ အပိုင်း- ၆ (Mouth) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A805820&xgs=1&xg_source=msg_share_topic#ixzz2KqvANVPs

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...