Tuesday, February 12, 2013

တိုက်ကြသည် Hack ကြသည် ဆိုရာဝယ်....

by Lu Cifer on Sunday, February 10, 2013 at 12:52am ·



ခုရက်ထဲ Eleven Media နဲ့ တချို့ပုဂ္ဂလိက Media Site တွေအပြင် အစိုးရ site တချို့လဲ DDos နဲ့အတိုက်ခံရ Hack ခံရတာတွေ ကြားသိလာရပါတယ်။





ကျနော်ကြားသိသလောက်တော့ တချို့ Hacker များသည် Cooperate များ၊ Business Company များ၊ အစိုးရဌာနများ၏ မတရားမှုရှိနေသော လျို့ဝှက်ဖိုင်များကို အများပြည်သူသိရှိလာအောင် ထိုးဖေါက်ဖေါ် ထုတ်ကြသော အုပ်စုများ။




တချို့ Hacker များကတော့ ကုမ္ပဏီများ၏ စီးပွားရေး စီမံကိန်း အချက်အလက်များကို ပြိုင်ဘက် ကုပ္မဏီများကို လွှဲပြောင်းရောင်းချကြသော အုပ်စုများ။



တချို့ကတော့ ကုလားကာနောက်ကွယ်မှ နိုင်ငံတခုခုရဲ့ အဖွဲ့အစည်းလက်အောက်ခံ စနစ်တကျ ငွေကြေး သင်တန်းပံ့ပိုးပေးပြီး ပြိုင်ဘက် နိုင်ငံရဲ့ အရေးကြီးတဲ့ site တွေကို တိုက်ခိုက်ကြသော အုပ်စုများ။ (ဥပမာ- တရုတ်၊ မြောက်ကိုရီးယား Hacker အုပ်စုများ)



မည်သို့သော Hacker အုပ်စုများ ရှိကြသည်ဖြစ်စေ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် သက်ရောက်မှုတခုခုရှိလာဖို့ အားထုတ်နေကြသူများဖြစ်လို့ ကောင်းသည်ဆိုးသည် မပြောလိုပါ၊ ကိုယ်ထားရှိသော စိတ်စေတနာအပေါ်မူတည်ပြီး အလုပ်ရဲ့အကျိုးကျေးဇူးကို ရရှိလာမှာပါ။



ခုလောလောဆယ် Voice Weekly သတင်းဂျာနယ် Fan Page ကို Hack သော ပုဂ္ဂိုလ်လေးများကတော့ အတော်ဟာသ မြောက်ပါပေတယ်။
ဘောလုံးစကားနဲ့ပြောရရင်တော့ ကိုယ့်ဂိုးကိုယ် တဒိုင်း ဒိုင်းပြန်သွင်းနေသော Striker လေးများကို ကြက်ဥရေနွေးစိမ်နှင့် သံပရာရည်ဖျော်ပြီး ဂုဏ်ပြုဖို့ထိုင်ကြည့်နေရပေတော့သည်။

နိုင်ငံတော်အဖွဲ့အစည်းတခုကိုလဲ ကိုယ်စားပြု အထင်အမြင်ကောင်းစေချင်၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှု အငြိုးအတေးလေးများလဲ မသိုဝှက်နိုင်၊ မခိုင်လုံသော အတင်းအဖျင်းတို့သာ ရေးသားနေတော့သဖြင့် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ကိုယ့်အဖွဲ့အစည်းအား အများအထင်အမြင်သေးအောင် မရည်ရွယ်ပဲလုပ်သကဲ့သို့ ဖြစ်နေတော့ပါတယ်။

Voice Weekly သတင်းဂျာနယ် Fan Page ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်၊ ရှက်ပြီးပြန်မဖြုတ်ချသေးခင် အထိပေါ့ဗျာ။


မှတ်ချက်။  ။ Voice Weekly သတင်းဂျာနယ်ကို ထိခိုက်လိုသော သဘောမပါပါ။

Lucifer
10/02/2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...