Tuesday, February 19, 2013

ဤကား မြန်မာဗီဒီယို လောကနီတိ ဖြစ်ပါသတည်း။ မှတ်လော့

ပထွေးနေရာတွင် အောင်ခိုင် စိုင်းအောင်တင့် ဆိုပါက မင်းသမီး ပိပိရိရိနေသော်လည်း မုဒိမ်းမှုကျိန်းသေဖြစ်မည်။
သို့သော် ဘယ်သောအခါမှ အထမမြောက်ပါ
ကယ်တင်ရှင်အမြဲပေါ်လာသည်။
ပထွေးနေရာတွင် မင်းသားဆိုပါက မယားပါသမီးနှင့် မီးပျက်သောညတွင် နှစ်ယောက်တည်းနေပါသော်လည်း ဘာမှမဖြစ်နိုင်ပါ
သို့သော် လူတိုင်းက အထင်လွဲမည်
. . .
မိထွေးနေရာတွင် ခင်မို့မို့အေး စံပါယ်မိုးတို့ ဆိုပါက သေချာပေါက် အကောက်ကြံမည်ဖြစ်သော်လည်း
အခြားမင်းသမီးကြီးဆိုပါက အမေအရင်းထက်ပင် ကောင်းနိုင်သည်
ထို့ကြောင့် သင့်မိဘ နောက်အိမ်ထောင်ပြုပါက စိုင်းအောင်တင့် အောင်ခိုင် ခင်မို့မို့အေး စံပါယ်မိုး တို့နှင့် ရုပ်ဆင်သောသူများကို သဘောမတူသင့်ပါ
ရန်အောင် ရဲအောင် မို့မို့မြင့်အောင် တို့နှင့် ရုပ်ဆင်သောသူများကိုသာ အထူးအားပေး သဘောတူသင့်သည်။
. . .
သားသမီးနေရာတွင် မှဲ့ကြီးတို့အဖွဲ့ ဖြစ်ပါက သေချာပေါက် မိဘကျေးဇူးကန်းမည် ဖြစ်သော်လည်း
မင်းသား မင်းသမီး ဆိုပါက ပေတေဆိုးသွမ်းစေကာမူ မိဘကျေးဇူးကို အထူးသိတတ်သူဖြစ်လာမည်
ထို့ကြောင့် မိဘများအနေနှင့် သားသမီးရုပ်ကို အထူးဂရုစိုက်ပါ
ကြီးလာလေလေ မှဲ့ကြီး စံပါယ်မိုး တို့ ရုပ်နှင့်ဆင်လာပါက စောစောစီးစီး အိမ်ပေါ်မှ မောင်းချထားသင့်သည်။
. . .
အစပိုင်း ရန်အလွန်ဖြစ်နေပါက နောက်ပိုင်းညားရန် သေချာသလောက် ဖြစ်သည်
ထို့ကြောင့် ရပ်ကွက်ထဲမှ ရန်အလွန်ဖြစ်သူများကို ဘိသိတ်ဆရာက ကြိုစရန်ရိုက်ထားသင့်သည်။
. . .
နှစ်ဘက်လူကြီးများ ဆုံတွေ့ပါက ငယ်သူငယ်ချင်း ငယ်ချစ်များ ရည်းစားလုဘက်များ ဖြစ်နေတတ်သည်
ထို့ကြောင့် လူငယ်များအနေနှင့် နှစ်ဘက်လူကြီးများဆုံတွေ့ပါက ပြေးပေါက်ကြိုရှာထားပါ
. . .
အသက်ကြီးယောက်ျားများမှာ မုဆိုးဖို တခုလပ်တို့ ဖြစ်တတ်သော်လည်း သူနှင့်တွဲရမည့် မင်းသမီးကြီးများမှာ 100% ရေမရောသော အပျိုကြီးများသာ ဖြစ်သည်
တခုလပ် တလင်ကွာ ဆိုသည်နှင့် ထိုဇာတ်ကောင်မှာ လူကြမ်းဖြစ်ရန် ၉၀ရာနှုန်းသေချာသည်။
. . .

XD XD
Credit to Ko Ko Oo
Ref>>ဟာသကမ္ဘာ (Funny World)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...