Thursday, February 7, 2013

၂၀၀၈ ဖွဲ့စည်းပုံဟာ ....

၂၀၀၈ ဖွဲ့စည်းပုံဟာ လုံးဝ ပြည့်စုံ ကောင်းမွန်တဲ့ အခြေခံဥပဒေမဟုတ်ဘူးဆိုတာ သေခြာဖတ်ကြည့်ဘူးသူတိုင်း သဘောပေါက် နားလည်ကြပါတယ်..... အထူးသဖြင့် မြန်မာနိုင်ငံရေးမှ အနားယူသွားတဲ့ ဦးသန်းရွှေအတွက် နောက်ကြောင်း ဖြောင့်ဖြောင့်တန်းတန်းရှိအောင် ထားခဲ့တဲ့ အချက်တွေ အများကြီးပါ..... ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သေခြာဖတ်ဖူးသူတိုင်း ပြင်ရမယ့်အချက်တွေ တော်တော်များတာကို သတိပြုမိကြပါလိမ့်မယ်....

ဒါပေမယ့် အခုလက်ရှိ လူတွေသိအောင် မီးမောင်းထိုးလာတဲ့ အချက်က ပုဒ်မ ၄၄၅ ဖြစ်ပါတယ်.... ပုဒ်မ ၄၄၅ ဟာ ယခင်က န၀တ၊ နအဖ လက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများအား တရားစွဲဆိုခြင်းမပြုရန် ဆိုတဲ့အချက်ဖြစ်ပါတယ်.... သို့သော အချို့သော ၀ါဒဖြန့်အကောင့်များဟာ ၂၀၀၈ ဖွဲ့စည်းပုံက ပုဒ်မ ၄၄၅ ဟာ ယခုလက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်များနဲ့ပါ သက်ဆိုင်နေသယောင် ဖြစ်ရပ်များကို ရောထွေးပြီး ၀ါဒဖြန့်ခြင်းများ တွေ့ရပါတယ်..... ဥပမာအားဖြင့် စက်သုံးဆီ တင်သွင်းနေခြင်းများကို ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးပိုင်ခွင့်မရှိ ဆိုတဲ့အချက်ဟာ ပုဒ်မ ၄၄၅ ရဲ့ အကျိုးသက်ရောက်မှုလို့ ဆိုထားပါတယ်.... သို့သော် မည်သို့ အကျိုးသက်ရောက်တယ် ဆိုတာကို ရှင်းလင်းခြင်း မရှိပါ.....

ဒီနေရာမှာ ဥပဒေတစ်ခု၊ အမိန့်အာဏာတစ်ခုရဲ့ အာဏာတည်မှုဆိုတာကို နားလည်သဘောပေါက်ဖို့ လိုပါတယ်.... ဥပဒေ တစ်ရပ်၊ အမိန့်အာဏာတစ်ရပ်ဟာ အသစ်ထပ်မံဖြည့်စွက်ခြင်း (သို့) ဖျက်သိမ်းခြင်း မရှိသရွေ့ အာဏာတည်ပါတယ်..... လူတစ်ယောက် ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်လို့ အဲ့ဒိလူမရှိရင် ဒီ ဥပဒေလည်း မရှိဘူး လိုက်နာစရာမလိုဘူးလို့ သတ်မှတ်လို့မရပါဘူး..... ဥပဒေဟာ အာဏာတည်နေဆဲပဲ ဖြစ်ပါတယ်...... ဒါကြောင့်လည်း ယခုလက်ရှိ ဦးသိန်းစိန်အစိုးရအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်က လူထုစည်းရုံးမှု မပြုခဲ့တဲ့ ဥပဒေကို အခုမှ အမိန့်ကြေငြာစာထုတ်ပီး ပယ်ဖျက်နိုင်တာကို ကြည့်ရင် သိနိုင်ပါတယ်.... အဲ့ဒိအတွက်ကြောင့် မရှိသင့် မရှိထိုက်သင့်တော့တဲ့ အမိန့်ဥပဒေတွေကို ဥပဒေပညာ ကျွမ်းကျင်သူများမှ လက်ရှိ နိုင်ငံတော်အစိုးရ (သို့) လွှတ်တော်သို့ ထောက်ပြပြီး ဖျက်သိမ်းဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်.....

တည်ဆဲ ဥပဒေများမှ ပြည်သူအတွက် အကျိုးမရှိ၊ ခေတ်မမှီ၊ လိုသလို ဆွဲဆန့်နိုင်ခြင်း၊ ကျုံ့နိုင်ခြင်းရှိတဲ့ ဥပဒေတွေကို ကျွမ်းကျင်သူများမှ ထုတ်နုတ်ရယူပြီး သက်ဆိုင်ရာ အဆင့်ဆင့်မှတစ်ဆင့် ပြုပြင်နိုင်ရန် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်.... လွှတ်တော်သို့ တင်သွင်းသင့်သည့် ဥပဒေများအားလည်း လွှတ်တော်သို့တင်သွင်းဖို့ လိုပါတယ်..... လက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူလူထုကို အတော်ပင် ဒုက္ခရောက်စေသည်၊ နိုင်ငံစီးပွားရေးတိုးတက်ရန် အခက်အခဲဖြစ်စေမည့် ဆိုရှယ်လစ် လက်ထက်မှသည် န၀တ လက်ထက်အထိ ထုတ်ပြန်ခဲ့တဲ့ အမိန့်ဥပဒေပေါင်းများစွာ ရှိနေသေးတယ်ဆိုတာ သတိချပ်သင့်ပါတယ်...... သက်ဆိုင်ရာ ၀န်ကြီးဌာနများရှိ ၀န်ထမ်းများ မကြိုက်နှစ်သက်တဲ့ လုပ်ငန်းနှင့်အံဝင်ခြင်းမရှိတဲ့ ဥပဒေများစွာလည်း ရှိနေပါသေးတယ်.... ဒါတွေကို စနစ်တကျ စာရင်းပြုစုပြီး မရှိသင့်တဲ့ အမိန့်ဥပဒေတွေကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ခြင်းများ ပြုလုပ်ရမှာ ဖြစ်ပါတယ်..... အမိန့်ဥပဒေ ဆိုတဲ့ သဘောတရားအရ လိုအပ်ချိန်မှာ အမိန့်နှင့်ထုတ်ပြန်ခဲ့တဲ့အတွက် မလိုအပ်ချိန်မှာ ဖျက်သိမ်းဖို့ ပြုလုပ်ရမှာဖြစ်ပါတယ်.....

ဒါဆိုရင် ဆီသယ်ယဉ်များအား ရဲတပ်ဖွဲ့မှ စစ်ဆေးနိုင်ခွင့်မရှိခြင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ ရဲ့ အကျိုးသက်ရောက်မှုကြောင့်လား ဥပဒေများ မဖျက်သိမ်းနိုင်ခြင်းနဲ့ သက်ဆိုင်တာလား သဘောပေါက်နိုင်ပါလိမ့်မယ်.... ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြင်ဆင်စရာ အချက်များ ပါဝင်နေတဲ့အတွက် လုံးဝဖျက်သိမ်းရန်မှာ ၎င်းဥပဒေအား အစားထိုးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုအပ်ပါတယ်..... အဲ့ဒိအတွက် ဖျက်သိမ်းရန်ကြိုးစားခြင်းနဲ့ ပြင်ဆင်ခြင်းမှာ ဘယ်ဟာလက်တွေ့ပိုကျမလဲ စဉ်းစားနိုင်မှာဖြစ်ပါတယ်..... ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ပုဒ်မ ၄၄၅ ထက် ပိုမိုအရေးကြီးတာတွေ အများကြီး ပါရှိပါတယ်.....

ဥပမာအားဖြင့် နိုင်ငံအတွင်းရှိ၊ လေထု၊ မြေထု၊ ရေထု ကို နိုင်ငံတော်က ပိုင်ဆိုင်သည်ဆိုတဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်... ရှင်းလင်းစွာ ညွှန်းဆိုထားခြင်း အလျဉ်းမရှိတဲ့အတွက် အငြင်းပွားစရာ များစွာရှိပါတယ်..... တနည်းအားဖြင့် လွတ်လပ်စွာမြေသိမ်းခြင်း၊ လယ်သိမ်းခြင်းများ လုပ်ပိုင်ခွင့်ကို ပေးထားသလို ဖြစ်နေပါတယ်..... မိမိ နေအိမ်၊ ခြံဝင်း၊ လယ်အတွင်းမှ တွင်းထွက်သယံဇာတများ ထွက်ရှိခြင်း ဥပမာအားဖြင့် ဂက်စ်၊ ရွှေကြော၊ ရေနံ အစရှိတာတွေ ထွက်ရှိလာပါက အဆိုပါ နေအိမ်ပိုင်ရှင်၊ ခြံပိုင်ရှင်အနေဖြင့် ထိုက်သင့်သော၊ ရသင့်ရထိုက်သော ခံစားခွင့် မရှိပဲ နိုင်ငံတော်သို့ ထိုးအပ်ရမယ့် အနေအထား ဖြစ်ပါတယ်.... ထို့အတူပင် နိုင်ငံတော်အတွက်ဟုသော စကားလုံး တစ်လုံးနှင့် အာဏာပိုင်များမှ သိမ်းယူနိုင်ခွင့် ရှိနေသလို ဖြစ်နေပါတယ်...... ပြည်သူလူထုရဲ့ အိုးအိမ်၊ ခြံမြေ၊ လယ်ယာပိုင်ဆိုင်မှုကို အာမခံ မရှိတဲ့သဘော သက်ရောက်တဲ့အတွက် အဆိုပါ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို အဓိက ဦးစားပေးပြင်ဆင်ရမှာဖြစ်ပါတယ်.....

ဒီနေရာမှာ ပုဒ်မ ၄၄၅ ကို ပြန်လည် လေ့လာကြည့်မယ်ဆိုရင် သူညွှန်းဆိုထားတာ အောက်ပါအတိုင်း ဖြစ်ပါတယ်......

“ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့် ပြန်တမ်းများ၊ ကြေငြာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ။”

အဲ့ဒိအတွက် ပုဒ်မ ၄၄၅ ရဲ့ ပြဌာန်းထားခြင်းမှာကို ယခင်အစိုးရအဖွဲ့ဝင် တစ်ဦးဦးကိုမျှ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရလို့သာ ပါဝင်ပါတယ်.... ယင်းတို့ လုပ်ခဲ့တဲ့ ဆောင်ရွက်ချက်များအား အရေးယူခြင်းမရှိစေရလို့ ပြဌာန်းထားတာ မဟုတ်ပါ..... အဲ့ဒိအတွက် ယခင်လုပ်ခဲ့တဲ့ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်တွေမှာ မှားယွင်းခဲ့တာတွေ၊ လွဲမှားခဲ့တာတွေကို ယခုအချိန်မှာ မသင့်တော်ပါက အရေးယူဆောင်ရွက်သည့်အနေဖြင့် ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်နိုင်ပါတယ်..... အဲ့ဒိနှစ်ခု သဘော၊ သဘာဝ မတူညီတာကို ကွဲပြားစွာ မြင်နိုင်ဖို့လိုပါတယ်.......  ပုဒ်မ ၄၄၅ အား ဖျက်သိမ်းနိုင်ခြင်းထက်၊ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးမရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ အခြေခံဥပဒေတွေကို ဖျက်သိမ်းနိုင်ရန်မှာ ပိုမိုအရေးကြီးပါတယ်..... 

ကျွန်တော်တို့ အဓိက စဉ်းစားရမှာက လူကို အရေးယူမှာလား မူအမှားတွေကို အရေးယူပြင်ဆင်မှာလား ဆိုတာပါပဲ.... လူကို အရေးယူဖို့ကတော့ ၁၉၉၀ တုန်းက အဖြစ်အပျက်တွေကို ပြန်လည် စဉ်းစားဖို့ လိုပါတယ်...... ဒီအချိန်မှာ မဖြစ်နိုင်ဘူး မထင်ပါနဲ့ ဦးသန်းရွှေအပါအ၀င် စစ်တပ် နှစ် ၂၀ အုပ်ချုပ်ခဲ့စဉ်မှာ ခေါင်းမာသူ အများစု ဦးဆောင်ခဲ့တာပါ...... နောက်ထပ် ထပ်ပီးအဖြစ်မခံလိုပါ......

များမကြာခင်မှာ ၂၀၁၅ အတွက် နိုင်ငံရေးပါတီတွေ ခတ်ကွင်းပြင်ဖို့ ပြင်ဆင်လာချိန်မှာ အတိုက်အခံ ပါတီများထဲမှ အင်အားအကြီးမားဆုံး NLD လည်း အပါအ၀င်ဖြစ်ပါတယ်.... တစ်ချိန်က ကျွန်တော်ပြောခဲ့သလိုပါပဲ NLD အနေနဲ့ မဲဆန္ဒနယ်အများစုကနေ အနိုင်ရရှိသွားရင်တောင် လွှတ်တော်ထဲမှာ အရေးပါတဲ့ နေရာတွေရဖို့ မဲခွဲ၊ ဆုံးဖြတ်ဖို့လိုနေသေးပါတယ်.... အဲ့ဒိအတွက် အခုကတည်းက စနစ်တကျ ပြင်ဆင်သင့်သည်များကို ပြင်ဆင်နေရမှာဖြစ်ပြီး စကားအပြောအဆို မမှားရန် အထူးလိုအပ်လှပါတယ်....

ယခုအချိန်မှာ သက်ဆိုင်သည်၊ မသက်ဆိုင်သည်ဟု ငြင်းနေရသော နုရင်ဘတ် ဆိုသည့် အဖြစ်အပျက်မျိုး ထပ်မံမဖြစ်လာစေရန် အထူးလိုအပ်လှပါတယ်.... ယခုတစ်ကြိမ် ထပ်မံမှားယွင်းခဲ့ဦးမည် ဆိုပါက လွှတ်တော်အတွင်း NLD အမတ်အများစု စိုးမိုးရန် နောက်ထပ် ရွေးကောက်ပွဲ သက်တမ်းတစ်ကြိမ်အထိ ထပ်မံစောင့်ရပါလိမ့်မယ်.... မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲနိုင်ရန် အတိုက်အခံများရဲ့ Check & Balance ဟာလည်း လွှတ်တော်အတွင်းမှာ တစ်တပ်တစ်အား လိုအပ်ပါတယ်..... အဲ့ဒိအတွက် နိုင်ငံကို တိုးတက်စေဖို့ စိတ်ရှိသူများအနေနဲ့ အသံကြောင့် ဖားသေခြင်းမျိုးများ မဖြစ်စေရန် ဂရုတစိုက်ရှိသင့်ကြောင်း ရေးသားလိုက်ရပါတယ်....ဥပမာအားဖြင့် နိုင်ငံအတွင်းရှိ၊ လေထု၊ မြေထု၊ ရေထု ကို နိုင်ငံတော်က ပိုင်ဆိုင်သည်ဆိုတဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်... ရှင်းလင်းစွာ ညွှန်းဆိုထားခြင်း အလျဉ်းမရှိတဲ့အတွက် အငြင်းပွားစရာ များစွာရှိပါတယ်..... တနည်းအားဖြင့် လွတ်လပ်စွာမြေသိမ်းခြင်း၊ လယ်သိမ်းခြင်းများ လုပ်ပိုင်ခွင့်ကို ပေးထားသလို ဖြစ်နေပါတယ်..... မိမိ နေအိမ်၊ ခြံဝင်း၊ လယ်အတွင်းမှ တွင်းထွက်သယံဇာတများ ထွက်ရှိခြင်း ဥပမာအားဖြင့် ဂက်စ်၊ ရွှေကြော၊ ရေနံ အစရှိတာတွေ ထွက်ရှိလာပါက အဆိုပါ နေအိမ်ပိုင်ရှင်၊ ခြံပိုင်ရှင်အနေဖြင့် ထိုက်သင့်သော၊ ရသင့်ရထိုက်သော ခံစားခွင့် မရှိပဲ နိုင်ငံတော်သို့ ထိုးအပ်ရမယ့် အနေအထား ဖြစ်ပါတယ်.... ထို့အတူပင် နိုင်ငံတော်အတွက်ဟုသော စကားလုံး တစ်လုံးနှင့် အာဏာပိုင်များမှ သိမ်းယူနိုင်ခွင့် ရှိနေသလို ဖြစ်နေပါတယ်...... ပြည်သူလူထုရဲ့ အိုးအိမ်၊ ခြံမြေ၊ လယ်ယာပိုင်ဆိုင်မှုကို အာမခံ မရှိတဲ့သဘော သက်ရောက်တဲ့အတွက် အဆိုပါ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို အဓိက ဦးစားပေးပြင်ဆင်ရမှာဖြစ်ပါတယ်.....

၂၀၀၈ ဖွဲ့စည်းပုံဟာ လုံးဝ ပြည့်စုံ ကောင်းမွန်တဲ့ အခြေခံဥပဒေမဟုတ်ဘူးဆိုတာ သေခြာဖတ်ကြည့်ဘူးသူတိုင်း သဘောပေါက် နားလည်ကြပါတယ်..... အထူးသဖြင့် မြန်မာနိုင်ငံရေးမှ အနားယူသွားတဲ့ ဦးသန်းရွှေအတွက် နောက်ကြောင်း ဖြောင့်ဖြောင့်တန်းတန်းရှိအောင် ထားခဲ့တဲ့ အချက်တွေ အများကြီးပါ..... ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သေခြာဖတ်ဖူးသူတိုင်း ပြင်ရမယ့်အချက်တွေ တော်တော်များတာကို သတိပြုမိကြပါလိမ့်မယ်....

ဒါပေမယ့် အခုလက်ရှိ လူတွေသိအောင် မီးမောင်းထိုးလာတဲ့ အချက်က ပုဒ်မ ၄၄၅ ဖြစ်ပါတယ်.... ပုဒ်မ ၄၄၅ ဟာ ယခင်က န၀တ၊ နအဖ လက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများအား တရားစွဲဆိုခြင်းမပြုရန် ဆိုတဲ့အချက်ဖြစ်ပါတယ်.... သို့သော အချို့သော ၀ါဒဖြန့်အကောင့်များဟာ ၂၀၀၈ ဖွဲ့စည်းပုံက ပုဒ်မ ၄၄၅ ဟာ ယခုလက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်များနဲ့ပါ သက်ဆိုင်နေသယောင် ဖြစ်ရပ်များကို ရောထွေးပြီး ၀ါဒဖြန့်ခြင်းများ တွေ့ရပါတယ်..... ဥပမာအားဖြင့် စက်သုံးဆီ တင်သွင်းနေခြင်းများကို ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးပိုင်ခွင့်မရှိ ဆိုတဲ့အချက်ဟာ ပုဒ်မ ၄၄၅ ရဲ့ အကျိုးသက်ရောက်မှုလို့ ဆိုထားပါတယ်.... သို့သော် မည်သို့ အကျိုးသက်ရောက်တယ် ဆိုတာကို ရှင်းလင်းခြင်း မရှိပါ.....

ဒီနေရာမှာ ဥပဒေတစ်ခု၊ အမိန့်အာဏာတစ်ခုရဲ့ အာဏာတည်မှုဆိုတာကို နားလည်သဘောပေါက်ဖို့ လိုပါတယ်.... ဥပဒေ တစ်ရပ်၊ အမိန့်အာဏာတစ်ရပ်ဟာ အသစ်ထပ်မံဖြည့်စွက်ခြင်း (သို့) ဖျက်သိမ်းခြင်း မရှိသရွေ့ အာဏာတည်ပါတယ်..... လူတစ်ယောက် ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်လို့ အဲ့ဒိလူမရှိရင် ဒီ ဥပဒေလည်း မရှိဘူး လိုက်နာစရာမလိုဘူးလို့ သတ်မှတ်လို့မရပါဘူး..... ဥပဒေဟာ အာဏာတည်နေဆဲပဲ ဖြစ်ပါတယ်...... ဒါကြောင့်လည်း ယခုလက်ရှိ ဦးသိန်းစိန်အစိုးရအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်က လူထုစည်းရုံးမှု မပြုခဲ့တဲ့ ဥပဒေကို အခုမှ အမိန့်ကြေငြာစာထုတ်ပီး ပယ်ဖျက်နိုင်တာကို ကြည့်ရင် သိနိုင်ပါတယ်.... အဲ့ဒိအတွက်ကြောင့် မရှိသင့် မရှိထိုက်သင့်တော့တဲ့ အမိန့်ဥပဒေတွေကို ဥပဒေပညာ ကျွမ်းကျင်သူများမှ လက်ရှိ နိုင်ငံတော်အစိုးရ (သို့) လွှတ်တော်သို့ ထောက်ပြပြီး ဖျက်သိမ်းဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်.....

တည်ဆဲ ဥပဒေများမှ ပြည်သူအတွက် အကျိုးမရှိ၊ ခေတ်မမှီ၊ လိုသလို ဆွဲဆန့်နိုင်ခြင်း၊ ကျုံ့နိုင်ခြင်းရှိတဲ့ ဥပဒေတွေကို ကျွမ်းကျင်သူများမှ ထုတ်နုတ်ရယူပြီး သက်ဆိုင်ရာ အဆင့်ဆင့်မှတစ်ဆင့် ပြုပြင်နိုင်ရန် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်.... လွှတ်တော်သို့ တင်သွင်းသင့်သည့် ဥပဒေများအားလည်း လွှတ်တော်သို့တင်သွင်းဖို့ လိုပါတယ်..... လက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူလူထုကို အတော်ပင် ဒုက္ခရောက်စေသည်၊ နိုင်ငံစီးပွားရေးတိုးတက်ရန် အခက်အခဲဖြစ်စေမည့် ဆိုရှယ်လစ် လက်ထက်မှသည် န၀တ လက်ထက်အထိ ထုတ်ပြန်ခဲ့တဲ့ အမိန့်ဥပဒေပေါင်းများစွာ ရှိနေသေးတယ်ဆိုတာ သတိချပ်သင့်ပါတယ်...... သက်ဆိုင်ရာ ၀န်ကြီးဌာနများရှိ ၀န်ထမ်းများ မကြိုက်နှစ်သက်တဲ့ လုပ်ငန်းနှင့်အံဝင်ခြင်းမရှိတဲ့ ဥပဒေများစွာလည်း ရှိနေပါသေးတယ်.... ဒါတွေကို စနစ်တကျ စာရင်းပြုစုပြီး မရှိသင့်တဲ့ အမိန့်ဥပဒေတွေကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ခြင်းများ ပြုလုပ်ရမှာ ဖြစ်ပါတယ်..... အမိန့်ဥပဒေ ဆိုတဲ့ သဘောတရားအရ လိုအပ်ချိန်မှာ အမိန့်နှင့်ထုတ်ပြန်ခဲ့တဲ့အတွက် မလိုအပ်ချိန်မှာ ဖျက်သိမ်းဖို့ ပြုလုပ်ရမှာဖြစ်ပါတယ်.....

ဒါဆိုရင် ဆီသယ်ယဉ်များအား ရဲတပ်ဖွဲ့မှ စစ်ဆေးနိုင်ခွင့်မရှိခြင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ ရဲ့ အကျိုးသက်ရောက်မှုကြောင့်လား ဥပဒေများ မဖျက်သိမ်းနိုင်ခြင်းနဲ့ သက်ဆိုင်တာလား သဘောပေါက်နိုင်ပါလိမ့်မယ်.... ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြင်ဆင်စရာ အချက်များ ပါဝင်နေတဲ့အတွက် လုံးဝဖျက်သိမ်းရန်မှာ ၎င်းဥပဒေအား အစားထိုးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုအပ်ပါတယ်..... အဲ့ဒိအတွက် ဖျက်သိမ်းရန်ကြိုးစားခြင်းနဲ့ ပြင်ဆင်ခြင်းမှာ ဘယ်ဟာလက်တွေ့ပိုကျမလဲ စဉ်းစားနိုင်မှာဖြစ်ပါတယ်..... ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ပုဒ်မ ၄၄၅ ထက် ပိုမိုအရေးကြီးတာတွေ အများကြီး ပါရှိပါတယ်.....

ဥပမာအားဖြင့် နိုင်ငံအတွင်းရှိ၊ လေထု၊ မြေထု၊ ရေထု ကို နိုင်ငံတော်က ပိုင်ဆိုင်သည်ဆိုတဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်... ရှင်းလင်းစွာ ညွှန်းဆိုထားခြင်း အလျဉ်းမရှိတဲ့အတွက် အငြင်းပွားစရာ များစွာရှိပါတယ်..... တနည်းအားဖြင့် လွတ်လပ်စွာမြေသိမ်းခြင်း၊ လယ်သိမ်းခြင်းများ လုပ်ပိုင်ခွင့်ကို ပေးထားသလို ဖြစ်နေပါတယ်..... မိမိ နေအိမ်၊ ခြံဝင်း၊ လယ်အတွင်းမှ တွင်းထွက်သယံဇာတများ ထွက်ရှိခြင်း ဥပမာအားဖြင့် ဂက်စ်၊ ရွှေကြော၊ ရေနံ အစရှိတာတွေ ထွက်ရှိလာပါက အဆိုပါ နေအိမ်ပိုင်ရှင်၊ ခြံပိုင်ရှင်အနေဖြင့် ထိုက်သင့်သော၊ ရသင့်ရထိုက်သော ခံစားခွင့် မရှိပဲ နိုင်ငံတော်သို့ ထိုးအပ်ရမယ့် အနေအထား ဖြစ်ပါတယ်.... ထို့အတူပင် နိုင်ငံတော်အတွက်ဟုသော စကားလုံး တစ်လုံးနှင့် အာဏာပိုင်များမှ သိမ်းယူနိုင်ခွင့် ရှိနေသလို ဖြစ်နေပါတယ်...... ပြည်သူလူထုရဲ့ အိုးအိမ်၊ ခြံမြေ၊ လယ်ယာပိုင်ဆိုင်မှုကို အာမခံ မရှိတဲ့သဘော သက်ရောက်တဲ့အတွက် အဆိုပါ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို အဓိက ဦးစားပေးပြင်ဆင်ရမှာဖြစ်ပါတယ်.....

ဒီနေရာမှာ ပုဒ်မ ၄၄၅ ကို ပြန်လည် လေ့လာကြည့်မယ်ဆိုရင် သူညွှန်းဆိုထားတာ အောက်ပါအတိုင်း ဖြစ်ပါတယ်......

“ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့် ပြန်တမ်းများ၊ ကြေငြာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ။”

အဲ့ဒိအတွက် ပုဒ်မ ၄၄၅ ရဲ့ ပြဌာန်းထားခြင်းမှာကို ယခင်အစိုးရအဖွဲ့ဝင် တစ်ဦးဦးကိုမျှ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရလို့သာ ပါဝင်ပါတယ်.... ယင်းတို့ လုပ်ခဲ့တဲ့ ဆောင်ရွက်ချက်များအား အရေးယူခြင်းမရှိစေရလို့ ပြဌာန်းထားတာ မဟုတ်ပါ..... အဲ့ဒိအတွက် ယခင်လုပ်ခဲ့တဲ့ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်တွေမှာ မှားယွင်းခဲ့တာတွေ၊ လွဲမှားခဲ့တာတွေကို ယခုအချိန်မှာ မသင့်တော်ပါက အရေးယူဆောင်ရွက်သည့်အနေဖြင့် ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်နိုင်ပါတယ်..... အဲ့ဒိနှစ်ခု သဘော၊ သဘာဝ မတူညီတာကို ကွဲပြားစွာ မြင်နိုင်ဖို့လိုပါတယ်....... ပုဒ်မ ၄၄၅ အား ဖျက်သိမ်းနိုင်ခြင်းထက်၊ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးမရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ အခြေခံဥပဒေတွေကို ဖျက်သိမ်းနိုင်ရန်မှာ ပိုမိုအရေးကြီးပါတယ်.....

ကျွန်တော်တို့ အဓိက စဉ်းစားရမှာက လူကို အရေးယူမှာလား မူအမှားတွေကို အရေးယူပြင်ဆင်မှာလား ဆိုတာပါပဲ.... လူကို အရေးယူဖို့ကတော့ ၁၉၉၀ တုန်းက အဖြစ်အပျက်တွေကို ပြန်လည် စဉ်းစားဖို့ လိုပါတယ်...... ဒီအချိန်မှာ မဖြစ်နိုင်ဘူး မထင်ပါနဲ့ ဦးသန်းရွှေအပါအ၀င် စစ်တပ် နှစ် ၂၀ အုပ်ချုပ်ခဲ့စဉ်မှာ ခေါင်းမာသူ အများစု ဦးဆောင်ခဲ့တာပါ...... နောက်ထပ် ထပ်ပီးအဖြစ်မခံလိုပါ......

များမကြာခင်မှာ ၂၀၁၅ အတွက် နိုင်ငံရေးပါတီတွေ ခတ်ကွင်းပြင်ဖို့ ပြင်ဆင်လာချိန်မှာ အတိုက်အခံ ပါတီများထဲမှ အင်အားအကြီးမားဆုံး NLD လည်း အပါအ၀င်ဖြစ်ပါတယ်.... တစ်ချိန်က ကျွန်တော်ပြောခဲ့သလိုပါပဲ NLD အနေနဲ့ မဲဆန္ဒနယ်အများစုကနေ အနိုင်ရရှိသွားရင်တောင် လွှတ်တော်ထဲမှာ အရေးပါတဲ့ နေရာတွေရဖို့ မဲခွဲ၊ ဆုံးဖြတ်ဖို့လိုနေသေးပါတယ်.... အဲ့ဒိအတွက် အခုကတည်းက စနစ်တကျ ပြင်ဆင်သင့်သည်များကို ပြင်ဆင်နေရမှာဖြစ်ပြီး စကားအပြောအဆို မမှားရန် အထူးလိုအပ်လှပါတယ်....

ယခုအချိန်မှာ သက်ဆိုင်သည်၊ မသက်ဆိုင်သည်ဟု ငြင်းနေရသော နုရင်ဘတ် ဆိုသည့် အဖြစ်အပျက်မျိုး ထပ်မံမဖြစ်လာစေရန် အထူးလိုအပ်လှပါတယ်.... ယခုတစ်ကြိမ် ထပ်မံမှားယွင်းခဲ့ဦးမည် ဆိုပါက လွှတ်တော်အတွင်း NLD အမတ်အများစု စိုးမိုးရန် နောက်ထပ် ရွေးကောက်ပွဲ သက်တမ်းတစ်ကြိမ်အထိ ထပ်မံစောင့်ရပါလိမ့်မယ်.... မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲနိုင်ရန် အတိုက်အခံများရဲ့ Check & Balance ဟာလည်း လွှတ်တော်အတွင်းမှာ တစ်တပ်တစ်အား လိုအပ်ပါတယ်..... အဲ့ဒိအတွက် နိုင်ငံကို တိုးတက်စေဖို့ စိတ်ရှိသူများအနေနဲ့ အသံကြောင့် ဖားသေခြင်းမျိုးများ မဖြစ်စေရန် ဂရုတစိုက်ရှိသင့်ကြောင်း ရေးသားလိုက်ရပါတယ်....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...