Tuesday, February 5, 2013

၁၉၈၄ - ၈၆ က ဘဝခြေရာကွက်တစ်ခုပါ။

by Than Saw on Monday, February 4, 2013 at 1:32pm ·

Copyright: Than Saw


U William Than ရေ။ အောက်မှာ ရှယ်မရတော့ မှတ်စုဖြစ်ရပြန်ပြီ။ဦးသန်းပြောတဲ့ ရန်သူလို့ဆိုတဲ့ လူမျိုးတွေနဲ့ ၁၉၈၄ အဲဘာဒင်းတက္ကသိုလ်မှ စတွေ့ခဲ့တယ်။ မိန်းမမြင်ရာ ရှိတ်တတ်တဲ့ အာရပ်ရှိက်တွေရော ပါးရှင်းတွေရောပါဘဲ။ အားလုံး အတူတူဘဲ။



ကျမလို တက္ကလိုလ်မှာ ဘွဲ့လွန်တက်နေတဲ့ ဝက်သားစားတဲ့ ရှာဘုရင် မင်းမျိုးမင်းနွယ် တစ်ယောက်ကတောင် အခန်းထဲလာ ဝက်သားလာစားသွားသေးတယ်။ ရိုးရိုးခင်သာပါ။ ကိုယ်က သူတို့လို ရုပ်ရည်မျိုးကို သဘောကျသူမဟုတ်တဲ့ မိန်းမလေ။ ငွေငမ်းတဲ့ မိန်းမလည်း မဟုတ်ဘူး။


ကိုယ့်အတန်းထဲက အာရပ်ကတော့ အရမ်းကို ချဉ်တူးတယ်။ ဘာမျှမတတ်ဘဲ ဖြီးတတ်လွန်းလို့။ သူ့အင်္ဂလိပ်အသံကလည်း နားကလောစရာ။


နောက် ၁၉ဂ၆ မှာ လေယဉ်ပျံနဲ့ အိမ်ပြန်တော့ အာရပ်မင်းသား တဦးကိုယ့်ဘေးမှာ လာထိုင်တယ်။ ဘော်ဒီဂတ်ဒ်ဖြစ်သူ ဟောင်ကောင်ဖွား အင်္ဂလိပ် ဖာခေါင်းက လည်း ကိုယ့်ဘေးမှာ လာထိုင်တယ်။ စလာထိုင်ကထဲက ကျမမျက်နှာက မဒူဆာမျက်နှာ စုန်းမျက်နှာ အချိုးမျိုး ချိုးထားတယ်။

ဘာမျှမကြာပါဘူ။ အာရပ်က လေလည်တော့ ပြေးစရာမြေမရှိဘူး။


Airbus လေယဉ်ပျံကလူတွေနဲ့ အရမ်းပြည့်နေတယ်။ ဆူညံလိုက်တာကလည်း အရမ်းဘဲ။ အရက်သမားတွေကလည်းမူး။ မိန်းမတွေကလည်း အော်ဟစ်နေကြတယ်။ ကျမလည်း လေယဉ်စီးရင် အမြဲတန်း အပြင်းအထန်ခံစားရတဲ့ နားကိုက် ခေါင်းကိုက်မှုတွေ ခံစားနေရလို့  တခုခုကို ထရိုက် ထသတ်ခြင်တဲ့ စိတ်တွေတောင် ပေါက်နေတယ်။ စိတ်က သိပ်မမှန်တော့ဘူး။


ဒီအာရတ်က ဘာကိစ္စ First Class မှာ သွားမစီးလည်းမသိ။ အရက်မူးနေတဲ့ အင်္ဂလိပ်ဖာခေါင်းက တချိန်လုံး ကျမနဲ့ အာရပ်နှာဘူးကို လှော်ပေးနေတယ်။ ပြောင်းပြေးစရာ ခုံလွတ်လုံးဝမရှိဘူး။


တလမ်းလုံး စိတ်ညစ်တယ်။ လမ်းတဝက်လောက်မှာ လေယဉ်ပေါ်မှာ တရုတ်ကလေးတစ်ယောက် အန်နေတယ်။ နင့်သားကို ဘာဖြစ်လို့ပြစ်ထားတာလည်း ဆိုပြီ ခပ်ရိုင်းရိုင်း လေယဉ်မယ် အင်္ဂလိပ်မက ကျမကို လာပြောတယ်။  လာဟောက်တယ်။ သူ့ကြည့်ရသာ ခရီးသည်တွေ အမျိုးမျိုးကြားမှာ အရူးမီးဝိုင်းဖြစ်နေပုံရတယ်။ ယဉ်ကျေးအောင်သင်ထားတဲ့ လေယျဉ်မယ် သင်တန်းက ပို့ချချက်တွေကို မေ့နေပြီး။


ကိုယ့်သားမဟုတ်ပါဘူးဆိုသာ ပြောလို့ကိုမရဘူး။ နင့်သားဘဲ။ ငါ့ကို မညာနဲ့ လို့ ကြိမ်ဖန်များစွာ ပြောနေတယ်။ ဘေးကလူတွေက လှည့်ကြည့်တော့ ရှက်လာတယ်။ ဒါနဲ့ဘဲ လေယဉ်မယ်နောက်လိုက်သွားတော့ အသက် ၁၀ နှစ်လောက်ရှိတဲ့ ခပ်ရိုင်းရိုင်း တရုတ်ဖက်တီးကလေး  တဗြဲဗြဲအန်တုန်း။  တော်သေးတယ်။ သိပ် မကြာပါဘူး ခရီးသွားနေသာသာကို ပျံလံအောင် ဂါဝန်တိုတို ဝတ်ထားတဲ့ မိတ်ကပ်တွေ အများကြီး မျက်မှာပေါ်မှာ ပုံကပ်ထားတဲ့ ပီနံက တရုပ်မ ရောက်လာလို့ အလိုအလျှောက် လေယဉ်ပေါ်မှာ ကိတ္တိမသားတစ်ယောက်ရမဲ့ ကိန်း ပျောက်သွားတယ်။


လေယဉ်ပျံက အပူပိုင်းဒေသထဲ ဝင်လာတော့ ဒီတရုတ်မက အိမ်သာထဲမှာ ပေါ့ပါးတဲ့ အဝတ်အစားတွေသွားလဲ မိတ်ကပ်လူးနေသာလေ။ အင်္ဂလိပ် လေယဉ်မယ်က ကျမကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာက ကျမ ဘေးမှာ အာရပ်တစ်ဦး ထိုင်နေသာတွေ့လို့ ကိုယ့်သိက္ခာတွေ အလိုလိုကျသွားလို့လေ။


ဒီတော့ အာရပ်ရော သူ့ဖာခေါင်းရောကိုပါ အရမ်း စိတ်ဆိုးမိတယ်။ မျက်နှာပို စူပုတ်ထားတယ်။ ဒါပေမဲ့ မရဘူး။ အာရပ်က အင်္ဂလိပ်စကားမပြောတတ်ပါဘူး။ လေခဏခဏလှည်သာကလွဲလို့ ယဉ်ကျေး အထက်တန်းကျပုံရပါတယ်။ ဒါပေမဲ့ အခုမှ လေယဉ်ပေါ်မှာတွေ့တဲ့ မိန်းမကို လက်ထပ်ယူဘို့ ကမ်းလှမ်းနေတယ်။ အမလေး သူ့ရဲ့ နိုင်ငံတကာမှာရှိတဲ့ ကုမ္ပဏီမျိုးစုံရဲ့ business cards အမျိုးမျိုးပေးသာကြည့်လိုက်တော့ မင်းသားကွဲ့။ ပိုတောင် အံသြမိတယ်။ စိတ်ညစ်လိုက်သာ။ လေယဉ်တခုလုံကလည်း မူးနေသာတွေပြည့်နေတော့ ကိုယ့်ကိုလာကယ်မဲ့ အိုင်ဗင်ဟိုတို့ ဇောရိုးတို့ ရော်ဘင်ဟုဒ်တို့ တစ်ယောက်မှတောင်မှ မရှိဘူး


လေယဉ်က ဘန်ကောက်ဆိုက်ခါနီးမှာ မြန်မာပြည် ချက်ခြင်း လိုက်လာမလို့တဲ့။ အသဲအမဲ ဖြစ်နေကြတယ်။ အရက်မူးတဲ့ ဘော်ဒီဂဒ်ရော အာရပ်ငတုန်းနှစ်ယောက်လုံးကို စိတ်ပေါက်ပေါက်ရှိလာတော့ စာအုပ်တွေ အပြည့်ထဲ့ထားတဲ့ ကျမ ရော ကျောပိုးအိတ်ကို လေယဉ်ပြောင်းတဲ့နေရာအထိ သယ်ခိုင်းလိုက်တယ်။ ကျမမသယ်နိုင်လို့လေ။ ပြီးတော့ ဘန်ကောက်က မြန်မာသံရုံးသွား ဗီဇာယူလိုက လို့ပြောလိုက်တယ်။ နံမည်အတု လိပ်စာအတုပေးခဲ့တယ်။ ကျမဒီတခါဘဲ လူတွေကို နံမည်အတု လိပ်စာအတု ပေးခဲ့မိပါတယ်။


ဘန်ကောက်မြန်မာ လေယဉ်ပေါ်တက်ပြီးမှ သက်ပြင်းချ ဟားတိုက်ရယ်မိတယ်။ အဲဒီတုန်းက ထင်မိသာက ဘယ်တော့မျှ ဒီလို အာရပ်တွေနဲ့ ပြန်တွေ့စရာ အကြောင်းမရှိဘူးပေါ့ကွယ်။ ပြီးတော့ အာရပ် မင်းညီမင်းသားကြီးနဲ့ အရက်မူးသမား အင်္ဂလိပ်ဘော်ဒီဂတ် ကျမရဲ့ အလွန်လေးတဲ့ စာအုပ်တွေချဉ်းပါတဲ့ အိတ်တွေ ကျမနောက်က ယက်ကန်ယက်ကန်နဲ့ ဆွဲလိုက်လာတဲ့ မြင်ကွင်းကို အခုအထိ မျက်စိထဲ မြင်တုန်း။ အခုဘဲ ရီမိတယ်။


အဲဗားဒင်းမှာ စာအုပ်တွေ တက္ကသိုလ်အတွက် ကျမအတွက် အများကြီးဝယ်ထားခဲ့တယ်။ မပြန်ခင် တလလောက်ကထဲက ကွန်တိန်နာအငယ်စား နှစ်လုံးကို သင်္ဘောနဲ့ ကြိုပို့ထားခဲ့ပြီးသားလေ။


အခု သယ်လာသာတွေက တစ်လအတွင်းမှာ မနေနိုင် မထိုင်နိုင် ထပ်မံ ဝယ်ထားခဲ့တဲ့ စာအုပ်တွေ။


ဗြီတိန်မှာတော့ အသိတွေက လိုက်ပို့တဲ့အခါ သယ်ပေးကြတယ်။


လေယဉ်ပေါ်စတက်တော့ ဘန်ကောက်ရောက်ရင်တော့ ကိုယ်တိုင် မသယ်နိုင်ရင် ဒုက္ခဘဲလို့ တွေးမိခဲ့တယ်လေ။ ကံကောင်းတော့ လေယဉ်ပေါ်မှာ ယူသွားတဲ့ စာအုပ်တွေပါတဲ့အိတ်ရော သေတ္တာကိုပါ အခမဲ့သယ်ပေးမဲ့ ကူလီနှစ်ကောင်နဲ့ တွေ့ခဲ့တယ်လေ။ သူတို့ လေလည်သာတွေ ခရီးတလျှောက်လုံး ရှူထားခဲ့ရတာတွေ၊ အာရိုက်သာ ကြွားဝါထားတာတွေ၊ အတင်းယူပါမယ် တော်ကောက်မယ် တရပ်စပ်ပြောခဲ့တာတွေကို လက်စားချေနိုင်ခဲ့တယ်။ ဟားဟား။


နံမည်အတု လိပ်စာအတုပေးခဲ့သော်လည်း ဘန်ကောက်က မြန်မာသံရုံးကတော့ ဘယ်ဗမာမလည်းဆိုသာ ပြန်လာမဲ့ မှတ်တမ်းကြည့်ပြီး ကျမကို ကြိမ်ဆဲနေမှာဘဲ။၁၉၈၄ - ၈၆ က ဘဝခြေရာကွက်တစ်ခုပါ။

အပေါ်ကကာတွန်းက အခုလေးဘဲ ကမန်းကန်းဆွဲထားတါပါ။ ဒီ ပုံမကျတဲ့ ပုံပျက်ပန်းပျက်ဘဲ ဒီငအူနှစ်ယောက်နဲ့ ထိုက်တန်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...