Friday, February 15, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၂)

သစ်ထူးလွင်



Posted: 15 Feb 2013 06:59 AM PST
မြန်မာ နယ်စပ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပတ်ခတ်နှိမ်နှင်းမူကြောင့် လူအသေအပျောက်များ ရှိပြီးနောက် ယခုအခါ ပုဒ်မ ၁၄၄ အရေးပေါ် ဥပဒေ ထုတ်ပြန် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Feb 2013 06:40 AM PST
မီးဘေသင့် ကသာမြို့ မ ဈေးကြီး ပြန်လည် တည်ဆောက် ရာတွင် ဈေးဆိုင်း ခန်းများ၊ ဈေးနှုံးများ မတရား ဈေးနှုံးများ ဖြစ်နေ သဖြင့် ဈေးသူ/ ဈေးသားများ ပိုမိုဈေးများသောကြောင့် ဒုက္ခနှင့် ၀န်ထုတ် ၀န်ပိုး ဖြစ်နေပါတယ်။ မီးလောင်ခံ ဈေးသူ/သားများ မည်သည့် ပစ္စည်းမှ မရပဲ ဘ၀ပျက် ခဲ့ရပါသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကသာဈေး မီးလောင်ပြီးစ မြင်ကွင်း

Posted: 15 Feb 2013 05:50 AM PST
လက်ပန်းတောင်းတောင် စီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြတဲ့ သံဃာတွေကို ဖြိုခွဲရမှာ အသုံးပြုခဲ့တဲ့ မီးခိုးဗုံးထုတ်တဲ့ ကပစ စက်ရုံရှိရာ နေပြည်တော် တပ်ကုန်းကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက် စစ်ဆေးဖို့ ရှိနေတယ်လို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - လက်ပံတောင်သပိတ်စခန်း ဖြိုခွဲပြီးနောက် ကောက်ရခဲ့တဲ့ ဗုံးကျည်ခွံပုံ (source: icj)

Posted: 15 Feb 2013 05:43 AM PST
ထိုင်းအိမ်ရှင်တွေရဲ့ ရေနွေးနဲ့လောင်းပြီး နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဒဏ်ရာ အကြီးအကျယ် ရထားတဲ့ ကရင် မိန်းကလေးငယ်ကို ထိုင်းအစိုးရက အရေပြား အစားထိုး ပလပ်စတစ်ဆာ ဂျရီနည်းနဲ့ အခမဲ့ ခွဲစိတ် ကုသပေးမယ်လို့ တာဝန်ယူ ပြောဆိုလိုက်ပါတယ်။ မြန်မာ အစိုးရဘက်က အလုပ်သမားညွှန်ကြားရေးမှူး ဦးနိုင်ထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ဟာ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ထိုင်းအလုပ်ရှင်လင်မယားက ရေနွေးပူလောင်းခံရတဲ့ ကရင် မိန်းကလေးငယ်ကိစ္စ သမ္မတကြီး စိတ်မကောင်းဖြစ်၊ မြန်မာက ညှိနှိုင်ဖြေရှင်းေ၇းအဖွဲ့ သွားရောက်တွေ့ဆုံ ဘတ်၂သောင်းခွဲလှူ။

Posted: 15 Feb 2013 05:33 AM PST
မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် အတွင်း နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ - မန်းရွှေစက်တော် (minbuthar.wordpress.com)

Posted: 15 Feb 2013 05:18 AM PST
ထိုင်းနိုင်ငံ မြောက်ပိုင်း မြန်မာ နယ်စပ်တနေရာတွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၂ သန်းခန့်ကို မူးယစ်ကုန်ကူး သူများထံမှ ကြာသပတေးနေ့က ဖမ်းဆီးရမိကြောင်း ထိုင်း ရဲအရာရှိကြီး တဦးက ပြောသည်။ ရဲဗိုလ်မှူးကြီး ပနူဒတ် ဘွန်ရန်း အား ကိုးကား၍ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Feb 2013 03:18 AM PST
ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် လူရွှင်တော် တစ်ဦးဖြစ်သူ အကယ်ဒမီမော့စ်နာရေးကို မူလသတ်မှတ်ထားသည့် အချိန်ထက် နာရီဝက် ကျော်စော၍ ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ရေဝေးသုဿန်၌ မီးရှို့သင်္ဂြုဟ်ခဲ့သည်။

လာရောက်ကြည့်ရှုသူသူ ပရိသတ်များသဖြင့် မူလသတ်မှတ်ထားသည့် အချိန် ညနေ ၄ နာရီထက် စောစီးစွာ သင်္ဂြိုဟ်လိုက်ခြင်းဖြစ်သည်။

သရုပ်ဆောင် မော့စ်သည် အကယ်ဒမီဆု ဆွတ်ခူးရရှိပြီး ၄၅ ရက်အကြာတွင် အသည်းနှင့်အဆုတ်ရောဂါဖြင့် SSC ဆေးရုံတွင် ဖေဖော်ဝါရီ ၁၃ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

7Day News Journal

အကယ်ဒမီမော့စ်၏နောက်ဆုံးခရီး
ဓာတ်ပုံ-ကျော်ဇင်သန်း



Posted: 15 Feb 2013 01:37 AM PST
ကျောက်ဖြူမြို့၏ သမိုင်းဝင် ကျောက်တစ်လုံး ဘုရား တည်ရှိရာ ကျောက်တစ်လုံးတောင်ကို ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် လိုအပ်သော ကျောက်ထုတ်ရန် ယခုအခါ မိုင်းခွဲနေကြောင်း သတင်း ရရှိသည်။ ကျောက်ထုတ်လုပ်မူကို MGC ကုမ္ပဏီနှင့် ဒေသခံ တပ်ရင်းများမှ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Feb 2013 01:14 AM PST
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ၊ ဟိုခိုကျေးရွာအုပ်စု ဟိုခိုတောင်ရွာ၏ အရှေ့ဘက် (၁)မိုင်ခန့် အကွာတွင် ၁၃၀၀ ပြည့် အရေးတော်ပုံကို ဦးဆောင်ခဲ့သော မြန်မာမျိုးချစ်ဆရာစံ ပုန်းခိုခဲ့သော နဂါးမြို့ဟု ခေါ်သော ကျောက်လိုဏ်ဂူကြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 ပြင်ဦးလွင်-မိုးကုတ်လမ်း ဟောင်း

Posted: 15 Feb 2013 12:25 AM PST
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက၂၀၁၂-၁၃ ဘတ်ဂျက်နှစ်တွင် အစိုးရ ၀န်ထမ်းများ၏ လစာအား မဖြစ်မနေ တိုးမြှင့်ပေးရန် စတုထ္ထ အကြိမ် ပြည်ထောင်စု လွှတ်တော်တွင် အဆိုတစ်ရပ် တင်သွင်း ခဲ့သည်မှာ တစ် နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်သည်။

သူရဦးရွှေမန်း တင်သွင်းစဉ်ကလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်တိုင်တင်သွင်းသည့် အဆိုဖြစ်သဖြင့် ၀န်ထမ်းအများစုမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ တိုးမြှင့်ခြင်း မရှိတော့သည့် ယင်းတို့၏ လစာအပေါ် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာခဲ့ကြရသည်။

သို့သော်၂၀၁၂ ခုနှစ် မတ်လ ၂ ရက်က ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ၏ တာဝန်ထမ်းဆောင်ခြင်း တစ်နှစ်ပြည့် မိန့်ခွန်းတွင် ၀န်ထမ်းများအား လောလောဆယ်တွင် လစာများတိုးမြှင့်ပေးရန် မဖြစ်နိုင်သေးကြောင်း ပါရှိခဲ့သဖြင့် နိုင်ငံဝန်ထမ်းများ၏ မျှော်လင့်ချက်များ ပျက်သုဉ်းခဲ့ရသည်။

နိုင်ငံတော်မှပေးသည့် အပိုထောက်ပံ့ကြေး ကျပ်သုံးသောင်းနှင့်ပင် ၀န်ထမ်းများကျေနပ်ခဲ့ရသည်။ ထိုစဉ်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကတော့ လာမည့် ဘတ်ဂျက်နှစ်တွင် နိုင်ငံဝန်ထမ်းများ၏    လစာတိုးမြှင့်ပေးနိုင်ရန် စီစဉ်ပေးမည်ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့၍ ၀န်ထမ်းများ၏ မျှော်လင့်ချက်များသည် ၂၀၁၃-၁၄ ဘတ်ဂျက်နှစ်များဆီသို့ ရွေ့လျားသွားခဲ့ကြသည်။

ဝန်ထမ်းများ၏ မျှော်လင့်ချက်များမှာလည်း ၂၀၁၃-၁၄ ဘတ်ဂျက်နှစ် နီးလာသည်နှင့်အမျှ ပို၍ အရောင်တောက်လာခဲ့သည်။

သို့သော် ဘဏ္ဍာ၊ အခွန်ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ၀န်ထမ်းများ လစာတိုးရန်အတွက် ယခုဘတ်ဂျက်နှစ်တွင် ပါဝင်ခြင်းမရှိသေးကြောင်း သီပေါမဲဆန္ဒနယ်မှ ဦးရဲထွန်း၏ အမေးကိုပြန်လည်ဖြေကြားလိုက်သည်
တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ၀န်ထမ်းများအကြား လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရသည်။

“ဒီနှစ်လစာတိုးမယ်ဆိုလို့ မျှော်နေတာလေ အခုတော့ မတိုးဘူးဆိုပြီးဖြစ်ပြန်ပြီ ဘယ်ဟာကို ယုံရမှာလဲ” ဟု ကမာရွတ်မြို့နယ်မှ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

လက်ရှိပြင်ပတွင် ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းနှင့် ၀န်ထမ်းများ အမှန်တကယ် ရရှိသော လစာမှာ လောက်ငမှု မရှိသည်ကို လွှတ်တော်ကိုယ်စားလှယ်များနှင့် လက်ရှိ ဌာနတွင်း တာဝန်ထမ်းဆောင်နေကြသည့်  အဆင့်မြင့်အရာရှိကြီးများပင် လက်ခံထားကြသည်။

“ကျွန်တော့်မိန်းမက အပြင်မှာစီးပွားရေးလုပ်တယ်။ နောက်ပြီး ကျွန်တော်တို့ပိုင်တဲ့ တိုက်ခန်းလေးကို ငှားထားတယ်။ ကျွန်တော့်ကိုပေးထားတဲ့ စက်သုံးဆီလေး ပိုရင်ရောင်းတယ် ဒီလိုပဲလည်ပတ်နေပါတယ်” ဟု အစိုးရဌာနတစ်ခုမှ ဒုတိယ၀န်ကြီးအဆင့်ရှိ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ထိပ်ပိုင်းအရာရှိကြီးများပင် လောက်ငခြင်း မရှိသည့်အတွက် လစာများတိုးပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်တကွ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံဝန်ထမ်းများအား လစာတိုးပေးရန် ပြီးခဲ့သည့်နှစ်က ပြည်ထောင်စု လွှတ်တော်တွင်ဆွေးနွေးခဲ့ကြခြင်း
ဖြစ်သည်။

သို့သော် နိုင်ငံတော်သမ္မတကြီးက နိုင်ငံတွင် အစိုးရ၀န်ထမ်း အရေအတွက်မှာ တစ်နိုင်ငံလုံး လူဦးရေ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိပြီး လစာတိုးပေးရေး ဆွေးနွေးမှုကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းများ တက်လာသဖြင့် ကျန်ပြည်သူ ၉၆ ဒသမ ၇ ရာခိုင်နှုန်းအား ငဲ့ကွက်ရန်လိုအပ်ကြောင်း တာဝန်ထမ်းဆောင်ခြင်း တစ်နှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

လစာများတိုးမြှင့်လိုက်ပါက ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ဟူသည့် သမ္မတကြီး၏အကြောင်းပြချက်မှာ ရေတိုအားဖြင့် မှန်ကန်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနမှ အငြိမ်းစားပါမောက္ခ ဒေါ်လှမြင့်ကပြောသည်။

“လစာတိုးလိုက်လို့ စီးပွားရေးသမားတွေရဲ့ ၀ိသမလောဘကြောင့် ကုန်ဈေးနှုန်းတက်တာလည်းပါသလို ၀ယ်လိုအားနဲ့ ရောင်းလိုအားမမျှတော့လို့ ကုန်ဈေးနှုန်းတွေ တက်လာတာလည်းပါတယ်။ အဲဒီအခါ ထုတ်ကုန်ကို တိုးထုတ်နိုင်မယ်ဆိုရင် ကုန်ဈေးနှုန်းကို ထိန်းနိုင်မှာပါ”ဟု ဒေါ်လှမြင့်က ပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုး၍ ကုန်ဈေးနှုန်းများ တက်သည့်အချိန်တွင် ပုဂ္ဂလိက၀န်ထမ်းများဘက်တွင် ထိခိုက်မှုရှိခြင်း၊ မရှိခြင်းနှင့်ပတ်သက်၍ “လက်ရှိအစိုးရ၀န်ထမ်းတွေ လစာတိုးလိုက်လို့ ပုဂ္ဂလိဝန်ထမ်းတွေတော့ သိပ်ထိခိုက်မယ်မထင် သေးဘူး။ ပုဂ္ဂလိက ၀န်ထမ်းတွေက အစိုးရ၀န်ထမ်းတွေထက် လစာပိုရနေတာပဲလေ။ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေ အရမ်းတက်သွားမယ်ဆိုရင်တော့ ပုဂ္ဂလိက၀န်ထမ်းတွေလည်း သူတို့ရပိုင်ခွင့်ကို တိုးတောင်းလာလိမ့်မယ် ထင်တယ်” ဟု အသက် ၃၅ နှစ်ဝန်းကျင် ကုမ္ပဏီမန်နေဂျာ တစ်ဦးက ပြောသည်။

“အစိုးရ၀န်ထမ်းတွေကို တခြားနိုင်ငံတွေလိုပဲ သိက္ခာရှိရှိ ရပ်တည်နိုင်စေချင်ပါတယ်။ ဒါပေမယ့် သူတို့လခတိုးရင် ကုန်ဈေးနှုန်း ကလိုက်တက်တော့ မထူးဘူး။ ကြားက ပုဂ္ဂလိက၀န်ထမ်းတွေပဲ ခံရတာ။ ဒါကြောင့် ကုန်ဈေးနှုန်း မတက်အောင်လုပ်ပြီးမှ လခတိုးသင့်တယ်”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သော  ကိုဝင်းနိုင်က ပြောသည်။ လူအများစုတွင် အဓိကပူပန် နေသည်မှာလည်း  ကုန်ဈေးနှုန်းပင် ဖြစ်သည်။

လက်ရှိရရှိနေသည့် ၀န်ထမ်းများ၏ လစာနှုန်းထားများကြောင့် ၀န်ထမ်းအများစုမှာ မိမိတို့ဌာနတွင်းမှ ရပေါက်ရလမ်းများအား နည်းမျိုးစုံဖြင့်ရှာဖွေနေရသော်
လည်း  ၀န်ထမ်းအများစုမှာ လစာလောက်ငပါက ထိုအလုပ်များကို မလုပ်ချင်ကြ။

“ကျွန်တော် ရဲစဖြစ်တော့ ချင်းပြည်နယ်မှာ တာဝန်ကျတယ် လစာ ထောက်ပံ့ကြေး အပါအ၀င် ၁၂၀၀ ရတယ်၊ နှစ်ထောင်ပြည့် နှစ်လောက်ကပေါ့ အဲဒီတုန်းကတော့ လူပျိုလည်းဖြစ်တယ်။ အပိုသုံးဖို့လည်း မရှိတော့လောက်ပါတယ်” ဟု ရဲဝန်ထမ်း လုပ်သက်ဆယ်နှစ်ကျော်ရှိ ရဲတပ်ကြပ်တစ်ဦးကပြောသည်။

သို့သော် သူအိမ်ထောင်ကျပြီးတွင်တော့ “ကျွန်တော်အိမ်ထောင်ကျပြီးတော့ မလောက်တော့ဘူးဗျ။ အဲဒီတော့ လူကြီးတွေဆီမှာ ကပ်ပြီး နယ်ထိန်းဖြစ်အောင်လုပ်ရတယ်။  နယ်ထိန်းဖြစ်တော့မှာ နည်းနည်းပါးပါးလောက်တယ်။ ဒါတောင် အထက်ကိုပေးရကမ်းရတာတွေရှိသေးတယ်
” ဟု အ ထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က ၀န်ထမ်းများ၏ လစာမှာထောင်ကဏန်းသာရှိခဲ့သဖြင့် လောက်ငခြင်းမရှိသော်လည်း ယခုအချိန်တွင် အနိမ့်ဆုံးလစာမှာ သောင်းကဏန်းဖြစ်သော်လည်း မလောက်ငမှုဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

“ကျွန်မ အလယ်တန်းပြဆရာမလစာက ထောက်ပံ့ကြေးပါ ပေါင်းရင် ရှစ်သောင်းကျော်တော့ ရပါတယ်။ ဒါပေမဲ့ အခုခေတ်ကုန်ဈေးနှုန်းနဲ့ ဘယ်လိုလောက်မလဲ ကျူရှင်ကလည်း ဟုတ်တိပတ်တိမရှိဘူး ဒါတောင် ကျောင်းဆရာ၊ ဆရာမတွေက ကျူရှင်တရားဝင်သင်ခွင့်ရတာမဟုတ်
ဘူး” ဟု ကမာရွတ်မြို့နယ်မှ အလယ်တန်းပြဆရာမတစ်ဦးက ပြောသည်။

ဝန်ထမ်းအများစုမှာ ရရှိသည့်လစာခံစားခွင့်များဖြင့် လောက်ငခြင်းမရှိသော်လည်း ၀န်ထမ်းဘ၀ကို ချစ်ခင်စွာတွယ်တာနေကြခြင်းမှာ ရာထူးဂုဏ်ကြောင့်သော်လည်းကောင်း
၊ ဌာနတွင်း ရပေါက်ရလမ်းများကြောင့်လည်းကောင်း ဖြစ်သည်ဟု အစိုးရ၀န်ထမ်းများက ပြောသည်။

ဌာနတွင်း ရပေါက်ရလမ်းကောင်းသူများက ၄င်းတို့၏ လစာနှင့် ရပေါက်ရလမ်းများ ပေါင်းစပ်၍ ရရှိသည့် ၀င်ငွေဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းကြသည်။

ရာထူးဂုဏ်ကြောင့် ၀န်ထမ်းဘ၀တွင် ဆက်လက်တာဝန်ထမ်းဆောင်သူများကတော
့ မိမိတို့၏ ဇနီးသော်လည်းကောင်း၊ ခင်ပွန်းသော်လည်းကောင်း၊ သားသမီးများသော်လည်းကောင်း (သို့မဟုတ်) မျိုးရိုးစဉ်ဆက်ကပင် စီးပွားရေးအခြေခံ ကောင်းခဲ့သူများ ဖြစ်ကြသည်ဟု ၀န်ထမ်းများက ပြောသည်။

“ကိုယ့်ဝန်ထမ်းကို ဘယ်သူမှ ပစ်စလက်ခတ် မဖြစ်စေချင်ပါဘူး။ ရတဲ့လစာနဲ့လောက်အောင်သုံးပြီးေ
တာ့မှ အဂတိမလိုက်တဲ့သူတွေ အများကြီးပဲ” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောသည်။

သို့သော် ဦးဌေးဦးပြောသည့် ၀န်ထမ်းမျိုးမှာ ပင်ကိုကပင် စီးပွားရေးအခြေခံတောင့်သူများ ဖြစ်နိုင်သည်ဟုဝန်ထမ်းများက မှတ်ချက်ပြုသည်။

“စဉ်းစားကြည့်ဗျာ ဦးစီးအရာရှိတစ်ယောက်ရဲ့ လစာမှ တစ်သိန်းနှစ်သောင်းကျော်လောက်
ရတာ။  အစိုးရကနေစရာ အိမ်ပေးရင်တော့ နေဖို့မပူရဘူးပေါ့ ။ ဒါပေမဲ့  ကလေးကျောင်းစရိတ်၊ စားဝတ်နေရေး လူမှုရေးနဲ့ဘယ်လိုလောက်မလဲ အဲဒီတော့ မိန်းမက ဈေးကလေးဘာလေး ထွက်ရင်ထွက်၊ မထွက်ရင်လည်း အလုပ်တစ်ခုခုလုပ် ဒါမှတော်ကာ ကျမယ်” ဟု အစိုးရဌာနတစ်ခု၏ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုးပါက ကုန်ဈေးနှုန်းများ တက်လာပြီး ငွေကြေးဖောင်းပွလာမည်ဟု သမ္မတ၏ အကြောင်းပြချက်နှင့် ပတ်သက်၍သီပေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “သန့်ရှင်းတဲ့အစိုးရတည်ဆောက်မယ်
ဆိုရင် ဒါတွေကိုအလေးထားလုပ်ရမယ်။ ဘာကြောင့် မလုပ်ချင်တာလဲလို့ တစ်ဖက်ကပြန် သုံးသပ်ရင် ဒါတွေ တိုးပေးတိုင်းမှာ ငွေကြေးဖောင်းပွပြီးကုန်ဈေးနှုန်းတက်လာရင် တခြားပြည်သူလူထုပါ ထိခိုက်မှာစိုးလို့လို့ သမ္မတက အဲဒီလိုပြောတယ်။ အဲဒီလိုဆိုရင် ဒီလိုမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ” ဟုပြောသည်။

“ဒီအကြောင်းပြချက်နဲ့ မတိုးဘူးဆိုတာတော့ မမှန်ဘူးလို့ ယူဆတယ်။ အဲဒီလိုဆိုရင် တခြားနိုင်ငံတွေမှာ ၀န်ထမ်းကို မလောက်မငထားပြီး ၀န်ထမ်းကိုအငတ်ထားပြီး ကုန်ဈေးနှုန်းကို ထိန်းသလား  ပြန်စဉ်းစားရမယ်” ဟု ဦးရဲထွန်းက သမ္မတ၏ အကြောင်းပြချက်အပေါ် မှတ်ချက်ပြုသည်။

အစိုးရ၀န်ထမ်းများတွင် လစာနှင့်မလောက်ငသူများမှာ မိမိတို့ဌာနမှ ရပေါက်ရလမ်းများနှင့် ရပ်တည်သူများရှိသလို ကျောင်းဆရာမတို့ကဲ့သို့ သူနာပြုဝန်ထမ်းတို့ကဲ့သို့ မိမိတို့၏ ပညာနှင့် အပိုဝင်ငွေရှာသူများလည်း ရှိသည်။

“တကယ်လို့ အစိုးရက လစာတွေတိုးပေးမယ် ကုန်ဈေးနှုန်းတွေလည်း မတက်ဘူးဆိုရင် အခုအပြင်ဆေးခန်းမှာ လုပ်နေတဲ့ အချိန်ကို မိသားစုအတွက်ပေးလိုက်မယ်” ဟု အစိုးရဆေးရုံတစ်ခုမှ အထက်တန်းသူနာပြုတစ်ဦးကပြောသည်။

အစိုးရဆေးရုံမှ လစာ၊ ထောက်ပံ့ကြေး အပါအ၀င် ကိုးသောင်းနီးပါးရရှိပြီး ပြင်ပဆေးခန်းမှဝင် ငွေပါပေါင်းပါက ရရှိနှစ်သိန်းကျော်ဖြင့် မိသားစုစားဝတ်နေရေးကိုထိန်းသိမ်
းရသဖြင့် မိသားစုအတွက်အချိန်ပေးနိုင်ခြင်းမရှိကြောင်း အထက်ပါ သူနာပြုဆရာမက ဆက်လက်ပြောပြသည်။

လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း လစာတိုးမြှင့်ပေးရန် အစပြုခဲ့ပြီးဖြစ်သဖြင့် ပြည်ထောင်စုအစိုးရသို့ လစာတိုးမြှင့်ပေးနိုင်ရန် ဆက်လက်တိုက်တွန်းလိုသော ဆန္ဒများ ရှိနေကြသည်။

“တိုးပေးချင်တယ်ဆိုတဲ့ ဆန္ဒဖြစ်ရုံလေးနဲ့မပြီးဘူး၊ တိုးပေးဖို့ အစီအစဉ်ကိုချကိုချရမယ်။ လွှတ်တော်နဲ့အစိုးရအဖွဲ့ ပူးပေါင်းပြီး ဘတ်ဂျက်ပုံစံချဖို့လိုမယ်။ အဲဒီအထဲကမှ ဘယ်လောက်ကို ၀န်ထမ်းတွေအတွက် ဖယ်မယ်ဆိုတာ ပေါ်လာမယ်” ဟု  အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများ တောင့်တနေသည့် ၀န်ထမ်းများ၏ အနိမ့်ဆုံးလစာမှာ တစ်သိန်းမှ တစ်သိန်းသုံးသောင်းဝန်းကျင်ဖြစ်
ကြောင်း ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“မှန်းထားသလောက်မတိုးနိုင်ရင် ဘယ်လောက်တိုးပေးသင့်သလဲ၊ ဘယ်လောက် တိုးပေးနိုင်သလဲဆိုတာ စဉ်းစားရမယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဆန္ဒတွေရှိနေတယ်။ ဒါပေမဲ့ အခြေအနေအချိန်အခါ ကြည့်ပြီးလုပ်နေရတာဖြစ်တယ်။ သို့သော် မူဝါဒတွေပြောတဲ့အခါ ထည့်ပြောကြမှာဖြစ်တယ်၊ လစာတိုးပေးရေးအတွက် နေ့ရှိသရွေ့ စိတ်ထဲမှာ ၀န်ထမ်းတွေအတွက် လုပ်ပေးချင်တဲ့ဆန္ဒရှိနေတယ်” ဟု ဦးခိုင်မောင်ရည်က ဆက်လက်ပြောကြားသည်။

မတက်သာ၍ ဌာနတွင်း ရပေါက်ရလမ်းများမှ မိသားစု စားဝတ်နေရေး ဖြေရှင်းနေရသည့် ၀န်ထမ်းများနှင့် မိမိတို့၏ ကိုယ်ပိုင်အချိန်များတွင် ပြင်ပတွင် အလုပ်လုပ်ကိုင်နေရသည့် ၀န်ထမ်းများအားလုံး၏ ဆန္ဒမှာ အစိုးရကသာ  လောက်လောက်ငင ပေးထားပါက မိမိတို့၏ ရာထူးဂုဏ်နှင့် ရရှိသည့်လစာဖြင့် တင့်တင့်တယ်တယ်နေလိုကြသူများပင် ဖြစ်သည်။

လက်ရှိအစိုးရသည် ပြည်သူမှ ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရဖြစ်သည့်အတွက် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူပြည်သားများ ဖြစ်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ မျှော်လင့်ချက်များအား မျက်ကွယ်ပြုလိမ့်မည် မဟုတ်ဟု ထင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ၀န်ထမ်းများက ယူဆလျက်ရှိနေကြသည်။

ရေးသားသူ-သီဟ
by 7Day News Journal


Posted: 15 Feb 2013 12:16 AM PST
မကြာမီက ပိတ်သိမ်းခြင်း ခံခဲ့ရသည့် ညှို့ မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာကိုဦးဆွေအား အင်တာနက် ညစ်ညမ်း ဘလော့တစ်ခုဖြစ်သည့် ဒေါက်တာချက်ကြီး ဘလော့ခ် ကို တည်ထောင်သူ အဖြစ် ကောလာဟလ ပြောကြား ထုတ်လွှင့်မှုများ ရှိလာခြင်းအပေါ်

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Feb 2013 11:58 PM PST
နေပြည်တော်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေး ဖေဖေါ်ဝါရီ၅ ရက်နေ့ က တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ ဗဟို အတိုင်ပင်ခံ ဦးတင်ထွတ်၏ နေရာသို့ သွား၍ ဆွေးနွေးခဲ့ကြောင်း---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Feb 2013 11:12 PM PST
အလုံ သင်္ဘောကျင်း ၀န်ထမ်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဒဂုံ သင်္ဘောကျင်းကို ပြောင်းရွှေ့ခိုင်းခဲ့ပေမယ့် ပြောင်းရွှေ့စရိတ် လုံလောက်စွာ မရရှိတဲ့ အတွက် ညအချိန်မတော် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ "ပြောင်းရွှေ့စရိတ်ကို ၂ သောင်းပဲ ပေးတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Feb 2013 11:03 PM PST
သီလ၀ါ အထူး စီးပွားရေး စီမံကိန်း အတွက် သန်လျင်နဲ့ ကျောက်တန်းမှာ ရှိတဲ့ ရွာတွေ ဖေဖော်ဝါရီ ၁၄ရက်နေ့ အပြီး မပြောင်းရွှေ့ပေးရင် အရေးယူမယ်ဆိုတဲ့ အစီအစဉ်ကို လယ်သမားတွေနဲ့ ညှိုနှိုင်းပြီး ပြေလည်တဲ့ အချိန်ထိ စောင့်ဆိုင်းမယ်လို့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သီလ၀ါ စီမံကိန်းနဲ့ လယ်သမားများ (သတင်းဓါတ်ပုံ - ကျော်ဇေယျာဝင်း)


Posted: 14 Feb 2013 10:44 PM PST
ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ (၁)၊ အမှတ်(၄၉)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Feb 2013 10:42 PM PST
ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ထုတ် Premier Eleven အတွဲ (၁၀)၊ အမှတ်(၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Feb 2013 10:41 PM PST
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ထုတ်  EURO SPORTS Journal (VOL.4, NO.44)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Feb 2013 02:51 PM PST
ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ ပြည်ပမှ အစားထိုးယာဉ် အသစ်များ ၀င်ရောက်လာမှုနှင့် အတူ ရန်ကုန်မြို့ ၌ လိုင်စင်အတု ကားဈေးကွက် ကြီးမားကျယ်ပြန့်  လာကြောင်း ကားပွဲစားများထံမှ စုံစမ်း သိရှိရသည်။ လူစီးကားတွေ without တွေက နည်းပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Feb 2013 02:17 PM PST
၁၁.၁.၂၀၁၃ ရက်နေ့   ညသန်းကောင် ၂ နာရီခွဲ အချိန်ခန့်တွင်  ဒဂုံတောင်မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ အနော် ရထာလမ်းနှင့် စက်မှုဇုံလမ်းထောင့်၊ မ/၃၈၇ ရှိ   ဧရာဝတီပါဝါ ကုမဏီလီမိတက်၊ ကားဂိုဒေါင်သို့ အမျိုးသား ၇ ဦးမှ လိုက် ထရပ်ကားဖြင့် ရောက်ရှိလာပြီး လုံခြုံရေးဝန်ထမ်းနှစ်ဦးအား ၂ ဦးအား ၀ိုင်းဝန်းထိုးကြိတ်၊ ကြိုးဖြင့်တုတ်၊ ပါးစပ်နှင့် မျက်လုံးများ အ၀တ်နှင့်စည်း ၊ ဒါးဖြင့်ထောက်ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 14 Feb 2013 01:26 PM PST

Valentine's day လှုပ်ရှားမှု ရန်ကုန်မှာ ပြုလုပ်

ဓာတ်ပုံ: One Billion Rising Myanmar

ကမ္ဘာ ပေါ်မှာ ရှိတဲ့ အမျိုးသမီး သန်းတထောင် လောက်ဟာ အကြမ်းဖက်မှု တွေခံ နေရတယ် ဆိုပြီး ဒီအကြမ်းဖက်မှု တွေကို ရပ်တန့်ဖို့ ဒီကနေ့ ကျရောက်တဲ့ ဗယ်လင်တိုင်းစ် ဒေး လို့ခေါ်တဲ့ ချစ်သူများနေ့မှာ One Billion Rising ဆိုတဲ့ လှုပ်ရှားမှုကို ရန်ကုန် အပါအ၀င် ကမ္ဘာ့ မြို့ကြီး အတော် များများမှာ ကျင်းပ ခဲ့ကြ ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ: One Billion Rising Myanmar

Posted: 14 Feb 2013 01:17 PM PST
လမ်းမတော်မြို့နယ်၊ ၁၀ လမ်းရှိ  တိုက်ခန်းတစ်ခုအား အမျိုးသမီးငယ်များမှ အတူစုပေါင်း ငှားရမ်း နေထိုင်ပြီး ၄င်းအဆောင်သို့ လမ်းမတော် (၁၆)လမ်းနေ မဥမ္မာစိန်မှ  ၈.၂.၂၀၁၃ ရက်နေ့တွင် ရောက်ရှိလာစဉ်  အဆောင်တွင်းရှိ သေတ္တာများ ပွင့်နေသည့် အပြင်  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Feb 2013 12:47 PM PST
ပစ္စည်းများ ပါသွားကြောင်း တရားလို မစန္ဒာမင်း မှ ထွက်ဆို ခဲ့သော်လည်း တရားခံ TAXI  ယာဉ်မောင်း  တရားခံ  ဇော်မျိုးလွင်အား ဖမ်းဆီးရမိစဉ် တိုက်ဆိုင် စစ်ဆေးခဲ့ရာမှာ  ငွေ (၃)သောင်း နှင့်  လက်ကောက်အတု (၅)ကွင်း  ပါရှိကြောင်း  စစ်ဆေး  ပေါ်ပေါက်ခဲ့ပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Feb 2013 11:40 PM PST
“ ၀ရဇိန်စီမံချက် ” ဖြင့် မှုခင်းကျဆင်းရေး ဆောင်ရွက်နေသော  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဒုစရိုက်နှိမ်နင်းရေးဌာနမှ  တပ်ဖွဲ့ဝင်များသည်  ရပ်ကွက်များတွင်  မီးကြိုးများ ခိုးယူခံရမှုအား  စုံစမ်းဖော်ထုတ်ရာ ထောင် (၁၀)နှစ်ကျခံခဲ့ဖူးသူ လင်းအောင်၊ (၂၅)နှစ်၊ (ဘ)ဦးဌေး၊ လှိုင်သာယာမြို့နယ်နေသူအား ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Feb 2013 11:31 AM PST
အမေရိကန် နိုင်ငံ အနေနဲ့ စစ်တပ် ကြောထောက် နောက်ခံ မြန်မာ အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေ အားလုံးကို ရုပ်သိမ်းပေး လိုက်ရင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း အစီအစဉ်တွေဟာ နောက်ကြောင်း ပြန်လှည့် သွားနိုင်တယ်လို့  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Amnesty-international-Frank-
305 Photo: RFA

Posted: 14 Feb 2013 11:23 AM PST
မြောက်ကိုရီးယားနိုင်ငံက ဘယ်နေရာကိုမဆို အချိန်မရွေး ချက်ခြင်း ပစ်ခတ်နိုင်တဲ့ Cruise ဒုံးကျည် ကို တောင်ကိုရီးယားနိုင်ငံက ကြာသပတေးနေ့မှာ ပြသခဲ့ ပါတယ်။ မြောက်ကိုရီးယားဖက်က
နောက်ဆုံး Nuclear စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ပြီး တဲ့နောက် တောင်ကိုရီးယားစစ်တပ်က အရေးပေါ် သတိပေးချက် ထုတ်ပြန် ထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တောင်ကိုရီးယားနိုင်ငံက Cruise ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်စဉ်။ ( ဖေဖော်ဝါရီလ ၁၄၊ ၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...