Thursday, February 7, 2013

အဲပုဂံ လေယာဉ် ဟဲဟိုးလေဆိပ်မှာ ပျက်ကျခဲ့တာ မီဒီယာကြောင့်လည်း ဖြစ်နိုင်။

Thursday, February 7, 2013

အဲပုဂံ လေယာဉ် ဟဲဟိုးလေဆိပ်မှာ ပျက်ကျခဲ့တာနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဟန်စိန်က ပြည်သူ့ လွှတ်တော်ထဲ မှာ ပြောသွားတာက - “၂၀၁၂ ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက် (၈) နာရီ (၅၁) မိနစ်မှာ အဲပုဂံလေကြောင်းလိုင်းပိုင် F.100 လေယာဉ် XY-AGC ဟာ ဟဲဟိုးလေယာဉ်ကွင်း သို့ ဆင်းသက်စဉ်မှာ လေယာဉ် မတော်တဆ ထိခိုက် ပျက်စီးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါကြောင်း၊ နာရီပိုင်း အတွင်းမှာပဲ ပို့ဆောင်ရေးဝန်ကြီးနှင့်‌ တာဝန်ရှိ တဲ့သူတွေဟာ သွားရောက်စစ်ဆေးခဲ့ပြီး အဖွဲ့ဝင်ငါးဦး ပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း တာဝန်ပေး အပ်ခြင်း၊ အများပြည်သူ သိရှိနိုင်ဖို့ နိုင်ငံတော် ပိုင် သတင်းမီဒီယာများမှတဆင့် သတင်းထုတ်ပြန်ခြင်းတို့ အချိန်နဲ့ တပြေးညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ လေယာဉ်မတော်တဆဖြစ်ပွားမှု ဟာ ယေဘုယျ အားဖြင်တော့ လေယာဉ်ကွင်းသို့ ချဉ်းကပ် တဲ့အမြင့်ဟာ ရှိသင့်တာထက်နိမ့်၍ ချဉ်းကပ်တာကြောင့်လို့ ယူဆရပါကြောင်း၊ Man, Machine, Media ဟူသော အကြောင်းအချက် သုံးချက်အနက် တစ်ခု ခုကြောင့် ဖြစ်ပွားနိုင်ပါကြောင်း” လို့  ပြောကြားသွားပါတယ်။

3M ဆိုတဲ့ စကားလုံးဟာ Man Machine Method (သို့ ) Man Machine Material (သို့ ) Man Money Machine ဆိုတာဘဲ ကမ္ဘာမှာ ကြားဖူးတာပါ။ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟန်စိန် ပြောတဲ့ Man Machine Media ဆိုတာ ယခုမှသာ ကြားဖူးသော အသုံးဖြစ်ပါတယ်။

အဲပုဂံလေကြောင်းလိုင်းပိုင် F.100 လေယာဉ် XY-AGC ဟဲဟိုးလေယာဉ်ကွင်းမှာ ပျက်ကျခဲ့တာနဲ့  ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟန်စိန် ပြောခဲ့တဲ့ အချက် သုံးချက်ထဲက Media ကြောင့်လည်း ဖြစ်ပွားနိုင်တယ်ဆိုတာ ဘယ်လိုကြောင့်ပါလည်းဆိုတာ အသေးစိတ် သိချင်ကြသူတွေ ရှိနေကြပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟန်စိန် ပြောချက်အရ မြန်မာမီဒီယာ Media တွေကြောင့် အဲပုဂံ လေယာဉ်ကြီး ဟဲဟိုးလေဆိပ်မှာ ပျက်ကျခဲ့ရတယ်ဆိုရင်တော့ အတော့်ကို အံ့သြဖွယ်ရာ ပါဘဲ။ မြန်မာမီဒီယာ Media တွေ လေယာဉ်ပျက်ကျမှု တရားခံ ဖြစ်တော့မှာပါဘဲ။
--------------------------

Information မှာ Communication နဲ့  Media ဆိုတာ စကားလုံး အသုံးအနှုံးအရရော လက်တွေ့  အရရော မတူညီ ကွာခြားပါတယ်။ ဒါကို မသိတဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဟန်စိန် ဒီနေရာရာထူးနဲ့  မထိုက်တန်ပါဖူး။

Information အောက်က Communication နဲ့  Media ဆိုတာ မတူပါဖူး။

Communication ဆိုတာ - Communication, meaning to share, is the activity of conveying information through the exchange of thoughts, messages, or information, as by speech, visuals, signals, writing, or behavior.


Media ဆိုတာ - The mass media are diversified media technologies that are intended to reach a large audience by mass communication. Broadcast media (also known as electronic media) transmit their information electronically and comprise television, radio, film, movies, CDs, DVDs, and other devices such as cameras and video consoles. Alternatively, print media use a physical object as a means of sending their information, such as a newspaper, magazines, comics, books, brochures, newsletters, leaflets, and

pamphlets.http://www.niknayman-niknayman.blogspot.in/2013/02/blog-post_7.html မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...