Monday, February 4, 2013

ကမ္ဘာ့ပထမဆုံး နိုဘယ်ဆု ရရှိသော အမျိုးသမီး

General Knowledge
Aung Kham (TSJ team)

ပိုလန်နိုင်ငံမှာ ဖွားပြီး ပြင်သစ်မှာ ရူပနဲ့ ဓာတုဗေဒ ပညာလေ့လာတဲ့ Marie Curie ဆိုသူ အမျိုးသမီးဟာ ကမ္ဘာ့ပထမဆုံး နိုဘယ်လ်ဆုရှင် အမျိုးသမီး ဖြစ်ပါတယ်။ ဒါကြောင့် ပိုလန်ငွေစက္ကူတွေထဲမှာလည်း သူမပုံကို ထည့်သွင်း အသိအမှတ်ပြုခဲ့ကြပါသေးတယ်။

Radioactivity သီအိုရီကို စတင်ထုတ်ဖော်နိုင်သူ၊ radioactive isotopes ခွဲထုတ်ခြင်း နည်းပညာကို ဖန်တီးသူ၊ ပိုလိုနီယမ်၊ ရေဒီယမ် အစရှိသဖြင့် ဒြပ်စင်နှစ်ခု ရှာဖွေတွေ့ရှိသူအဖြစ် အောင်မြင်ကျော်ကြားပြီး အခြားသော သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုပေါင်းများစွာ ရရှိထားသူ ဖြစ်ပါတယ်။

၁၈၆၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မွေးဖွားပြီး ၁၉၃၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ် ရှိနေပြီ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးအနေနဲ့ သူမရဲ့ တီထွင်မှု၊ ရှာဖွေဖော်ထုတ်နိုင်မှုဟာ အခြားသော အောင်မြင်တဲ့ အမျိုးသားသိပ္ပံပညာရှင်များနဲ့ တန်းတူ ယှဉ်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိလည်း ကမ္ဘာ့ပထမဆုံး အမျိုးသမီး နိုဘယ်ဆုရှင်၊ ကမ္ဘာ့ အထူးချွန်ဆုံး အမျိုးသမီး ရူပ၊ ဓာတုဗေဒပညာရှင်အဖြစ် အသိမှတ်ပြုခံထား ရကြောင်း သိရပါတယ်။

Ref: wiki

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...