Friday, February 1, 2013

"ဆေးကျောင်းမတက်ဘဲ ဟောက်စ်မဆင်းဘဲ ဆရာဝန် ဖြစ်သင့်သလား။"

Myint Myint Thein and ကျွန်တော် မျီုးကြီးလဲ shared Maung Maung Oo's photo.
"ဆေးကျောင်းမတက်ဘဲ ဟောက်စ်မဆင်းဘဲ ဆရာဝန် ဖြစ်သင့်သလား။"

"မင်းနားထောင်ကွ။ Diastolic Murmur ကြားပြီလား။"
နားကြပ်နဲ့ ပြန်နားထောင်လဲ ကိုယ့်စိတ်ထဲ Systolic လို့ပဲ ထင်နေတုန်း။ ဆရာကိုတော့ ဘာမှ ပြန်မပြောဖြစ်ခဲ့။ ကျောင်းသားဘ၀က အတွေ့အကြုံ။

Systolic ဆိုတာက ဒီလို။ နှလုံးဟာ တကယ်တော့ သွေးပေါင်ချိန်တိုင်းတဲ့ ကရိယာက ရာဘာဘောလုံးက လေကို ညှစ်သွင်းပေးနေသလိုမျိုး သွေးတွေကို ညှစ်ထုတ်နေခဲ့တာပါ။ ညှစ်နေတဲ့ အချိန်လေးကို Systolic၊  ပြန်ဖောင်း Relax လာတဲ့အချိန်လေးကို Diastolic။ ဘယ်အချိန်ဟာ Systolic ဘယ်အချိန်ဟာ Diastolic ဆိုတာကို နားကြပ်တတ်နားထောင်နေသူအဖို့ ခွဲခြားရခက်လှပါတယ်။ ဒီတော့ သိအောင် လည်ပင်းသွေးကြောမကြီး Carotid ရဲ့ သွေးခုန်နှုန်းနဲ့ တိုင်မင် ပြန်ယူရပါတယ်။ သွေးခုန်နှုန်း Carotid Pulse နဲ့ တပြိုင်နက်လာရင် Systolic၊ Carotid Pulse ၂ ခုကြားရောက်နေရင် Diastolic။

ဒီလို တိုင်မင်ယူနိုင်ဖို့ လွယ်သလားလို့ မေးရင် မလွယ်လှပါဘူး။ ဒီနေရာမှာ Musical Practice ရှိထားခဲ့တဲ့ ကျနော့်အဖို့ သိပ်လွယ်ပါတယ်။ On & Off Beat သိတာမျိုး လိုအပ်တာပါ။ တချို့  လေ့ကျင့်ဖို့ လိုပါတယ်။ ကျနော်တုန်းက ဂီတသင်္ကတတွေ လေ့လာခဲ့လိုပါ။ ဆေးကျောင်းသားအတော်များများမှာ လေ့ကျင့်ဖို့ လိုအပ်နေသေးတာ တွေ့ရပါတယ်။ ဒီတော့ လူနာမပါဘဲ အဝေးသင်သင်တန်း ဖွင့်ရင် ကျောင်းခေါ်ချိန်မပြည့်တဲ့ ကျောင်းသား မတတ်နိုင်ပါဘူး။

++++++++++++++++

"ဟယ်လို -- ဆရာ၊ ကျမနေမကောင်းဘူးဆရာ။ ညောင်းကိုက်နေတယ်။ ဒီနှစ်ဆောင်းကလည်း ပိုချမ်းသလိုပဲ။ ၀မ်းကလည်း ချုပ်လွန်းလို့ ၀မ်းနှုတ်ဆေးကူနေရတယ်။" တယ်လီဖုန်းပေါ်က ကြားရတဲ့ လေးပင်ဖင့်တွဲ့တဲ့ လေယူလေသိမ်းနဲ့ Low Tone အက်ကွဲနေတဲ့ အသံကြောင့် တဖက်က ဆရာဝန်က မင်းမှာ Hypothyroid ဖြစ်နေတာလို့ ချက်ခြင်းပြန်ပြောနိုင်ခဲ့ဖူးတယ်။

ဆရာဝန်ဘ၀မှာ အာရုံငါးပါးလုံး သုံးရပါတယ်။ (အဲ-- လျှာတော့ သုံးလေ့ မရှိပါဘူး။) စာထိုင်ကျက်နေရုံနဲ့ ဆရာဝန်အတတ် မတတ်ပါဘူး။  ဒီလိုမျိုး အရက်သမားလေယူလေသိမ်းနဲ့ ပြောနေရင် cerebellar disease။ ဒီလို အသားအရောင်မျိုးက Swallow Colour လို့ခေါ်တယ်။ အဲဒီအသားအရောင်ကို ကျောက်ကပ်ပျက်စီးနေသူတွေမှာတွေ့ရတယ်။ ဟော-- ဒီလူနာ အသက်ရှူလိုက်တိုင်း Ketone Smell ရနေပြီဟေ့-- DKA ၀င်နေပြီ။ မှတ်သားသင်ယူသင်ပေးဖူးတာတွေထဲက တချို့ ။

"ဒါလေးကတော့ ပျော့တယ် Soft လို့ သတ်မှတ်တယ်ဟေ့။ ဒါကတော့ Firm in consistency ခပ်တင်းတင်းလေးပေါ့။ ဒါကတော့ Hard မာလွန်းတယ်။" စသည်ဖြင့် အပျော့အမာ ခွဲခြားနိုင်ဖို့ကလည်း ရောဂါတွေအတွက် အရေးကြီးပြန်တယ်။

ဒီတော့ ဆေးကျောင်းသားတစ်ယောက် ကျောင်းတက်ဖို့ လိုတယ်ဆိုတာ သိသာပါတယ်နော်။

+++++++++++++++++

သမားဆို အိုမှတဲ့။ အတွေ့အကြုံက ဆရာဝန်ကို သင်သွားတာ။ အတွေ့အကြုံ ရှိတာချင်းအတူတူ ခံယူ Absorb လုပ်နိုင်တာခြင်းတော့ ကွာပါတယ်။ သို့သော် အတွေ့အကြုံက မရှိမဖြစ်လိုပါတယ်။ ဆေးကျောင်းတစ်လျှောက်လုံးက Theory နဲ့ လက်တွေ့ မျှသင်ခဲ့ပေမယ့် လက်တွေ့ က အပေါ်ယံကျလွန်းတယ်။ ကျောင်းသားက ကိုယ်တိုင် ဆုံးဖြတ်စရာတွေ မရှိခဲ့ဘူး။ အရေးပေါ်အနေအထား Medical Emergency တွေကို မမြင်ဘူးခဲ့ဘူး။ စာသင်တုန်းက သက်သာနေတဲ့ လူနာတွေနဲ့ သင်ထားတာ။

ဒီတော့ ဟောက်ဆာဂျင်ဘ၀ဟာ စာတွေ့လေ့လာခဲ့သမျှအားလုံးနဲ့ Real Life မှာ ရှိတဲ့ လက်တွေ့နဲ့ ပေါင်းစပ်တဲ့ ကာလပါ။ ဒီကာလဟာ ဆရာဝန်နောက်သက်တန်း တစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးကာလပါပဲ။ ဒီကာလကို ကောင်းကောင်းမွန်မွန် မဖြတ်သန်းခဲ့တဲ့ ဆရာဝန်တွေကို လက်ခံချင်တယ်ဆိုရင်ဖြင့် သမားသင်တုန်း ဆွေမျိုးဖြုန်း ဆိုသလို ဖြစ်တော့မယ်။ ဆမ ရပြီးတော့မှ လေ့ကျင့်ကွင်းဆင်သလိုမျိုး ဆေးကုသမှုကို စမ်းသပ်ကုတာကို ဓာတ်ခွဲခန်းထဲက ကြွက်ဖြူလေး Guinea Pig တွေလို စမ်းသတ်တာကို ခံချင်ကြသလား မေးလိုပါတယ်။

+++++++++++++++++++

Vesicular Breath Sound ဆိုတာ Normal Aerated Lung ပေါ်မှာ ကြားရတဲ့ အသံ။
လေ၀င်တဲ့ inspiratory phase ထက် လေထွက်တဲ့ expiratory phase က ပိုတိုတယ်။ အဲဒီ ၂ ခုကြားမှာ Gap မရှိဘူး။ expiratory phase က အဖျားရှူးသွားတယ်။
Bronchial Breath Sound ဆိုတာ inspiratory phase ထက် လေထွက်တဲ့ expiratory phase duration ချင်း တူမယ်။ ၂ ခုကြားမှာ Gapရှိမယ်။ expiratory phase က အဖျားရှူးမသွားဘူး။

Collapsing Pulse ဆိုတာ လက်ကို အောက်ချထားတုန်း စမ်းရင်း ရတဲ့ သွေးခုန်ပုံကို အရင်မှတ်။ ပြီးရင် လက်ကို မြှောက်လိုက်။ အဲဒီအချိန်မှာ ကိုယ့်လက်ကို သွေးလာတိုးတာ လျော့ချင်လျော့ ပျောက်ချင်ပျောက်မယ်။ ပြီးရင်ပိုပြီး အားကောင်းတဲ့ သွေးခုန်နှုန်းတွေ ပေါ်လာတာကို ပြောတာ။

ဒါတွေကို ဖတ်လိုက်သူတွေ နားလည်မယ်။ ဒါဆို လူနာမှာ စမ်းကြည့်ရင် လူနာမကိုင်ဘူးတဲ့ ဆေးကျောင်းသားက ဘယ်ဟာက ဘယ်လို သိမယ်ထင်လား။

ရေထဲမဆင်းဘဲ စာဖတ်ပြီး ရေကူးသင်လို့ မရပါဘူး။ စက်ဘီးပေါ် တက်မစီးဘဲ စာဖတ်ပြီး စက်ဘီးစီးတတ်ချင်လို့ မရပါဘူး။ ဆေးရုံမလာ လူနာမထိဘူးပဲ ဆေးကုချင်လို့ မရပါဘူး။

++++++++++++++++++

Steve Jobs & Bill Gate တို့လို အက်ဒီဆင်တို့လို လူတွေက လောကကြီးမှာ Pioneer တွေလေ။ သူတို့အရင် အဲဒီနယ်ပယ်မှာ အရင်လူ မရှိဘူး။ နယ်ပယ်သစ် ရှာသလိုမျိုး အသစ်တွေ ရှာဖွေတွေ့သွားကြတာမျိုး။ ဒီလို အသစ်တွေ တွေ့သွားဖို့အတွက် ကျောင်းတက်ဖို့ မလိုပါဘူး။ အခုဆေးပညာကတော့ အခြေခိုင်ပြီးသား လူအသက်ကို အရင်းတည်ရတဲ့ ပညာဖြစ်တော့ကာ အက်ဒီဆင်လို အမှားမခံပါဘူး။ ဆရာဝန်မှားရင် လူသေမှာလေ။ စလုပ်ကတည်းက အောင်မြင်ဖို့ လိုပါတယ်။ ဆရာလိုပါတယ်။ ဒါကြောင့် ဆေးကျောင်းကို တက်ဖို့ လိုပါတယ်။ ဟောက်စ်ဆင်းဖို့ လိုပါတယ်။

မောင်မောင်ဦး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...