Author: lubo601 |
8:44 PM |
|
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbSI3_LxWlYafIoPbzFLaRxr7VP6XFVg8rxgOS0NImzZEpvoMilnb602OXDyHN9-dVNNeK1foJbOz0xxKRv10k1cQWaJ6VBWmVga5PLl536AcvaLQaSfc1x1mjOgl7Uzyw9SBCmOOcIXg/s400/560462_290005694462268_1980869535_n.jpg)
ဒီpage လေးကိုလာရောက်လည်ပတ်ကြသော သူငယ်ချင်းတို့ လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ
မည်သူမဆို ရှောင်လွဲမရအောင် လိုအပ်လှတဲ့ “ လူမှုဆက်ဆံရေး တာဝန် ” လေးတွေကို
သိမှသာလျှင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ လွယ်ကူအဆင်ပြေချော့မွေ့စေမှာမို့ ဗဟုသုတအဖြစ် ဖတ်ရှုကြနိုင်ရန် ပြန်လည်မျှဝေလိုက်ရပါတယ်။ ၁။ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးမှုသည် များစွာအရေးကြီးပေသည်။ အကျင့်စာရိတ္တ ကောင်းရန် လိုအပ်သကဲ့သို့ပ င် ကိုယ်အမှုအရာ၊ နှုတ်အမှုအရာ ယဉ်ကျေးခြင်းကို အလိုရှိအပ် ၏။ ၂။ အကျင့်စာရိတ္တကောင်းခြင်းနှင့် အမှုအရာယဉ်ကျေးခြင်းသည် မတူညီကြချေ။ အချို့သော သူတို့သည် ခေတ်ပညာတတ်၍ အကျင့်စာရိတ္တကောင်းကြပါလျက်
အမှုအရာ၊ အပြောအဆို၊ ယဉ်ကျေးမှုမရှိခြင်းကြောင့် အကျိုးရှိသင်သလောက်
မရှိရုံမျှမက တစ်ခါတစ်ရံ အကျိုးယုတ် ခြင်းနှင့်ပင် တွေ့ကြုံရတတ်ပေသည်။
ပညာအရည်အချင်းတူပါလျက် ယဉ်ကျေးစွာ ဆက်ဆံ တတ်သူက ယဉ်ကျေးခြင်းမရှိသူထက်
အဆင့်အတန်းများစွာသာလွန်ကာ အကျိုးခံစားနေရ သည်ကို
များစွာတွေ့မြင်နိုင်ပေသည်။ ယဉ်ကျေးခြင်းအမှုအရာသည် ၀မ်းတွင်းပါ သဘောတ ရားမဟုတ်ချေ။ သင်ကြားပြသ အတုယူခြင်းဖြင့် ပြုပြင်၍ ရကောင်းသောအရာများဖြစ်ချေ သည်။ ၃။ အကျင့်စာရိတ္တကောင်းရာတွင် ယဉ်ကျေးခြင်း ထပ်လောင်းပါက အလွန်အဖိုးတန်လာပေ လိမ့်မည်။ ၄။ ယဉ်ကျေးမှုဓလေ့ထုံးစံတို့သည် လူမျိုးအသီးသီးအလိုက် ခြားနာခြင်းရှိသော်လည်း လူမျိုးတစ်မျိုးထံမှ တစ်မျိုးက အတုယူသင့်သောအချက်၊ ရှောင်ကြဉ်သင့်သောအချက်များ လည်း ရှိကြပေသည်။ မိမိလူမျိုး၏ ဓလေ့ထုံးစံများပင်လျှင် အချို့ကိုကား ပယ်ဖျောက်သင့်၍ အချို့ကိုပြုပြင်သင့်ပြီးလျှင် အချို့ကိုမှုကား ဆက်လက်လိုက်နာသင့်ပေသည်။ ၅။ ယဉ်ကျေးမှုအရပ်ရပ်ကို အောက်ပါအတိုင်း မှတ်သားသင့်ပေသည်။ (က) အိမ်၌ ယဉ်ကျေးခြင်း။ (ခ) ကျောင်း၌ ယဉ်ကျေးခြင်း။ (ဂ) လမ်း၌ ယဉ်ကျေးခြင်း။ (ဃ) ကစားဉ် ယဉ်ကျေးခြင်း။ (င) ခရီးသွားစဉ် ယဉ်ကျေးခြင်း။ (စ) အထွေထွေ ယဉ်ကျေးခြင်း။ (က) အိမ်၌ ယဉ်ကျေးခြင်း ၁။ မိမိနှင့် သင့်လျှော်သောနေရာတွင် နေရာ၏။ ၂။ လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲမသွားရ။ ၃။ ရွှင်ပျသော မျက်နှာထားအမှုအရာ ရှိအပ်၏။ ၄။ ကျယ်လောင်စွာ စကားမပြောရ။ ဆူညံခြင်း မရှိစေရ။ ၅။ လူငယ်အချင်းချင်း သင့်တင့်စွာနေရာ၏။ ၆။ လူကြီးများ၏အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။ ရ။ အိပ်ရာကိုသန့််ရှင်းစေရာ၏။ မကြာမကြာ နေလှန်းရာ၏။ အိပ်ရာမှထလျှင် ခြင်ထောင်ကို တင်၍ စောင်၊ ခေါင်းအုံးတို့ကို နေရာတကျရှိစေရာ၏။ ၈။ အိပ်ခန်းမှအထွက်မီ နေရာတကျ ရှိ-မရှိ ကြည့်ရှုစီစဉ်ရာ၏။ ၉။ သူများမနိုးမီ သင်နိုးလျှင်၊ အသံကျယ်လောင်စွာ မပြုနှင့်၊ အိပ်နေသောသူများ မနိုးအောင် သတိပြုရာ၏။ ၁၀။ ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းက အသက်ရှုမမှန်ဖြစ်တတ်သည်။ ၁၁။ တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဘက်ဖြင့် ခံယူရာ၏။ မိမိကပေးလျှင် လည်း လက်နှင်ဘက်ဖြင့် ပေးရာ၏။
၁၂။ တံခါးရှိသော ခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းအတွင်းသို့ဖြစ်စေ၊
ဝင်သည်ထွက်သည့်အခါ တိုင်း တံခါးကိုပိတ်ရာ၏။ ဤသို့ပိတ်သည့်အခါ
အသံမမြည်အောင် ဖြည်းညင်းစွာပိတ်ရာ၏။ ၁၃။ အိမ်ကိုဝင်သောအခါ
ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ ပစ်ခဲ့ပါ။
ဖိနပ်ကို ချွတ်သင့်သောနေရာတွင် ချွတ်၍ထားရာ၏။ ၁၄။ မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ် စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။ ၁၅။ အစားစားသောအခါ အချိန်မှန်စွာ စားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးရာ၏။ ၁၆။ အလျင်စလို မစားရာ။ ၁၇။ ထမင်းလုတ်မကြီးစေရ၊ ထမင်းလုတ်နှင့် စကားမပြောရ။ ၁၈။ ထမင်းလုတ် အနီးသို့မရောက်မီ ပါးစပ်ကို ဟ၍မထားပါနှင့် ပျတ်ပျတ်မြည်အောင် မစားပါ နှင့်။ ၁၉။ ဟင်းရည်သောက်လျှင် မမြည်စေရ၊ ဇွန်းနှင့်သွားကို မထိစေရ။ ၂၀။ ဟင်းခပ်သောအခါ ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ခြင်းသည် နည်းကောင်းဖြစ်၏။ ၂၁။ ထမင်းနှင့်ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။ ၂၂။ လက်ကို ဟင်းရည်မပေစေရ၊ ထမင်းလုံး မကပ်စေရ။ ဟင်းခွက်ကို လက်နှင့်မနှိုက်နှင့်။ ၂၃။ ထမင်းစားပြီးလျှင် သွားကိုမစုပ်နှင့်၊ ရွံရှာဖွယ်ဖြစ်၏။ သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမ မြင်ရာသို့ သွားပါလေ။ ၂၄။ ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။ ၂၅။ တည့်တည့်ထိုင်၍ စားရာ၏။ ၂၆။ တစ်စုံတစ်ရာကိုအလိုရှိလျှင် အနီးဆုံးလူကို တိုးတိုးတောင်းရာ၏။ ၂၇။ သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟက်ခြင်းတို့ မပြုအပ်။ ၂၈။ ထမင်းစားပွဲပေါ်ရှိအရာများကို ဟိုရွှေ့သည်ရွှေ့ မလုပ်ရ။ ( က္ကုနြေ္ဒမရသော အပြုအမှုဖြစ် သည်။ ) ၂၉။ လူကြီးမိဘများ ဧည့်သည်များသည်၊ ဘာကိုအလိုရှိသနည်းဟု သတိနှင့်ကြည့်ရာ၏။ သိလျှင်အသံမကြားရစေဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။ ၃၀။ လက်ဖက်ရည်၊ ကော်ဖီသောက်သောအခါ အောက်ခံပန်ကန်ပြားထဲတွင်ထည့်၍ သောက် ခြင်းသည် မယဉ်ကျေးဟု အချို့က ယူဆကြ၏။ ၄င်းပန်ကန်ပြားသည် ဖိတ်၍ မကျန်ရန်၊ မပေရန် အောက်ကခံသောအရာဖြစ်၏။ ၃၁။ ဖဲ့၍စားနိုင်သောအရာကို ဖဲ့၍ စားပါ။ ကိုက်၍ မစားပါနှင့်။ ၃၂။ ထမင်းစားစဉ် စကားများများမပြောရ၊ ရွှင်ပျသောမျက်နှာ ထားရာ၏ ၊ နှစ်သက်ဖွယ်သော စကားကိုသာ ပြောရာ၏။ (ခ) ကျောင်း၌ ယဉ်ကျေးခြင်း ၁။ စာသင်ခန်းသို့ အချိန်မှန်စွာရောက်ရာ၏။ နောက်ကျ၍ ရောက်လျှင် နောက်ကျခြင်းကို ခွင့်ပြုပါမည့်အကြောင်းနှင့်ဆရာ့အား ခွင့်တောင်းရာ၏။ ၂။ အတန်းထဲတွင် စာကျယ်ကျယ်မဖတ်ရ၊ စကားမများရ။ ၃။ အခြားကျောင်းသားများအား မည်သို့မျှ အနှောက်အယှက်မပြုရ။ ၄။ စာအုပ်၊ စာရေးကိရိယာများကို ရိုသေစွာကိုင်တွယ်ပါ၊ ညစ်ညမ်းအောင် ပျက်စီးအောင် မပြုလုပ်ရာ။ ၅။ စာအုပ်ကိုဖွင့်လျှင် တံတွေးဆွတ်၍ မဖွင့်နှင့်၊ စာရွက်ထောင့်က ဖွင့်ရာ၏။ ၆။ စာရွက်ကို ချိုး၍မမှတ်နှင့်၊ စာအုပ်ကို မှောက်၍မထားနှင့်၊ စာရွက်လွတ်တစ်ခုဖြင့် ညှပ်၍ထားရာ၏။ ရ။ စာဖတ်နေစဉ်၌လည်ကောင်း၊ တစ်စုံတစ်ရာကို စဉ်းစားနေစဉ်တွင်လည်းကောင်း၊ ပါးစပ်ထဲ သို့လက်ကိုမသွင်းနှင့်၊ လက်သည်းကို မကိုက်နှင့်။
၈။ မိန်းကလေးများသည် နိးစပ်ရာစုပေါင်း၍ တစ်ယောက်ယောက်ကို မခေါ်မပြော
ဝိုင်းပယ် သောအကျင့် ရှိတတ်၏။ အပယ်ခံရသူသည် အလွန်စိတ်ဆင်းရဲရသောကြာင့်
ထိုအပြုအမှုကို မပြုလုပ်ဘဲ ရှောင်ကြဉ်ရာ၏။ ၉။ အချင်းချင်း နာမည်တုဖြင့် ပြောင်လှောင်ခေါ်ဝေါ်ခြင်းသည် ရိုင်းပြသောအမှုအရာဖြစ်၏။ ၁၀။ တစ်ယောက်နှင့်တစ်ယောက် ပြောင်ခြင်း၊ လှောင်ခြင်း၊ သရော်ခြင်း၊ ရန်စခြင်း မပြုနှင့်။ ၁၁။ ရုန့်ကြမ်းသောစကား၊ ဆဲရေးတိုင်းထွာခြင်းတို့ကို အလျဉ်းမပြုဘဲ ရှောင်ကြဉ်ရာ၏။
(မခံချင်ဖွယ်စကား၊ ရုန့်ကြမ်းသောစကား၊ နားမချမ်းသာဖွယ်သော
စကားများကိုပြောခြင်း၊ စကားနိုင်ပြောခြင်းတို့ကို ရှောင်ကြဉ်ပြီး
ပြေပြစ်သိမ်မွေ့သောစကား၊ ယဉ်ကျေးဖွယ်ရာသော စကားအသုံးအနှုန်းများကိုသာ
ပြောဆိုရာ၏။) ၁၂။ ကျောင်းသားသစ်များကို ကူညီရာ၏။ ငယ်သောကျောင်းသားကိုလည်း စောင့်ရှောက်ရာ ၏။ ၁၃။ ကျောင်းသူကလေးများနှင့်ရော၍နေရပါလျှင် မိမိနှမကဲ့သို့ သဘောထားရာ၏။ စောင့် ရှောက်ရန်ရှိသမျှကို စောင့်ရှောက်ရာ၏။ ၁၄။ သူတစ်ပါး အတုယူလောက်အောင် အကျင့်စာရိတ္တ၊ အပြုအမှုယဉ်ကျေးသော လူငယ်တစ် ယောက်ဖြစ်သည်ဟု စံနမှုနာယူလောက်သူဖြစ်လာစေရန် အစဉ်မပြတ် သတိပြုပါ။ “ မောင်ကျောင်းသား၊ အတတ်သင်ပါ။ လိမ္မာဖော်ရွေ၊ စိတ်နေဖြူစွ မာနချလျက်၊ မြန်မာ့အကျိုး တိုးကြီးတိုးအောင်၊ သယ်ပိုးနေ့ည၊ ကြိုးပါကြ”။ (ဂ) လမ်း၌ ယဉ်ကျေးခြင်း ၁။ လမ်းသွားစဉ် ကျယ်လောင်စွာ စကားမပြောရ။ (ညအချိန် လမ်းလျှောက်စဉ် ကျယ်လောင် စွာသီချင်းဆိုခြင်း မပြုရ။) ၂။ လမ်းတွင် ရပ်၍စကားပြောလျှင် လွတ်ရာသို့ရှောင်၍ ပြောရာ၏။ ၃။ လမ်းသည် လူအများသွားလာရန်ဖြစ်၏။ မိမိတို့ကြောင့် အနှောက်အယှက် မဖြစ်အပ်ပေ။ မြို့ကြီးများတွင် လမ်းဘေးစင်္ကြံမှသွားလာခြင်း၊ အခြားကန့်သတ်နေရာများမှသွားလာခြင်း စသောကန့်သတ်ချက်များ ထားတတ်၏။ ကန့်သတ်သည့်အတိုင်း လိုက်နာရန်သတိပြုရာ၏။ ၄။ ရဟန်သံဃာတော်များ၊ သူအိုများ၊ မိန်းမများနှင့် ကလေးသူငယ်များကို မိမိက လမ်းဖယ်၍ ပေးရာ၏။ ၅။ ထီး၊ တုတ်စသည်တို့ကို ယူဆောင်သွားပါက အချွန်ကို အောက်ဘက် သို့စိုက်ကာ ကိုင် ဆောင်ရာ၏။ ၆။ လမ်းပေါ်တွင် သစ်သီးခွံများကို ပစ်မထားပါနှင့်။ ၇။ မီးရှိသော ဆေးလိပ်တို့ကိုလည်း လမ်းပေါ်တွင် မပစ်ပါနှင့်၊ နင်းမိသူ အပူလောင်တတ် သည့်အပြင် မီးဘေးအန္တရာယ် ကြုံတွေ့နိုင်သည်။ ၈။ အမှိုက်၊ စက္ကူစုတ် စသည်တို့ကို လမ်းမပေါ်တွင် မပစ်ပါနှင့်၊ လမ်းဘေးရှိ အမှိုက်စွန့်ရာပုံး များထဲသို့ထည့်ပါ။ ၉။ လူကို ဒုက္ခပေးနိုင်သော ခဲ၊ ဆူး၊ ခလုတ်၊ ပုလင်းကွဲ စသည်တို့ကို လမ်းမပေါ်တွင်တွေ့ရှိပါ ကဖယ်ရှားပစ်ရာ၏။ ၁၀။ ၀န်လေး သယ်ဆောင်လာသောလူများအား မိမိက ရှောင်ဖယ်ရ၏။ ၁၁။ လမ်းကိုဖြတ်ကူးလျှင် မော်တော်ကား၊ ရထား၊ ဆိုင်ကယ်၊ စက်ဘီး စသည်တို့ အန္တရာယ်ကို သတိထား၍ ကူးရာ၏။
၁၂။ လမ်းတွင်တွေ့၍ နှုတ်ဆက်ရာ၌ “လက်အုပ်ကြာငုံ၊ ရင်မှာထားသည့်” လေးမြတ်စွာ
ဂါရ၀ ပြု နှုတ်ခွန်းဆက်သင့်သူကို လက်အုပ်ရင်မျာချီ၍လည်းကောင်း၊ “ဦးညွတ်နှုတ်ဆက်” တန်သူကို ဦးညွတ်၍လည်းကောင်း၊ “ပြုံး၍နှုတ်ဆက”်သင့်သူကို ပြုံး၍လည်းကောင်း ပြုရာ၏။
၁၃။ မြို့ကြီးများတွင် အလုပ်ကိစ္စများ၍ အလျင်လိုသည်ဖြစ်သောကြောင့်
တစ်ဦးနှင့်တစ်ဦး စ ကားဖြင့်နှုတ်ဆက်ခြင်းကို သတိပြု၍ ရှောင်နိုင်သမျှ
ရှောင်ရာ၏။ ၁၄။ တစ်ဦးတစ်ယောက် မတော်တဆ ထိခိက်မိ၍ဖြစ်စေ၊
အခြားကိစ္စအတွက် တောင်းပန်ရန် ဖြစ်စေ ရှိခဲ့လျှင် သင့်လျော်ရာ ယဉ်ကျေးသော
စကားအသုံးနှုန်းတို့ဖြင့် ယဉ်ကျေးစွာ တောင်း ပန်ရမည်။ မိမိအား
တောင်းပန်လျှင်လည်း ယဉ်ကျေးစွာ ပြန်လည်ပြောဆိုရာ၏။ (ဃ) ကစားစဉ် ယဉ်ကျေးခြင်း
၁။ ကစားသောအခါ စိတ်ပျော်ရွှင်ရန်ကိုသာ ဂရုပြုရာ၏။ သူတစ်ပါးအား
ထိခိုက်နစ်နာစေခြင်း မရှိစေသင့်။ (ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းစေသော
ကစားနည်းမျိုးများကိုသာလျှင် ကစားရာ၏။ ၂။ ကစားသောအခါ အစုအသင်းဖွဲ့၍ ကစားခြင်းသည် တစ်ကိုယ်ကောင်းကြံတတ်သောစိတ်
ကို ပယ်ဖျောက်စေသောကြောင့် ထိုကစားနည်းမျိုးကို အားပေးရာ၏။
(တစ်ကိုယ်ကောင်း အစွမ်းပြခြင်းထက် အဖွဲ့သားများနှင့် မျှတညီညွတ်စွာ
ကစားခြင်းကို ပြုရာသည်။) ၃။ အပျော်အရွှင် အနိုင်အရှုံးကစာခြင်း၌ အရှုံးအနိုင်ကို မဓာနမထားဘဲ ကျန်းမာရေးနှင့် ပျော်ရွှင်စေရန်ကိုသာလျှင် ပဓာနထား၍ ကစားရာ၏။ ၄။ ကစားရာ၌ ၀မ်းသာဝမ်းနည်းခြင်းကို ထင်ရှားမပြရာ။ (နိုင်သောပွဲကို ကစားသကဲ့သို့ပင် ရှုံးသော ပွဲကို စိတ်မပျက်ဘဲ ကစားရာ၏။ ၅။ အငြင်းအခုန်ဖြစ်လျှင် တစ်ဖက်သားဆန္ဒ ပြောလိုချက်ကိုလည်း ကြည့်ရှုနားထောင်ပါ။ အငြင်းမသန်ပါစေနှင့်။ ၆။ ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ဆင်ခြေမတက်ဘဲ အမိန့်ကို ရိုသေစွာ နာခံရမည်။ ရ။ ဒိုင်လူကြီးမရှိလျှင် အသင်အတင့်ဖြစ်အောင် အညီအညွတ် ဆုံးဖြတ်ပါ။ ၈။ ကစားစဉ် မတော်တဆထိခိုက်မလျှင် အပြစ်မယူပါနှင့် တမင်လုပ်သည်မဟုတ်ဟု ယူဆပါ။ ၉။ မိမိကလည်း မရည်ရွယ်ဘဲနှင့် ဤသို့ပြုလုပ်မိတတ်သည်ကို သတိပြုပါ။ ၁၀။ ကြမ်းတမ်းသောစကား၊ ကြမ်းတမ်းသောအပြုမှုတို့ကို အလျဉ်မသုံးပါနှင့်။ (ရူံး၌ ရမ်းခြင်းသည် အလွန်ရှက်ဖွယ်ကောင်းသော အပြုအမှုဖြစ်၏။) (င) ခရီးသွားစဉ် ယဉ်ကျေးခြင်း ၁။ ရထားနှင့်ဖြစ်စေ၊ သင်္ဘောဖြင့်ဖြစ်စေ အခြားသောယာဉ်တို့ဖြင့်ဖြစ်စေ
ခရီးသွားသောအခါ အတင်းတိုး၍ မ၀င်ရ။ အားနည်းသူများကို ပထမဦးစွာ
အခွင့်အရေးပေးရာ၏။ (ခရီးသွားစဉ် သူတစ်ပါးအား အထူးသဖြင့် အားနည်းသူများအား
တတ်နိုင်သမျှ ကူညီရာ၏။ အကယ်၍ တစ်စုံရစ်ရာ မကူညီနိုင်စေကာမှု
မိမိအတွက်အနှောက်အယှက်မဖြစ်စေသင့်၊ တံခါးကို ဖွင့်ပေး ခြင်း၊ အတက်အဆင်း၌ လွယ်ကူစွာရှိစေရန်ကူညီခြင်း၊ လေးသော ၀န်ကိုပင့်ပေးခြင်း၊ ချပေးခြင်း စသည်ဖြင့် ချမ်းသာစွာ သွားလာနေထိုင်နိုင်ကြရန် ကြိုးစား၍ ကူညီရာ၏။ ၂။ မိမိအတွက် သင့်လျော်သည်ထက် ပို၍နေရာမယူသင့်။ ၃။ ထိခိုက်မိ၍သော်လည်းကောင်း၊ တစ်စုံတစ်ရာကြောင့်သော်လည်းကောင်း၊ တောင်းပန်ရန်ရှိ ခဲ့လျှင် နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ တောင်းပန်ရာ၏။ ၄။ ကျေးဇူးတင်သင့်လျှင်တင်ကြောင်း၊ အပြစ်မှခွင့်လွှတ်ကြောင်းများကို ယဉ်ကျေးစွာပြောအပ် ၏။ ၅။ လူအများနှင့် ဆက်ဆံရာနေရာများတွင် တံတွေးမထွေးပါနှင့်၊ တံတွေးထွေးခြင်းသည် ညစ်ညမ်းစေရုံမျှမက ဥပဒ်အန္တရာယ်ကိုလည်းဖြစ်စေ၏။
၆။ ရထားအတွင်း၊ သင်္ဘောအတွင်း၊ ဘတ်စ်ကားအတွင်း စသည့်လူအများနှင့် ဆက်ဆံရာနေ
ရာများတွင် စကားကျယ်စွာ မပြောရ။ အော်ဟစ်ခြင်းကို မပြုရ။
မိမိတို့အချင်းချင်း ကြားရုံမျှသာ စကားပြောရာ၏။ ရ။ ပါးစပ်ထဲတွင် တစ်စုံတစ်ရာရှိစဉ် စကားမပြောရ။ သူတစ်ပါး မခံသာသောအနံ့ရှိသည့် ပစ္စည်းများကိုပင် အသုံးမပြုရ၊ ၈။ စက္ကူစုတ်၊ မုန့်ထုပ်စက္ကူ၊ သစ်သီးခွံ၊ စားကြွင်း စသည်တို့ကို မတင်မရှိအောင် သတိပြုရာ၏။
၉။ ချောင်းဆိုးခြင်း၊ ချေးဆတ်ခြင်းကို လူရှေ့တွင် မပြုလုပ်ရာ၊
တခြားနေရာသို့ ထသွားခြင်းငှာ တတ်နိုင်ပါလျှင် လက်ကိုင်ပ၀ါဖြင့်အုပ်၍
ပြုလုပ်ရာ၏။ အချို့သူတို့သည် လူရှေ့တွင် သမ်းခြင်းကိုပင် ရှောင်ကြဉ်၏။
၁၀။ ဘူတာရုံ၊ သင်္ဘောဆိပ်၊ ရုပ်ရှင်ရုံ၊ ဇာတ်ရုံ စသည်တို့၌ လက်မှတ်ခံခြင်း၊
ဝင်ခြင်း၊ ထွက်ခြင်းတို့တွင် တိုးဝှေ့ခြင်းမရှိဘဲ တစ်ယောက်နောက်
တစ်ယောက်စီကာ မိမိအလှည့်ကို စောင့်ဆိုင်းရာ၏။ ဤသို့သောနေရာမျိုးတွင်
မိမိအတွက် အလျင်ရရန်၊ ရောက်ရန် တိုးဝှေ့၍ တက်ခြင်း၊ မိမိကိုသာလျှင်
ဦးစွာဆောင်ရွက်စေလိုခြင်း စသော အပြုအမှုတို့သည် ယဉ်ကျေး သော
နိုင်ငံကြီးသားတို့၏ အပြုအမှုမဟုတ်ကြောင်းကို အထူးသတိပြုရာသည်။ ၁၁။ လူစည်ကားရာအရပ်တွင် မိန်းကလေးများရှိရာသို့ အတင်းဝင်၍တိုးခြင်း၊ နောက်ပြောင် ပြောဆိုခြင်းသည် လွန်စွာရိုင်းပြသောအမှုအရာဖြစ်၍ ရှက်ဖွယ်ကောင်းလှ၏။ (စ) အထွေထွေ ယဉ်ကျေးခြင်း ၁။ လူကြီးလူကောင်းများနှင့်လည်းကောင်း၊ လူစိမ်းများနှင့်လည်းကောင်း စကားပြောလျှင် ခေါင်းငုံ၍ မပြောပါနှင့်။ ထိုသူကိုကြည့်၍ ပြောရာ၏။ ၂။ စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်၊ ရဲတင်းလွန်းသောအမှုအရာဖြင့် မဖွယ်မရာလည်း မပြုနှင့်။ (သူတစ်ပါးသည် သင့်အား အပြစ်ရှာနေသည်ဟု မထင်လေနှင့်။) ၃။ သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ၊ ထိုသူ၏စကားဆုံးအောင် စောင့်ဆိုင်းရာ ၏။ ၄။ ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမှုအရာနှင့် ရိုသေစွာ ဖြည့်စွက်ရမည်။ (မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့်သဘော၊ ဆရာလုပ်လို သည့်သဘောဖြင့် ပြောဆိုခြင်းမပြုရ၊) ၅။ သူတစ်ပါး၏ အပြစ်ကိုမပြောဘဲ ရှောင်ကြဉ်ရာ၏။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာ၏။ အကောင်းချီးမွမ်းရန်မရှိလျှင် မပြောဘဲနေရာ၏။ ၆။ ဒေါသထွက်နေသူတစ်ဦးနှင့် အတုံ့အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏။ တစ်ယူသန်သူနှင့် လည်း ယှဉ်ပြီးပြောဆိုခြင်းမပြုအပ်၊ ထိုသူနှင့် မလွှဲမရှောင်သာ၍ပြောရလျှင် ဖြည်းညင်းစွာ၊ ချိုသာစွာ ပြောဆိုအပ်၏။ ရ။ မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်သက်ဖွယ်သောစကား၊ အကျိုးမရှိသောစကားကို မပြောရာ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်၏။
၈။ လူကြီး လူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော
စကာအသုံးအနှုန်းကို ရှောင်ကြဉ်ရာ၏။ စိတ်ဆိုးသောအခါမှာပင် မသုံးမိရန်
သတိထားရာ၏။ (လျှာကိုထိန်းနိုင်လျှင် ကိုယ်ကိုထိန်းနိုင်လာလိမ့်မည်။ ) ၉။ မကောင်းသော စကားကို မပြောမိစေရန်၊ မကောင်းသော အလုပ်ကို မလုပ်မိစေရန် သတိကြီးစွာထားရာ၏။ သူတစ်ပါးပြောဆိုလုပ်ကိုင်နေပါလျှင်
ရှောင်၍သွားရာ၏။ တစ်စုံတစ်ရာ အားပေးခြင်းမပြုဘဲ ဆိတ်ဆိတ်နေရာ၏။
ရွယ်တူချင်းဖြစ်သော် ဆုံးမရာ၏။ (ဤကား ၀တ္တရား ဖြစ်ကြောင်းမမေ့အပ်။) ၁၀။ မိမိနှင့်မဆိုင်သောနေရာ အရာဝတ္တုပစ္စည်း အလုပ်အကိုင်များတွင် မပါမ၀င် ရှောင်ကြဉ်ရာ၏။ ၁၁။ မိမိနှင့်ဆိုင်သောကိစ္စဖြစ်စေကာမှု
မိမိအား သိစေသောအခါမှသာလဆင် သိရာ၏။ သိလိုဇောနှင့် လောဘတကြီး စကားမဆုံးမီ
မေးမြန်းခြင်းမပြုနှင့်။ အခွင့်ကိုစောင့်၍ မေးသင့်မှ မေးရာ၏။ ၁၂။ အခြားသူများ၏ စာရွက်စာတမ်းများအား စောင်းငဲ့၍ပင်မကြည့်ရာ။ (စည်းကမ်းစနစ်ကြီး သူဖြစ်ပါစေ။ )
၁၃။ မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းညူပါနှင့်၊ ညည်းတွားတတ်သူသည်
မည်သည့်နေရာမျှ အသုံးမ၀င်ချေ။ အများ၏ အနှောင့်အယှက်ဖြစ်စေရုံမျှမက ကြားသူတို့စိတ် တွင် မနှစ်မြို့မှုကိုဖြစ်စေသည်။
၁၄။ မည်သည့်အခါမဆို မျက်နှာကို ကောင်းစွာထားရာ၏။ မကောင်းသော
ဘေးဒုက္ခတွေ့သည့် အခါမှာပင် စိတ်မညစ်ဘဲမှတ်သားရန် သင်ခန်းစာရပေသည်ဟု
အကောင်းဘက်က ယူရာ၏။ ၁၅။ ပြုံးရွှင်သောမျက်နှာကို ထားနိုင်သမျှထားပါ။ ၁၆။ စကားပြောချိုခြင်းသည် ယဉ်ကျေးဖွယ်ရာသောအမှုအရာဖြစ်၍ မိတ်တွေပေါများကြာင်း ဖြစ်၏။ ၁၇။ ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ကို အစဉ်အမြဲ သတိထား၍သုံးပြိးလျှင် စိတ်ချမ်း သာစွာ မျက်နှာထားချိုသာ ရွှင်ပြုံးနိုင်ပါစေ။ ၁၈။ “ နှုတ်ချို သျှိုတစ်ပါး”၊ နှုတ်ကောင်းလျှင်ပြည်စိုး”၊ “နှုတ်ကြောင့်သေ လက်ကြောင့်ကြေ” ဆိုသော စကားပုံများကို သတိပြုပါ။ ၁၉။ “စကားကျွံသော် နုတ်မရ” ဟူသော စကားပုံတို့သည် နှုတ်မှုယဉ်ကျေးခြင်းဆိုင်ရာ စကား ပုံများဖြစ်ပေသည်။ ၂၀။ သူတစ်ပါး၏ပျော်ရအင်မှုကို မနှောင့်ယှက်ပါနှင့်၊ လူတိုင်းအပေါ် ဖြောင့်မတ်သောစိတ်စေ တနာကောင်းထားပါ။ ၂၁။ မိမိမှာ တာဝန်ပေးခံရ၍ သြဇာအာဏာရှိလာလျှင် ငယ်သားကိုမညှဉ်းပါနှင့်၊ မကြိမ်းမောင်း ပါနှင့်၊ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်ပါစေ။ Credit to မေတ္တာရိပ်
|
0 comments:
Post a Comment