ဦးသိန်းစိန် သို့ ပေးစာ
ဦးသိန်းစိန်
အကြောင်းအရာ။ မိန့်ခွန်းဆိုင်းဘုတ်များ ကိစ္စ။
အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်...
အစိုးရရုံးဌာနတွေက လူကြီးရုံးခန်းတွေ၊ အစည်းအဝေးခန်းမတွေရဲ့  နံရံထက်မှာ ဦးရဲ့  ခေါင်းပေါင်းတိုက်ပုံကြီးနဲ့ ဓာတ်ပုံတွေကို ဟိုလူကြီးရဲ့  ဓာတ်ပုံတွေ အစား ပြောင်းကပ် ထားကြတာတော့ မြင်ခဲ့ရပြီးပါပြီ။
ဒါပေမဲ့ ဦးရဲ့  မိန့်ခွန်းလည်း မဟုတ်၊ ဦးရဲ့  လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဦးစိုင်းတို့၊ ဦးဥာဏ်တို့ မိန့်ခွန်းတွေလည်း မဟုတ်၊ ယုတ်စွအဆုံး ဦးမန်းရဲ့  မိန့်ခွန်းလည်း မဟုတ်ဘဲနဲ့ ဟိုလူကြီးရဲ့  မိန့်ခွန်းတွေကို ရုံးတွေ၊ တက္ကသိုလ်တွေ၊ အစိုးရဌာနအဆောက်အဦတွေထဲမှာ ဆိုင်းဘုတ်အကြီးကြီးတွေနဲ့ အခုထိ ချိတ်ဆွဲထားတာကို မြင်နေရတုန်းဖြစ်နေတာကတော့ သား ရင်ထဲမှာ သိပ် ဘ၀င် မကျလှပါဘူး ခင်ဗျာ။ စိတ်ထဲမှာလည်း သိပ် မကောင်းလှပါဘူး။
အငြိမ်းစားယူတဲ့သူကို ဂုဏ်ပြုတဲ့အနေနဲ့ ချိတ်ဆွဲထားတာဆိုရင်လည်း တိုင်းပြည်အတွက် အသက်ပါစွန့်ပြီး အငြိမ်းစားယူသွားရရှာတဲ့ သားတို့အားလုံးရဲ့  ဘိုးဘိုး ဦးအောင်ဆန်းရဲ့  မိန့်ခွန်းတွေကို ဟိုလူကြီးရဲ့  မိန့်ခွန်းတွေအစား ချိတ်ဆွဲထားတာကမှ ပိုသင့်တော်မယ်ထင်မိပါတယ် ဦးဦးခင်ဗျား။
ကျေးဇူးပြုပြီး ဟိုလူကြီးရဲ့  အရိပ်အယောင်၊ လက်စလက်နတွေကို ဖျောက်ဖျက်ပေးပါခင်ဗျား။
အမြဲတမ်း မျှော်လင့်စောင့်စားလျက်-
မောင်ညိုကြီး
၇.၂.၂၀၁၃
0 comments:
Post a Comment