Sunday, February 3, 2013

“မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှုန်း မြင့်မားလာကြောင်း စာတမ်းတစ်စောင် ဖော်ပြ”

ဗမာပြည်ဖွား ညီနောင်များ shared New MyanmarFoundation's photo.
“မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှုန်း မြင့်မားလာကြောင်း စာတမ်းတစ်စောင် ဖော်ပြ”

 မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှုန်းသည် ယခင်နှစ်များကထက် မြင့်မားနေကြောင်း ဇန်န၀ါရီလအတွင်း ကျင်းပသည့် (၄၁) ကြိမ်မြောက်မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်းတစ်စောင်အရ သိရသည်။
အဆိုပါ သုတေသန စာတမ်းကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ တွင် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ရာ အသက် ၁၅ နှစ်မှ ၆၄ နှစ် အတွင်းရှိ အမျိုးသား၊ အမျိုးသမီး ဦးရေ ၇၄၂၉ ဦးကို သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး STEPS Chronic Diseases Risk Factor Survey, Myanmar (2009) မှ အချက်အလက်များကို အခြေခံ၍ တစ်နိုင်ငံလုံး အရက်သောက်သုံးမှု အခြေအနေကို စူးစမ်းဖော်ထုတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသားများတွင် အသက် ၂၄ နှစ်မှ ၃၄ နှစ်အတွင်း၊ အမျိုးသမီးများတွင် အသက် ၂၃ နှစ်မှ ၂၄ နှစ်အတွင်း ရှိသူများ သောက်သုံးမှု အများဆုံး ဖြစ်နေကြောင်း စာတမ်းအရ သိရ...
အဆိုပါ သုတေသန စာတမ်းကို ကျန်းမာရေး ဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ နိုင်ငံခြား ဆက်သွယ်ရေးဌာန၊ ဆေးသိပ္ပံပညာ ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့မှ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ စုပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စာတမ်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသားများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဖော်ပြထား သည်။
၂၀၀၃ ခုနှစ် အတွင်းက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသား/အမျိုးသမီး အရက်သောက်သုံးမှုနှုန်းကို စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသားများတွင် ၂၆ ရာခိုင်နှုန်းနှင့် အမျိုးသမီးများတွင် တစ်ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် ယခုညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်းနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်လာကြောင်း တွေ့ရှိခဲ့ရသည်။
အသက်အရွယ်အလိုက် အရက်သောက်သုံးမှုနှုန်းကို စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသားများတွင် အသက် ၂၄ နှစ်မှ ၃၄ နှစ်အတွင်း၊ အမျိုးသမီးများတွင် အသက် ၂၃ နှစ်မှ ၂၄ နှစ်အတွင်း ရှိသူများ သောက်သုံးမှု အများဆုံး ဖြစ်နေကြောင်း စာတမ်းအရ သိရသည်။
“စစ်တမ်းကောက်ယူခဲ့တုန်းက ဒီနိုင်ငံမှာ အရက်သောက်သုံးမှုနှုန်း ဘယ်လောက်ရှိသလဲ ဆိုတာကိုပဲ အဓိက ကောက်ခဲ့ပါတယ်။ အရက်သောက်တဲ့လူ ၁၀၀ မှာ ၁၅ ဦးလောက်က အရက်ကို အလွန်အကျွံ သောက်နေတာ တွေ့ခဲ့ရတယ်။ အရင် ၂၀၀၃ ခုနှစ်တုန်းက ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းကိုပဲ အရက်သောက်သုံးမှုနှုန်းနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ခဲ့ဖူးတယ်။ အဲဒီစစ်တမ်းနဲ့ အခုစစ်တမ်းယှဉ်ရင် အရက်သောက်သုံးမှုနှုန်း မြင့်တက်လာတာ တွေ့လာရပါတယ်။ နောက်အရက်သောက်တဲ့သူမှာ ဆေးလိပ်ပိုသောက်တယ်၊၊ ဆေးလိပ်သောက်တဲ့ သူမှာလည်း အရက်ပိုသောက်တာကို တွေ့ခဲ့ရတယ်။ ပြောရရင် ဆေးလိပ်နဲ့ အရက်က ဆက်စပ်မှု ရှိနေတာကို တွေ့ခဲ့ရတာပါ” ဟု သုတေသန စာတမ်း တင်သွင်းရာတွင် ပါဝင်ခဲ့သည့် ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) မှ ဒေါက်တာကိုကိုဇော်က ပြောသည်။
တစ်နိုင်ငံလုံး အနေဖြင့် အရက်သောက်သုံးသူ ၁၉ ရာခိုင်နှုန်းရှိပြီး ယင်းတို့အနက် အမျိုးသားများတွင် ၄၅ ရာခိုင်နှုန်း၊ အမျိုးသမီးများတွင် သုံးရာခိုင်နှုန်းရှိကြောင်း၊ အမျိုးသားများ၏ ၂၅ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ ၂ ဒသမ ၉ ရာခိုင်နှုန်းမှာတစ် နေ့လျှင် ငါးကြိမ်နှင့်အထက် အရက်သောက်သုံး နေသူများ ဖြစ်ကြောင်း စာတမ်းအရ သိရသည်။ မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု ဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ရာတွင် အရက်သောက်သုံးသူ ပမာဏ၏ ၈၃ ရာခိုင်နှုန်းသည် ဘီယာသောက်သုံး ကြခြင်းဖြစ်ပြီး ကိုးရာခိုင်နှုန်းမှာ ၀ိုင်သောက်သုံးကြောင်း၊ ရှစ်ရာခိုင်နှုန်းမှာ အရက်ပြင်းများ သောက်သုံးကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှုန်းသည် ယခင်နှစ်များကထက် မြင့်မားနေကြောင်း ဇန်န၀ါရီလအတွင်း ကျင်းပသည့် (၄၁) ကြိမ်မြောက်မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်းတစ်စောင်အရ သိရသည်။

အဆိုပါ သုတေသန စာတမ်းကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ တွင် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ရာ အသက် ၁၅ နှစ်မှ ၆၄ နှစ် အတွင်းရှိ အမျိုးသား၊ အမျိုးသမီး ဦးရေ ၇၄၂၉ ဦးကို သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး STEPS Chronic Diseases Risk Factor Survey, Myanmar (2009) မှ အချက်အလက်များကို အခြေခံ၍ တစ်နိုင်ငံလုံး အရက်သောက်သုံးမှု အခြေအနေကို စူးစမ်းဖော်ထုတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသားများတွင် အသက် ၂၄ နှစ်မှ ၃၄ နှစ်အတွင်း၊ အမျိုးသမီးများတွင် အသက် ၂၃ နှစ်မှ ၂၄ နှစ်အတွင်း ရှိသူများ သောက်သုံးမှု အများဆုံး ဖြစ်နေကြောင်း စာတမ်းအရ သိရ...
အဆိုပါ သုတေသန စာတမ်းကို ကျန်းမာရေး ဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ နိုင်ငံခြား ဆက်သွယ်ရေးဌာန၊ ဆေးသိပ္ပံပညာ ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့မှ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ စုပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စာတမ်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသားများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဖော်ပြထား သည်။
၂၀၀၃ ခုနှစ် အတွင်းက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသား/အမျိုးသမီး အရက်သောက်သုံးမှုနှုန်းကို စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသားများတွင် ၂၆ ရာခိုင်နှုန်းနှင့် အမျိုးသမီးများတွင် တစ်ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် ယခုညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်းနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်လာကြောင်း တွေ့ရှိခဲ့ရသည်။
အသက်အရွယ်အလိုက် အရက်သောက်သုံးမှုနှုန်းကို စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသားများတွင် အသက် ၂၄ နှစ်မှ ၃၄ နှစ်အတွင်း၊ အမျိုးသမီးများတွင် အသက် ၂၃ နှစ်မှ ၂၄ နှစ်အတွင်း ရှိသူများ သောက်သုံးမှု အများဆုံး ဖြစ်နေကြောင်း စာတမ်းအရ သိရသည်။
“စစ်တမ်းကောက်ယူခဲ့တုန်းက ဒီနိုင်ငံမှာ အရက်သောက်သုံးမှုနှုန်း ဘယ်လောက်ရှိသလဲ ဆိုတာကိုပဲ အဓိက ကောက်ခဲ့ပါတယ်။ အရက်သောက်တဲ့လူ ၁၀၀ မှာ ၁၅ ဦးလောက်က အရက်ကို အလွန်အကျွံ သောက်နေတာ တွေ့ခဲ့ရတယ်။ အရင် ၂၀၀၃ ခုနှစ်တုန်းက ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းကိုပဲ အရက်သောက်သုံးမှုနှုန်းနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ခဲ့ဖူးတယ်။ အဲဒီစစ်တမ်းနဲ့ အခုစစ်တမ်းယှဉ်ရင် အရက်သောက်သုံးမှုနှုန်း မြင့်တက်လာတာ တွေ့လာရပါတယ်။ နောက်အရက်သောက်တဲ့သူမှာ ဆေးလိပ်ပိုသောက်တယ်၊၊ ဆေးလိပ်သောက်တဲ့ သူမှာလည်း အရက်ပိုသောက်တာကို တွေ့ခဲ့ရတယ်။ ပြောရရင် ဆေးလိပ်နဲ့ အရက်က ဆက်စပ်မှု ရှိနေတာကို တွေ့ခဲ့ရတာပါ” ဟု သုတေသန စာတမ်း တင်သွင်းရာတွင် ပါဝင်ခဲ့သည့် ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) မှ ဒေါက်တာကိုကိုဇော်က ပြောသည်။
တစ်နိုင်ငံလုံး အနေဖြင့် အရက်သောက်သုံးသူ ၁၉ ရာခိုင်နှုန်းရှိပြီး ယင်းတို့အနက် အမျိုးသားများတွင် ၄၅ ရာခိုင်နှုန်း၊ အမျိုးသမီးများတွင် သုံးရာခိုင်နှုန်းရှိကြောင်း၊ အမျိုးသားများ၏ ၂၅ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ ၂ ဒသမ ၉ ရာခိုင်နှုန်းမှာတစ် နေ့လျှင် ငါးကြိမ်နှင့်အထက် အရက်သောက်သုံး နေသူများ ဖြစ်ကြောင်း စာတမ်းအရ သိရသည်။ မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု ဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ရာတွင် အရက်သောက်သုံးသူ ပမာဏ၏ ၈၃ ရာခိုင်နှုန်းသည် ဘီယာသောက်သုံး ကြခြင်းဖြစ်ပြီး ကိုးရာခိုင်နှုန်းမှာ ၀ိုင်သောက်သုံးကြောင်း၊ ရှစ်ရာခိုင်နှုန်းမှာ အရက်ပြင်းများ သောက် သုံးကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...