Wednesday, February 6, 2013

အများ သတိရှိအောင် မျှဝေလိုက်ပါသည် ခင်ဗျား ....

သတိတရားနဲ့ ပတ်သတ်ပြီးတော့ မြတ်စွာဘုရားက အလေးထား ဟောတယ်။ မဂ္ဂင်ရှစ်ပါးမှာလည်း “သတိ”ပါတယ်။ ဗောဇ္ဈင် ၇ ပါးမှာလည်း သတိတရားကို အလေးအနက်ထားပြီး ဟောထားတယ်။ ဒါကြောင့် ပထမဆုံး ကိုယ့်ကိုကိုယ် မနက်လင်းလာလို့ မျက်စိဖွင့်ကြည့်တဲ့အချိန်က စပြီး မြင်တဲ့အာရုံ ၊ ကြားတဲ့အာရုံအပေါ်မှာ ဘယ်လိုစိတ်အခြေအနေတွေဖြစ်သလဲဆိုတာကို သတိထားမိဖို့ လိုအပ်တယ်ပေါ့။ 

မြင်မှု ကြားမှု မလာခင်မှာ လာနိုင်တာတစ်ခုရှိတယ်။ တွေးမှုဆိုတာပဲ။ တွေးတောမှုဆိုတာနဲ့ ပတ်သတ်ပြီးတော့လည်း ဆင်ခြင်စဉ်းစားထိုက်တယ်။ အိပ်ရာက နိုးလာတာနဲ့ ”ငါ ဘာတွေတွေးမိသလဲ” လို့ စဉ်းစားဆင်ခြင်ပြီး လောဘနဲ့ တွေးတဲ့ အတွေးလား ၊ ဒေါသနဲ့ တွေးတဲ့အတွေးလား ၊ အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြားသိနိုင်စွမ်း မရှိတဲ့ မောဟနဲ့ တွေးတဲ့အတွေးလားဆိုတာ သတိမူဖို့ အရေးကြီးတာပေါ့။ အဲဒီလို သတိမူတဲ့အလုပ်ကိုပဲ Meditation လို့ ပြောတာပါ။ ဒါကပိုပြီးအရေးကြီးတယ်ပေါ့။ အေး…….ကမ္မဋ္ဌာန်းအလုပ်ဆိုတာ မနောကံဘာဝနာဖြစ်လို့ စိတ်နဲ့ မှတ်ဖို့ လိုတယ်။ 

ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ၀စီကံမဟုတ်ဘူး။ ပါးစပ်ကပြောရတဲ့အလုပ်မဟုတ်ဘူး။ ခန္ဓာကိုယ် အင်နဲ့ အား အသုံးချပြီး လုပ်ရတဲ့ အလုပ်မဟုတ်ဘူး။ စိတ်နဲ့ လုပ်ရမယ့် အလုပ်ဖြစ်တယ်။ ခန္ဓာကိုယ်ရဲ့ အနေအထား ဘယ်လိုပဲနေနေ စိတ်က ဆင်ခြင်စဉ်းစားဖို့ လိုတယ်ပေါ့။ အိပ်ရင်းလည်း ဆင်ခြင်စဉ်းစားနိုင်တယ်။ လမ်းလျှောက်ရင်းလည်း ဆင်ခြင်စဉ်းစားနိုင်တယ်။ သက်သာသလို ထိုင်ပြီးတော့လည်း ဆင်ခြင်စဉ်းစားလို့ ရတယ်။ အဲဒီ ဆင်ခြင်စဉ်းစားမှုဆိုတဲ့ မနောကံဟာ ဘာဝနာလုပ်ငန်းမှာအဓိက ကျတယ်။

အချို့ က ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတဲ့အခါမှာ posture အတိုင်းမထိုင်နိုင်ကြဘူး။ အဲဒီလို အကြာကြီးထိုင်ရင် ဒုက္ခဖြစ်တယ်ဆိုပြီး ကမ္မဋ္ဌာန်းထိုင်ရမှာကြောက်နေကြတယ်။ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ သမထအလုပ်ကို လုပ်တဲ့ ကျန်းမာတဲ့ ပုဂ္ဂိုလ်တွေ ၊ ခန္ဓာကိုယ် ကြံ့ ခိုင်တဲ့ ပုဂ္ဂိုလ်တွေသာ မြတ်စွာဘုရားညွန်ကြားထားတဲ့အတိုင်း တင်ပလ္လင်ခွေထိုင် ၊ ခါးကို မတ်မတ်ထား ၊ အာရုံအပေါ် စိတ်ကို စူးစိုက်ပြီးထားဆိုတာ အာနပါနကျင့်စဉ်တစ်ခုနဲ့ ပတ်သတ်ပြီး မြတ်စွာဘုရားက posture ကို ဟောတာ။ 

ကမ္မဋ္ဌာန်းထိုင်တယ်လို့ ပြောပေမယ့် ကမ္မဋ္ဌာန်းဆိုသည်မှာ မနောကံအရာ စိတ်အလုပ်သာဖြစ်တယ်။ Physical Posture ဘယ်လိုပဲနေနေ ၊ လူ့ ရဲ့ position ဘယ်လိုပဲထားထား အရေးကြီးဆုံးကတော့ စိတ်ပိုင်းဆိုင်ရာမှာ သတိတရားရှိဖို့ ၊ ဆင်ခြင်ဥာဏ်ဖြစ်ပေါ်ဖို့ အဓိက ထားရမယ်။

အဲဒီတော့ မထိုင်နိုင်လို့ လည်း စိတ်ပူစရာမလိုဘူး။ စိတ်ပူစရာကောင်းတာကတော့ ဟိုတွေးဒီတွေး တွေးပြီးတော့ အချိန်ဖြုန်းနေတာ။ စိတ်ထဲမှာ ပူနေတာတွေ ၊ သောကတွေဖြစ်နေတာ ၊ အဲဒါကမှ စိတ်ပူစရာကောင်းတာ။ နောင်ရေးတွေးပြီးတော့ စိတ်လေးနေတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မှာ မကျေမနပ်ဖြစ်နေတယ်။ ဟိုလူ့ အပေါ်စိတ်တိုင်းမကျ ၊ ဒီလူ့ အပေါ်စိတ်တိုင်းမကျ၊ အဲဒီလို ကိုယ့်ရဲ့ ကျန်းမာရေးအတွက် သောကဖြစ် ၊ ပတ်ဝန်းကျင်အတွက် သောကဖြစ် ၊ အဲဒါကမှ စိတ်မအေးဖြစ်စရာကောင်းတယ်။ 

ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတော်မူအပ်သော “ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရားများ” တရားတော်ကို မှတ်ရှုဖတ်သားရင်း ပြန်လည်ကုသိုလ်ပြု ကောက်နုတ်ဖော်ပြပါသည်ခင်ဗျာ။

ထူးတင့်နိုင်
၆-၂-၂၀၁၃
မနက် ၁၀ နာရီ
 
ဒီလို သိက္ခာ သာမက တရားရှိတဲ့ ဆရာတော်တွေရဲ့ Wisdom စကားနားထောင်ရတော့ ကြည်နူးမိရုံမက ကျေးဇူးတင်မိတယ်။
ဆရာဝန်ဆိုဆေးကုရမယ် ၊ ဆရာဆိုရင် စာသင်ရမယ် ၊ ရဟန်း ဆို တရားပြရင်ပြ ၊ စာချ ရင် ချပေါ့နော်
ဆရာတော် ဦးနန္ဒမာလာက ....
သတိတရား ရှိပါတဲ့ .....
ဆက်ပြောတာက .....

စိတ်ပူစရာကောင်းတာကတော့ ဟိုတွေးဒီတွေး တွေးပြီးတော့ အချိန်ဖြုန်းနေတာ။ စိတ်ထဲမှာ ပူနေတာတွေ ၊ သောကတွေဖြစ်နေတာ ၊ အဲဒါကမှ စိတ်ပူစရာကောင်းတာ။ နောင်ရေးတွေးပြီးတော့ စိတ်လေးနေတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မှာ မကျေမနပ်ဖြစ်နေတယ်။ ဟိုလူ့ အပေါ်စိတ်တိုင်းမကျ ၊ ဒီလူ့ အပေါ်စိတ်တိုင်းမကျ၊ အဲဒီလို ကိုယ့်ရဲ့ ကျန်းမာရေးအတွက် သောကဖြစ် ၊ ပတ်ဝန်းကျင်အတွက် သောကဖြစ် ၊ အဲဒါကမှ စိတ်မအေးဖြစ်စရာကောင်းတယ်။

တသက်လုံး ဘာမှ မလုပ်လာတော့ ၊ ဘာမှ မလုပ်တတ် ၊ ဒီတော့ ဘာမှ မဖြစ် ၊ ဒီတော့ frustration တွေဝင်လာပြီး ၊ တလောက လုံးကို negative အမြင် နဲ့ ကြည့်ပြီး ၊ အားလုံးကို အပြစ်တင်ကြ ၊ ကြာတော့ နားညည်း စရာဖြစ်လာ ၊ နောက်ဆုံး လေပေါ ဘ၀ နဲ့ ဘ၀ ကူးကောင်းကြမှာ မဟုတ်ဖူး

ပါချုပ် Was DC မှာ thesis လာအချော်သပ်တော့ အလကားမနေဖူး ၊ အဘိဓမ္မာ ပြပေးတယ်။ ဆရာတော်က တကယ်စိတ်ပါလို့ သာသနာ့ ဘောင်ဝင်ပြီး သာသနာပြုတာ။ ဒါကြောင့် ပါချုပ်လာဖြစ်တာ

ငယ်ငယ်က သမ္မတရုံမှာ တကာမ နဲ့ ရုပ်ရှင်လာကြည့်တဲ့ ကိုယ်တော်တွေ လည်းတွေ့ဖူးပါတယ်။ မေးလိုက်ချင်တယ် ၊ စိတ်မပါရင် ဘာကြောင့် သင်္ကန်းခြုံ ထားသေးလဲလို့ ၊ သက်သက် ငရဲ ရှာတာထင်ပ

ဆရာတော် ဦးနန္တမာလာလို ကြည်ညိုလေးစားစရာကောင်းတဲ့ ဆရာတော်မျိုးကို ထိခြင်းငါးပါးနဲ့ အဝေးကပဲ ကန်တော့လိုက်ပါတယ် ဘုရား
သတိတရားနဲ့ ပတ်သတ်ပြီးတော့ မြတ်စွာဘုရားက အလေးထား ဟောတယ်။ မဂ္ဂင်ရှစ်ပါးမှာလည်း “သတိ”ပါတယ်။ ဗောဇ္ဈင် ၇ ပါးမှာလည်း သတိတရားကို အလေးအနက်ထားပြီး ဟောထားတယ်။ ဒါကြောင့် ပထမဆုံး ကိုယ့်ကိုကိုယ် မနက်လင်းလာလို့ မျက်စိဖွင့်ကြည့်တဲ့အချိန်က စပြီး မြင်တဲ့အာရုံ ၊ ကြားတဲ့အာရုံအပေါ်မှာ ဘယ်လိုစိတ်အခြေအနေတွေဖြစ်သလဲဆိုတာကို သတိထားမိဖို့ လိုအပ်တယ်ပေါ့။

မြင်မှု ကြားမှု မလာခင်မှာ လာနိုင်တာတစ်ခုရှိတယ်။ တွေးမှုဆိုတာပဲ။ တွေးတောမှုဆိုတာနဲ့ ပတ်သတ်ပြီးတော့လည်း ဆင်ခြင်စဉ်းစားထိုက်တယ်။ အိပ်ရာက နိုးလာတာနဲ့ ”ငါ ဘာတွေတွေးမိသလဲ” လို့ စဉ်းစားဆင်ခြင်ပြီး လောဘနဲ့ တွေးတဲ့ အတွေးလား ၊ ဒေါသနဲ့ တွေးတဲ့အတွေးလား ၊ အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြားသိနိုင်စွမ်း မရှိတဲ့ မောဟနဲ့ တွေးတဲ့အတွေးလားဆိုတာ သတိမူဖို့ အရေးကြီးတာပေါ့။ အဲဒီလို သတိမူတဲ့အလုပ်ကိုပဲ Meditation လို့ ပြောတာပါ။ ဒါကပိုပြီးအရေးကြီးတယ်ပေါ့။ အေး…….ကမ္မဋ္ဌာန်းအလုပ်ဆိုတာ မနောကံဘာဝနာဖြစ်လို့ စိတ်နဲ့ မှတ်ဖို့ လိုတယ်။

ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ၀စီကံမဟုတ်ဘူး။ ပါးစပ်ကပြောရတဲ့အလုပ်မဟုတ်ဘူး။ ခန္ဓာကိုယ် အင်နဲ့ အား အသုံးချပြီး လုပ်ရတဲ့ အလုပ်မဟုတ်ဘူး။ စိတ်နဲ့ လုပ်ရမယ့် အလုပ်ဖြစ်တယ်။ ခန္ဓာကိုယ်ရဲ့ အနေအထား ဘယ်လိုပဲနေနေ စိတ်က ဆင်ခြင်စဉ်းစားဖို့ လိုတယ်ပေါ့။ အိပ်ရင်းလည်း ဆင်ခြင်စဉ်းစားနိုင်တယ်။ လမ်းလျှောက်ရင်းလည်း ဆင်ခြင်စဉ်းစားနိုင်တယ်။ သက်သာသလို ထိုင်ပြီးတော့လည်း ဆင်ခြင်စဉ်းစားလို့ ရတယ်။ အဲဒီ ဆင်ခြင်စဉ်းစားမှုဆိုတဲ့ မနောကံဟာ ဘာဝနာလုပ်ငန်းမှာအဓိက ကျတယ်။

အချို့ က ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတဲ့အခါမှာ posture အတိုင်းမထိုင်နိုင်ကြဘူး။ အဲဒီလို အကြာကြီးထိုင်ရင် ဒုက္ခဖြစ်တယ်ဆိုပြီး ကမ္မဋ္ဌာန်းထိုင်ရမှာကြောက်နေကြတယ်
။ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ သမထအလုပ်ကို လုပ်တဲ့ ကျန်းမာတဲ့ ပုဂ္ဂိုလ်တွေ ၊ ခန္ဓာကိုယ် ကြံ့ ခိုင်တဲ့ ပုဂ္ဂိုလ်တွေသာ မြတ်စွာဘုရားညွန်ကြားထားတဲ့အတိုင်း တင်ပလ္လင်ခွေထိုင် ၊ ခါးကို မတ်မတ်ထား ၊ အာရုံအပေါ် စိတ်ကို စူးစိုက်ပြီးထားဆိုတာ အာနပါနကျင့်စဉ်တစ်ခုနဲ့ ပတ်သတ်ပြီး မြတ်စွာဘုရားက posture ကို ဟောတာ။

ကမ္မဋ္ဌာန်းထိုင်တယ်လို့ ပြောပေမယ့် ကမ္မဋ္ဌာန်းဆိုသည်မှာ မနောကံအရာ စိတ်အလုပ်သာဖြစ်တယ်။ Physical Posture ဘယ်လိုပဲနေနေ ၊ လူ့ ရဲ့ position ဘယ်လိုပဲထားထား အရေးကြီးဆုံးကတော့ စိတ်ပိုင်းဆိုင်ရာမှာ သတိတရားရှိဖို့ ၊ ဆင်ခြင်ဥာဏ်ဖြစ်ပေါ်ဖို့ အဓိက ထားရမယ်။

အဲဒီတော့ မထိုင်နိုင်လို့ လည်း စိတ်ပူစရာမလိုဘူး။ စိတ်ပူစရာကောင်းတာကတော့ ဟိုတွေးဒီတွေး တွေးပြီးတော့ အချိန်ဖြုန်းနေတာ။ စိတ်ထဲမှာ ပူနေတာတွေ ၊ သောကတွေဖြစ်နေတာ ၊ အဲဒါကမှ စိတ်ပူစရာကောင်းတာ။ နောင်ရေးတွေးပြီးတော့ စိတ်လေးနေတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မှာ မကျေမနပ်ဖြစ်နေတယ်။ ဟိုလူ့ အပေါ်စိတ်တိုင်းမကျ ၊ ဒီလူ့ အပေါ်စိတ်တိုင်းမကျ၊ အဲဒီလို ကိုယ့်ရဲ့ ကျန်းမာရေးအတွက် သောကဖြစ် ၊ ပတ်ဝန်းကျင်အတွက် သောကဖြစ် ၊ အဲဒါကမှ စိတ်မအေးဖြစ်စရာကောင်းတယ်။

ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတော်မူအပ်သော “ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရားများ” တရားတော်ကို မှတ်ရှုဖတ်သားရင်း ပြန်လည်ကုသိုလ်ပြု ကောက်နုတ်ဖော်ပြပါသည်ခင်ဗျာ။

ထူးတင့်နိုင်
၆-၂-၂၀၁၃
မနက် ၁၀ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...