ကဗျာ အမျိုးအစားအားလုံး ပျက်ပြယ်သွားပြီ ကဗျာ
အရှိုးရာအထပ်ထပ်ကို ဂုန်နီအိပ်စုတ်ကြီးနဲ့  မလုံ့ တလုံ ပတ်ထားတဲ့ ဒီအနုပညာရပ်ကွက်မှာ
ကလောင်ဖျောက်ပြီး စောက်ဖောင်းတွေ ထုကြတယ်
ထုချလိုက်တယ် သရုပ်ဖော်ပုံက ဖင်တုံးလုံးနဲ့ 
ယောင်္ကျားလေးတစ်တပ်တစ်အား ၀ိုင်းထုကြတယ်
ဒီနှစ်ဆောင်းမှာ ကြောင်တစ်ကောင် ခွေအိပ်နေပုံက ဘယ်တော့မှမဆုံးတော့မယ့် “o” လုံးကွေ့ လို
နားလည်ပေးကြပါ..........ငါရေးတဲ့ကဗျာ ငါမဖတ်တက်တော့ဘူး
နားလည်ပေးကြပါ..........ငါရေးတဲ့သီချင်း ငါမဆိုတက်တော့ဘူး
ဇော်ကြီးဟာ ခုတလောလိင်စိတ်အရမ်းပြင်းထန်နေတယ်
သူဟာ ရှူံးနိမ့်သူတစ်ယောက်ဖြစ်သွားပြီး။
အခြေအနေဟာ အရင်ထက်ပိုပြီးထူးခြားလာပြီလို့ ထင်စရာရှိတယ်
ရိုးသားမှုကို လူတွေမရှာကြတော့ဘူး ငါ့ကိုမဲခေါင်မြစ်အတွင်းမှာ ပက်လက် မျောစေပါ။
သူများအိပ်မက်တွေကို လိုက်သတ်နေမယ့်အစား “ဖ” ဦးထုပ် “င” သတ်နဲ့ အားလပ်ချိန်မှာ “ဇိမ်” ခံနေပါ
အို....fuck you ပဲ ငါ့ကို လာလာမခေါ်စမ်းနဲ့
ကဗျာဆရာ ဘယ်သူ ဘယ်သူအားကြိုးမိန့်ပေးလိုက်ပြီ
တဖြည်းဖြည်း ကိုယ်ဟာလိင်စိတ် ကုန်ခမ်းသွားပြီအယ်လီ
မီးရာသီကို ငါမကြိုက်ဘူး အယ်လီ
ငါတို့ဟာအဆိပ်မရှိတဲ့ မြွေတွေဖြစ်တယ် ငါတို့ဟာအကြမ်းဖက်သမားတွေဖြစ်တယ်
ငါတို့ဟာ မှော်ဆရာလက်ထဲက ကြွက်တွေဖြစ်တယ်
ပုဂ္ဂိုလ်စွဲရှိပြီးသား လူတွေဆိုတော့ ဟေ့ရောင် ဇာတိ မင်းကိုငါ ဝေဒနာနဲ့ မျိုးစပ်မယ်
ရရှိလာတဲ့ အသီအပွင့်အနုပညာကို ကွမ်းစားသလို ငါက၀ါးမယ်
အရည်တွေ ထွေးထုပ်မယ် ။ လျက်ချင်တဲ့ကောင် လာလျက်လိမ့်မယ်
ဒါဟာ သေခါနီးလူမမာတစ်ယောက်ရဲ ဖွဲတစ်ဆုပ်စာ Revolution
ဒါဟာ ကဗျာဗေဒရဲ့  Evolution ပဲ
ကျနော်တို့ အသေအချာသိဖို့ သေသေချာချာ လေ့ကျင့်ယူရတော့မယ်
အလူးအလဲရှာဖွေရတာကလဲ အရသာပဲ လှန်သပ်ချလိုက်တယ်
ဘုရားသခင်နဲ့အချစ်ကိုနေရာချင်းလဲပြီး အပူဇော်ခံရင် . . .
ငှက်ဖျားမိထားတဲ့ အတွေး နှစ်နှစ်ကာကာတွေးထားတာ။
ဂျင်းဘောင်းဘီအနွမ်းပဲ ၀တ်ဆင်တတ်တဲ့သားရဲတိရိစ္ဆာန်တစ်ကောင်
တားမြစ်နယ်ပယ်ထဲကနေ ဆွဲခေါ်ထုတ်လိုက်တယ်
ထိုအဖွဲ့အစည်းဟာ လူမှောင်ခိုကူးသူတွေပဲ ကိုယ်ကတဖြည်းဖြည်း ကြောက်လာတာ၊
အဲ့ဒီအခါ အ၀ါရောင်စိုက်ခင်းမှာပဲ သေပစ်မှာ ပျော်စရာပဲ မဟုတ်လား လက်ကိုလဲ နောက်ကို ၀ှက်ထားတယ်
ညာဘက်အခြမ်းက သိတ်ကိုကြောက်ဖို့ကောင်းတယ်
စပယ်ယာဘီးကို ဖြုတ်ထားပြီး ဘွန်ဇိုင်းအနုပညာကို ခါးထစ်ခွင်ချီထား
“သြော်” အခုတလောမှာလူပြောများနေတဲ့  ခေတ်စား ဆိုက္ကားကိုပြောပါတယ်
ခေတ်ပြိုင်မြန်မာ ကဗျာဗေဒတစ်ရွေးသားကို စားလိုက်တော့
အခု..ကျုပ်မှာဖြင့်ဗျာ ပေါင်နှစ်ရာကြီးတောင်တိုးလာတယ်
အခုတော့ အသင်က ဒီလိုပေါ့ဆိုတော့လည်း......ဟာ..ဟ သူမှ အပြောကောင်းပေါ့
အအေးဒဏ်က ငါတို့ ရဲ့ သားအိမ်တွေကို ကျုံ့ စေတယ်
အဲဒီတော့ ဇာတိ..မင်းရင်သွေး ဓားကလေးကို ဗိုက်ခွဲပြီးမွေးလိုက်ပါ
ငါ့ ရင်သွေး သေနက်ကလေးကို ဗိုက်ဖောက်ပြီးမွေးထားမယ်
ဘုရားသခင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကလည်း..ငါတို့ ရဲ့ 
အနားနားဘေးမှာ ....အနားနားဘေးမှာ.... နေ နေပေးပါ
မတရားသော ရှေ့နေက ငါတို့ ရဲ့ အရှေ့ ကသွားပါ
မသေချာသော ဆေးသမားက နောက်ကလိုက်ပါ
အရှိတရား Reality ဟာ မွေးရာပါ ကဗျာဆရာ ဆိုသူတွေရဲ့  ဖန်တီးမှု့ အဆင့်ဆင့်ကို ဖြတ်သန်းသွားရတဲ့အခါ
(ရိုင်းရိုင်းပြောရရင်) “ဖင်” ယမ်းသွားတယ်
Beyond အလွန် မှာတော့ (ကန်တော့ပါရဲ ) “ဖာ” ဖြစ်သွားတယ်
မြင်တွေ့လိုက်ရတဲ့ခဏလေးအတိုင်းအတာမှာ ဘယ်သူကဘုရင်
မက်ဆေစ့်များများပို့ပါ။ ထစ် ထစ် နေတာမဟုတ်ဘူး တစ် ထားတာ။
ပြသနာတိုင်းမှာ အဖြေရှိနေတာ သဘာဝမကျဘူး။ ငြင်းမလား။
ခွေခွေလေးအိပ်နေတာချင်းအတူတူ ခွေးလေးနဲ့ တူတူအိပ်ပါလား
သူနဲ့ အတူနေရင် ငါသူ့ လို ဖြစ်သွားမှာတဲ့
ခင်ဗျားနဲ့ အတူနေရင် ငါ ခင်ဗျားလိုဖြစ်သွားမှာတဲ့
အဲဒါဆို ကျတော် ဂေါ်ဇီလာနဲ့ အတူနေရင်ရော သူ့ လို ခွန်အားနဲ့  မြို့ ကြီးကို ဖျက်လို့ ရမှာလား
ဖန်ဆင်းပြနိုင်တယ် ဒီလိုတစ်လှမ်းချင်းဝင်လာပြီးတော့
တစ်ယောက်ယောက်ကမှ တစ်ညလောက်မအိပ်ချင်ကြတော့
နည်းနည်းလေး ကဆုန်ပေါက်လိုက်တာပဲ ဒီညအရမ်းအေးစေရမယ်
စကားမစပ် အခုလိုပွင့်လင်းရာသီ တစ်ရက်ရက်မှာ အားနည်းနေတဲ့ ခင်ဗျား တို့အားလုံးကိုလည်း
ကျတော် ဆင်နဲ့ စပ်ပေးဦးမယ်
ဇက်ကကြိုး + ဇာတိ(ဖျာပုံ)
6.2.2012
6:23 PM
(မှတ်ချက်)
ကိုဇက်ကကြိုး သူ့ကဗျာအား ပို့ပေးထားတာ အတော်လေးကို ကြာနေပါပြီ
တင်မယ် တင်မယ်နဲ့ မတင်ဖြစ်တာလဲ တော်တော်လေးကို ကြာနေပါပြီ
ဒီနေ့မှ မတင်သေးဘူးဆိုလျှင်လဲ ကျနော့်အား သူ၏ သေနတ်ဖြင့် လာပစ်မည်ဟု
ခြိမ်းခြောက်ပါသည်၊ ထိုအတွက်ကြောင့် ဤကဗျာအား ဤနေ့တွင် ဒါမှမဟုတ် ဒီနေ့တွင်
တင်ဖြစ်ပါသည်။

0 comments:
Post a Comment