Wednesday, November 7, 2012

Samsung နှင့်တွဲထုတ်သော Google- Chromebook ထွက်ရှိရန်နီးကပ်


Chromebook ဆိုတာ မြန်မာပြည်နဲ့ အသိနည်းနေပါသေးတယ်။ Google က ထုတ်တဲ့ Notebook တစ်မျိုး ဖြစ်ပြီး မြန်မာပြည်ဈေးကွက်မှာ ရှာရခက်ပါတယ်။

Chromebook လို့ခေါ်ရတဲ့ အကြောင်းအရင်းက Google ရဲ 
့ Chrome browser ကို အဓိကထားသုံးဖို့ ထုတ်တဲ့ Notebook မို့လို့ ဖြစ်ပါတယ်။ Google ကပဲ ထုတ်လုပ်ထားတဲ့ Chrome OS အပေါ် အခြေခံပြီး သုံးရတဲ့ Notebook ဖြစ်ပါတယ်။ Chrome OS ဆိုတာ Linux kernel နဲ့ (ntegrated media player) - Google Chrome Browser တို့ကို အခြေခံပြီး လုပ်ထားတဲ့ OS ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုမှုမှာ ထူးခြား ကောင်းမွန်တယ်လို့ user တို့ကို comment ပေးထားပါတယ်။

၂၀၁၀ ဒီဇင်ဘာလက စတင်ပြီး Acer နဲ့ ပူးတွဲထုတ်ခဲ့ပါသေး တယ်။ ဈေးကွက် မရောက်ရှိခဲ့ပါဘူး။ ၂၀၁၁ ခုနှစ် ဇွန်လမှ ဈေး ကွက် ရောက်ရှိတာ ဖြစ်ပါတယ်။ Samsung နဲ့ တွဲထုတ်တဲ့ Series 5 XE500C21 ဖြစ်ပါတယ်။ Google မှာ နည်းပညာပဲ ရှိပါတယ်။ Samsung တို့လို Hardware များများ စားစား မထုတ်နိုင်ပါဘူး။ ဒါကြောင့် စမတ်ဖုန်းပဲထုတ်ထုတ်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းပဲ ထုတ်ထုတ် ပြင်ပ ကုမ္မဏီများနဲ့ ပူးပေါင်းပါတယ်။ Nexus -Tablet နဲ့ စမတ်ဖုန်းကလိုပဲ ဖြစ် ပါတယ်။

ယခု Notebook ထုတ်လုပ်မှုကိုတော့ Acer နဲ့ Samsung ကို တစ်လှည့်ဆီ ပူးပေါင်းပါတယ်။ Samsung က Google ရဲ့  အမာခံဖောက်သည်လည်း ဖြစ် ပါတယ်။ ယခု ဈေးနှုန်းသက်သာ Chromebook ထုတ်လုပ်တာကိုလည်း Samsung နဲ့ပဲ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ထွက်ရှိခဲ့တဲ့ Chromebook ကတော့ မေလ ၂၀၁၂ ကဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ ၆၀၀ ကြားမှာ ရောင်းချခဲ့ပါတယ်။ ယခု ကတော့ ဈေးနှုန်းသက်သာ ရည်ရွယ်ချက် ဖြင့် ဖြစ်ပြီး ၅လုံးမြောက် Chromebook လည်း ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၄၉ နဲ့ ၃၂၉ ဒေါ်လာ နှစ်မျိုးနဲ့ပဲ ရောင်းချမှာ ဖြစ်ပါ တယ်။

RAM တစ်ခုပဲ 4G ကနေ 2G ကျသွားပြီး ကျန်တာ အကုန် Upgrade လုပ်ထားပါတယ်။ မျက်နှာပြင်အကျယ်ကတော့ ၁၁.၆ လက်မ ဖြစ်ပါတယ်။

Chromebook မြန်မာပြည် မရောက်ရတဲ့ အကြောင်းတစ်ခု ရှိပါတယ်။ ဒါကတော့ Chromebook ဟာ Google ရဲ့  Data Center ကိုမှီခိုရတဲ့ လပ်တော့မို့လို့ ဖြစ်ပါတယ်။ Data Center က 100GB အလကားပေးထား မှာ ဖြစ်ပါတယ်။ မြန်မာပြည်ကနေ သုံးရင် ဒီလို အခွင့်အရေး ရမရက မသေချာပါဘူး။ မသေချာတဲ့အပြင် သုံးလို့ ရမရ ကလည်း စဉ်းစားစရာ တစ်ချက် ဖြစ်နေပါသေးတယ်။ Google play ကို ဝင်ရခက်တဲ့ ဒုက္ခလို ကြုံနိုင်ပါတယ်။ ပြီးတော့ အင်တာနက် လိုင်းဆွဲအားကလည်း အကြီးမားဆုံး ပြဿနာ တစ်ခု ဖြစ်ပါတယ်။ Data Center ကပေးတဲ့ Storage ကို အသားပေးပြီး အတွင်း hardware လည်း သိပ်မများဘူး ဆိုပါတယ်။

ထုတ်လုပ်တဲ့ ရည်ရွယ်ချက်ကတော့ ရောက်လေရာမှာ Google ကပေးတဲ့ Service တွေကို Google လပ်(ပ်)တော့ တစ်လုံးနဲ့ အားလုံ့းရအောင် ဖန်တီး ပေးခြင်း သဘောမျိုး ဖြစ်ပါတယ်။ တကယ်တမ်းတော့ နည်းပညာ ပစ္စည်း အစုံထုတ်ဖို့ နဂိုကတည်းက ရည်ရွယ်ထားတဲ့ Google ရဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။

လက်ရှိ Microsoft , Apple နဲ့ Amazon တို့မှ ကုန်ပစ္စည်းသစ်များ တစ်ခုပြီး တစ်ခုမိတ်ဆက်နေပြီး Google လည်း သူတို့နဲ့ အပြိုင် လိုက်ထုတ်လာ ပါတယ်။ အမေရိကန်ဒေါ်လာ ၂၄၉ နဲ့ ရောင်းချမယ့် Chromebook ကို မကြာမီ ဖြန့်ချိတော့မယ်လို့ သိရပါတယ်။
---
Ref:www.google.com/chromebook/

Aung Kham (TSJ team)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...