Sunday, November 4, 2012

ထိရောက်စွာ ဆွေးနွေးတင်ပြခြင်း (Present Yourself Effectively by Guy Perring)


Posted by Myanmar Network on January 6, 2012 at 10:41 in

အလုပ်ထဲမှာ တစ်ချိန်မဟုတ်တစ်ချိန် ဆွေးနွေးတင်ပြရမယ့် အလှည့်ကျလာတတ်တယ်။ ဆွေးနွေးပွဲမှာ စနစ်တကျ ဆွေးနွေးတင်ပြရတာ ဖြစ်နိုင်သလို ဝန်ထမ်းတွေကို အလွတ်သဘော ပြောပြတာမျိုး၊ ဒါမှမဟုတ် အစည်းအဝေးလုပ်ရင်း အချိန်နည်းနည်းယူပြီး ရှင်းလင်းတင်ပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဆွေးနွေးတင်ပြတာ ကောင်းလို့ရှိရင် အလုပ်အကိုင်အတွက် အလားအလာ ကောင်းသွားတတ်သလို ညံ့လို့ ရှိရင်လည်း နောင်ရာထူးတိုးမယ့် အခွင့်အရေးတွေကို ထိခိုက်နိုင်တယ်။ ဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြတဲ့ အခါ အသုံးပြုရတဲ့ စကားအသုံးအနှုန်းတွေကို လေ့လာပါမယ်။
လုပ်ငန်းသုံးအင်္ဂလိပ်စာ ဖြစ်တဲ့အတွက် ဆွေးနွေးတင်ပြတဲ့အခါ အချက်အလက်တွေကို စီစဉ်တင်ပြပုံ ခပ်ဆင်ဆင်တွေဘဲ။ စကားစု အချို့ကို သင်ယူထားမယ်ဆိုရင် အထောက်အကူဖြစ်ပါတယ်။

ပထမဦးဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ရမယ်။ ဆွေးနွေးတင်ပြရတဲ့ ရည်ရွယ်ချက်ကို ပြောရမယ်။ ဥပမာ အောက်ဖော်ပြပါ အဖွင့် ၂မျိုးကို ကြည့်ပါ။ ပထမအဖွင့်က ပိုပြီး ရင်းနှီးကျွမ်းဝင်တဲ့ သဘောဆောင်တယ်၊ ဒုတိယအဖွင့်က ပိုပြီး ခန့်ညားတဲ့ သဘောဆောင်တယ်။

Right then, let’s get started. For those of you who don’t know me, I’m Ali Ahmad, Head of PR. Today, I’m going to be showing you...
ကဲ ဒါဆို စလိုက်ကြရအောင်။ ကျွန်တော့်ကို မသိသေးသူတွေအတွက် ပြောရမယ်ဆိုရင် ကျွန်တော့်နာမယ် အလီအာမက်ပါ၊ လူထုဆက်ဆံရေးဌာနမှူးပါ။ ကနေ့ ကျွန်တော် ခင်ဗျားတို့ကို ပြဖို့ စီစဉ်ထားတာကတော့...

Good morning, ladies and gentlemen. Let me first introduce myself, my name is Ali Ahmad and my role in Jarndice and Jarndice is Head of Public Relations. This morning, my objective is to …..
ကြွရောက်လာကြသော လူကြီးမင်းများ မင်္ဂလာပါ။ ကျွန်တော့် ဦးစွာ မိတ်ဆက်ပါမယ်။ ကျွန်တော့်နာမည် အလီအာမက်လို့ ခေါ်ပါတယ်။ Jarndice and Jarndice  ကုမ္ပဏီမှာ ကျွန်တော် ယူရတဲ့ တာဝန်ကတော့ လူထုဆက်ဆံရေးဌာနမှူး တာဝန် ဖြစ်ပါတယ်။ ယနေ့နံနက်အဖို့တော့ ကျွန်တော့် ဦးတည်ချက်က ... ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အဖွင့် (၂) မျိုးစလုံး အစဉ်အလာ သုံးလေ့ရှိတဲ့ အဖွင့်တွေဖြစ်ပါတယ်။ လူအများရှေ့မှာ ဆွေးနွေးတင်ပြတဲ့ အတွေ့အကြုံ မရင့်ကျက်သေးရင် ဒါမှမဟုတ် လူအများရှေ့မှာ စကားထွက်ပြောဖို့ မိမိကိုယ်ကို ယုံကြည်မှု မရှိသေးရင် အသုံးပြုသင့်ပါတယ်။
လူရှေ့သူရှေ့ စကားပြောတာ ပိုပြီး ကျွမ်းကျင်မှု ရှိတဲ့သူတွေတော့ ဟာသနဲ့စပြောလို့ ရတယ်။ ဒါပေမယ့် ဟာသနဲ့ စပြောဖို့ဆိုတာ ပြောသူရဲ့ ကိုယ်ရည်ကိုယ်သွေး ပေါ်မှာလည်း မူတည်တယ်။ ဟာသနဲ့ စပေမယ့် ပြောတဲ့ ဟာသက မရယ်ရဘူးဆိုရင် ဆွေးနွေးတင်ပြချက် တစ်ခုလုံး ထိခိုက်သွားမှာ ဖြစ်တယ်။ မေးခွန်းတွေနဲ့လည်း စ လို့ရတယ်။ ဥပမာ -

Nothing is worse than your computer freezing after typing an important document for several hours, is it? Do you know the feeling?
အရေးကြီး စာရွက်စာတမ်းကို သုံးလေးနာရီလောက် ရိုက်ပြီးမှ ကွန်ပျူတာက ဘာတုံ့ပြန်မှုမှ မရှိတော့ဘဲ ရပ်သွားတာထက် ဆိုးတာ ဘာရှိဦးမှာလဲ။ အဲဒီခံစားမှုကို သိသလား။

Will the document disappear for ever or will I manage to recover it? Would you prefer a 100% guarantee that all your work is safe? Well ...
ရိုက်တားတဲ့ စာတွေ လုံးဝပျောက်သွားတော့မှာလား။ ဒါမှမဟုတ် ပြန်ရအောင် ဖော်ယူနိုင်မှာလား။ ရိုက်ထားတဲ့ စာတွေအားလုံး မပျောက်ပျက်စေရဘူးလို့ ရာနှုန်းပြည့် အာမခံချက် ရှိတာကို ပိုပြီး နှစ်သက်မလား။ ဒါဆိုရင် ...

အခုလို ဆွေးနွေးတင်ပြချက် အဖွင့် ဟန်ကတော့ ပစ္စည်းရောင်းချဖို့ ဆွေးနွေးတင်ပြတဲ့အခါ ပိုပြီး သင့်တော် ပါတယ်။ ဒါပေမယ့် အစပိုင်းမှာ မေးခွန်းများ မေးမြန်းခြင်းဖြင့် နားထောင်နေသူများရဲ့ အာရုံစူးစိုက်မှုကို အစကတည်းက ရယူနိုင်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ပရိတ်သတ်ကို နှုတ်ဆက်ပြီး ကိုယ်တိုင် မိတ်ဆက်ပြီးတာနဲ့ ဘာအကြောင်းအရာကို ဆွေးနွေးတင်ပြမယ် ဆိုတာ ရှင်းပြရပါမယ်။ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ အသုံးအများဆုံး နည်းလမ်းကတော့ ဆွေးနွေး တင်ပြမယ့် အစီအစဉ်ကို အကျဉ်း ပြောပြတာဘဲ ဖြစ်ပါတယ်။ အဲဒီလို ပြောပြဖို့ ချိတ်ဆက် စကားအသုံးအနှုန်းတွေ ဒါမှမဟုတ် လမ်းကြောင်းပြ စကားတွေ လိုအပ်ပါတယ်။ ဥပမာ အောက်ဖော်ပြပါ ဆွေးနွေးတင်ပြချက် မိတ်ဆက်အပိုင်းကို ကြည့်ပါ။ စကားလုံးမဲနဲ့ ပြထားတဲ့ အသုံးအနှုန်းတွေကို သတိပြုပါ။

My presentation will look at three key areas.
ကျွန်တော်/ကျွန်မ ဆွေးနွေးတင်ပြမှာကတော့ အဓိက နယ်ပယ် သုံးရပ်ဖြစ်ပါတယ်။
Firstly/I’ll begin by introducing the ... After that, I’ll talk about the need to ... Finally, I will explore possible solutions to ...   ...
ပထမဆုံး/ဦးစွာပထမ --------------- ကို မိတ်ဆက် ပြောကြားမှာ ဖြစ်ပါတယ်။ အဲဒီနောက် --------------------------------- လိုအပ်ကြောင်း ဆွေးနွေးပြောကြားပါမယ်။ နောက်ဆုံးအနေနဲ့ ----------------------- ဖြေရှင်းဖို့ ဖြစ်နိုင်ခြေများကို စူးစမ်းဆွေးနွေးပါမယ်။

စာရေးတဲ့အခါ စာပိုဒ်ခွဲခြင်းဖြင့် စာဖတ်သူက အကြောင်းအရာ အကူးအပြောင်း၊ အကျဉ်းချုပ် ဒါမှမဟုတ် နိဂုံးချုပ် စသည်ဖြင့် သိနိုင်ပါတယ်။ ဆွေးနွေးတင်ပြတဲ့အခါ ပရိတ်သတ်အနေနဲ့ အဲဒီလို သိစေရေး အထောက်အကူပေးဖို့ စာပိုဒ်ခွဲလို့ မရတဲ့အတွက် စကားလမ်းကြောင်းကို ဖော်ပြတဲ့ အသုံးအနှုန်းတွေဟာ ဆွေးနွေးတင်ပြချက် ပင်မအပိုင်းထဲမှာပါ စနစ်တကျ သုံးစွဲဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ဆွေးနွေးတင်ပြချက်ကို ပရိတ်သတ်က ပိုပြီး နားလည်သဘောပေါက်မှာ ဖြစ်ပါတယ်။
စကားလမ်းကြောင်းကို ဖော်ပြတဲ့ အသုံးအနှုန်းတွေအကြောင်း၊ ဇယား ဂရပ် အခြေပြပုံ စတာတွေ သုံးတဲ့ အကြောင်း၊ စကားသံကို ထိရောက်စွာ အသုံးပြုခြင်းအကြောင်း၊ ဖြေရခက်တဲ့ မေးခွန်းတွေကို ဖြေကြားပုံ အကြောင်း ဆောင်းပါးတွေလည်း ဆက်ပြီး ရေးပါဦးမယ်။

(Guy Perring ၏  Present Yourself Effectively အားဆီလျော်သလိုဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ်ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/present-yourself-effectively မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။

Read more: ထိရောက်စွာ ဆွေးနွေးတင်ပြခြင်း (Present Yourself Effectively by Guy Perring) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A518071&xgs=1&xg_source=msg_share_topic#ixzz2BGd9juiO

http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A518071&xgs=1&xg_source=msg_share_topic

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...