သစ်ထူးလွင် သတင်းစုစည်းမှု (၄-၁၁)
သစ်ထူးလွင်
|
- မန္တလေး တရားစီရင်ရေး ပြိုလဲ
- ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား
- စည်းကမ်းမဲ့ ပြိုင်ကား (၄)စီးအား ထိန်းသိမ်းရမိ
- ကုန်သေတ္တာတင် မော်တော်ယာဉ် ပစ္စည်းများ ဖြုတ်ယူ ခိုးမှုများ ဆက်တိုက် ဖြစ်ပေါ်နေ
- နော်ဝေနှင့်ဒိန်းမတ်တို့၏သံတမန် ပူးတွဲကိုယ်စားလှယ်ရုံးဖွင့်လှ
စ် - မြိတ် ကျောက်မီးသွေး စီမံကိန်း နှင့် ငါးမှုန့် စက်ရုံ ကန့်ကွက် ဆန္ဒပြကြ
- ရှမ်းရွာများတွင်ပါ အမျိုးသမီးများပါမကျန် KIO/KIA မှ စစ်သား စုဆောင်းခြင်းများ ရှိနေ
- ကချင်ပြည်နယ် ဟိုပင်မြို့ ပါ KIO ဆက်ကြေးကောက်ပြီ
- မင်းမဲ့စရိုက် ဆန်ဆန်ရမ်းကားမှုများ မပြုလုပ်စေရန် ရဲတပ်ဖွဲ့ မှ ထိန်းသိမ်း ဆောင်ရွက်နေမှုများ
- မင်းမဲ့စရိုက် ဆန်ဆန် ရမ်းကားခဲ့သည့် လူတစုအား ဖမ်းဆီးရမိ
- ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်
- ရခိုင်နဲ့ရိုဟင်ဂျာ တောင်းဆိုချက်ကြောင့် ရခိုင်မှာ လုံခြုံရေးတိုးမြှင့်
- ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း အရေးကြီး
- ဆီးရီးယား သူပုန်တွေ အစိုးရ လေတပ်စခန်း တခုကို ထိုးစစ်ဆင်
- ဥရောပ ကော်မရှင် ဥက္ကဌ ရခိုင်အရေး စိုးရိမ်
- ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည် မမြှင့်နိုင်
- ပြဿနာရဲ့ အရင်းခံ အကြောင်းကို မလေ့လာ ဘဲနဲ့ ရိုဟင်ဂျာတွေ ဘက်က မြှင့်တင် ပြောမပေး နိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ် (အသံဖိုင်)
- လေကြောင်းဦးစီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား လစာမဲ့ခွင့်ငါးနှစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီများ၌ အလုပ်လုပ်ခွင့်ပေး
Posted: 04 Nov 2012 05:57 AM PST
မန္တလေး တရားစီရင်ရေး စနစ် ယိမ်းယိုင် ပြိုလဲနေပြီ ဟူသော ကောက်ချက်ကို ထပ်မံ အတည် ပြုသည်ဟု မန္တလေးမြို့ တရားရုံးများ လေ့လာမှု အပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီမှ ဦးသိန်းညွှန့် က The Voice Weekly သို့ ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| |||||||||||||
Posted: 04 Nov 2012 03:24 AM PST
Written by ဇွဲဝေယံ
မင်္ဂလာပါ ကိုအောင်ဇော် (ဧရာဝတီ)။ အကိုရေးသားထားတဲ့ Fresh Arakan Strife Bad Omen for Reform ဆိုတဲ့ ဆောင်းပါးကို ပြန်ပြီး ဝေဖန်ထားတာပါ။ ဝါရင့် သုံးသပ်သူ တစ်ယောက် မဟုတ်ပေမယ့် ကျန်ခဲ့တယ်လို့ ထင်တဲ့ အချက်တွေကို ဖော်ပြထားတာပါ။ ‘ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို လျှင်လျှင်မြန်မြန် မရပ်တန့်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ရခိုင်ဒေသရဲ့ တည်ငြိမ်မှုကို ထိခိုက် လာနိုင်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒီကိစ္စမှာ နှုတ်ဆိတ်နေမယ် ဆိုရင် မြန်မာ့ ဒီမိုကရေစီ လမ်းကြောင်းဟာ နောက်ပြန်လှည့်သွားနိုင်ပါတယ်’ လို့ အကို ရေးခဲ့တယ်။ ဘာကြောင့် ဒီအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့တာလဲ။ ကိုအောင်ဇော်ကတော့ ဒါဟာ ဘာသာရေးဆိုင်ရာလည်း မဟုတ်သလို လူမျိုးရေးဆိုင်ရာလည်း မဟုတ်ပါဘူးလို့ ရည်ညွှန်းထားပါတယ်။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင် ပစ်ဆူဝန်ရဲ့ ‘ဒီကိစ္စဟာ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဥပဒေဆိုင်ရာ ကိစ္စတစ်ရပ် ဖြစ်တယ်’ ဆိုတဲ့ စကားကိုလည်း ကိုးကားထားပါတယ်။ ဒါ့အပြင် လူတစ်စုကနေ ဒီကိစ္စတွေ ဖန်တီးဖို့ နောက်ကွယ်က ကြံစည်နေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ လက်ရှိ ဒီမိုကရေစီ ခေါင်းဆောင်တွေကိုလည်း တုံ့ပြန်ဖို့ လက်နှေးနေတဲ့အတွက် အပြစ်တင်ခဲ့ပါတယ်။ ကိုအောင်ဇော်အနေနဲ့ သီအိုရီနှစ်ခုကိုလည်း ဖော်ပြခဲ့ပါတယ်။ သီအိုရီ တစ်ခုကတော့ ကြံ့ခိုင်ရေး ပါတီအတွင်းက အမာခံ ခေါင်းဆောင် တစ်ချို့ကနေ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့်သွားအောင် လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။ နောက်သီအိုရီ တစ်ခုကတော့ စစ်တပ်ကို လူမြင်ကွင်းထဲ ပြန်ခေါ်လာပြီး အာဏာကို ပြန်ထိန်းဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့ရှိ ဖေယာလမ်းအား အောက်တိုဘာလ ၃၁ ရက်နေ့ကတွေ့ရစဉ်
အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပြီးနောက်ပိုင်းမှာ မူဆလင် အစွန်းရောက်တွေ အနေနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို အမေရိကန်ဆီ တိုက်ရိုက် ပစ်မှတ်ထားရာကနေ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ နေရာတွေကို ပြောင်းလဲလာခဲ့ပါတယ်။ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို သူတို့အနေနဲ့ ပိုပြီး အားနည်းတဲ့ ဒေသတွေကို ဦးတည်လာတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ့ ဒေသတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ ဒေသတွေ ဆိုရင် သူတို့ အနေနဲ့ ပစ်မှတ်ထားလာနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အာဏာရှင် လက်အောက်ကနေ လွတ်မြောက်လာတာ မကြာသေးပါဘူး။ ဒီတော့ ဒီမိုကရေ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတုန်း အာနည်းနေသေးတဲ့ အချိန်မှာ လာပြီး အားစမ်းတာလား။ ဒီတွေးထင်ယူဆချက်မျိုးဟာ လုံးဝ ပြစ်ပယ်လို့ မရဘူးဆိုတာ နိုင်ငံရေး ကျွမ်းကျင်သူတိုင်း သိကြပါတယ်။ ဇွန်လမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မတိုင်မီ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီ့ အချိန်က နိုင်ငံတကာကလည်း ဒီအရေးကို အလေးထားခဲ့ကြပါတယ်။ဘာပဲပြောပြော ကိုအောင်ဇော်ရေ ဒါကို တိုက်ဆိုင်မှုတွေလို့ပဲ မြင်သလားဘယ်လိုမျိုး မြင်ပါသလဲ။ ကျွန်တော်ကတော့ ဒါတွေဟာတိုက်ဆိုင်မှုလို့မထင်ပါ အလေးအနက်ထားဖို့ လိုတဲ့ အချက် နောက်တစ်ချက်ရှိပါသေးတယ်။ ဘင်္ဂါလီတွေကို ဒုက္ခသည် စခန်းတွေနဲ့ ထားတာ မကောင်းပါဘူး။ ဒုက္ခသည် စခန်းတွေကနေ အစွန်းရောက်တွေ ပေါက်ဖွားတာမျိုး မလိုချင်ပါဘူး။ လက်ရှိ မြန်မာပြည်တွင်းကို ရောက်နေတဲ့ ဘင်္ဂါလီတွေကို သူတို့ရဲ့ မူရင်းနိုင်ငံ ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို ပို့ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေကို ခွဲခြားပြီး ထားလိုက်မယ်ဆိုရင် နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ လုပ်ဆောင်လာတဲ့ အချိန်မှာ ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ သူတို့တွေ အနေနဲ့ မဲပေးပိုင်ခွင့် လွှတ်တော် ထဲဝင်ရောက်ခွင့်တို့ တောင်းဆိုလာနိုင်ပါတယ်။ (ဧည့်နိုင်ငံသားတွေ အနေနဲ့ ဒီလုပ်ပိုင်ခွင့်တွေ မရှိပါဘူး။) ဒါ့ကြောင့် သူတို့ကို ဒေသခံ တိုင်းရင်းသားတွေနဲ့ အတူတူ ယှဉ်တွဲ နေထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ရခိုင်ဒေသမှာ စီပွားရေးနဲ့ ပညာရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒေသတစ်ခုဟာ ဖွံ့ဖြိုးလာပြီး ဒေသခံတွေ အသိဉာဏ် ကြွယ်ဝလာပြီဆိုရင် ဒီလိုမျိုး ပဋိပက္ခတွေလည်း အဖြစ်နည်းလာနိုင်ပါတယ်။ ဒါပေမယ့် မဲပေးဖို့တော့ မျိုးဆက် ၂ဆက်ထက်မနည်း စောင့်ရပါမယ်။ ဒါ့အပြင် ဘင်္ဂါလီ ဝန်ထုပ် ဝန်ပိုးကို ရခိုင်ဒေသ၊ ရခိုင်လူမျိုး တွေချည်းပဲ ထမ်းဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ နိုင်ငံသား မှတ်ပုံတင် စီစစ်ပြီး နိုင်ငံသား စစ်မှန်ရင် နိုင်ငံသားတွေ နည်းတူ အခွင့်အရေး ပေးရမှာပဲပေါ့။ တစ်နိုင်ငံလုံးမှာ လှည့်လည် သွားလာခွင့်လည်း ပေးရပါမယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေဟာ အမျိုးသားရေး ပြဿနာ၊ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တင်ပြပြီး ဖြေရှင်းရမယ့် နိုင်ငံတကာ အရေးကိစ္စမျိုး မဟုတ်ပါဘူး။ ဒီပြဿနာတွေကို ဒေသတွင်းမှာသာ ဖြေရှင်းဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေချ ကျနော့် အနေနဲ့ပြောရရင်တော့ ခေါင်းဆောင်တွေ အနေနဲ့ အမြင်မတူတဲ့သူတွေဆီက မှန်ကန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရယူဖို့ လိုပါတယ်။ သမိုင်း မှာလည်း အဲဒီ့လို မလုပ်ခဲ့မိလို့ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘင်္ဂါလီ လူများစု ရှိတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာပါ။ ယခု နောက်တစ်ကြိမ်မှာ ဘာဖြစ်လို့ ဘင်္ဂါလီ လူနည်းစု နေရာတွေမှာ ဘင်္ဂါလီတွေဖက်က စခဲ့သလဲဆိုတာ စဉ်းစား စရာပါ။ သူတို့ကို ရခိုင်တွေကနေ နှိပ်စက်နေတယ်လို့ ရှုမြင်စေချင်လို့လား။ ဒီလိုအချိန်မျိုးမှာ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့လည်း ဒေါသတွေကို ထိန်းဖို့လိုပါတယ်။ ရိုဟင်ဂျာဆိုတာ ပေါ်လာတာ မကြာသေးပါဘူး။ အခုတော့ အဲဒီ့ လူမျိုးစုကို အကြောင်းပြပြီး တောင်းဆိုနေတာဟာ ဖိလစ်ပိုင်မှာ အစွန်းရောက်တွေရဲ့ အုပ်ချုပ်မှု တောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်။ လုံးဝ လက်မခံနိုင်ပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိပါဘူး။ မြန်မာ့သမိုင်းမှာလည်း မရှိခဲ့ပါဘူး။ ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ နိုင်ငံ ပထဝီဝင် အနေအထားတွေနဲ့ နိုင်ငံရေး အသွင်အပြင်တွေကို မီးမောင်း ထိုးပြလိုက်တာပါပဲ။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက်ကိုလည်း သံသယ ဝင်စရာ ရှိပါတယ်။ သူတို့နဲ့ အစွန်းရောက် မူဆလင်တွေ ကြားမှာ ရှိနေတဲ့ ပြဿနာတွေကို အရှေ့တိုင်းဖက် အာရုံ လွှဲတာ မဟုတ်ဘူးလို့ ပြောနိုင်သလား။ အဲဒီ့လိုမျိုး စိတ်ကူးတွေ ရှိနေရင် ဘယ်လို လုပ်မလဲ။ တချိန်တုန်းကလည်း ဘီဘီစီက ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာ ဒေသလို့ ဖော်ပြခဲ့ဖူးသေးတယ်။ ဒီတော့ အစိုးရကိုပဲ အပြစ်ပုံချနေလို့လည်း မဖြစ်သေးပါဘူး။ မြင်ကွင်းနောက်ကွယ်မှာ ရှိနေတဲ့ အကြံဉာဏ်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း အပေါ်ယံရှုမြင်နေလို့ မဖြစ်တော့ပါဘူး။ လေးလေးနက်နက်နဲ့ စဉ်းစားသင့်ပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြခဲ့သလိုမျိုး အုပ်ချုပ်မှု ညံ့ဖျင်းတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကျွန်တော်မြင်တာကတော့ တရားဥပဒေစိုးမိုးရေးကိစ္စတစ်ခု ကိုအောင်ဇော်ရေ တကယ်တော့ ဒီပြဿနာဟာ သာမန် အုပ်ချုပ်မှုဆိုင်ရာနဲ့ နိုင်ငံရေး အကျပ်အတည်းလည်း မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ဒီကိစ္စကို အစိုးရချည်းသက်သက် ဖြေရှင်းလို့ မရနိုင်ပါဘူး။ အတိုက်အခံတွေ အနေနဲ့လည်း နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်တွေကို မြင်နေရပါမယ်။ပြည်ထောင်စုစစ်စစ်
Eleven Media Group | |||||||||||||
Posted: 04 Nov 2012 02:24 AM PST
အုပ်စုဖွဲ့ ပြိုင်ကား ယှဉ်ပြိုင် မောင်းနှင်းခြင်း မင်းမဲ့ စရိုက် ဆန်ဆန် ရမ်းကားမှုများ မဖြစ်ပွါး စေရေးအတွက် စီမံချက်ချ ဆောင်ရွက် နေခြင်းမှ စည်းကမ်းမဲ့ ပြိုင်ကား (၄)စီးအား နိုဝင်ဘာလ(၃)ရက်နေ့ (၃-၁၁-၂၀၁၂) ညဦးပိုင်မှာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အထူးစီမံချက် အဖွဲ့ များမှ ပြိုင်ကား(၄)စီးအား ထိန်းသိမ်းရရှိ ခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။ -----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ နိုဝင်ဘာလ(၃)ရက်နေ့  ညဦးပိုင်မှာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အထူးစီမံချက် အဖွဲ့ များမှ ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ပြိုင်ကား(၄)စီးအား တွေ့ ရစဉ်။ | |||||||||||||
Posted: 04 Nov 2012 02:16 AM PST
တရားဥပဒေ စိုးမိုးမှု လက်လှမ်း အမှီဆုံး ရန်ကုန်မြို့ ကမ်းနားလမ်း(ဗိုလ်တထောင်မြို့ နယ်နှင့် အလုံမြို့ နယ်)ရှိ ညအချိန်များတွင် တရားဥပဒေ ချိုးဖောက်မှု ပိုမိုများ ပြားလာကြောင်း သိရပါသည်။
ကုန်သေတ္တာတင် ကားကြီးများအား ခိုးယူမောင်းနှင်ကာ ကားနှင့် ပတ်သတ်သော ဒီဇယ်ဆီ၊ ဘတ္ထရီ၊ မော်တာ များဖြုတ်ယူ ခိုးမှုများ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိပါသည်။ ကားပိုင်ရှင်များကလည်း သက်ဆိုင်ရာ နယ်မြေရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  သို့ တိုင်ကြားခြင်း မရှိဘဲ၊ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ၊ အသင်းဝင် ကားများဖြစ်သဖြင့် အသင်းသို့ သာ အကြောင်းကြား ခဲ့တယ်လို့ သိရပါသည်။ အသင်းဧ။် သတိပေးစာနှင့် ပျောက်ဆုံးကားများ ပစ္စည်းစာရင်း ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ | |||||||||||||
Posted: 04 Nov 2012 01:47 AM PST
ရန်ကုန်၊နိုဝင်ဘာ ၎
နော်ဝေနှင့် ဒိန်းမတ်နိုင်ငံ တို့၏ မြန်မာနိုင်ငံ ဆိုင်ရာ သံတမန် ပူးတွဲကိုယ်စား လှယ် ရုံးကို ယနေ့နေ့လယ်တွင် ဖွင့်လှစ်ခဲ့သည်။ နော်ေ၀၀န်ကြီးချုပ်နှင့် ဒိန်းမတ်ဝန်ကြီးချုပ်တို့က အဆိုပါ ပူးတွဲကိုယ်စားလှယ်ရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် တရားဝင်သံရုံး ဖွင့်လှစ်ထားခြင်း မရှိသေးသော နော်ဝေနှင့် ဒိန်းမတ်တို့က မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြင့်သည့် အနေဖြင့် အဆိုပါရုံးကို ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရေး ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နော်ဝေနိုင်ငံသည် မြန်မာငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းများ၌ ရှေ့ပြေး စမ်းသပ်စီမံကိန်းများ ဆောင်ရွက်လျက်ရှိပြီး ထပ်မံလုပ်ဆောင် သွားမည်ဟုလည်း နော်ဝေ ၀န်ကြီးချုပ်က ဆိုသည်။ ကျော်ရဲလင်း - Popular Myanmar News Journal | |||||||||||||
Posted: 04 Nov 2012 01:17 AM PST
မြိတ်မြို့တွင် ကျောက်မီးသွေး စက်ရုံ ဖျက်သိမ်းရေး၊ ငါးအမှုန့် ကြိတ်စက်ရုံ အနံ့ဆိုး ပပျောက်ရေး အတွက် လူထုအင်အား ၂၅၀ နှင့် လိုက်ပါ အားပေးသူ စုစုပေါင်း ၁၀၀၀ ခန့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ် ခဲ့ပါသည်။
ကျောက်မီးသွေး စက်ရုံ အလိုမရှိ၊ ငါးမှု့န့်စက်ရုံ အနံဆိုး ပပျောက်ရေး ဒို့အရေး၊ ငါးမှုန့်စက်ရုံ ထင်းလောင်စာ မသုံးစွဲရေး၊ ဒို့အရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒို့အရေး၊ ၊ သဘာဝဓာတ်ငွေံ ဓာတ်အားပေး စက်ရုံ တည်ဆောက်ပေး ကြွေးကြော်သံများ ဖြင့် ကြွေးကြော်ပြီး ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခြင်းအား အင်အား (၂၅၀) ဦးခန့်ဖြင့် (၄-၁၁-၂၀၁၂) ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ်(၁) ဘောတံတားရှိ မြေကွက်လပ်တွင် စတင် စုဝေးပြီး ကမ်းနားလမ်း တစ်လျှောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာ ခန်းမတွင် စုဝေးခဲ့သည်။ လူထု အင်အား ၁၀၀၀ ခန့််လိုက်ပါအားပေးခဲ့ကြပါသည်။ ထိုနောက် ဦးလှမော်က ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုး ပပျောက်ရေး၊ ထင်းလောင်စာ မသုံးစွဲရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး (၃၀) မိနစ် ကြာခန့် ဟောပြောခဲ့သည်။ ပြီးနောက် ဦးမိုးသူအောင်က ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ တည်ဆောက်မှု ကန့်ကွက်ရေး နှင့် သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်ပေးရေး ပတ်သက်ပြီး (၁၀) မိနစ်ခန့် ဟောပြောကာ (၀၉၀၀) နာရီ အချိန်ခန့်တွင် ကြွေးကြော်သံများဖြင့် ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ပွဲအား ရုပ်သိမ်းလိုက်သည်။ မြိတ်မြို့ လူထုကြီး နှင့်အတူ မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများ၊ NLD ပါတီဝင်များ ၊ ဆရာဝန်များ ပူပေါင်းပါဝင်ကြပါသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် မြိတ်ခရိုင် လူထု၏ ဆန္ဒ သဘောထား ကြေညာချက် ၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချု သတင်း - ဓါတ်ပုံ ။ ။ ko toke | |||||||||||||
Posted: 04 Nov 2012 01:46 AM PDT
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO/KIA တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခု နှစ်ဇွန်လအတွင်းက ပြန်လည်စတင်ခဲ့ပါသည်။ ထိုသို့စတင်ခဲ့ခြင်းသည် KIO/KIA နှင့် တပ်မတော် အကြား ပဋိပက္ခဖြစ်မှု နှစ်ပေါင်း ၆၀ ကျော်ကြာ အရှည်ကြာဆုံး ပြည်တွင်းစစ်အနေဖြင့် ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ တိုက်ပွဲများသည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် စတင်ခဲ့ကာ နောက်ပိုင်း၌ မြစ်ကြီး နား၊ ၀ိုင်းမော်၊ ဖားကန့်မြို့နယ်များ အထိပါ ဖြစ်ပွားသက်ရောက်မှုများ ရှိလာခဲ့သည်။ KIO/KIA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်အချိန်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲ ရာမှ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက် ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ယင်းကဲ့သို့ တိုက်ပွဲ စတင်မဖြစ်ပွားမီ အချိန်ကပင် KIO/KIA အနေဖြင့် တပ်သားဟောင်းများကို ပြန်လည်ခေါ်ယူခြင်း၊ တပ်သားသစ် များစုဆောင်းခြင်းနှင့် လက်နက်ကိုင် တပ်ဖွဲ့ကို ပြင်ဆင်မွမ်းမံခြင်းများ ကြိုတင်လုပ်ဆောင်ခဲ့သည်။ တိုက်ပွဲအစတွင် တပ်မတော်မှKIO/KIA ဌာနချုပ် လိုင်ဇာဘက်သို့ ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ပိုင်းတွင်မူ နိုင်ငံတော်သမ္မတ ၏ အမိန့်ညွှန်ကြားချက် အတိုင်း မိမိကိုယ်ကို ခုခံကာကွယ်ရုံမှလွဲပြီး ထိုးစစ်မပြုလုပ်ကြောင်း တပ်မတော် အရာရှိများက တရားဝင်ထုတ်ဖော် ပြောဆိုခဲ့သည်။ ကချင်လူမျိုးမိသားစုတွေမှာ သားနှစ်ဦးရှိရင် တစ်ဦးက KIA ထဲ ၀င်ရမယ်။ မ၀င်မနေရဆိုပြီး ခွဲတမ်းချထားခဲ့တယ်။ နောက်မိန်းကလေးတွေကိုလည်း အကြောင်းအမျိုးမျိုးနဲ့ စွဲဆောင်ပြီး ကချင်နိုင်ငံတည်ထောင်ဖို့ အတွက်ဆိုပြီးKIA ထဲကို ၀င်ရောက်စေခဲ့ပါတယ်။ တဖြည်းဖြည်း နဲ့ ကချင်တွေတင်မကတော့ဘဲ ကချင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ရှမ်း၊ ဗမာ၊ ကရင်၊ ကယား၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေကိုပါ . . . လက်ရှိအချိန်၌ KIO/KIA လက်အောက်တွင် တပ်မဟာ ငါးခုရှိပြီး တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)နှင့်တပ် မဟာ(၅)တို့ဖြစ်ကြပြီး ဌာနချုပ်မှာ လိုင်ဇာတွင်ရှိပါသည်။ KIO/KIA ၏တပ်မဟာငါးခုနှင့် ဌာနချုပ်များ သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွ ၂၀၀၉ခုနှစ်အတွင်း The New York Times သတင်းစာဆောင်းပါး ၌ ဖော်ပြခဲ့သော စာရင်းအရ KIO/KIA တွင် တပ်သား ၄၀၀၀ ကျော် ရှိကြောင်း သိရပြီး ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်း BBC သတင်းဌာနသို့ KIO/KIA မှ တာဝန် ရှိသူများ၏ ပြောကြားချက်အရ ၎င်းတို့တွင်တပ်သားသစ် ၁၀၀၀၀ ခန့် နှင့်တပ်သားဟောင်း ၁၀၀၀၀ ခန့် ကို ပြန်လည်ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၁ခုနှစ် တိုက်ပွဲများ ပြန် လည်စတင်ချိန်တွင်KIO/KIA နှင့် တပ်မတော်တို့ နှစ်ဦးနှစ်ဖက်အကြား အကျအဆုံးများစွာ ဖြစ်ပေါ်ခဲ့ပြီး တပ်သားသစ် လိုအပ်ချက်မှာလည်း KIO/KIAအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့သည်။ တပ်သားသစ်များ လိုအပ်လာသည်နှင့်အတူ စစ်သားစုဆောင်းခြင်း များကိုKIO/KIA မှ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်းနှ
အခြားတစ်ဖက်တွင်လည်း ABSDF (မြောက်ပိုင်း)မှဟု စွပ်စွဲကာ KIO/KIA မှ စစ်သားစုဆောင်းမှု များရှိခဲ့သည်ဟု သိရသည်။ ABSDF (မြောက်ပိုင်း)သည် ၁၉၈၉ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကချင်) ဖြစ်ကာ KIOဗဟိုဌာနချုပ်သို့ ရောက်ရှိခဲ့သော တောခို ကျောင်းသားများ၏ တပ်မတော်ဖြစ်သည်။ ကချင်ပြည်နယ် ဗဟိုဌာနချုပ်သို့ ရောက်ရှိခဲ့သည့် တောခိုကျောင်းသားများကို KIO မှ စစ်သင်တန်းများ ပို့ချပေးခဲ့ပြီး KIA တပ်ရင်းများနှင့်အတူ တွဲဖက်ပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်စေခဲ့ပါသည်။ ၁၉၉၄ ခုနှစ် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးချိန်တွင် KIO/KIA မှ ၎င်းတို့နယ်မြေအတွင်း အခြေချနေထိုင်နေသော ABSDF(မြောက်ပိုင်း)ကို ဆက်လက်ရပ်တည် ခွင့်ကို အခက်အခဲတွေ့စေခဲ့ပါသည်။ ထို့ကြောင့် ABSDF(မြောက်ပိုင်း) တပ်ဖွဲ့ဝင်များအနက် အချို့မှာKIO/KIA ဘက်သို့ ကူးပြောင်းသွားကာ အချို့မှာလည်း အခြားလက်နက်ကိုင် အဖွဲ့အစည်းများသို့ ၀င်ရောက်ခြင်း၊ တစ်ဖက်နိုင်ငံများသို့ သွား ရောက်ခြင်း၊ လက်နက်ချပြီး နေရပ်ထံပြန်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့အတွက်ကြောင့် ယခုအချိန်KIO/KIA မှ စစ်သားစုဆောင်းမှုများ ပြုလုပ်ရာတွင် ABSDF(မြောက်ပိုင်း) မှဟုဆိုကာ စစ်သားစုဆောင်းမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်အတွင်း၌ နေထိုင်သူလူဦးရေ စုစုပေါင်း ၁၅၈၅၃၀၁ ဦးဝန်းကျင်ရှိသည့်အ နက် အဆိုပါ လူဦးရေ စာရင်းတွင် ကချင်မျိုးနွယ်စု ၆၂၈၂၈၂ ဦး၊ ဗမာလူမျိုး ၄၅၁၃၇၁ ဦး၊ ရှမ်းလူမျိုး ၃၇၇၈၄၆ နှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် အခြားတိုင်းရင်းသား ၁၂၆၈၄၃ ဦးလည်း ပါဝင်ကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ် ခဲ့သော KIO/KIA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ပြောခဲ့သည်။ ကချင်ပြည်နယ်အတွင်း ပြည်ထောင်စု တိုင်းရင်းသားအားလုံး မှီတင်းနေထိုင်နေကြသည့်အတွက် တိုင်းရင်းသားတစ်မျိုးနှင့်တစ် “အခုဆိုရင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်နဲ့ တရုတ်နယ်စပ်တစ်ဝိုက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း တွေမှာ လူဦးရေ တစ်သိန်းနီးပါးရှိ တယ်။ အဲဒီမှာရှိနေတဲ့ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းက ကချင်လူမျိုးတွေ ဖြစ်ကြတယ်။ အံ့သြစရာ ကောင်း တာက အဲဒီစခန်းတွေမှာ အသက် ၁၅ နှစ်ကနေ အသက် ၅၀အောက် ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတွေ ကို မတွေ့ရတာပဲ။KIO/KIA တွေ က စစ်တပ်ကို ယှဉ်မတိုက်ဘူး။ ပြောက်ကျားစစ်ပဲ တိုက်ကြတယ်။ ချောင်းပစ်ပြေးပေါ့။ ချောင်းပစ်ပြေး ပြီးရင် နီးရာ ကချင်ရွာထဲဝင်ပြီး အ ရပ်သား၊ ရွာသားအသွင်နဲ့ နေလိုက်တယ်။ စစ်တပ်က လိုက်တိုက်ရင်း အဲဒီရွာတွေ ပျက်တော့တာပဲ။ စစ်ဘေးရှောင်တို့၊ စစ်ပြေးတို့ဆိုတာ အဲလိုနည်းနဲ့ စပေါ်လာခဲ့တာ”ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။ ကချင်ပြည်နယ်အတွင်း ရှည်ကြာသော ပြည်တွင်းစစ်၏ ဒဏ်ကို ဒေသခံများက အများဆုံးခံခဲ့ကြရကာ ကျေးရွာများမီးသင့်ပျက်စီးခြဲ့ “ပွင့်ပွင့်လင်းလင်းပြောရရင် ကချင်ပြည်နယ်ကရှမ်းတွေဟာ ငြိမ်း ချမ်းရေးစကားကို မပြောကြတာဟာ ကြောက်လို့ပါ။ ရှမ်းတွေက တောင်သူတွေများတယ်။ သူတို့ကို ကာ ကွယ်ပေးနိုင်မယ့် အစိုးရနဲ့ဝေး တယ်။ နီးရာဓား ကြောက်ရတဲ့သဘောပါ။ ဟိုအရင်တုန်းက ရှမ်း လူမျိုးအရေး လှုပ်ရှားတက်ကြွသူတွေကို ခေါ်ပြီးသတ်ပစ်တာမျိုးတွေ ရှိခဲ့တယ်။ အခုလည်း ဘယ်မီဒီယာ က ဘယ်လောက်ပဲမေးမေး ကိုယ်တွေ့ကြုံခဲ့တဲ့လူတွေက ခင်ဗျားတို့ကို ဘာမှပြောမှာမဟုတ်ဘူး”ဟု ၀ိုင်းမော်မြို့ခံတစ်ဦးက ပြောပြခဲ့သည်။ “ဘုန်ကြီးကျောင်းလည်း လက်နက်ကြီးတွေ လာထိကုန်တယ်။ ဘယ်လိုမှလည်း ညှိလို့မရတော့ ငါလည်း ပြေးနေရတာပဲ။ ရွာသားတွေကိုလည်းပဲ တွေ့ရာနေရာ မှာ စစ်မှုထမ်းဖို့ အများကြီး ခေါ်သွားလိုက်တယ်။ အခုတော့ ပြန်ပြီး အလင်းဝင်လာတဲ့ လူတွေလည်းရှိတယ်။ လူပေါင်း ၂၀ ကျော်လောက်တော့ ကျန်သေးတယ်။ အခုလိုထ တိုက်ကြတော့မှပဲ လူတွေလည်း ကောင်းကောင်းမနေရ၊ ဘုန်းကြီးတွေလည်းကောင်းကောင်း မနေရတော့ဘူး။ လယ်ကွင်းတွေလည်း မလုပ်ရဘူး။ ကျွဲတွေ၊ နွားတွေလည်း ပစ်ထားရတယ်။ လာမယ့် နှစ် တွေမှာစားရေးသောက်ရေးက မစဉ်းစားဝံ့စရာပဲ”ဟု မြစ်ကြီးနားမြို့နယ် အတွင်းရှိ ရှမ်းရွာတစ်ခုမှ ဘုန်းတော်ကြီးက မိန့်ကြားခဲ့သည်။ မြစ်ကြီးနားဝန်းကျင်မှစ၍ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်ရိုးတစ် လျှောက်တွင် ရှမ်းလူမျိုးအများစုသာ နေထိုင်သော ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပြီး ထက်ဝက်ခန့်မှာ လုံခြုံမှု မရှိကြောင်းလည်း ဒေသခံများက ပြောပြခဲ့သည်။ “နန့်ဝါဆိုတဲ့ရွာမှာ အိမ်တွေကန်ဖွင့် အတင်းအဓမ္မ၀င်လာပြီး လူငယ်တွေကို ဖမ်းခေါ်သွားတယ်။ ငွေပေးပြီး လွတ်လာတာလည်း ရှိတယ်။ ပြေးပြီး လွတ်လာတဲ့လူ လည်းရှိတယ်။ သူတို့နဲ့အိမ်ထောင် ပြုလိုက်ရတဲ့ ကလေးမတွေလည်းရှိတယ်။ ဘယ်သူက ဘယ်လောက် မေးမေး အဖြေမှန်တော့ရမှာ မဟုတ်ဘူး။ ကိုယ့်ကို လာသတ်မှာတော့ ကြောက်ရတာကိုး။ အခုလောလော ဆယ်လည်း တနိုင်း၊ ပယင်းမှော်က လူတွေဖမ်းသွားတာ ဘာသတင်းမှ သဲသဲကွဲကွဲ မကြားရသေးဘူး။ ကချင်ပြည်နယ်က ရှမ်းတွေရဲ့ဘ၀ က အကြောက်တရားနဲ့ အသက်ရှင်ရတာ” ဟု ၀ိုင်းမော်မြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့ သည်။ လွန်ခဲ့သောနှစ်အတွင်းက နှစ်ဖက်ပစ်ခတ်မှုကြောင့် တစ်ရွာလုံး ပြေးလာခဲ့ရသော ရှမ်းရွာများမှာ ဂါးဒီယန်၊ စံပိုင်၊ ကန်တော်ယန်၊ နန့်ဆန်ယန် စသောရွာများဖြစ်ပြီး မိမိတို့ပိုင်ဆိုင်သော အိုးအိမ်၊ ကျွဲ၊ နွား၊ ကြက်၊ ၀က်များကို အားလုံးပစ် ချထားခဲ့ရသည်ဟု ဒုက္ခသည်တစ်ဦး ကပြောကြားခဲ့သည်။ နယ်မြေမအေး ချမ်းမှုကြောင့် မြို့၊ ရွာနှင့် ဝေးကွာ သော လယ်ကွင်းများ၌ လယ်ယာ အလုပ်လုပ်ကိုင်နိုင်မှုမရှိကြော “မိုးကောင်း၊ နမ္မတီး ၀န်းကျင် မှာရှိတဲ့ ရှမ်းရွာ ၁၀ ရွာဝန်းကျင် ကတော့ အေးချမ်းလုံခြုံမှုမရှိပါဘူး။ အဲ့ဒါမပြောနဲ့ မိုးကောင်းမြို့ပေါ် ရပ်ကွက်တွေတောင်မှ မလုံခြုံဘူးလို့ ပြောလို့ရတယ်။ မြို့ပေါ်ဆီဆိုင်တွေ ဆက်ကြေးကောက်တယ်လို့ ကြားရတယ်။ ဖားကန့်ဘက်တက်တဲ့ ကားတိုင်းကိုလည်းပဲ ဆက်ကြေးတွေ ကောက်ပါတယ်။ မိုးကောင်းဝန်းကျင်က ကျေးရွာတွေမှာတော့ စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းခေါ်သွားတာ ရှိခဲ့တယ်။ အခုတော့ တော်တော်များများ ပြန်ရောက်ပါပြီ”ဟု မိုးကောင်းမြို့ ကျားဖြူပါတီဥက္ကဋ္ဌ ဦးသန်းတင့်အောင်က ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ် ပွားပြီးနောက် စစ်ဘေးဒဏ်သင့် ဒေ သများအနက် ပူတာအိုဒေသမှာ စား ၀တ်နေရေးအတွက် ခက်ခဲစွာနေ ထိုင်နေရပြီး အဆိုပါဒေသသို့ ရိက္ခာ များပေးပို့နိုင်ရန်အတွက် ပျက်စီးခဲ့ ရသော ပူတာအိုလမ်းပိုင်းကို ယခုနှစ် ပွင့်လင်းရာသီတွင် ပြုပြင်မည် ဖြစ်သဖြင့် ပြုပြင်မှုများအပေါ် အ နှောင့်အယှက်များ မပြုရန် မေတ္တာ ရပ်ခံကြောင်း မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ တက်ရောက်ခဲ့သည့် KIO/KIA ခေါင်းဆောင်များကို ပြောကြားခဲ့သည်။ KIO/KIA မှ အမျိုးသမီးများပါမကျန် စစ်သားစုဆောင်းခြင်းများ ရှိနေသည်ဆိုသည်ကို KIO/KIA အ ဖွဲ့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဂျီးနောင်က “ဘယ်သူစုဆောင်းသလဲတော့ မသိပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကတော့ မစုဆောင်းခိုင်းပါဘူး”ဟု ပြန်လည်ဖြေ ကြားခဲ့သည်။ လက်ရှိတွင် ၎င်းသည် နိုင်ငံရေးရုံးသို့ ရောက်ရှိနေသည့်အတွက် တိုက်ပွဲများ မည်သည့်နေရာတွင် ဖြစ်ပွားနေသည်ကို မသိရှိကြောင်း၊ ဖြစ်တော့ ဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီး ဂျီးနောင်က ဆိုပါသည်။ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် KIO/KIA နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့၏ ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့ ၌ ပြုလုပ်ခဲ့သော်လည်း ထူးခြားသည့် အဖြေထွက်ပေါ်ခဲ့ခြင်းမရှိပေ။ အဆိုပါ ဆွေးနွေးပွဲသို့ တပ်ပိုင်းဆိုင် ရာနှစ်ဘက်ခေါင်းဆောင်များ တက်ရောက်ခဲ့ခြင်းမရှိသဖြင့် စစ်ရေးဆိုင် ရာ ထူးခြားသည့်အဖြေ ထွက်ပေါ်ခဲ့ ခြင်းမရှိဘဲ နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးရန်သာ သဘောတူညီခဲ့ကြသည်။ မိမိကိုယ်ကိုယ်ခုခံကာကွယ်ရုံမှ လွဲပြီး ထိုးစစ်မပြုလုပ်ရန် နိုင်ငံတော် သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို နာခံလျက်ရှိကြောင်း တပ်မတော်အရာရှိများက တရားဝင်ထုတ်ဖော်ပြော ဆိုမှုများရှိခဲ့သည့်တိုင် တိုက်ပွဲဖြစ်ပွား မှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ |
[Message clipped] View entire message
0 comments:
Post a Comment