ဦးနေ၀င်း နဲ့ ပေါင်းရတာ Natural process
by Bo K Nyein on Saturday, November 10, 2012 at 9:03pm
မေး
Kyaw Aye ဦး@ Bo K Nyein ခင်ဗျာ...ဦးသုဝေရေးတဲ့ “ဖဆပလဦးကျော်ငြိမ်း ” စာအုပ်ဖတ်နေတယ်ခင်ဗျ။ အဲဒီအထဲမှာ ဖဆပလအတွင်း Power ချိန်မျှဖို့အတွက် ဆိုရှယ်လစ်ဂရုကိုဖွဲ့ဖို့ ဗိုလ်ချုပ်အောင်ဆန်းက ဦးကျော်ငြိမ်းကိုတာဝန်ပေးတယ်။ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် ဦးနေဝင်းဟာ ဦးကျော်ငြိမ်းကြောင့် ဆိုရှယ်လစ်ဂရုထဲရောက်လာပြီး အဲဒီကတဆင့် အာဏာသိမ်းတဲ့အထိရောက်ခဲ့တာဖတ်ရပါတယ်။ဆိုလိုချင်တာက ဦးကျော်ငြိမ်းဟာ အင်မတန်အကွက်မြင်သူလို့ ဦးသုဝေက ရေးထားပါတယ်။ဦးနေဝင်းရဲ့ခြေလှမ်းတွေ မမြင်ခဲ့တာကိုနားမလည်ပါ။ဦးဘိုက အဲဒီအကြောင်းတွေ အဖေဆီကကြားဖူးတာများကို သိပါရစေ။ရေးပြီသားရှိခဲ့ရင်လည်းထပ်ပေးပါဦးခင်ဗျာ။နိုင်ငံရေးရှုပ်ထွေးမှုကို ရိုးသားစွာသိချင်တာသက်သက်ပါ။
ဖြေ
ဦးကျော်အေးရေ မေးလာတာကို ကျေးဇူးတင်ပါတယ်
ဦးသုဝေ စာအုပ်ရှိတယ်။ ပြန်ရှာကြည့်ဦးမယ်
ပါတီတိုင်းမှာ အုပ်စုတွင်း တိုက်ပွဲ ဆိုတဲ့ factional politics ဆိုတာရှိတာပဲ
ဖဆပလ ကို စဖွဲ့ တော့ ကွန်မြူနစ် ၊ ပြည်သူ့အရေးတော်ပုံ ပါတီ ၊ စစ်တပ်
ဒီအဖွဲ့ အစည်း (၃) ခု နဲ့ စ ဖွဲ့ကြတာ မဟုတ်လား
စစ်တပ်ထဲမှာ ရဲဘော် (၃) ကျိပ် တွေက သခင်ချစ် နဲ့ နီးကြတယ်။
သခင်ချစ်က သူ့လူ တွေ သူ ဆွဲ လွှတ်တာကိုး
သခင်ချစ် ကပြည်သူ့အရေးတော်ပုံ ပါတီ က
နောက်မှ ကွန်မြူနစ် ဖက် ပါသွားတာ
ရဲဘော် (၃) ကျိပ်ပြီး ရင် အများစုက ပြည်သူ့အရေးတော် ပုံ ပြည်တွင်းသူပုန် အုပ်စု
ကလာတဲ့ စစ်ဗိုလ်တွေ။ ခေါင်းဆောင်ပိုင်းမှာ ပြောတာ
ဗိုလ်ချုပ်အောင်ဆန်း က ဗိုလ်နေ၀င်း ကို ပြည်တွင်း လုပ်ငန်းတွေ အတွက် ဦးကျော်ငြိမ်း စီ
လွှတ်လိုက်တော့ ဗိုလ်နေ၀င်း နဲ့ ပြည်တွင်းသူပုန် အုပ်စု နှီးသွားတြယ်။
ဂျပန်တက်ကာစ မှာ လူငယ်စစ်ဗိုလ်တွေက ဂျပန်ကို ချချင်နေကြပြီ
ဗိုလ်ချုပ်အောင်ဆန်းက စောသေးတယ် ဆိုပြီး အားမပေးဖူး
ခေါင်းဆောင် က ဗိုလ်မောင်မောင် ၊ ဗိုလ်အောင်ကြီး နဲ့
ပြည်သူအရေးတော်ပုံ က လာတဲ့ စစ်ဗိုလ်ငယ်တွေ
ဦးကျော်ငြိမ်း ကိုသွား စည်းရုံးတော့ ဗိုလ်ချုပ် နဲ့ သဘောတူတယ်
ဒီတော့ ဒီ အုပ်စု က ဗိုလ်နေ၀င်း ကို ဆရာတင်ကြတယ်။
နောက်ဆုံး ဗိုလ်ချုပ်ဆဲ လို့ ငြိမ်သွားကြတယ်
တပ်ထဲမှာ (၀ါ) အရ ဗိုလ်ချုပ် ပြီးရင် ဗိုလ်လက်ျာ နဲ့ ဗိုလ်စကြာ ၊
ပြီး ဗိုလ်နေ၀င်း နဲ့ ဗိုလ်ဇေယျ
ဝါဒ အရ ဥိးကျော်ငြိမ်း က ဆိုရှယ်လစ် စစ်ဗိုလ် နောက်ခံ နဲ့ ဗိုလ်နေ၀င်း ကို အားယူတယ်။
သခင်သန်းထွန်း က ရဲဘော် (၃) ကျိပ်ဝင်တွေ နဲ့ ဗိုလ်ဇေယျ ကို အားယူတယ်
ဗိုလ်ချုပ်အောင်ဆန်း က ကြားက နေပြီး အပေါ်မှာပဲ နေတယ်။
တော်လှန်ရေးပြီးတော့ ဗိုလ်ချုပ်တားတဲ့ ကြားက ကွန်မြူနစ် တွေက ဆိုင်းဖုတ်ထောင် ၊ ပါတီထောင်တယ်
ဒါကြောင့် ဦးကျော်ငြိမ်း တို့က ဆိုရှယ်လစ်ပါတီ ထောာင်ကြရတယ်။
ဗိုလ်ချုပ်က တော်လှန်ရေး မတိုင်ခင် ဦးကျော်ငြိမ်းစီ လာပြီး မင်းနဲ့ ဗိုလ်နေ၀င်း သခင်စိုး စီသွားဆွေးနွေးကြ
ရရင် ကျန်တဲ့ သူတွေ ငါတာဝန်ယူတယ် ဆိုပြီး လာပြော လို့ ဗိုလ်နေ၀င်း နဲ့ သခင်စိုးစီ သွားတွေ့ကြတယ်
တော်လှန်ရေး အပြီးလည်း တပါတီထဲ လုပ်ဖို့ ဆွေးနွေးတြတယ်
သခင်စိုး ကသူ့တဦးတည်း သဘော နဲ့ ဖျက်ပစ်လိုက်တယ်
တဦးချင်းဝင်ရမယ်
ကိုကျော်ငြိမ်း နဲ့ ဗိုလ်နေ၀င်း ကိုတော့ လက်မခံ နိုင်ဖူး လုပ်လာတယ်
ငါတကော် ၊ ကောတာပေါ့
ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဦကျော်ငြိမ်း က အားရင် နိုင်ငံရေး ဆွေးနွေးနေကြ
ဗိုလ်ချုပ် နေ၀င်း အာဏါ မက်တယ် ဆိုတာကောင်းကောင်း သိ ကြပါတယ်
ဗိုလ်ချုပ်အောင်ဆန်း က နေ၀င်း ငါတို့ အာဏါ ရပြီး မှ
သိမ်းဖို့ ကြိုးစားမှာ လို့ ဦးကျော်ငြိမ်း ကိုပြောဖူးတယ်
စစ်တပ် ကို မချဲ့ ဖို့လည်း (အသိ) ရှိကြတယ်
ဗိုလ်ချုပ် သေသွားတော့ ကွန်မြူနစ်တွေ က သိပ်မာန တက်နေတယ်
လက်နက် နဲ့ အာဏါ သိမ်း နိုင်မယ်လို့ ထင်ကြတယ်
ဦးကျော်ငြိမ်း ဖမ်းခိုင်း တာကို ဦးနု က တွေဝေ နေတယ်။
ကွန်မြူနစ် တွေ လွပ်သွားတော့ မှ … ပြည်တွင်း စစ်ကို မထိန်းနိုင်တော့
ဒီတော့ ခုခံဖို့ စစ်တပ် လိုလာပြီ
ဗိုလ်နေ၀င်း က ခေါင်းဆောင်မှု ရှိတယ်
အစ မှာ သူ့ရဲ့ တပ်ရင်း (၄) ကိုပဲ အစိုးရ ကယုံ လို့ ရတယ်
ဒီတော့ သူ့ကို ပဲ အားကိုးရတာပေါ့
ကွန်မြူနစ် တွေ တောခိုးပြီး တော့ သခင်သန်ထွန်း စစ်ဗိုလ် အားလုံးကို တောခို ခိုင်းတယ်
ဗိုလ်ကျော်ဇော် ပဲ သခင်သန်းထွန်း ကို အစာမကျေ လို့ တောမခို
ဒီတော့ ဗမာ့တပ်မတော် မှာ ဆိုရှယ်လစ် ဗိုလ်တွေပဲ ကျန်ခဲ့ပြီး
ဗိုလ်နေ၀င်း က ခေါင်းဆောင်မှု ရှိတော့ သူ့တပ်ဖြစ်သွာတာပေါ့
ပြည်တွင်း စစ်မီးဝိုင်းနေတော့ ဗိုလ်နေ၀င်း ရန်ထက် ကွန်မြူနစ် ရန် က ပိုကြီးတယ် မဟုတ်လား
ဗိုလ်နေ၀င်း ကဦးနု ကို ယုံအောင် လှည့်နိုင်တာကတော့ သူ့အရေအချင်းပေါ့
အချုပ်ပြောရရင် .. စစချင်း ကတော့ နိုင်ငံရေး အရ ပေါင်းကြရတယ်
ဗိုလ်နေ၀င်း က လျှင်ရုံ မက သူ့တပ် ကို သူ နိုင်အောင် ကိုင်နိုင်တော့
နိုင်ငံရေး သမား တွေကို တပ် နဲ့ ပြန်ထောက် နိုင်တယ်
ဗိုလ်ချုပ် က ဗိုလ်နေ၀င်း ကို ပြန်ထောက်ဖို့ သခင်ဗဟိန်း ကိုတောင်းတယ်
သခင်သန်းထွန်း က မပေး ဖူး
ဦးကျော်ငြိမ်း က ဗိုလ်ကျော်ဇော် ကို စည်းရုံး ကြည့်တယ်
ဗိုလ်ကျော်ဇော် က လက်မခံဖူး
နိုင်ငံရေးမှာ အရေအချင်းလည်း လိုတယ် ၊ နိုင်ငံရေး လျှင်တာလည်း ပါတယ်
ကံ လည်း လိုက်ဖို့ လည်း လိုတယ်
ဦးကျော်ငြိမ်း က နိုင်ငံရေး အရ ဗိုလ်နေ၀င်း နဲ့ မပေါင်းလို့ မှမရတာ
ဒါ natural process ပဲ
ဗိုလ်နေ၀င်း အာဏါ သိမ်းနိုင်တာ ဦးနု လက်ထက် မှာ ဆိုတာ ကိုလည်း မမေ့လိုက်ပါနဲ့
0 comments:
Post a Comment