Monday, November 5, 2012

KIO ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်၊ ပညာရေးဌာနတာဝန်ခံ ဦးဆွမ်လွတ်ဂမ်နှင့် တွေ့ဆုံးမေးမြန်းခြင်း


by Messenger News Journal on Monday, November 5, 2012 at 2:32am ·

အရပ်သားအစိုးရအဖွဲ့လက်ထက်တွင် ပထမဦးဆုံးတရား ဝင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ လုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တို့၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို  အောက်တိုဘာလ ၃ဝ ရက်က ရွှေလီမြို့၊ ကျင့်ချိန်ဟို တယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာအစိုးရဘက်မှ သမ္မတရုံးဝန်ကြီးဦးအောင်မင်းဦးဆောင်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ မပခ (တိုင်းမှူး) ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်ရမခ (တိုင်းမှူး) ဗိုလ်မှူးချုပ် ရမခ(တိုင်းမှူး) ဗိုလ်မှူးချုပ် အောင်စိုး၊ ကချင်ပြည် နယ် ဝန်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်း၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဦးစပ်အောင်မြတ်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်း ဦး အပါအဝင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်လာခဲ့ပြီး KIO ဘက်မှ ပညာရေးဌာန တာဝန်ခံ ဦးဆွမ်လွတ်ဂမ်ဦး ဆောင်၍ ဦးခွန်ဆိုင်း၊ ဦးဇော်တောင်၊ ဦးခွန်နောင်၊ ဦး လပိုင်လ၊ ဦးဇော်နောင်၊ ဦးဂျီးနောင်၊ ဦးနော်ထွယ်နှင့် ဦးဆိင်းခေါတို့ တက်ရောက်လာခဲ့ကြသည်။
တွ့ဆုံဆွေး နွေးပွဲ မကျင်းပမီက နှစ်ဖက်တပ်များကိစ္စကို ဦးစားပေး ဆွေးနွေးမည်ဟု သတင်းများထွက်ပေါ်လာခဲ့သော်လည်း KIO ဘက်မှ ဗိုလ်ချုပ် ဂွမ်မော်တက်ရောက်လာခဲ့ခြင်းမရှိ သလို မြန်မာအစိုးရဘက်မှလည်း ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကလည်း တွေ့ဆုံပွဲသို့ လာရောက်ခြင်းမရှိခဲ့ဘဲ မူဆယ်မြို့တွင် နေရစ်ခဲ့သည့် ဆွေးနွေးပွဲရလဒ်အဖြစ် KIO ဘက်မှ တွေ့ဆုံဆွေးနွေးပွဲ အဆက်ဆက်တွင် အစဉ်တစိုက် တောင်းဆိုလာခဲ့သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန် ကိစ္စကို အစိုးရဘက်မှ သဘောတူညီခဲ့သော်လည်း လက်ရှိဖြစ် ပွားနေသော စစ်ရေးအရှိန်များ လျှော့ချရေးနှင့် ပတ် သက်၍မူ ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။
          လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်ပတ်သက် ၍ KIO ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်၊ ပညာရေးဌာန တာဝန်ခံ ဦးဆွမ်လွတ်ဂမ်နှင့် တွေ့ဆုံးမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။
  
အခုတွေ့ဆုံဆွေးနွေးပွဲမှာ ဗိုလ်ချုပ် ဂွမ်မော်မပါလာနိုင်တာ ဘာကြောင့်လဲ
          ဒါက ကျွန်တော်တို့ ကိုအခု အစိုးရက ထိုးစစ်ဆင် နေတာလေ။ သူက ခေါင်းဆောင်ဆိုတော့ ကြီးကြပ်ကွပ် ကဲတာတွေလုပ်နေရတော့ တာဝန်ကများတယ်။ ဒါကြောင့် မအားမလပ်ဖြစ်ပြီးတော့ မရောက်နိုင်တာပါ။

KIO ဘက်က အပစ်အခတ်ရပ်စဲရေးလုပ်စရာမလိုတော့ ဘူး။ နိုင်ငံရေးဆွေးနွေးပွဲပဲ လုပ်မယ်လို့ ပြောနေတာ ရှိတယ်လေ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုတာ ဘာကို ပြောတာလဲ။ ဘယ်အချက်တွေကို အဓိက ဆွေးနွေးမှာ လဲ။
          နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆိုတာ ကျွန်တော်တို့ KIO ဘက်က လိုချင်တာကတော့ တိုင်းရင်းသားလူမျိုးစု တွေကိုကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပေးဖို့ အဓိကက ပါပဲ။ ကိုယ့်လူမျိုးတွေကို ကိုယ်အုပ်ချုပ်ဖို့ အဓိကကဒါ ပဲ။

ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာနဲ့ ပတ်သက်ပြီးဒီထက်ပိုပြီး ရှင်းပြပေးပါလား။ အခု ကချင်ပြည်နယ်ဝန်ကြီးချုပ်က လည်း ကချင်လူမျိုးပဲလေ။ ပြီးတော့ လွှတ်တော်မှာလည်း ကချင်လွှတ်တော်အမတ်တွေ ရှိနေတာပဲ။
          ဒါက ကိုယ်ပိုင်ပြဌာန်းခွင့် မဟုတ်ဘူးလေ။ ဒါက သူတို့ လုပ်ထားတဲ့ ဥပဒေအရ သူတို့ဥပဒေနဲ့ အုပ်ချုပ်တာပေါ့။ ကျွန်တော်တို့အခု လိုချင်တာက ကိုယ့်ပြည်နယ်ရဲ့ ဥပဒေကို ကိုယ်ပြဌာန်းပြီးတော့ အုပ်ချုပ်မှာပေါ့။

အခု တွေ့ဆုံဆွေးနွေးပွဲမှာရော ဘယ်လိုအောင်မြင်မှုတွေ ရခဲ့တယ်လို့ ယူဆပါသလဲ။
          ကျွန်တော်တို့ တောင်းဆိုထားတဲ့ နိုင်ငံရေးတွေ့ဆုံ  ဆွေးနွေးပွဲကို လုပ်မယ်ဆိုတာ သဘောတူတယ်ဆိုတဲ့အ ကြောင်းပြောတာပေါ့။ ဒါက တစ်ဆင့်အောင်မြင်တယ် ပေါ့။ အရင်က ဒီလို မပြောဘူးလေ။ ဒါကြောင့် အခု ဒီလို ပြောတာတော့ အနည်းငယ်အောင်မြင်တယ်လို့ ပြော နိုင်တာပေါ့။

တပ်မတော်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲ တွေနဲ့ အခု အရပ်သားအစိုးရအဖွဲ့လက်ထက်မှာ လုပ်တဲ့ ဆွေးနွေးပွဲ ဘာများ ကွာခြားတာ တွေ့ရပါသလဲ။
          အရင်ကတော့ စစ်အစိုးရဆွေးနွေးပွဲဆိုတော့ ဒီလို ပြောတာတွေ မရှိဘူး။ စစ်အမိန့်နဲ့ပဲ။ ရရမယ်ဆိုရင် ရကို ရရမယ်။ သွားပြောပြရုံပဲလေ။ စစ်အစိုးရလက်ထက်က ဆွေးနွေးပွဲဆိုတာကတော့ သူတို့ပြောတာကို လိုက်နာရ မယ်။ သူတို့ပြောတဲ့အတိုင်း လုပ်ရမယ်။ ဆန္ဒကိုထုတ် ဖော်ခွင့်မရှိဘူး။ ကွာတာပေါ့။ အခုကတော့ တစ်ပိုင်းတစ် စတော့ ထုတ်ဖော်ပြောခွင့်ရလာတာပေါ့လေ။ လူတွေအား လုံးပြောခွင့်ရတယ်။

နောက်လာမယ့် ဆွေးနွေးပွဲတွေကို ဗန်းမော် (သို့မဟုတ်) မူဆယ်မှာလုပ်ဖို့ ဝန်ကြီးဦးအောင်မင်းက  တောင်းဆို ထားတဲ့အပေါ်မှာရော KIO ဘက်က ဘယ်လိုသဘော ထားရှိလဲ။
          ဒါက မပြောနိုင်သေးဘူး၊ ကျွန်တော်တို့ စဉ်းစားရ ဦးမယ်။ ဆွေးနွေးပွဲလုပ်မယ့်နေရာကတော့ အခု ဒီတရုတ် ပြည်လို နိုင်ငံခြားတစ်နေရာရာမှာပဲ ကောင်းတယ်။ နောက်
ပြီး ဘယ်မှာဖြစ်ဖြစ်၊ လွတ်လပ်တဲ့နေရာပေါ့။ ဖိနှိပ်ချုပ် ချယ်ထားတာ၊ ကန့်သတ်ထားတာ။ အမျိုးမျိုးပေါ့လေ။ အမျိုးမျိုး Pressure ပေးထားတာမျိုး မလုပ်ချင်ဘူး။

အခု ဆွေးနွေးပွဲကြောင့် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအ ရှိန်တွေ လျော့ကျသွားနိုင်မလား။
          ဒါကတော့ မပြောနိုင်သေးဘူး။ ဒါက တိုက်ပွဲအ ရှိန်လျော့ဖို့ ဆွေးနွေးတာလဲ မဟုတ်ဘူး။ တိုက်ပွဲဆိုတာ ကလည်း သူတို့တပ်မတော်ကပဲ တိုက်နေတာဆိုတော့။ အမြဲတမ်းပြောတယ်လေ။ အမြဲတမ်းပဲ တိုက်ပွဲအရှိန်လျော့ ရအောင်ဆိုတော့ မလျှော့ဘူးလေ။ ကျွန်တော်တို့ KIO ဘက်ကတော့ သူတို့မလာရင် မပစ်ဘူး။ ပစ်စရာမှ မရှိ တာ။ သူတို့လာပစ်မှ ပစ်တာ။ ကျွန်တော်တို့ပြည်နယ်ကို သူတို့တက်လာတာကိုး။ အဲဒါပဲ။ သူတို့လျော့ရင် စစ်ပွဲ တော့ မရှိတော့ဘူး။

နောက်တစ်ကြိမ်ဆွေးနွေးပွဲမှာရော ဗိုလ်ချုပ်ဂွမ်မော်တို့ ကို အရေးပါတဲ့ ထိပ်ပိုင်းဒေါင်းထောင်တွေ တက်ရောက် မှာလား။
          ဒါကတော့ အခြေအနေပေါ်မှာ မူတည်တယ်။ တိုင်း ပြည်ရဲ့အခြေအနေပေါ်မှာ မူတည်ပါတယ်။

ဦးသိန်းစိန်အစိုးရအပေါ်မှာရော KIO အနေနဲ့ ဘယ်လိုမြင် ပါသလဲ။
          ဦးသိန်းစိန်အစိုးရကတော့ သူတို့အခြေခံဥပဒေနဲ့သူ အုပ်ချုပ်နေတာပေါ့။ အဲဒီအခြေခံဥပဒေကို ကျွန်တော်တို့ က လက်မခံဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...