Wednesday, November 7, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၁၁)


သစ်ထူးလွင်


Posted: 07 Nov 2012 07:29 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်

တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။

ထို့အပြင် လျှို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေး ယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက် များကို ပေးပို့ခြင်း (သို့) ဖြန့်ချိခြင်း (သို့) ပါဝင် ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်း ထားသည့် သတင်း အချက်အလက် များ တစ်ရပ်ရပ် ကို ဖြစ်စေ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်း အချက် အလက် တစ်ရပ်ရပ် ကို ဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် (သို့) သဘော တူညီချက် မရှိဘဲ ဝင်ရောက် ကြည့်ရှုခြင်း၊ ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံး စေခြင်း (သို့) ပေးပို့ ဖြန့်ချိခြင်း၊ မူပိုင်ခွင့် ပိုင်ရှင် ၏ ခွင့်ပြုချက် မရှိဘဲ စာပေ အနုပညာ လက်ရာ ကို ဖြစ်စေ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေး တစ်ရပ်ရပ် ကို ဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း၊ အရုပ်နှင့် အသံ တို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း (သို့) တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာ ကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ် ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံ ရမည် ဟု ယင်း ဥပဒေကြမ်း တွင် ဆက်လက် ဖော်ပြသည်။

"လုံခြုံရေး အခြေအနေ အရ ဆိုတာ ကိုတော့ အတိုင်းအတာ တစ်ခု လောက် လက်ခံ ပါတယ်၊ အကြောင်း ရှိတိုင်း လုံခြုံရေး ကို အကြောင်းပြ နေရင် ဘယ်လို လုပ်မလဲ၊ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဆိုရင် လူ တစ်ဦးချင်း လွပ်လပ်ခွင့် ဆိုတာကို ထည့်သွင်း စဉ်းစား ရပါမယ်" ဟု IT လုပ်ငန်း လုပ်ကိုင် နေသူ ဦးဖြိုးဝေမြင့် က ပြောကြားသည်။

ပြည်သူ့ အကျိုး ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်သည့် အခါတိုင်း အစိုးရ အဖွဲ့ သဘော တူညီ ချက် ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များအား ယာယီ ရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစား တစ်ရပ်ရပ် ကို မပြုလုပ်ရေး၊ တားဆီး ထိန်းသိမ်း ထားရှိရေး၊ ကြားဖြတ် ဖမ်းယူရေး၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ဆက်သွယ်ရေး ပစ္စည်း များကို ယာယီ ထိန်းသိမ်း သုံးစွဲရေး တို့ကို လုပ်ငန်း လိုင်စင် ရှိသူက ခွင့်ပြု ပေးရမည် ဟု ဖော်ပြ ပါရှိသည်။

ယခု ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ယခင်က အသုံး ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေများ ဖြစ်သည့် ၁၈၈၅ မြန်မာ့ ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နှင့် ၁၉၃၄ မြန်မာ့ ကြိုးမဲ့ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း လည်း ဖော်ပြ ပါရှိသည်။

The Voice Weekl





Posted: 07 Nov 2012 06:17 AM PST
"စစ်ဆေးရေး အဖွဲ့မှ စက်သုံးဆီ မပြည့်သဖြင့် သတိပေးစာ ပေးပို့ ထားသော်လည်း သူရိယ စွမ်းအင် စက်သုံးဆီ အရောင်းဆိုင်မှာ ပြည်သူလူထုအား ရောင်းချရမည့် ဆီများအား ပွဲစားများအား ခိုးထုတ်ရာင်းချလျှက်ရှိ"

ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဆီအခြင်အတွယ် မပြည့်မှု အကြောင်း အများပြည်သူ အကြား ကျယ်ကျယ် ပြန့်ပြန့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီးတိုင်း ရောင်းဝယ်ရေး အရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာလ ၂၆နှင့် ၂၇ ရက် နေ့များတွင် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီးနောက် ၂၁ ဆိုင်တွင် စက်သုံးဆီ အခြင်အတွယ်ပြည့်မီခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။

စစ်ဆေးရေးအဖွဲ့မှ အခြင်အတွယ် လျော့နည်းနေသည့် ဆိုင်များ၊ ဆိုင်ဖွင့်ထားသည့် လုပ်ငန်းရှင်များအားပထမ အကြိမ်အဖြစ် တရားဝင်သတိပေးစာ ပေးပို့ထားပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကိုပါ ပြန်လည်သုံးသပ်အရေးယူမည်ဟု ထုတ်ပြန်ထားသော်လည်း အမှတ် ၂၂၇၊ အနော်ရထာလမ်းနှင့် ကိုင်းတန်းလမ်းဒေါင့်၊လမ်းမတော်မြို့နယ်ရှိ သူရိယစွမ်းအင်စက်သုံးဆီဆိုင်မှာ စက်သုံးဆီ အခြင်အတွယ်မပြည့်သဖြင့် စစ်ဆေးရေးအဖွဲ့မှ ဆီအခြင်အတွယ် ထပ်မံလျှော့နည်းကြောင်း စစ်ဆေးတွေ့ရှိရပါက  စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခွင့်ပါမစ် ပိတ်မည်ဖြစ်ကြောင်း ပထမအကြိမ် သတိပေးစာအား တရားဝင်ပေးပို့ ထားပြီးဖြစ်သော်လည်း--

 ကုမ္မဏီမှ ပြည်သူလူထုအား ရောင်းချရန် ချထားပေးသော စက်သုံးဆီဂါလံများထဲမှ ဂါလံ(၁၀၀)ခန့်ကိုသာ အိမ်စီးကားများအား ရောင်းချပေးပြီး ကျန်ဆီများအား     ဆိုင်မန်နေဂျာမှ ပြင်ပဆီပွဲစားများနှင့်ပေါင်းကာ မိမိအကျိုးစီးပွားအတွက် ပြုလုပ်နေခြင်း၊

 စွမ်းအင်ဝန်ကြီးဌာနမှ ၁ဂါလံလျှင် ၄.၅၄၆လီတာရှိရမည်ဟု အောက်တိုဘာ ၁၁ ရက်နေ့တွင် စံနှုန်းသတ်မှတ်ခဲ့သော်လည်း ၄.၅လီတာပင်မပြည့်ကြောင်း၊ ဆီများလျှော့နေသဖြင့် ပြည်သူများမှာ နစ်နာလျှက်ရှိပါသည်။

အမှန်တကယ်လိုအပ်သဖြင့် လာထည့်သော ကားများမှာ ဆီမရရှိခြင်းတို့ ဖြစ်ပေါ်နေသဖြင့် ပြည်သူလူထုများမှာ "စစ်ဆေးရေးအဖွဲ့မှ လာစစ်ပြီး ကာစလေးပဲ ဆီအပြည့်ရလိုက်ကြောင်း၊ တစ်ပတ်လောက်ကြာတော့လဲ အရင်အတိုင်းပဲ ပြန်ဖြစ်သွား တာပါပဲလို့" ပြောဆိုနေကြပါတယ်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့ နှင့် ကုမ္မဏီမှာ တာဝန်ရှိသူများမှ ဆီပွဲစားများနှင့် ပေါင်းကာကိုယ်ကျိုးရှာနေသော အဆိုပါဆိုင်မန်နေဂျာအား ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားအပ်ပါသည်။

ဇော်ဇော် - လမ်းမတော်မြို့ နယ်




Posted: 07 Nov 2012 05:45 AM PST
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ပုစွန်စက်ရုံတခုမှာ နားရက်မရှိ၊ မနက် ၄ နာရီကနေ ည ၁၀ နာရီကျော်ထိ လုပ်အားခ ခေါင်းပုံဖြတ်ပြီး လှောင်ပိတ် ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့က   ဒီနေ့မနက် သွားရောက် ကယ်ထုတ် နိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ဝင် ဆရာတော်  ဦးဇောတိကက “စက်ရုံမှာ သိုလှောင်ပိတ်ပြီး ဘယ်မှလည်း မသွားရဘူး၊ တနင်္ဂနွေတောင် ဘယ်မှမသွားရဘူးတဲ့။ အလုပ်လည်း နားခွင့်မရှိ။ အစောကြီးဆင်းရတယ်။ မနက် ၃ နာရီခွဲကထ ည ၈ နာရီထိခိုင်းတယ်တဲ့။ ပုံမှန်လစာ ဘယ်လောက် ရတယ် ဆိုတာလဲ မပြောဘူး။ သူ့စေတနာနဲ့ပေးတာ ယူခဲ့ရတာ ၂ လရှိပြီတဲ့။ သွားကယ်ခဲ့တယ်” လို့ မိန့်ပါတယ်။

အလုပ်သမားအများစုဟာ  ပဲခူးတိုင်း တောင်ငူမြို့နယ် ကန့်နီကျေးရွာက ဖြစ်ပြီး  ပွဲစားရဲ့ အဆက်အသွယ်နဲ့ လွန်ခဲ့တဲ့ ၂ လက ထိုင်းနိုင်ငံထဲ ရောက်လာတာဖြစ်တယ်။

ပွဲစားခ မဟာချိုင်အရောက် တဦး ဘတ် ၁ သောင်း ၆ ထောင် ပေးရမှာဖြစ်ပြီး လစာထဲက ဖြတ်ယူမယ့်အကြောင်း၊ ဒီရောက်ရင် လုပ်အားခ တနေ့ ဘတ် ၂၇၀၊ အချိန်ပို ဆင်းခ  ၅၅ ဘတ်ရမယ်လို့ ပြောပေမယ့် လစာ တပတ်ကို ဘတ် ၁၀၀ ကနေ ၂၀၀ ထိပဲရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

အလုပ်ကို မတရားခိုင်းတဲ့အပြင် အပြင်ထွက်ခွင့်မရှိသလို အပေါ်ထပ်နဲ့ အောက်ထပ်ပဲ အတက်အဆင်းရှိတယ်လို့ ဆိုပါတယ်။

“မိဘပို့ဖို့ အဝေးကြီး၊ ဒီမှာစားဖို့တောင် အနိုင်နိုင်။ အလုပ်လုပ်ရတာ ပင်ပန်းလွန်းလို့ မလုပ်ချင်ဘူး၊ အိပ်ရေးတွေလည်းပျက်၊ နားရက်လည်းမရှိ။ ဟိုနေ့က ဗိုက်အောင့်လို့ အလုပ်မဆင်းနိုင်ဘူးဆိုတော့ ဆေးရုံသွားတဲ့၊ ဆေးရုံလည်းမသွား အလုပ်လည်း မလုပ်ရင် အချုပ်ခန်းထဲ ပို့မယ်တဲ့။ အဲတော့ ကြိတ်မှိတ်ပြီး အလုပ်ဆင်းရတယ်။ သူအဲလို အလုပ်နားရင် ခဏ ခဏ ခြိမ်းခြောက်တယ်။ အလုပ်နားရင် အချုပ်ခန်းထဲပို့မယ်၊ မိန်းကလေးတွေဆို မကောင်းတဲ့နေရာ ပို့မယ်ဆိုပြီး ပြောတယ်။”

ဒီလို အဆင်မပြေတဲ့ကိစ္စကို ပြီးခဲ့တဲ့ လကုန်ပိုင်းက မြန်မာပြည်က မိဘဖြစ်သူကို တိုင်ကြားခဲ့ရာမှာ မိဘတွေက သက်ဆိုင်ရာကို တိုင်တန်းခဲ့တဲ့အတွက်  တရွာတည်းသား ပွဲစားဖြစ်သူ ကိုသန်းထိုက်ကို အာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်က ထိန်းသိမ်း ထားတယ်လို့လည်း အလုပ်သမားက ပြောပါတယ်။

သူတို့ထဲမှာ တချို့က မြန်မာပြည်ကို ဒီနေ့ အပြီးပြန်တော့မှာဖြစ်ပြီး ကျန်သူတွေကတော့ တခြားအလုပ် ဆက်ရှာပြီး လုပ်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ချောချောမောမော ပြန်ရောက်ဖို့အတွက် လိုအပ်တဲ့ လမ်းစရိတ်နဲ့ မြ၀တီမြို့က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းပေးပြီး ဖြစ်တယ်လို့ ဦးဇောတိကက မိန့်ပါတယ်။

by နန်းမြနဒီ (ဒီဗွီဘီ)

မဟာချိုင်က ငါးအ၀ယ်ဒိုင်တခုတွင်တွေ့ရသည့် မြန်မာအလုပ်သမားတချို့



Posted: 07 Nov 2012 04:12 AM PST
တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က “တရားသူကြီးတွေ အနေနဲ့ သွားရောက် စစ်ဆေးတာ မရှိခဲ့ဘူး၊ မစစ်ဆေး ရတာကလည်း ဘတ်ဂျက် မရှိတာရယ်၊ အကျဉ်းထောင်၊ အချုပ်ခန်း၊ ရဲဘက် စခန်းတွေဟာ ပြည်ထဲရေး လက်အောက် ရောက်နေ တာကြောင့်ဖြစ်တယ်” လို့ ပြည်သူလွှတ်တော် မှာ ဖြေကြားပါတယ်။ အဲဒီအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စု တရားစီရင်းရေး ဥပဒေကို ပြင်ဆင် ရေးသားပေးဖို့ တာဝန်ပေး လိုက်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးသိန်းညွန့်



Posted: 07 Nov 2012 04:20 AM PST
၃.၁၁.၂ဝ၁၂ရက်နေ့ ၂၁၂ဝအချိန် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစိတ်မှ ဒုရဲအုပ်စိုးစိုးနှင့် အဖွဲ့သည် သတင်းအရ မန္တလေး-ပြင်ဦးလွင် ကားလမ်းနှင့် ရေတံခွန် တောင်သွား ကားလမ်းဆုံတွင် တင်အောင်မိုး မောင်းနှင်၍ ဘိုလင်း(ခ)စိုးလင်း၊ နိုင်ထွန်း(ခ)ညီထွန်းတို့ လိုက်ပါလာသော ၇ဃ/၇ဝ၆၈ လိုက်ထရပ် ခဲရောင်ယာဉ်နှင့် ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိနေသော မရီရီဝင်းနှင့် မသန်းထွေးတို့(၂)ဦးအား စစ်ဆေးရာ--

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

တရားခံများအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်



Posted: 07 Nov 2012 04:27 AM PST
ရွှေပြည်သာ ၀ါးတစ်ရာ စက်မှုဇုန်၊ တော်ဝင် သစ်အချောထည် စက်ရုံမှ အစာငတ်ခံ ဆန္ဒပြ၍ ဆေးရုံ ရောက်နေသူ နှစ်ဦးသည် ယနေ့ မရမ်းကုန်း ရုံးရှေ့တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် ပြန်လည်ပါဝင် လာကြောင်း သိရသည်။ ယနေ့မွန်းလွဲ (၁)နာရီခန့်မှစ၍ မရမ်းကုန်း အလုပ်သမားရုံးရှေ့တွင် အလုပ်သမား နှစ်ရာခန့် ဆန္ဒပြရာတွင်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 





Posted: 07 Nov 2012 04:38 AM PST
မြို့သုဿန်သည် ဘင်္ဂလီ လူမျိုးအများစု နေထိုင်သည့် အရပ် ဒေသတွင် ရှိခြင်းကြောင့် ဈာပနာ ကိစ္စစီစဉ် ဆောင်ရွက် ရခြင်းတွင် အခက်အခဲ အချို့ရှိနေကြောင်း စစ်တွေမြို့ခံ အချို့ကပြောသည်။
လက်ရှိအချိန်တွင် စစ်တွေမြို့နယ်တွင်း ဈာပနာကိစ္စများ၌ ယခင်သုဿန်ဟောင်း နေရာတွင်သာ အဆင်ပြေသလို မီးသဂြိုဟ်မှု ဆောင်ရွက် နေရကြောင်း ဒေသခံ အချို့ကပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Popular Myanmar News Journal

ဓါတ်ပုံ - Popular Myanmar News Journal



Posted: 07 Nov 2012 04:44 AM PST
လာဘ်ပေး လာဘ်ယူမှုများ ပပျောက် စေရေးအတွက် ရန်ကုန် ဆိပ်ကမ်းကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ် တော့မည်ဟု စီးပွား/ကူးသန်း ဝန်ကြီးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။ လာဘ်စားသည့် ကိစ္စများ ကြောင့် ပြဿနာ တက်နေသည့် ရန်ကုန် ဆိပ်ကမ်းအား လာဘ်ပေး လာဘ်ယူမှုများ ပပျောက်စေပြီး စားသုံးသူများကို ကာကွယ်ပေးနိုင် ရေးအတွက်ကို ရှေးရှုကာ ယခုကဲ့ သို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်ရ ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ အောင်နိုင်စိုး ( ကစ္ဆပ )




Posted: 07 Nov 2012 04:51 AM PST
ရန်ကုန် စည်ပင်၏ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်သည့် အဆောက်အအုံ များအား မြေပြင် ဖြစ်သည် အထိ ပြန်လည် ဖျက်သိမ်း ခိုင်းမည်ဟု သတင်း ရရှိသည်။ ယခင် ကာလများ၌ ဌာနသို့ အကြောင်းကြားမှု မရှိဘ ဆောက် လုပ်သည်များကို ဌာနမှ တရားစွဲဆို ၍ ဒဏ်ကြေး ဆောင်စေပြီး ဆက်လက်ဆောက် လုပ်ခွင့်ပါမစ် ချထား ပေးခဲ့သော်လည်း လက်ရှိတွင် ပြန်လည် ဖျက်သိမ်းခိုင်းမည့် စနစ်အား ပြောင်းလဲ ကျင့်သုံးသွားမည်ဖြစ် ကြောင်း---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 07 Nov 2012 02:55 AM PST
ဆိုးသွမ်းသော လူတစ်စု ကြောင့်သာ တစ်ကျော့ပြန် ရခိုင်ပဋိပက္ခ ဖြစ်လာရသည်ဟု ပြည်နယ် အစိုးရအဖွဲ့က  သုံးသပ် ပြောကြားလိုက်သည်။

အောက်တိုဘာ၂၁ ရက်နေ့မှစ၍ တစ်ကျော့ပြန် ဖြစ်လာခဲ့သော ရခိုင်ပဋိပက္ခမှာ လူမျိုးရေး ဘာသာရေးကြောင့် မဟုတ်ဘဲ ဆိုးသွပ်သည့် လူတစုကြောင့်သာ ဖြစ်လာခြင်းဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက   ပြောကြားလိုက် ခြင်းဖြစ်သည်။

“သမ္မတကြီးကလည်း ပြောထားတယ်၊နောက်ကွယ်က ကြိုးကိုင်တဲ့လူတွေရှိတယ်၊ မြှောက်ပေးတဲ့ လူတွေ ရှိတယ်၊ ဆိုးသွမ်းတဲ့လူတစ်စုပေါ့၊ အဲဒီကြောင့်ဖြစ်တယ်လို့ သုံးသပ်တယ်” ဟု ရခိုင်ပြည်နယ် သတင်းပြန်ကြား ရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်က ပြောသည်။

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ လူမျိုးရေးနှင့် ဘာသာရေးကြောင့်ဟုဆိုရန် ယခင်ကတည်းက အတူယှဉ် တွဲနေထိုင်ခဲ့သည့်လူမျိုးများဖြစ်ကြောင်း၊ ယခင်ကလည်း လူမျိုးရေး ပဋိပက္ခဖြစ်ခဲ့ဘူးသော်လည်း ယခုအကြိမ်မှာ အဆိုးရွားဆုံးဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“ သူများတွေကလည်း ပြောနေတယ်၊ facebookတွေ အင်တာနက်တွေမှာလည်း  မြင်နေရတယ်၊ လူမျိုးရေးလည်း မဟုတ်ဘူး၊ ဘာသာရေးလည်း မဟုတ်ဘူး၊ လူမျိုးရေးလို့ ပြောရအောင် အစ္စလာမ်နဲ့ဗုဒ္ဓဘာသာတွေက တစ်နိုင်ငံလုံးမှာ အနှံ့နေတာဘဲ ၊ဖြစ်တာက င်္ဒီမှာတင်ဘဲဖြစ်တာ၊ ဘာဆိုလိုတော့ ဒီမှာလည်း ဘူးသီးတောင် မောင်တောဘက်မှာလည်း အရင်က ဒီလူတွေ နဲ့ နှစ်ပေါင်းများစွာ နေလာပြီးပြီ အရင်ကလည်း မကြာခဏ ဖြစ်တယ်၊ဖြစ်ပေမယ့် ဒီလောက်အထိ ဆိုးဆိုးဝါးဝါး မဖြစ်ဖူးဘူး”ဟု အတွင်းရေးမှူးဦးဝင်းမြိုင်က ဆက်လက် မှတ်ချက်ပြုပြောကြားခဲ့ သည်။

ထို့အပြင် တစ်ကျောပြန်ပဋိပက္ခဖြစ်စဉ်များ၌ လက်နက် အသုံးပြုမှုများရှိခဲ့ကြရာ   ညွှန်ကြားချက် မထုတ်ပြန်မီ ဒေသ လုပ်သေနတ်(၁၈၀) လက်၊ ဓါး(၃)ချောင်း၊ လျှံ(၇)ချောင်း၊ လေး(၁)လက်၊ ဂျင်ကလိ(၂၁)ခု၊ လေးခွ(၃) အပ်နှံသိမ်းဆည်းရရှိပြီး ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် ဒေသန္တရလုပ်သေနတ်( ၁၇၆)လက်၊ လှံ (၄၄၇) ချောင်း၊ လေး(၉၃)လက် ၊မြှား(၅၄၅)ချောင်း၊ ဂျင်ကလိ(၁၁၃၀) ခု၊ လေးခွ (၂၈၉)လက်  သိမ်းဆည်း ရမိခဲ့သည် ဟု  ရခိုင်ပြည်နယ် ရဲတပ်ဖွဲမှူးရုံးထံက သိရသည်။

“လက်နက်တွေတွေ့တယ်ဆိုတာလည်း တကယ့် လက်နက်ကြီး မဟုတ်ဘူးပေါ့၊ တူမီးသေနတ်ဆိုတာကတော့ နှစ်ဘက်လုံးစလုံးက ကိုင်ချင်လည်း ကိုင်မယ်၊ ဘာလို့ဆိုတော့ ဖြစ်စဉ်တစ်ခုမှာ လူတွေမရှိတဲ့အခါ ချထားခဲ့ လက်နက်တွေကို သိမ်းမိတာဆိုတော့ ဒီတူမီးဆိုတာကလည်း တစ်ချို့နယ်စပ်ဒေသတွေမှာ၊ တောရွာတွေမှာ ဆိုရင် တောပစ်ဖို့လုပ်ထားတဲ့ လက်နက်တွေ လည်း ဖြစ်နိုင်တယ်၊ အခုတော့ဒါတွေကို မလုပ်လို့လုပ်တဲ့သူ ရှိရင်လည်း ပြန်အပ်ဖို့ဆိုပြီး တရားဝင်လဲစာထုတ်ထားပြီးပြီ၊ လုပ်တဲ့လူတွေရင်လည်း ဥပဒေအရ အရေးယူမယ် လို့ ကျနော်တို့က ပြောထားပြီးပြီ”ဟု ဦးဝင်းမြိုင်ကပြောသည်။

ရခိုင်ပြည်နယ်၌ လက်နက်၊ဒုတ်၊ဓါးများအပ်နှံရန် သတင်းထုတ်ပြန်မှုများရှိခဲ့ပြီးနောက် နိုဝင်ဘာ (၁)ရက်နေ့ က ကျောက်တော်မြို့နယ် လက်ဆောင်ကောက် (အစ္စလာမ်) ကျေးရွာ၌ ပိုင်ရှင်မဲ့  နောက်ခံပြား အလျား(၁)လက်မ၊ အနံ(၆)လက်မခန့်၊ ပြောင်းအချင်း(၆)လက်မ၊ ပြောင်းအထူ(၅)စင်တီမီတာ၊ ပြောင်းအရှည်(၆)ပေ (၆)လက်မ ခန့်၊ ရှေ့ဒေါက်(၁)ပေ(၆) လက်မခန့် (၂)ချောင်း၊ နောက်ဒေါက်(၆)လက်မခန့်(၂)ချောင်း တပ်ဆင်ထားပြီး လက် ကိုင်ကွင်း(၂) ကွင်းပါ ဒေသလုပ် ယမ်းထောင်းစိန်ပြောင်းဟု ယူဆရသည့် လက်နက်တစ်ခုကို သိမ်းဆည်းရမိခဲ့ သည်ဟု စုံစမ်းသိရှိရသည်။

ထိုအပြင်အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ် တူမီးသေနတ် (၁၈၀)လက် သိမ်းဆည်း ရမိခဲ့ပြီး လက်နက်ပြု လုပ်သူ အချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများကိုလည်းဖမ်းဆီးရမိ သဖြင့် အရေးယူဆောင် ရွက်လျှက်ရှိကြောင်းကိုလည်း သိရသည် ဟု အောက်တိုဘာ(၃၁) ရက်နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တစ်ကျောပြန်ဖြစ်လာခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့်  အောက်တိုဘာလ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ စာရင်းများ အရ သေဆုံးသူ(၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်ဆီးသည့် လူနေအိမ် (၅၃၅၁)အိမ်နှင့်အိုးမဲ့အိမ်မဲ့ဖြစ်သူ (၃၂၂၃၁)ဦးခန့်ရှိကြောင်း သိရှိရသည်။

ဇွန်လ အတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့်လည်း မောင်တော၊စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးစသည့် မြို့နယ်များ၌ အိမ်ခြေပေါင်း(၅၃၃၈)အိမ်၊ အဆောက်အဦး(၁၃၄)လုံး၊ မီးလောင်ပျက်စီးခဲ့သည့်အတွက် အိမ်ထောင်စုပေါင်း(၁၂၂၄၂)စု၊ လူဦးရေ (၇၅၀၀၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
by Myit Makha Mediagroup





Posted: 07 Nov 2012 02:45 AM PST
နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 07 Nov 2012 02:39 AM PST
၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော် ပုံကြီးတွင် တိုင်းပြည်နှင့် အ၀န်း လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ပြည်သူတို့ တောင်းဆို ခဲ့ကြသည့် “ဒီမိုကရေ စီစနစ်” ဆိုသည်ကို နှစ်ပေါင်း ၂၄ နှစ်ဆိုသည့် ယခုအခါ ရောက်လေမှ ခြေလှမ်းစဖို့ အားယူ ဖြစ်တော့ သည်ဟု ဆိုလျှင် မှားမည်ဟုမထင်။ ယခု ကာလသည် ဒီမိုကရေစီ ကြက်ဦးတွန် ကာလမျှသာ။ နောက်ကြောင်းပြန် ကြည့်ဖို့ဆိုတော့ မှောင်နှင့် ပိန်းပိန်းနိုင် လှသည်။ ရှေ့တွင်တော့လည်း အရုဏ်တက် ပြီဆိုသည့်တိုင် ညီအစ်ကို မသိတသိပင်။ သည်လို အချိန်မျိုး၌ အားလုံးက သတိရှိရှိနှင့် လျှောက်လှမ်းပါမှ ခလုတ်ကန်သင်း ဆူးညှောင့်ကင်း၍ ခရီးပေါက်မည်။

သည်နေရာတွင် ဆိုလိုသည့် “အားလုံး” ဆိုသည်မှာ အာဏာရရယ် အတိုက်အခံရယ် မခွဲစတမ်းဟု ဆိုခြင်းဖြစ်သည်။ တိုင်းပြည်ကိုချစ်သည့်၊ အနာဂတ်ကို ချစ်သည့်၊ စိတ်အခြေခံချင်းတူလျှင် ရန်သူတွေ မဖြစ်သင့်ဟု မြင်သည်။ လှည်းဘီးနစ်သည် မနစ်သည် အပထား ပြိုင်တူရုန်းလျှင် ထွန်တုံး မြန်မြန်ပိတ်မည်။ ဖြူစင်ရိုးသားသည့် စေတနာအရင်း ခံဖို့သာလိုသည်။ အချင်းချင်း တင်းမာခဲ့ကြသဖြင့် အမှောင်ပိန်းခဲ့သော အတိတ် ၂၄ နှစ်တာ အချိန်ကြီးက အလွန်နှမြောစရာ ကောင်းသည်။ အဲ့သည့်တုန်းက များဟုတွေးလျှင် ခုချိန်ဆို ကျွန်တော်တို့ တိုင်းပြည် မြီးကောက်ပေါက်လို့ လူလားမြောက်လု အချိန်ဖြစ်မည်ဟု အသေအချာ။

အတိတ်ဆိုသည်မှာ သင်ခန်းစာတွေအပြည့်။ အနာဂတ်အတွက် ဆင်ခြင်တိုင်းထား နည်းနာယူစရာတွေ အပြည့်ဖြစ်၏။ ယူတတ်ဖို့ပဲ လိုလေမည်။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြသည့် အချိန်ဆိုသည့် တရားသူကြီးက ကျွန်တော်တို့တစ်တွေကို ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးခဲ့သည်။ ၂၄ နှစ်လုံးလုံး ကျွန်တော်တို့အားလုံး သူရောကိုယ်ပါ အရှုံးပေါ်ခဲ့ကြသည်။ ထုသည့်ဥသျှစ်ခံသည့် ဥသျှစ်နှစ်ခုလုံးနာသည်။ အမိနိုင်ငံတော်ကမူ အနာကျင်ဆုံး။

၁၉၉၀ ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုသလို အနိုင်ရသည်။ ရွေးကောက်ပွဲ ကျင်းပပေးသူ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကိုယ်တိုင်နှင့် ကမ္ဘာကပါ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုသည်။ သို့တိုင် နှစ်ဦးနှစ်ဖက် အပြန်အလှန် သံသယတွေ စိုးရိမ်စိတ်တွေဖြင့် ၉၀ ပြည့် ရွေးကောက်ပွဲရလဒ် အကောင်အထည်မပေါ်ခဲ့။ တောင်းပွဲ၊ တိုက်ပွဲ ဖိနှိပ်ပွဲတွေသာ ခြိမ့်ခြိမ့်သဲခဲ့သည်။ ကျဆုံး နစ်နာမှုတွေလည်း အပုံအပင်။ သံသယသည် အမှောင်တိုက်ကို သယ်ဆောင်လာခဲ့လေပြီကိုး။

ထိုသံသယ အမှောင်ညဥ့် သန်းခေါင်ထဲ၌ပင် ဒယဥ့်တိုက် ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ အခြေခံသည့် ရွေးကောက်ပွဲအသစ်ကို ၂၀၁၀ တွင် နအဖကထပ်မံကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အများစုအနိုင်ရသည်။ ပြည်ခိုင်ဖြိုးပါတီ အာဏာရပါတီ ဖြစ်လာသည်။ သို့တိုင် သန်းခေါင်ကို မကျော်လွန်သေးကြောင်း အငြင်းပွားဖွယ်မရှိဟု ထင်သည်။

၂၀၁၁ တွင်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရအစိုးရ၏ သမ္မတကြီးဦးသိန်းစိန်တို့ ဆွေးနွေးကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်။ ထိုသို့ တွေ့ဆုံကာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်လာနိုင်ခြင်းအပေါ် ကျွန်တော်တို့ တစ်နိုင်ငံလုံးကသာမက တစ်ကမ္ဘာလုံးကပါ ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်သည်။ ၂၀၁၁ ခု နိုဝင်ဘာလတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်သည်။ ဤရွေးကောက်ပွဲသည် ၉၀ ပြည့်ရွေး ကောက်ပွဲကိုပြန်လည် အမှတ်ရစရာကောင်းလောက်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုနိုင်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ထဲဝင်ရောက်လာသည်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရနှင့် အင်န်အယ်လ်ဒီ အပြန်အလှန်သဘောပေါက်နားလည်မှုများရအောင် ဆွေးနွေးပူးပေါင်း ဆောင်ရွက်လာနိုင်ခဲ့ကြပြီဟု ယူဆစရာရှိသည့် ဤအခြေအနေကို မြန်မာရော ကမ္ဘာကပါ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။
ထို့ကြောင့် ဤအချိန်ကို သန်းခေါင်ကိုကျော်လျက် အရုဏ်တက်ဖို့ရာ အားယူသည့် ကြက်ဦးတွန်ကာလသို့ ရောက်ခဲ့လေပြီဟု ကျွန်တော်ကသဘောပိုက်သည်။ အရှေ့ကျွန်းမှ ကြယ်နီကြီးထွန်းလာသည့် မှုန်တိမှုန်မွှား ချိန်။ သည်အချိန်တွင်မှ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်မိကြတော့ အပြစ် အနာအဆာတွေ မြင်လာရသည် ထင်၏။ တကယ်တမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အထုအထောင်း၊ အရိုက်အနှက်တွေကြားမှာ အလူးလူးအလဲလဲနှင့်ပင် ကိုယ့်ကိုယ်ကိုယ် ပြန်မကြည့်နိုင်ခဲ့။ ကောင်းစွာမတည်ဆောက်နိုင်ခဲ့။ မျက်စိအောက်ရောက်နေသူတွေနှင့်သာ ခရီးနှင်ခဲ့ရသည်။ သို့သော် ပြည်သူ့ ထောက်ခံမှုကို တောက်လျှောက်လိုရလာခဲ့သည့် ပါတီဆိုသည့်အခါ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနှင့်။

ပြည်ခိုင်ဖြိုးပါတီသည်လည်း အာဏာလက်ကိုင်ရှိသူ ကျောထောက်နောက်ခံပြုသည့် ပါတီဆိုသည့်အခါ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ကြည့်ကြည့်ခဲ့ပုံမရ။ ၂၀၁၀ မှာ ပြည်လုံးကျွတ်နီးပါး နိုင်ခဲ့သည့်အရှိန်နှင့်ပင် ကိုယ့်ကိုယ်ကိုယ်ဟုတ်လှချည့်လို့သာ ထင်ခဲ့ပုံရှိ သည်။ အလားတူ အခြားဒီမိုကရက်တစ် ပါတီတွေကလည်း ကိုယ့်အထွာနှင့်ကိုယ် ကိုယ့်ငါးချဉ်တော့ အထိုက်အလျောက် ချဉ်ခဲ့ကြပုံရ၏။

ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီကို ပြည်သူက အုတ်အော်သောင်းတင်း ရုတ်ရုတ်သဲသဲ အံ့သြဘနန်း ထောက်ခံလိုက်ကြသည့်အခါတွင်မှ သေရာမှ ပြန်ရှင်ပြီး အားကောင်းမောင်းသန် ငုတ်တုတ်ထထိုင်လာသူကို ရုတ်ခြည်းမြင်လိုက်ရသည့်နှယ် နိုင်ငံရေးပါတီတွေ မျက်ကလဲဆန် ပျာဖြစ်ကြရသည်။ သည်လိုပုံနှင့်သာဆို ၂၀၁၅ မှာ ဘယ်နှယ့်လုပ်ကြမတုံး။ တွေးမိကြပုံရသည်။ မိန်းမောစိတ်တွေပြေကာ ကိုယ့်ကိုယ်ကိုယ်
ဝေဖန်ရေးတွေ လုပ်ကြရဖို့ သတိရကြသည်။ တချို့ကလည်း ၂၀၁၅ တွင် ဆက်လက်ရှင်သန်နိုင်ရေး ဆေးမြီးတိုတွေ ရှာလာကြရသည်။

ပြည်ခိုင်ဖြိုးပါတီကမူ မိမိကိုယ်မိမိ ဝေဖန်ရေးကို ထိထိမိမိ ပြတ်ပြတ်သားသား လုပ်လာသည်။ ပြည်ခိုင်ဖြိုးပါတီ၏ ဝေဖန်ရေးတွင်
“မိမိတို့၏ အားနည်းချို့ယွင်းချက်ကို ဖုံးကွယ်ပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်တို့ အပေါ် အပြစ်ပုံချသုံးသပ်ပါက ပကတိ အမှန်တရားနှင့်ဆန့်ကျင်ကင်းဝေးနေလိမ့်မည်”ဟု ပြည်ခိုင်ဖြိုးပါတီအတိုင်ပင်ခံအဖွဲ့ဝင်(ယခင် ဗဟိုအတွင်းရေးမှူး) ဦးတင်ထွတ်က သူ့ဝေဖန်ရေးကို စသည်။

ဆက်လက်၍ သူတို့ပါတီဝင်များထဲတွင် “အာဏာငမ်းဖမ်းနေသူများ၊ နေရာလိုချင်သူများ၊ ပြည်သူက အမြင်မကြည်လင်သူများ၊ ယုံကြည်ချက်ခံယူချက်ခိုင်မာမှု မရှိသူများ တွေ့ရကြောင်း။ စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူးရောဂါ၊ သူလျှိုဒလန် ရောဂါ၊ အကျင့်ပျက်ရောဂါတည်းဟူသော သူငယ်နာ ငါးမျိုးလည်း စွဲကပ်နေကြောင်း” ဟု မိမိပါတီကို မိမိ ပြတ်ပြတ်သားသားပင် သုံးသပ်ရှုမြင်လိုက်သံကြားရသည့်အခါ ကျွန်တော့်အနေဖြင့် နှစ်ခြိုက်ဝမ်းမြောက်စွာ ကြိုဆိုမိသည်။

ဝေဖန်ရေးမရှိလျှင် မည်သည့် လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမျှ မတိုးတက်နိုင်။ နိုင်ငံရေးပါတီတွေ အရည်အချင်းပြည့် မတိုးတက်လျှင်
တိုင်းပြည်လည်း မတိုးတက်နိုင်။ ထို့ကြောင့် ကျွန်တော်က ဝေဖန်ရေးကို ကြိုဆိုသည်။ အင်န်အယ်လ်ဒီ ပါတီအနေနှင့်လည်း ပါတီစတင်တည်ထောင်ပြီး သည်မှစ၍ ၂၄ နှစ်တာကာလအတွင်း ဖိနှိပ်မှုအောက်တွင် မိမိကိုယ်မိမိ မတည်ဆောက်နိုင်ခဲ့သည်များအတွက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပဖို့ တာစူနေရပြီ ဖြစ်သည်။

မိမိပါတီကို အရည်အချင်း ပြည့်မီသည့် ပီဘိတိုင်းကျိုးပြည်ကျိုးဆောင် ပါတီဝင်များဖြင့် မတည်ဆောက်နိုင်လျှင် ပြည်သူက ကြာရှည်လက်မခံတတ်သည့် အကြောင်း ဥပမာတွေ ကမ္ဘာပေါ်တွင် အနမတဂ္ဂရှိသည်။ ထို့ ကြောင့် ပါတီတည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်လာကြရသည်။

ဤသို့သော အခြေအနေမျိုးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပတော့မည်ဆိုသည့်အခါ ပါတီအောက်ခြေအဆင့် ဆင့်တွင် နေရာပြဿနာ၊ ကုလားထိုင်ပြဿနာတွေ ပွစိပွစိ ကြားလာရတော့ စိတ်မကောင်းဖြစ်ရသည်။ တကယ်တော့ ကျွန်တော်တို့၏ လူ့ဘောင်အဖွဲ့အစည်းတွင် ကုလားထိုင်ရောဂါက အမြစ်ကြီးကြီး တွယ်နေခဲ့သည်မှာ ကြာပြီလားထင်သည်။

ကြုံလို့ အမှတ်တရ ပြောပြချင်ပါသေးသည်။ ကျွန်တော်က ၁၉၉၀ ရွေးကောက်ပွဲတွင် တာဝန်အရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှတော့ ထမ်းဆောင်နိုင်ခဲ့သည်ဟု မိမိကိုယ်မိမိ ယခုအထိယုံကြည်နေဆဲ ရှိပါသေးသည်။ တကယ်တော့ ထိုစဉ်ကပင် မိမိထက်တော်သူ၊ စွမ်းဆောင်နိုင်ရည်ရှိသူကိုသာ ကျွန်တော်ကိုယ်တိုင် တမ်းတရှာဖွေခဲ့သော်လည်း ကျွန်တော်သည်ပင် အခန့်မသင့်
စွာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရသည်။ ထားတော့၊ ကျွန်တော်ပြောလိုသည်မှာ ထိုအကြောင်းမဟုတ်။ ပြောလိုသည်က ဤသို့ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအပြီး တစ်လ၊ တစ်လခွဲအကြာခန့်တွင် ဖြစ်၏။ ဟိုတုန်းငယ်စဉ်အခါကပင် တရင်းတနှီးရှိခဲ့ဖူးသော ရပ်ဆွေရပ်မျိုးတစ်ဦး ကျွန်တော်ရှိရာ မြို့နယ်အင်န်အယ်လ်ဒီရုံးသို့ ရောက်လာသည်။ သူရောက်လာချိန်က ရွေးကောက်ပြီးစ ရွှေကာလမို့ အင်န်အယ်လ်ဒီမြို့နယ်ရုံးထဲမှာ လူတွေက အပြည့်။ သူက ရောက်မဆိုက်ပင် ၀မ်းသာအားရ စကားကိုဆိုသည်။ “ဟိတ်ကောင် မင်းအမတ် ဖြစ်သွားပြီဆို” သူ့စကားကို ကျွန်တော် ခေါင်းညိတ်၍ ဖြေရသည်။ သူက ရွေးကောက်ပွဲကာလတုန်းက ကျွန်တော်တို့မြို့မှာမရှိဘဲ တစ်ရပ်တစ်ကျေးမှာ ကာလအတော်ကြာကပင် ရောက်နေခဲ့သူ ဖြစ်၏။ သူက ကျွန်တော့်ထက် အများကြီးကြီးသည်။ သူ့ငယ်နာမည်က “ကိုအစ္စမေးလ်” ဖြစ်သည်။ လူပျိုပေါက်အရွယ်တွင် သူစစ်ထဲဝင်သွားသည်။ ထိုအခါ သူ့အမည် အစ္စမေးလ် မဟုတ်တော့။ ကိုမင်းသွင်ဖြစ်သွား၏။ ယခုတော့ တပ်မှ အနားယူကာ မှော်ဘီမြို့နယ်ထဲမှာ ရောက်နေကြောင်း သူ့ စကားအရ သိရသည်။

“အေးကွာ ...မင်းအမတ် ဖြစ်သွားတာ ငါအရမ်းဝမ်းသာတယ်။ ဘာပဲဖြစ်ဖြစ်ကွာ ကုလားထိုင် အလွတ်တွေ့လို့ကတော့ ၀င်သာထိုင်ပစ် အရှုံးမရှိဘူးကွ..” ကျွန်တော့်အပါးတွင် ထိုင်ချလိုက်ရင်း သူက သူ့အတွေးအခေါ် သူ့သြ၀ါဒကို အပြုံးတွေနှင့် အားရပါးရ ပြောချလိုက်သည်တွင် ကျွန်တော့်မျက်နှာ ဘယ်နေရာ သွားထားလိုက်ရမှန်း မသိတော့။ သူကတော့ သူ့စကားကို ရိုးသားစွာ ပြောနေခြင်းဖြစ်၏။ ပသို့ဆိုစေ ကျွန်တော့်အရှက်က ကျွန်တော့် ဦးခေါင်းခွံကို ဖောက်ခွဲထွက်သွားသည်။ “ကုလားထိုင် အလွတ်တွေ့ရင် ၀င်သာထိုင်၊ အရှုံးမရှိဘူး” ဆိုသည့် ဣနြေ္ဒသိက္ခာမဲ့ အတွေးအခေါ်တဲ့...။ ကျွန်တော်သူ့ကို ဘာမျှပြန်မပြောနိုင်။ ပါးစပ်အဟောင်းသားနှင့်သာ ငေးကြည့်နေလိုက်ရသည်။

“ဒီမှာ ငါ့လိပ်စာကတ် ယူထား။ အကြောင်းရှိရင် ဆက်သွယ်လို့ရတာပေါ့။ မင်းက အမတ်ဖြစ်သွားပြီဆိုတော့ ငါလည်း မင့်အားကိုးရမှာ” မုန့်ဆီကြော် ဘယ်နေမှန်း မသိသေးသည့်အခြေအနေမှာ နှုတ်ခမ်းနာကပဲ ယဉ်းနှင့်ရတော့မလိုဖြစ်ရသည်။ ဘာပဲဖြစ်ဖြစ် သူပေးသည့် လိပ်စာကတ်ကို ယူလိုက်ရသည်။ ဖတ်ကြည့်တော့ ... ဦးစိုင်းမင်းသွင် ဥက္ကဋ္ဌငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ မှော်ဘီမြို့နယ် (ရှမ်းစုကျေးရွာ)ဟုဖြစ်သည်။ စာလုံးအရွယ်အစားတွေက ဦးစိုင်းမင်းသွင်မှ မှော်ဘီမြို့နယ်အထိက ပုံမှန်။ (ရှမ်းစုကျေးရွာ) ကျတော့မှ ခပ်သေးသေးမှုန်မွှားမွှား။ ကျွန်တော့်စိတ်ထဲ ဖြစ်မှ ဖြစ်ရလေ ဖင်ထိုင်ခုံသေးသေးလေးကိုသီဟာသနပလဒင် ထင်လေရော့သလားဟု ကြိတ်၍ရယ်ရသည်။ ကုလားထိုင်ရောဂါများ ဆိုးလှချည့်ဟု တွေးရသည်။

“နို့ အစ်ကို့နာမည်ရင်းကို အစ္စမေးလ်ကနေ တပ်ထဲရောက်တော့ ကိုမင်းသွင်ဖြစ်၊ အခုတော့ ဘယ်လိုဖြစ်လို့ စိုင်းမင်းသွင်ဖြစ်လာရတာလဲ အစ်ကိုရဲ့” ကျွန်တော် မေးတော့ ... “တပ်ထဲကျတော့ အစ္စမေးလ်လို့ ဘယ်တော်ပါ့မလဲ။ ဒါကြောင့် ဗမာနာမည် မင်းသွင်လို့ ပြောင်းလိုက်တာပေါ့။ ခုတော့ ငါနေတဲ့ ရွာက ရှမ်းတွေနေတဲ့ရွာ၊ ရှမ်းရွာမို့ ရှေ့ကစိုင်းတစ်လုံး ထပ်တိုးပစ်လိုက်ရတယ်။ ဒါကြောင့် ဥက္ကဋ္ဌဖြစ်တာပေါ့ဟ ဟား ဟား ဟား” သူ့စကားနှင့်သူ သဘောကျစွာ ရယ်နေလိုက်သေးသည်။ အစ်ကို အစ္စမေးလ်ရယ် ဘယ်လိုပဲစိုင်းတစ်လုံး ထပ်တိုးတိုး နှာခေါင်းချွန်ပြီး အသားမည်းတာက တော့ နဂိုအတိုင်းပါပဲဟု ကျွန်တော့်စိတ်ထဲ ပြောမိသည်။ ဘာပဲဖြစ်ဖြစ် သူပြောသွားသည့် စကားတွေကို ယနေ့တိုင် ကျွန်တော်မမေ့။ ကုလားထိုင်အရူးတွေကို မြင်တိုင်း သူ့စကားတွေကို သတိရသည်။

ကုလားထိုင် ရူးရူးပြီးတော့ ဖြင့် နိုင်ငံရေးမှာ ၀င်မရှုပ်ကြဖို့လည်း အဲ့သည်လို လူမျိုးတွေကို တောင်းပန်ချင်သည်။ ကုလားထိုင်ကို ချစ်တာလား၊ ဒီမိုကရေစီကို ချစ်တာလား ကိုယ့်ကိုယ်ကိုယ် ဗြောင်မေး မေးကြစေချင်သည်။ ခုကြားရသမျှတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာလည်း ကုလားထိုင်ရောဂါရနေသူတွေက များလှသည်။ ဟိုတိုင်းမှာ၊ ဒီတိုင်းမှာ၊ ဟိုမြို့နယ် သည် မြို့နယ်မှာ ပူညံ ပူညံ ဆူညံ ဆူညံ။ သည်အသံတွေကြောင့်ပင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မတို့ရဲ့ အဖွဲ့က ပြည်သူတွေ စိတ်မချမ်းသာအောင် အချင်းချင်း စကားများတာတွေ အချင်းချင်း မတည့်တာတွေ ဖြစ်နေတာတွေအတွက်ကို တောင်းပန်ပါတယ်” ဟု စိတ်မသက်မသာဖြင့် ပြောလာရသည်။

သို့တိုင်လည်း ၂၀၁၅ မှာတော့ အသေအချာပဲဟု တွက်ကာ ခုကတည်းက ကွက်ကျော်ခုတ် လူစုနေကြသူတွေကလည်း အနမတဂ္ဂ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်သာလျှင် အသင့်တော်ဆုံးပေလား။ ကိုယ့်ထက်တော်သူ မရှိတော့ဘူးလား။ တော်သူတတ်သူ သင့်လျော်သူထက် ကိုယ့်ကိုယ်ကိုယ်ပင် သင့်မသင့် တော်မတော် မစဉ်းစားဘဲ သူကောင်းမြှောက်ကြတော့မည်လား။ ကျီးကိုသခင် မြှောက်ဖို့ ဘုတ်တွေမွေးကြတော့မည်လား။ ဆရာမွေး၊ တပည့်မွေး ဖြင့်သြဇာတိက္ကမ ထူထောင်ကြတော့မည်လား။ ကိုယ့်လူ ကိုယ်စုလျက် လူများလျှင် အနိုင်ရစတမ်းဆိုသည့် ဒီမိုကရေစီစနစ်၏ အားနည်းချက်ကို ကိုင်ကာ လူစုဗိုလ်ကျအနိုင်ယူသည့် မင်းမဲ့စရိုက်ကို ထူထောင်ရင်း ဒီမိုကရေစီ အရုဏ်ဦးကို တိမ်သလဒာဖုံးစေတော့မလို့လားကျွန်တော်မေးချင်သည်။

မြန်မာနိုင်ငံမှာ သင်ခန်းစာတွေ အများကြီးရှိသည်။ ဟိုယခင် ပါလီမန်နုစဉ် ခေတ်နောက်ဆုံးအချိန်များက ကုလားထိုင် လုရင်းနှင့် မင်းမဲ့စရိုက်ဆန်စွာ မင်းလှလေးလောင်းပြိုင် လူသတ်မှုဖြစ်ခဲ့သည်။ ငါန်းဇွန်ငါးလောင်းပြိုင် လူသတ်မှုတွေ ဖြစ်ခဲ့သည်။ ထိုအချက်များသည်ပင် စစ်အာဏာသိမ်းရဖို့ အရင်းအမြစ်တွေလည်း ဖြစ်လာခဲ့ရသည်။ မြန်မာနိုင်ငံ၏ အနာဂတ်
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...