ဖ၀ါးတော်နုနု အက်ဖ်အီးစီ
ဆရာကောင်းလွန်းရေးသော status ပါ။ share လုပ်မရ၍ copy & past.
မင်းကြီးတာက စထွက်လာလိုက်ကတည်းက အထိမခံ အကိုင်မခံ အပေမခံ အစွန်းမခံ တဲ့ ရွှေသမင် အက်ဖ်အီးစီ ဟာ အခုအထိ တော်ဝင်နန်းသုံး ဖြစ်နေတုန်းပါပဲ..။ တနေ့ဆီက မိတ်ဆွေ တစ်ယောက်က သူ့လက်ထဲမှာ အက်ဖ်အီးစီတချို့ရှိနေတယ်.. ဘာလုပ်ရင်ကောင်းမလဲလို့ အကြံတောင်းလာပါတ

ယ်.. လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ နဲ့ အရိပ်အယောင်ကို ကြည့်ခြင်းအားဖြင့် ရောင်းလိုက်သင့်တယ် လို့ အကြံပေးလိုက်ပါတယ်..။ သူကလည်း ချက်ချင်းပဲ ရောင်းဖို့ ပြင်ဆင်ပါတယ်.. ပထမဆုံး သွားလိုက်တဲ့ ဘဏ်က ကောင်းကောင်းမွန်မွန် လက်ခံခဲ့ပြီး တစ်ထောင်ဝယ်မယ်လို့ ပြောပါတယ်.။ သူရောင်းချင်တာက ငါးထောင်လောက်ရှိတယ်..။ တစ်ထောင်ပဲဝယ်မယ်ဆိုတော့ သူ့မှာ မအီမသာ ဖြစ်ရပြီ..။ အဲဒီဘဏ်ကပဲ တခြားဘဏ်တွေမှာ ရောင်းကြည့်ပါဦး.. သူကတော့ တစ်ထောင်လောက်ပဲ အများဆုံး ၀ယ်ပါ့မယ် လို့ မွန်မွန်ရည်ရည် ပြောပါတယ်..။ သူကလည်း ၇၈လမ်း၊ ဒိုင်းမွန်းပလာဇာနားမှာ နေတာဆိုတော့ ဘဏ်အတော်များများက အဲဒီနားတ၀ိုက်မှာ ရှိနေပါတယ်.. ဘဏ်ဖွင့်ချိန်ကစပြီး တစ်ဘဏ်ဝင် တစ်ဘဏ်ထွက် လျှောက်ရောင်းလိုက်တာ အဲဒီနားမှာ ရှိသမျှဘဏ်တွေ ကုန်ပါလေရော.. တစ်ရာပဲ ၀ယ်မယ့်ဘဏ်နဲ့ ဒီနေ့ အရောင်းပဲရှိတယ်.. မ၀ယ်ပါဘူး ဆိုတဲ့ဘဏ်နဲ့ .. သူတော်တော်စိတ်ပျက်သွားတယ် .. နောက်ဆုံးတော့ သူ့ဆီက တစ်ထောင်ဝယ်ပါမယ် ဆိုတဲ့ ဘဏ်ဆီကိုပဲ ပြန်ရောက်ပြီး တစ်ထောင်ရောင်း (ခွင့်ရ)လိုက်ပါတယ်.. (ကိုယ့်မှာ ရှိတာကို ကိုယ်ရောင်းတာနော်)..။
ငွေကြေးအခင်းအကျင်းတွေ ပြောင်းလဲနေချိန်မှာ သတိထားကိုင်တွယ်ရတယ်ဆိုတာ ငြင်းစရာမရှိပါဘူး..။ ဒါပေမယ့် စားသုံးသူ လက်ထဲမှာ ရှိနေတာကိုတော့ ပြီးပြတ်အောင် ရှင်းလင်းပေးစေချင်ပါတယ်..။ ဘာကိုင်ရမလဲ.. ဘာသုံးရမလဲ.. ဘယ်ဟာကို အသုံးရပ်ခိုင်းပြီး ပြန်သိမ်းယူမလဲ..။ အဆင့်လိုက်လုပ်နေတယ်ဆိုတာ နားလည်ပါတယ်..။ ဒါပေမယ့် အဲဒီအဆင့်လိုက် လုပ်နေတယ်ဆိုတဲ့ ကိစ္စဟာ ငွေကြေးကိစ္စလေ..။ နေ့စဉ်နဲ့ အမျှ ကိုင်တွယ်နေရပြီး လည်ပတ် သုံးစွဲဖို့ အဆင်အပြေဆုံး ပစ္စည်းလေ..။ အဲဒီလို အဆင်ပြေပြေ လည်ပတ်သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ထားတဲ့ ငွေကြေးလိုပဲ တန်ဖိုးရှိတဲ့ ပစ္စည်းဟာ လဲလို့မလွယ်ရောင်းလို့မလွယ် ဖြစ်နေရင် ငွေကြေးရဲ့ ကဏ္ဍဟာ အထစ်အငေါ့ ဖြစ်နေဦးမှာ အမှန်ပါပဲ..။ အက်ဖ်အီးစီ မရှိသင့်တော့ဘူး လို့ ဆုံးဖြတ်ရင်လည်း တန်ဖိုးတစ်ခုသတ်မှတ် ပြီး မြန်မြန်ဆန်ဆန် လဲပေးလိုက်သင့်ပါတယ်..။ ထောင်မလဲသဲကော် အသစ်ကျပ်ချွတ် မခေါက်ရ မချိုးရ မစွန်းရ မပေရ မခြစ်ရ မပွန်းရ ဆိုတဲ့ သတ်မှတ်ချက်တွေကလည်း တော်တော်ကို အဆင်မပြေတာပါ.. ငွေကြေးဆိုတဲ့ ဂုဏ်သတ္တိ မှာ ကိုင်တွယ်ရလွယ်ကူ…သယ်ရလွယ်ကူ..ဖ လှယ်ရလွယ်ကူ ဆိုတဲ့ Exchangeability ရှိရပါတယ်..။ အဲဒါက မြင်သာတဲ့ရုပ်ဂုဏ်သတ္တိပါ.. Tangible value ပါ..။
မမြင်နိုင်တဲ့ ဂုဏ်သတ္တိနဲ့တန်ဖိုး (Intangible value) က ယုံကြည်မှု (Trust) ပါ..။ ငွေဆိုတာ လည်ပတ် စီးဆင်းနေရမယ့် အရာပါ…လူတွေလက်ထဲမှာ ကိုင်တွယ်သုံးစွဲလည်ပတ်ပြီး လှည့်လည်နေတဲ့ ပိုက်ဆံကို လူတွေ ပိုယုံပါတယ်..။ အသစ်ကျပ်ချွတ်ဖြစ်နေပြီး ဘာမှ မစွန်းမပေ မဟောင်းမနွမ်းတဲ့ ပိုက်ဆံဟာ အစစ်မှဟုတ်ရဲ့လား .. အခုမှ စက်ထဲက ထုတ်လာတာများလား.. အတုများ ဖြစ်နေလေမလားဆိုပြီး ယုံရခက်တတ်၊ သံသယဖြစ်တတ်ကြပါတယ်..။ အတုဖြစ်နိုင်ချေလည်း ပိုများသွားပါတယ်..။ အဲဒါ Logic ပါပဲ..။ ဒါကြောင့် လဲလှယ်ရ.. သုံးစွဲရတာ အင်မတန်ကို လွယ်လွယ်ကူကူ ဖြစ်နေရမယ့် ပိုက်ဆံတို့.. ပိုက်ဆံနှင့် တန်ဖိုးညီမျှသော ကြားခံပစ္စည်းတို့ ဆိုတာတွေဟာ လဲလှယ်ရတာ ခက်နေပြီဆိုရင် ဘယ်လိုလုပ်ကြပါ့မလဲ.. ဘာတာစနစ်လို့ ခေါ်တဲ့ ရှေးခေတ်က စနစ်လို ပိုသူနဲ့ လိုသူ၂၂၃ဆ လဲသုံးရတဲ့ အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်..။ ဒါကြောင့်မို့ သုံးစွဲသူ (အများပြည်သူ) တွေ အဆင်ပြေစေဖို့ … နည်းလမ်းရှာကြပါဦး.. တင်းနေတာတွေ လျှော့ပေးကြပါဦး.. ခက်နေတာတွေ လွယ်အောင် လုပ်ကြပါဦး…။ ပြင်စရာရှိတာတွေ ပြင်ပေးကြပါဦး..။ ပြောင်းစရာရှိတာတွေ ပြောင်းပေးကြပါဦး..။ ဘဏ်တွေကို သုံးစွဲသူတွေ ယုံကြည်လာအောင် လုပ်ကြပါဦး..။ ကိုယ့်တိုင်းပြည်ရဲ့ ငွေကြေးစနစ်ကို သူများမေးလာရင် ဖြေနိုင်အောင် လုပ်ပေးကြပါဦး.. လို့။
ငွေကြေးအခင်းအကျင်းတွေ ပြောင်းလဲနေချိန်မှာ သတိထားကိုင်တွယ်ရတယ်ဆိုတာ ငြင်းစရာမရှိပါဘူး..။ ဒါပေမယ့် စားသုံးသူ လက်ထဲမှာ ရှိနေတာကိုတော့ ပြီးပြတ်အောင် ရှင်းလင်းပေးစေချင်ပါတယ်..။ ဘာကိုင်ရမလဲ.. ဘာသုံးရမလဲ.. ဘယ်ဟာကို အသုံးရပ်ခိုင်းပြီး ပြန်သိမ်းယူမလဲ..။ အဆင့်လိုက်လုပ်နေတယ်ဆိုတာ နားလည်ပါတယ်..။ ဒါပေမယ့် အဲဒီအဆင့်လိုက် လုပ်နေတယ်ဆိုတဲ့ ကိစ္စဟာ ငွေကြေးကိစ္စလေ..။ နေ့စဉ်နဲ့ အမျှ ကိုင်တွယ်နေရပြီး လည်ပတ် သုံးစွဲဖို့ အဆင်အပြေဆုံး ပစ္စည်းလေ..။ အဲဒီလို အဆင်ပြေပြေ လည်ပတ်သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ထားတဲ့ ငွေကြေးလိုပဲ တန်ဖိုးရှိတဲ့ ပစ္စည်းဟာ လဲလို့မလွယ်ရောင်းလို့မလွယ် ဖြစ်နေရင် ငွေကြေးရဲ့ ကဏ္ဍဟာ အထစ်အငေါ့ ဖြစ်နေဦးမှာ အမှန်ပါပဲ..။ အက်ဖ်အီးစီ မရှိသင့်တော့ဘူး လို့ ဆုံးဖြတ်ရင်လည်း တန်ဖိုးတစ်ခုသတ်မှတ် ပြီး မြန်မြန်ဆန်ဆန် လဲပေးလိုက်သင့်ပါတယ်..။ ထောင်မလဲသဲကော် အသစ်ကျပ်ချွတ် မခေါက်ရ မချိုးရ မစွန်းရ မပေရ မခြစ်ရ မပွန်းရ ဆိုတဲ့ သတ်မှတ်ချက်တွေကလည်း တော်တော်ကို အဆင်မပြေတာပါ.. ငွေကြေးဆိုတဲ့ ဂုဏ်သတ္တိ မှာ ကိုင်တွယ်ရလွယ်ကူ…သယ်ရလွယ်ကူ..ဖ
မမြင်နိုင်တဲ့ ဂုဏ်သတ္တိနဲ့တန်ဖိုး (Intangible value) က ယုံကြည်မှု (Trust) ပါ..။ ငွေဆိုတာ လည်ပတ် စီးဆင်းနေရမယ့် အရာပါ…လူတွေလက်ထဲမှာ ကိုင်တွယ်သုံးစွဲလည်ပတ်ပြီး လှည့်လည်နေတဲ့ ပိုက်ဆံကို လူတွေ ပိုယုံပါတယ်..။ အသစ်ကျပ်ချွတ်ဖြစ်နေပြီး ဘာမှ မစွန်းမပေ မဟောင်းမနွမ်းတဲ့ ပိုက်ဆံဟာ အစစ်မှဟုတ်ရဲ့လား .. အခုမှ စက်ထဲက ထုတ်လာတာများလား.. အတုများ ဖြစ်နေလေမလားဆိုပြီး ယုံရခက်တတ်၊ သံသယဖြစ်တတ်ကြပါတယ်..။ အတုဖြစ်နိုင်ချေလည်း ပိုများသွားပါတယ်..။ အဲဒါ Logic ပါပဲ..။ ဒါကြောင့် လဲလှယ်ရ.. သုံးစွဲရတာ အင်မတန်ကို လွယ်လွယ်ကူကူ ဖြစ်နေရမယ့် ပိုက်ဆံတို့.. ပိုက်ဆံနှင့် တန်ဖိုးညီမျှသော ကြားခံပစ္စည်းတို့ ဆိုတာတွေဟာ လဲလှယ်ရတာ ခက်နေပြီဆိုရင် ဘယ်လိုလုပ်ကြပါ့မလဲ.. ဘာတာစနစ်လို့ ခေါ်တဲ့ ရှေးခေတ်က စနစ်လို ပိုသူနဲ့ လိုသူ၂၂၃ဆ လဲသုံးရတဲ့ အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်..။ ဒါကြောင့်မို့ သုံးစွဲသူ (အများပြည်သူ) တွေ အဆင်ပြေစေဖို့ … နည်းလမ်းရှာကြပါဦး.. တင်းနေတာတွေ လျှော့ပေးကြပါဦး.. ခက်နေတာတွေ လွယ်အောင် လုပ်ကြပါဦး…။ ပြင်စရာရှိတာတွေ ပြင်ပေးကြပါဦး..။ ပြောင်းစရာရှိတာတွေ ပြောင်းပေးကြပါဦး..။ ဘဏ်တွေကို သုံးစွဲသူတွေ ယုံကြည်လာအောင် လုပ်ကြပါဦး..။ ကိုယ့်တိုင်းပြည်ရဲ့ ငွေကြေးစနစ်ကို သူများမေးလာရင် ဖြေနိုင်အောင် လုပ်ပေးကြပါဦး.. လို့။
ကောင်းလွန်း
0 comments:
Post a Comment