သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၁၁)
သစ်ထူးလွင်
|
- ရခိုင်ပြည်နယ် ပဋိပက္ခမှာ ဘယ်သူတွေ အဓိက တာဝန်ရှိသလည်း - ထင်လင်းဦ (Wisdom Villa)
- ရန်ကုန် တက္ကသိုလ်အတွင်း လုံခြုံရေးတင်းကျပ်ထား
- တောဆင်ရိုင်းများ သောင်းကျန်းမှု ချောင်းသာ အနီးရှိရွာများ ရင်ဆိုင်နေရ
- ကျေးလက် အရစ်ကျမိုဘိုင်းဖုန်း အပိုဆောင်းပေးဆောင်ရမှုရှိနေ
- ဆီတွဲမီးလောင် လူနာများအတွက် ဆေးဝါးများ လိုအပ်လျက်ရှိ
- အိုဘားမားကြောင့် ရန်ကုန်လေဆိပ် နှစ်နာရီကြာ ပိတ်မည်
- ကမ္ဘာကျော်တေးသံရှင် Jason Mraz မြန်မာနိုင်ငံသို့ လာရောက်ကာ ပြည်သူ့ရင်ပြင်တွင် အခမဲ့ဖျော်ဖြေမည်
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်မည်
- အိုဘားမားခရီးစဉ် လုံခြုံရေးအတွက် လုံခြုံရေးအင်အား တစ်သောင်းချထား
- ဒေါ်အောင်ဆန်းစုကြည် အိန္ဒိ IT မြိုကတော်သို့ ဆိုက်ရောက်
- နိုဝင်ဘာလ (၁၉)ရက်နေ့ ထုတ် The Voice Vol.8 / No.46
- ကျောက်တော် စစ်တပ်က ရိတ်သိမ်းလယ်များ မြို့နယ်ဦးစီးက ကွင်းဆင်း စစ်ဆေး
- ရခိုင်အရေး ဘန်ကီမွန်းဆီ ဦးသိန်းစိန်စာပို့
- ယခုတစ်ပတ်ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၆)
- မြန်မာ့သွင်းကုန် ပိတ်ပင်မှု အမေရိကန် ပြန်ဖွင့်ပေး
- ဂါဇာကို မြေပြင် ထိုးစစ် ပြင်နေသလား
- ပြောဆိုဆက်ဆံမှုနှင့် စိတ်ဓါတ်အခံများ (မောင်ဘိုးလှိုင်)
- ကြို့ပင်ကောက်မြို့မှ အုပ်စုဖွဲ့ရမ်းကားမှု
- ဘိုကလေးမြို့နယ်တွင် အုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက် ဖျက်စီးမူ့ ကျူးလွန်သူများကို အရေးမယူနိုင်သေး
- ရန်ကုန်မြို့မှ ရမည်းသင်းမြို့ထိ ခြေလျင်လျှောက် ဆန္ဒဖေါ်ထုတ်သည့် မိုးထိမိုးမိ အဖွဲ့ တောင်ငူမြို့သို့ ဆိုက်ရောက်
- ကမ္ဘာ့အလိမ်အညာ ပြိုင်ပွဲ
- CIA က ပက်ထရေးရပ်စ် ကိစ္စ စုံစမ်းမယ်
- ဂါဇာကို အတိုက်ရပ်ဖို့ အီဂျစ်ဝန်ကြီးချုပ် အစ္စရေးကိုပြော
- ဖွဲ့စည်းပုံမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ တရားမမျှတနိုင်
- မြန်မာနဲ့ စစ်ရေးဆက်ဆံမှု ပြန်စဖို့ အမေရိကန်စဉ်းစား
Posted: 17 Nov 2012 07:09 AM PST
ငယ်စဉ်တောင်ကျေး ကလေးဘ၀ က “ ပျားရည်တစ်စက်ကြောင့် ပြည်ပျက်တယ်” ဆိုတဲ့ ပုံဝထ္ထုကလေးတစ်ပုဒ် ကိုဖတ်ခဲ့ရ ဖူးပါတယ် ။ လူတစ်ယောက် ပျားရည်ဆမ်းတဲ့ မုန့်ကို စားရာက ပျားရည်စက် တစ်စက် ကြမ်းပေါ်ကျသွားတယ် ။ သူကအမှုမဲ့ အမှတ်မဲ့ ပေါ့ပေါ့တန်တန်နဲ့ သူစားပြီး ကျ ကျန်နေခဲ့တဲ့ ပျားရည်စက်ကို မသုတ်ခဲ့မိဘူး ၊ အဲဒီကျနေတဲ့ ပျားရည် စက်ကို ပုရွက် က လာစားတယ် ။ ပုရွက်ကို အိမ်မြှောင်က ဆင်းပြီးစားတယ် ၊ ထိုအိမ်မြှောင်ကို ကြောင်တစ်ကောင်က ခုတ် တယ် ။ အဲဒီကြောင်ကို ခွေးတစ်ကောင်က ကိုက် တယ် ။ ကြောင်ပိုင်ရှင်က ကိုက်တဲ့ခွေးကို တုတ်နဲ့ရိုက်တယ် ။ အရိုက်ခံရ တဲ့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကို ဓါးနဲ့ခုတ်တယ် ။ အဲဒီကနေ ညီအကို မောင်နှမ ဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေ ကျေးကျွန် တွေပါ ပါဝင်လာကြပြီး ခုတ်ကြထစ်ကြ သတ်ဖြတ်ကြတာ ရွာကနေမြို့ ၊ မြို့ကနေတိုင်းပြည်ပျက်ပါရောဆို ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ဇွန်လအတွင်း မီးပွားတစ်ခုကျခဲ့တယ် ။ ရခိုင်အမျိုးသမီးကလေး တစ်ယောက်ကိုအဓမ္မ ကျင့်ပြီး ရက်စက်စွာ အသတ်ခံရ တဲ့ကိစ္စဟာ နောက်ဆက်တွဲ ပြဿနာတွေကို ဆိုးဆိုးရွားရွားပေါ်ပေါက်လာစေခဲ ဒီလိုတင်ပြရတာကလည်း နိုင်ငံတော်သမ္မတကြီးရဲ့ (နိုင်ငံတော်သမ္မတရုံးမှ) ၂၀၁၂ခုနှစ် အောက်တိုဘာ ၂၅ရက် နေ့စွဲပါ သတင်းထုတ်ပြန်ချက် ၁/၂၀၁၂ နဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၁ရက်နေ့စွဲ ပါ သတင်းထုတ်ပြန်ချက် ၂/၂၀၁၂ တို့ကြောင့်ဖြစ်ပါတယ် ။ သတင်းထုတ်ပြန်ချက် ၁/၂၀၁၂ အပိုဒ် ၆ မှာ “ဤသို့သော အခြေအနေအတွင် တစ်ကျော့ပြန် ဖြစ်ပွားလာသော ဆူပူအကြမ်းဖက် မှုများသည် နိုင်ငံတော် ၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို ထိခိုက်နစ်နာ စေနိုင်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ တပ်မတော်နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက် သွားမည်ဖြစ်ပါသည် ။ ထို့ပြင် ရခိုင်ပြညနယ်ပဋိပက္ခတွင် နောက်ကွယ် မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဖော် ထုတ်၍ ဥပဒေနှင့် အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ အပ်ပါသည် ” ဟုဖော်ပြပါရှိသကဲ့သို့ သတင်းထုတ်ပြန်ချက် ၂/၂၀၁၂ အပိုဒ် ၆ တွင်လည်း “လက်ရှိအခြေအနေတွင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက် မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ် ပတ်သက်သူများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ စစ်ဆေး အရေးယူ လျှက်ရှိကြောင်း အသိပေးကြေငြာအပ်ပါသည် ” ဟု ဖော်ပြပါရှိပါသည် ။ ဒီနေရာမှာ စာရေးသူတင်ပြချင်တာက အဲဒီပဋိပက္ခဖြစ်စဉ်တွေ ကို မီးပွားအဆင့်မှာတင် ငြိမ်းသေသွားအောင် မဆောင်ရွက်နိုင်ခဲ့ဘဲ တာဝန်ထမ်းဆောင်မှု ပေါ့လျော့ အားနည်းခဲ့တဲ့ တာဝန်ရှိသူတွေ မီးပွားကလေးကနေ မီးတောက်ကြီးတစ်ခုဖြစ်သွားစေခဲ့ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်တို့ရဲ့ စိစစ် ထိမ်းညှိမှု (Check and balance) အကြောင်းတရားဖြစ်ပါတယ်။ အခုဆိုရင် “ပျားရည်တစက်ကြောင့် ပြည်ပျက်” တဲ့ ဇာတ်လမ်းလိုပဲ ရခိုင်ပြည်နယ်မှာ လူပေါင်းများစွာ အသက် အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးကြရပြီးဖြစ်ပါ လူ့အသိုင်းအ၀ိုင်းမှာ ဒီလိုနှမသားချင်းမစာမနာ ကိုယ့်အသွေးအသားထဲကတဏှာရာဂဘီလူး ဖြစ်ရပ်တစ်ခု ဖြစ်ပွားတိုင်းမှာ လတ်တလောအကြောင်းတရားနှင့် အကြောင်းရင်းများ ဆိုပြီးတော့ ရှိစမြဲပါ။ လတ်တလော အကြောင်းရင်းဟာ မီးပွားတစ်စဖြစ်ပြီး ၊ အကြောင်းရင်းကတော့ ရေနံတွင်းအစပ်က ယမ်းပုံပါပဲ ။ ပထမ ကမ္ဘာစစ် ဖြစ်ပွားခဲ့တာမှာ သြစကြီးယား အိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် နဲ့ ကြင်ယာတော်လုပ်ကြံခြင်းခံရတာ က လတ်တလော အကြောင်းတရားဖြစ်ပေမဲ့ တကယ်တမ်း အကြောင်းရင်းတွေက စက်မှုခေတ်ပြောင်းတော်လှန်ရေြးေ အခုရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများဟာ ဒီသဘောတရားကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ် ။ ခေတ်သမိုင်း အ ဆက်ဆက်မှာ နယ်မြေဒေသ နိုင်ငံတစ်ခုခုက အခြေချနေထိုင်သူတွေဟာ နိုင်ငံရေးပြဿနာ၊ လူ့အဖွဲ့အစည်း ပြဿနာ၊အသက်မွေး ၀မ်းကျောင်းအခက်အခဲ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဇာတိကို စွန့်ခွာပြီး အခြားအခြားသော တိုင်းနိုင်ငံများမှာ အခြေပြောင်း နေထိုင်ကြပါတယ် ။ အဲဒီလို ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းလာသူများဟာ အလျဉ်းသင့်ရာ ဒေသတစ်ခုခု မှာ အခြေချကြပါတယ် ။ ယခုခေတ်မှာ အဲဒီလိုရွှေ့ပြောင်းအခြေချနေထို ပြဿနာတစ်ခုပေါက်ကွဲနေချိန်မှာ ပြဿနာရဲ့အကြောင်းရင်းကို အရင်ရှာကြမလားဆိုတာထက် ပြဿနာကို အရင်ငြိမ်သက် အောင် ဘယ်လိုလုပ်ကြမလဲဆိုတာက အရေးကြီးပါတယ်။ မီးလောင်မှုတစ်ခု အကြီးအကျယ်ဖြစ်နေချိန်မှာ မီးဘယ်က စလောင်သလည်း ၊ဘာကြောင့် လောင်သလည်း ၊ လောင်မီးလား ရှို့မီးလား ဆိုတာတွေကို အကြောင်းရှာနေဖို့ အချိန်မဟုတ်ပါဘူး ၊ အဓိက က ဘေးပတ် ၀န်းကျင်ကို မီးမကူးစက်ဖို့ နဲ့ အဲဒီမီးကို အမြန်ဆုံး ငြိမ်းသတ်နိုင်ဖို့ ကြိုးပမ်းအားစိုက်လုပ်ဆောင်ြ အခုလည်း ရခိုင်ကိစ္စမှာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အရင်ရှာဖို့ထက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တွေ နောက် ထပ် မပျက်ပြားရအောင် ငြိမ်းချမ်းရေး ထိမ်းသိမ်းဖို့နဲ့ တရားဥပဒေ စိုးမိုးဖို့ကို အရင်လုပ်ရပါမယ် ။ အဲဒီလို ငြိမ်းချမ်းရေးကို ထိမ်းသိမ်းနိုင်ပြီ တရားဥပဒေစိုးမိုးအောင် လုပ်နိုင်ပြီဆိုမှ ဒီပြဿနာတွေဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်း တွေကို မြေလှန်ရှာရပါမယ် ။ အဲဒီအကြောင်းရင်း တွေကိုရှာတွေ့မှ ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ နှစ်ဦးနှစ်ဘက်အကြား ပြေလည်အောင် ညှိနှိုင်းမှုများနဲ့ ရေရှည်ငြိမ်းချမ်းမှု ၊ တရား ဥပဒေ စိုးမိုးမှုများကို အခိုင်အမာ တည်ဆောက်နိုင်မှာ ဖြစ် ပါတယ် ။ ဒီဆောင်းပါးမှာ စာရေးသူတင်ပြလိုတာက အပိုင်းနှစ်ပိုင်းဖြစ်ပါတယ် ။ အပိုင်းတစ်ပိုင်းက ရခိုင်ပြည်နယ်ပြဿနာဟာ ဘာ ကြောင့်ဒီလောက်ကြီးထွားသွားခဲ့ ကမ္ဘာပေါ်မှာ စစ်ပွဲတွေ အမြောက်အများ ဖြစ်ပွားခဲ့ပါတယ် ။ ကမ္ဘာကြီးမှာ စစ်မက်မဖြစ်ပွားခဲ့တဲ့ အချိန်ရယ်လို့ မရှိသလောက် ပါပဲ ။ အဲဒီလိုစစ်ပွဲတွေထဲမှာ သဘောတရားအခြေခံများအရ (၁)အာဏာလု စစ်ပွဲ ၊ (၂)တန်ခိုး အာဏာချဲ့ထွင်မှု စစ်ပွဲ ၊ (၃)နယ်ချဲ့စစ်ပွဲ ၊ (၄)နယ်မြေလုစစ်ပွဲ ၊ (၅)စီးပွားရေးစစ်ပွဲ ၊ (၆)လူမျိုးရေးစစ်ပွဲနဲ့ (၇)ဘာသာရေး စစ်ပွဲ လို့ ခွဲခြားလေ့လာ နိုင်ပါတယ် ။ အဲဒီလိုစစ်ပွဲတွေအနက်က တိုင်းပြည်တစ်ခု၊မြို့ပြနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခဟာ လူမျိုးရေးနဲ့စပြီး ဘာသာရေးပါ ရောယှက်လာတဲ့အတွက် ဒီလောက်ကြီးထွားသွားခဲ့ရတယ် လို့သုံး သပ်နိုင်ပါတယ် ။ အထက်မှာတင်ပြခဲ့တဲ့အတိုင်း လူမျိုးရေး စစ်ပွဲတိုင်းဟာ ရက်စက်ကြမ်းကြုတ်တဲ့အသွင်ကို ဆောင်ပါတယ် ။ ကိုရီးယား ဂျပန်စစ်ပွဲမှာ ၀ါးချွန်နဲ့ထိုးပြီး ရက်စက်စွာသတ်ဖြတ်ကြတာတွေ ၊ ဒုတိယကမ္ဘာစစ်မှာ ဂျူးတွေကို ဂျာမန်တွေက ရက်စက်စွာ မျိုးဖြုတ် သတ်ဖြတ်တာတွေ ၊ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ခရိုအေးရှားစစ်ပွဲမှာ အပြစ်မဲ့သူတွေကို ရက်စက်စွာ(သေနတ်နဲ့မပစ်ဘဲ သစ်သား တင်းပုတ်ဖြင့် ခေါင်းကိုထု)သတ်ဖြတ်တာတွေဟာ လူမျိုးရေးစစ်ပွဲရဲ့ အနိဌာရုံတွေပါ ။ ရခိုင်ပြည်နယ်မှာ တစ်ဦးနဲ့တစ်ဦး ရက်ရက် စက် စက် ခုတ်ထစ်သတ်ဖြတ်တာတွေမှာ အဲသည်လို မုန်းတီးမှုတွေ ရောယှက်ပါဝင်လာတာကို တွေ့မြင်ခဲ့ရပါတယ် ။ ကမ္ဘာပေါ်မှာ ကိုးကွယ် ယုံကြည်မှုတွေကွဲပြားခြားနားမှုေ နောက်တစ်ပိုင်းကတော့ ဒီလို ပြဿနာကြီးထွားသွားရတာ ဘယ်သူတွေမှာ တာဝန်ရှိသလည်းဆိုတာပဲ ဖြစ်ပါတယ် ။ သမ္မတ ကြီး သတင်းထုတ်ပြန်ချက်မှာ ပါဝင်သလို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ပါဝင် နေလိမ့် မယ် ဆိုတာ ငြင်းချက်မထုတ်လိုပါဘူး ၊ အိမ်တစ်အိမ်မှာ လင်မယားနှစ်ယောက် အခန့်မသင့်လို့ ရန်ဖြစ်ကြရင်တောင် “နင့်ဘက်က နာလို့ ပြောတာ ၊မင်းဘက်က ငါမခံနိုင်လို့” စတဲ့ တို့မီး ရှို့မီး အမှောင့်ပယောဂများဝင်တတ်သေးရင် ဒီလို ပဋိပက္ခမှာ ပွဲလှန့်ပြီး ဖျာခင်းလိုသူတွေ လည်း ရှိနိုင်တယ်ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ် ။ ဒါပေမဲ့ “မစွမ်းရင်း မရှိရင် ကန်းစွန်းခင်းငြိလည်း အရေးမဟုတ်ပါဘူး ” အဲဒီ ပြဿနာ မီးပွားစတင်ခဲ့တဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကသာ မီးပွားကို မီးပွား အဆင့်မှာ ငြိမ်းသတ်နိုင်တဲ့၊ ပြည်သူတွေက ပေးအပ် ထားသော တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်တဲ့ စွမ်းရည်ပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ရင် ဒီပြဿနာ ဒီလောက်ကြီးထွား လာမှာ မဟုတ် ဘူး လို့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပါတယ် ။ သမ္မတကြီးပြောတဲ့ နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားမှုနေသော ပုဂ္ဂိုလ်များ နှင့်အဖွဲ့အစည်း များ ဆိုတာနဲ့ ပတ်သက်လို့ ပြောချင်တာလေးတစ်ခု ရှိပါတယ် ။ အဲဒါကိုတော့ ပုံပြင်လေးတစ်ခုနဲ့ပဲ ဖော်ပြချင်ပါတယ် ။ “ရှေးတုန်းက ကုန်သည် ခရီးသွားတစ်စုဟာ တောလမ်းခရီးတစ်ခုကိုဖြတ်သန်းလာ တိုင်းပြည်တစ်ခုမှာ အစိုးရအဖွဲ့ဆိုတာ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့် ရှောက်ပေး နိုင်ဖို့ဟာ အဓိကကျသော တာဝန်တစ်ခုဖြစ်ပါတယ် ။ အဲဒီနည်းတူ တိုင်း/ပြည်နယ် အစိုးရအဖွဲ့များဟာ မိမိတို့ သက်ဆိုင်ရာ တိုင်း/ပြည် နယ်အတွင်းရှိ တိုင်းသူ တိုင်းသား ၊ ပြည်နယ်သူ ပြည်နယ်သား များရဲ့ အသက်အိုးအိမ်စည်းစိမ် တို့ကို ကာကွယ်စောင့်ရှောက် ပေးရန်တာဝန်ရှိကြပါတယ် ။ ထိုကဲ့သို့ ပြည်နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေး တာဝန်များကို ထမ်းဆောင်ရန်အတွက် ပြည်နယ်သူ/ သားများ ဘေးကင်းရန်ကွာ ငြိမ်းချမ်းစွာ နေထိုင်၊လုပ်ကိုင်၊စားသောက်နို အထက်မှာ တင်ပြခဲ့သည့်အတိုင်း အဓမ္မကျင့်သတ်ဖြတ်ခြင်းခံရသူ အမျိုးသမီးကလေး နှင့် လူမဆန်စွာကျင့်ကြံခဲ့ ကြသူ (၃)ဦး တို့၏ ပြဿနာမီးပွားမှာ ရခိုင် အမျိုးသမီးကလေး နှင့် လူမျိုးခြား (၃)ဦးဟူသော လူမျိုးရေး ပြဿနာ ၀င် ရောက် မထွေးယှက်ခဲ့ပါလျှင် ၊ ဘာသာရေး ပြဿနာများ သာ မရောယှက် မဆက်နွယ်လာခဲ့ရင် ဒါဟာ ရဲအရေးပိုင်တဲ့ ရာဇ၀တ်မှုကြီး တစ်ခုသာလျှင် ဖြစ်ပါလိမ့်မယ် ။ အဲဒီလိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ အမှုအခင်းစတင်ဖြစ်ပွားရာ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့အကြီး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ စာရင်းမှာ ချန်ထားခဲ့လို့ မရနိုင်သူများကတော့ သက်ဆိုင်ရာ ခရိုင်အစိုးရအဖွဲ့ အုပ်ချုပ်ရေးမှူး ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ၊ အထူးသဖြင့် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ၊ ပြည်နယ် ရဲချုပ် တို့ပဲ ဖြစ်ပါတယ် ။ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဟာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်အရှိဆုံးသူ ဖြစ်ပါတယ် ။ကိုယ့်ပြည်နယ်အတွင်း မှာ ဖြစ်ပွားလာတဲ့ ရာဇ၀တ်မှုတစ်ခု ကနေ လူမျိုးရေးပဋိပက္ခ ဘာသာရေးပဋိပက္ခတွေအထိကြီးထွားလာ ပြည်သူတွေက အစိုးရကို ရွေးချယ်တင်မြှောက်ပြီး လစာအသုံးစာရိတ်ငွေများ ခံစားခွင့်များပေးအပ်လျက် မိမိတို့ကို အုပ်ချုပ်ပိုင် ခွင့် ၊စီမံပိုင်ခွင့်များပေးအပ်တယ် ဆိုတာ အလကားသက်သက် အလုပ်မရှိအလုပ်ရှာတာ မဟုတ်ကြပါဘူး ၊ ကျောက်ခေတ်၊ကြေးခေတ် ၊ သံခေတ် ၊အမိအုပ်ထိမ်းသောခေတ် ၊ အဖ အုပ်ထိမ်းသောခေတ်တို့က စလို့ အုပ်ချုပ်သူ (ခေါင်းဆောင်) ဆိုတာဟာ အုပ်ချုပ်ခံတို့ရဲ့ အသက်နဲ့ ပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးနို ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်ခြင်းခံတဲ့သူတွေမှာ တာဝန်ယူမှု ဆိုတာရှိရပါတယ် ။ တာဝန် ကို မကျေပြွန် သူတွေအနေနဲ့ ထိုတာဝန်များကို ပေးအပ်ထားသော ပြည်သူများကို ရှက်တတ်ရပါမယ် ။ ဒီမိုကရေစီ နိုင်ငံ တစ်ခုမှာ တာဝန်ဆိုတာ ကို ယူပြီးရင် ကျေပြွန်အောင်ထမ်းဆောင်ရင်ထမ်းေ ထင်လင်းဦ (Wisdom Villa) by Myanmar News Now |
Posted: 17 Nov 2012 06:27 AM PST
ရန်ကုန်၊ နိုဝင်ဘာလ ၁၇။
ရန်ကုန်တက္ကသိုလ်အတွင်း အမေရိကန်သမ္မတ အိုဘားမားမှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လာရောက်ဟောပြောမည် ဖြစ်သဖြင့် လုံခြုံရေး တင်းကျပ် ထားကြောင်း သိရသည်။ လုံခြုံရေးတပ်ရင်းများဖြစ်သည့် အမှတ် (၁၀) ရဲတပ်ရင်းနှင့် အခြားလုံထိန်းတပ်များ နေရာအနှံ့ ဖြန့်ကျက်ထားကြောင်း သိရသည်။ “တက္ကသိုလ်ဖွင့်ဖို့ ပြင်တာဆင်တာတော့ ပြီးခဲ့တဲ့လကတည်းက ပြင်ကြတယ်။ လုံခြုံရေးကတော့ ချထားတာတစ်ပါတ် လောက်တော့ ရှိပြီ။ ဘွဲ့နှင်းသဘင်နဲ့ နီးစပ်တဲ့လမ်းကြောင်းတိုင်းမှာ လုံခြုံရေးတာဝန်ကျ ရဲဘော်တွေရှိတယ်” ဟု ရန်ကုန်တက္ကသိုလ် ၀င်းအတွင်း ဈေးရောင်းနေသူ တစ်ဦးက ဆိုသည်။ လုံခြုံရေးတပ်ရင်းများ နေရာအနှံချထားသည့်အပြင် မြေပြင်လုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ရင်းများအပြင် နီးစပ်ရာ တိုင်းဒေသကြီးအချို့မှ ရဲတပ်ရင်းများလည်း ရောက်ရှိနေကြောင်း သိရသည်။ “တပ်ရင်းတွေမှာ ရှိသမျှ ရဲဘော်တွေ အကုန်ထွက်ရတယ်။ တပ်မှာ မိန်းမနဲ့ ကလေးတွေပဲ ကျန်ခဲ့တယ်။ အနီးကပ်လုံခြုံရေး ကတော့ အိုဘားမားအတွက် လာတဲ့လုံခြုံရေးနဲ့ ကျနော်တို့ပေါင်းပြီး တာဝန်ယူရမယ်။ အဓိက ကျွန်တော်တို့တပ်ရင်းတွေက သူသွားမယ့် လမ်းကြောင်းတိုင်းမှာ မြေပြင်လုံခြုံရေးအတွက် တာဝန်ယူရမယ်”ဟု ရွှေဂုံတိုင်တွင် လုံခြုံရေးတာဝန်ကျနေသော ရဲတပ်ရင်းမှ အရာရှိတစ်ဦးက ယနေ့တွင် ပြောကြားသည်။ စူးရှ - မြန်မာ့ခေတ် |
Posted: 17 Nov 2012 06:12 AM PST
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ် ချောင်းသာ ကမ်းခြေသို့
သွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများ၌ တောင်ဆင်းရိုင်း များမကြာခဏ ဆိုသလို ၀င်ရောက် ကာ လူများအား အန္တရာယ် ပြုသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် စိုက်ခင်းများအား ဖျက်ဆီးနေခြင်း တို့ကြောင့် ဒေသခံများ အနေဖြင့် စိုးရိမ်နေရ လျက်ရှိပြီး ယင်းဆင်ရိုင်း များအား တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ် ဖြင့် ကာကွယ် တားဆီးမှု များပြုလုပ် ပေးစေလိုကြောင်း ဒေသခံပြည်သူ များထံမှ သိရှိရသည်။ “တောရှင်းပြီး ရော်ဘာ အစား ထိုး စိုက်ပျိုးမှုတွေ လုပ်တော့ ဆင်ရိုင်း တွေ နေရာပျောက်ပြီး အနီးနားက ရွာတွေကို ရောက်ရောက်လာတာ၊ သူတို့ကြောင့် သေတဲ့လူတွေလည်း မနည်းတော့ဘူး။ ဆင်တွေဖျက်ဆီး လို့ပျက်စီးတဲ့အိမ်တွေလည်းမနည် အိုးဆောင်ထားရတယ်။ သူတို့လာရင် ခြောက်ဖို့ ဒါပေမဲ့ မထိရောက်ပါဘူး။ ဒီဆင်ရိုင်းတွေကြောင့် တောစပ်သွားပြီး ၀မ်းရေးရှာမယ့် လူတွေလည်း သွားမရှာရဲဘူး။ ဒါကို မစိုးရနဲ့ အစီအစဉ်တစ်ရပ်အနေ နဲ့ ဖြေရှင်းပေးစေချင်တယ်”ဟု ရှမ်းစုကျေးရွာနေပြည်သူတစ်ဦးက ပြောကြားသွားခဲ့သည်။ တောများရှင်းပြီး ရာဘာအစားထိုးစိုက်ပျိုးမှုကြောင် တောဆင်ရိုင်းများမှ အနီးရှီကျေးရွာများသို့ မကြာခဏ ၀င်ရောက်၍ စိုက်ခင်းနှင့် လူနေ အိမ်များအားဖျက်ဆီးခြင်း၊ လူများ အားအသက် အန္တရာယ်ပြုနေခြင်း တို့ပြုလုပ်လျက်ရှိနေပြီး တောဆင်ရိုင်းအန္တရာယ် အများဆုံးစိုးရိမ်နေ ရသောရွာများမှာ ရှမ်းစု၊ သစ်တိုပင်၊ ကလောခုံ၊ ၀ါဘိုး၊ လျှောပြာ၊ ရွာသစ်ကြီးစသည်တို့ဖြစ်ကြောင်း သိရှိရသည်။ ခန့်ခန့်(ဒဿနိက) Hot News |
Posted: 17 Nov 2012 06:12 AM PST
သံတွဲ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၂၊ YPI
ကျေးလက် ဒေသများ အတွက် GSM ဆင်းကတ်ကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးလျှက် ရှိရာတွင် သံတွဲမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး အချို့က သတ်မှတ် နှုန်းထားထက် ပိုမိုကောက်ခံ နေကြောင်း ဒေသခံများက ပြောသည်။ ဒွါရာဝတီမြို့သစ် ဒေသခံတစ်ဦးက“ မှတ်ပုံတင် မိတ္တူ နှစ်စောင်ပေးရတယ်။ ခရီး စရိတ်ဆိုပြီး နှစ်ထောင် ပေးရတယ်။ တချို့ဆိုရင် ၅ ထောင်ပေးရတယ် လို့ပြောတယ်။ အ.ထ.က (၂) ကျောင်းရန်ပုံငွေ ကံစမ်းမဲ နှစ်စောင် ၀ယ်ရတယ်” ဟုပြောသည်။ ၂ သိန်းတန် GSM ဆင်းကတ်ကို အရစ်ကျစနစ်ဖြင့် ရောင်းချသည့် အစီအစဉ်အရ ၀ယ်ယူသူ အနေဖြင့် ပထမလတွင် ၄ သောင်းကျပ် ပေးသွင်းရပြီး ကျန်ရှိသည့် လများ၌ ကျပ်တစ်သောင်းစီ ပေးသွင်း ရမည်ဖြစ်သည်။ သံတွဲမြို့နှင့် ၇ မိုင်ခန့်ဝေးသည့် ဆင်ခေါင်းကျေးရွာတွင်လည်း ခရီးစရိတ်အဖြစ် အပိုကြေး ၅ ထောင်စီ ပေးနေရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ အကယ်၍ ဖုန်း SIM ကတ် ပျက်စီးခဲ့လျှင် အခမဲ့လဲလှယ်ပေးသည် ဆိုသော်လည်း စစ်တွေသို့ ပို့ဆောင်ရသည့် ခရီးစရိတ်ဟုဆိုကာ ငွေတစ်သောင်းခွဲပေးခဲ့ရကြောင်း SIM ကတ်ပျက်စီး၍ ဆက်သွယ်ရေးရုံးတွင် သွားရောက် ဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောသည်။ ယခုရောင်းချသည့် အရစ်ကျစနစ်မှာ ဖုန်းဈေးနှုန်းလျော့ကျသွားပါက ၎င်းဈေးနှုန်းအတိုင်း ပေးချေရမည် ဖြစ်ကြောင်း ငှားရမ်းသောစာချုပ်တွင် ဖော်ပြထားသည်။ by Yangon Press International |
Posted: 17 Nov 2012 05:52 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၁ရ
သေဆုံးသူ ဦးရေမှာ ၄၆ ဦးအထိ မြင့်တက်ခဲ့သော ဆီတွဲရထားတိမ်မှောက် မီးလောင် မှုကြောင့် ဆေးရုံတက်ရောက် ကုသနေသည့် လူနာများ အတွက် ဆေးဝါများ လိုအပ်လျက်ရှိပြီး လှူဒါန်း လိုသူများ အနေဖြင့် ဆေးဝါး သော်လည်းကောင်း၊ ဆေးဖိုး ကုန်ကျငွေသော် လည်းကောင်း ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံသို့ လှူဒါန်းနိုင်ကြောင်းနှင့် လူနာများ လက်သို့လည်း တိုက်ရိုက် လှူဒါန်းနိုင်ကြောင်း အဆိုပါ ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ မိုးမြင့် က The Voice Weekly သို့ ပြော ကြားသည်။ “ကျွန်တော်တို့ လူနာတွေ အတွက် အဓိက လိုအပ်တာ ဆေးဝါးပါ၊ ကျန်တာတွေလည်း လူနာတွေ အတွက် ပံပိုး ပေးနေပါတယ်၊ လှူချင်တဲ့ လူတွေအနေနဲ့ ဆေးဝယ်ပြီး လှူရင်လည်း ရသလို ငွေသားလည်း လှူလို့ ရပါတယ်” ဟု ဒေါက်တာမိုးမြင့်က ဆိုသည်။ နိုဝင်ဘာ ၁၀ရက်မှ ၁ရရက်နေ့ အထိ ကန့်ဘလူ ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေသူ ပြင်းထန်မီးလောင် လူနာ ၂၁ ဦး ထပ်မံ သေဆုံးခဲ့ရာသေဆုံးသူ ဦးရေမှာ ၄၆ ဦးအထိ မြင့်တက်ခဲ့သည်။ ချပ်ကြီးဘူတာ အနီး ဆီးတွဲ မီးလောင်မှုကြောင့် ကန့်ဘလူ ကုတင် ၁၀၀ဆေးရုံမှ မီးလောင် လူနာများအတွက် ကျန်းမာရေးဝန်ကြီးဌာန ကငွေကျပ်သိန်းတစ်ရာ နှင့် ပြင်ပအလှူရှင် များက ငွေကျပ် တစ်ရာလေးဆယ့်သုံးသိန်း ကို လှူဒါန်း ခဲ့ကြောင်းလူနာများ အတွက် တစ်ရက်ဆေးဖိုး ကုန်ကျငွေမှာ ငွေကျပ် ၃၅ သိန်းခန့် ရှိကြောင်း ၎င်းကပြောကြားသည်။ လူနာများအတွက် လှူဒါန်းလိုသူ များသည် ကန့်ဘလူဆေးရုံ ဆေးရုံအုပ် ဖုန်း ၀၇၅-၂၇၀၁၃၊ ဦးမင်းကြည်ဦး-၀၉-၆၈၀၈၈၅၀၊ ဒေါက်တာ လှိုင်မြင့်ဟန်-၀၉-၄၇၀၆၆၇၁၃၊ ဦးဇော်လင်းထွန်း-၀၉-၆၄၆၆၂၃၂ တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။ ရန်ကုန်မြို့မှ အလှူရှင်များအနေဖြင့် ဆေးဝါ (သို့)ဆေးဝါးဝယ်ယူ ရန်ငွေကြေးများ လှူဒါန်းလိုပါက The Voice Weekly ရုံးခန်း အမှတ် ၄၅၈၊မဟာဗန္ဒုလလမ်းနှင့်၃၁ လမ်းထောင်ဖုန်းနံပတ်၂၄၂၄၂၄၊ The Voice Weekly |
Posted: 17 Nov 2012 05:45 AM PST
ရန်ကုန်၊ နိုဝင်ဘာ-၁၇
အမေရိကန်သမ္မတ လာရောက်မည့် နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နံနက်တွင် တစ်ကြိမ် ညနေတွင် တစ်ကြိမ် ပိတ်ထားမည်ဟု သတင်းရရှိသည်။ ''မနက်ပိုင်းက ၈ နာရီကနေ ၉ နာရီထိ တစ်ကြိမ် ပိတ်မယ်။ ညနေပိုင်းက ၃ နာရီကနေ ၄ နာရီထိ ပိတ်မယ်'' အေးရှားဝင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် နိုဝင်ဘာ ၁၉ ရက်တွင် ပုံမှန် ၈နာရီ ၄၀ မိနစ်တွင် ပျံသန်းသော ရန်ကုန်-စင်ကာပူ ခရီးစဉ်အား မိနစ် ၄၀ စော၍ နံနက် ၈ နာရီတွင် ထွက်ခွာမည်ဟု အမ်အေအိုင် လေကြောင်းလိုင်းဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။ ထို့အပြင်အခြားသော ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းမှာလည်း နိုဝင်ဘာ ၁၉ ရက်တွင် ပျံသန်းမည့် လေယာဉ်အချိန်များကိုအပြောင်းအလဲ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီကျော်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည် ဖြစ်သည်။ 7Day News Journal |
Posted: 17 Nov 2012 12:31 AM PST
Lucky , life is wonderful, I’m yours သော တေးသီချင်းများနှင့် ကမ္ဘာကျော်ကာ မြန်မာနိုင်ငံ တွင်လည်း လူသိများ ပရိသတ် အခိုင်အမာ ရရှိထားသော အမေရိကန် တေးသံရှင် Jason Mraz သည် လူကုန်ကူးမှုပညာ ပေးရေး ခရီးစဉ် အတွင်း မြန်မာနိုင်ငံ သို့လည်း လာရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း huffington post သတင်းစာ ကဖော်ပြထားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
[Message clipped] View entire message
0 comments:
Post a Comment