သစ်ထူးလွင် သတင်းစုစည်းမှု (၆-၁၁)
သစ်ထူးလွင်
|
- ထိုင်း မြန်မာ နယ်စပ် လက်နက်တွေ ဖမ်းမိ (ရုပ်/သံ)
- မြန်မာအလုပ်သမားများ လူမှုဖူလုံရေးနှင့် ကျန်းမာရေး ခံစားခွင့်မရသူ များပြား
- ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်တပ် ထားသင့်တယ်- သခင်ချန်ထွန်း
- ငွေသားမပါ လှူခဲ့သော ပုံးခွံများ
- မြို.လယ်ခေါင်ဆွဲကြိုးချသေခြင်း
- သတင်းထုတ်ပြန်ပြီးနောက် လက်နက်များလာရောက်အပ်နှံမှုများ
ရှိ - သံတွဲမြို့ရှိ ဗလီတစ်ခုမှ လက်နက်များ ဖမ်းဆီးရမှုနှင့် တရားခံ ၂ ဦးအား ရုံးတင်စစ်ဆေး
- နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ(၈) အမှတ် (၄၃)
- နိုဝင်ဘာ ၈ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ ၁၃၊ အမှတ် ၄၃
- နိုဝင်ဘာ ၇ ရက်နေ့ထုတ် Mobile Guide Issue (77)
- နိုဝင်ဘာ ၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် ၃၃၁
- နိုဝင်ဘာ ၄ ရက်နေ့ထုတ် မော်နီတာသတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၂၈)
- နိုဝင်ဘာ ၆ ရက်နေ့ထုတ် ဖလားဝါးနယူးစ် ဂျာနယ် အတွဲ(၈) အမှတ် (၄၃)
- နိုဝင်ဘာ ၆ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ်
- မဇ္ဈိမ အပတ်စဉ် ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၇)၊ အင်္ဂါနေ့၊ နိုဝင်ဘာလ (၆) ရက်၊ ၂၀၁၂ ခုနှစ်
- ဟတ်ကာနီ အဖွဲ့ကို အရေးယူ ပိတ်ဆို့ပြီ
- မဲယိုင်နိုင်တဲ့ ပြည်နယ်ကိုးခု အဆုံးအဖြတ်ဖြစ်နိုင်
- အငှားယာဉ်မောင်းအား လည်ပင်းညှစ် ချွန်ထက်သော အရာဖြင့် ထောက်ကာ လုယက်သူ တစ်စုအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ
- သက်ဆင်အား လုပ်ကြံရန် ကြံစည်နေကြောင်း ကောလပာလများပြန့်နှံ့
- အဆိုတော် ဆောင်းဦးလှိုင် နှင့် အင်တာဗျူး (ရုပ်/သံ)
- ပြည်တွင်းစစ်ကြောင့် ပလောင် လူ့အခွင့်အရေး အခြေအနေ ဆိုးရွား
- ရခိုင်အရေး နှစ်နိုင်ငံ နယ်စပ် ပြဿနာလို့ ဒေါ်စုပြော
- ခိုးဝင်လာသူ ဘင်္ဂါလီတွေ ကလေးမြို့မှာ ဖမ်းမိ
- ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ မော်တော် ယာဉ်များထံမှ ငွေတောင်း ခံနေသူအား ဖမ်းဆီးရမိ
- စံရိပ်ငြိမ်မှတ်တိုင်း အနီးမှာ ကား(၄)စီး နှင့် ၀ိုင်းဝန် ရိုက်နှက်ခဲ့သည့် ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိ
Posted: 06 Nov 2012 05:10 AM PST
မြန်မာနိုင်ငံဘက်ကို တင်ပို့မယ်လို့ ယူဆရတဲ့ လက်နက်တွေနဲ့ ကျည်တောင့် တသောင်းကျော်ကို ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့အနီးမှာ ထိုင်းအာဏာ ပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
တင်ဆက်-ရဲဝင့်သူ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 06 Nov 2012 04:16 AM PST
ထိုင်းနိုင်ငံရောက် တရားဝင် ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေဟာ ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ အခွင့်အရေး ရမယ်လို့ စည်းမျဉ်း သတ်မှတ်ချက် ရှိပေမယ့် လူမှုဖူလုံရေးနဲ့ ကျန်းမာရေး ခံစားခွင့်တွေ မရသူ များနေပါတယ်။
စစ်တမ်းအရ တရားဝင်ရွှေ့ပြောင်း အလုပ်သမား ၁၃ ဦးမှာ တဦးနှုန်းပဲ ကျန်းမာရေး ခံစားခွင့်တွေ ရတယ်လို့ ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။ “ဒီနေ့ဆိုရင် တနိုင်ငံလုံးမှာ ၁ သန်း ၃ သိန်းလောက် တရားဝင် အလုပ်သမားတွေ ဖြစ်နေပြီ။ ထိုင်းအစိုးရ ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ ထိုင်းနိုင်ငံသား နည်းတူ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်ရှိရမယ်ဆိုတဲ့ ဥပဒေပါတယ်။ ကျနော်လည်းလေးစားစွာ လိုက်နာတယ်။ ကြိုလည်း ကြိုဆိုတယ်။ သို့သော်လည်း ၁ သန်း ၃ သိန်းမျှသော မြန်မာနိုင်ငံသားများ မှတ်ပုံတင်အပြီးမှာ ဥပဒေအရ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်၊ ပကန်စခွန်လို့ခေါ်တဲ့ လူမှုဖူလုံရေးအသင်းကို ၀င်နိုင်ခဲ့တဲ့ လုပ်သားဦးရေဟာ တနိုင်ငံလုံးမှာ လူ ၁ သိန်းကျော်ကျော်ပဲရှိသေးတယ်။” ၀န်ကြီးချုပ် သက်ဆင်လက်ထက်က စတင် အသက်ဝင်တဲ့ ဥပဒေအရ ထိုင်းလုပ်သားတွေအတွက် ဘတ်ငွေ ၁၉၀၀ နဲ့ ကျန်းမာရေး အာမခံ လုပ်ထားရင် ဆေးရုံမှာ ဘတ်ငွေ ၃၀ နဲ့ ဆေးကုသခွင့် ရနေတာပါ။ ဒီအခွင့်အရေးအတွက် အလုပ်ရှင်တွေက တာဝန်ယူ စီစဉ်ပေးရမှာ ဖြစ်ပေမယ့် မလုပ်ပေးတဲ့ အလုပ်ရှင်တွေ များနေတာကြောင့် တရားဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအများစု ကျန်းမာရေး ခံစားခွင့်တွေ နစ်နာနေရတာလို့ ဆိုပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ ခင်ပွန်းသည် ဓာတ်လိုက်ခံရပြီး ဆေးရုံပေါ်မှာ ၇ ရက်နေပြီး သေဆုံးခဲ့တဲ့အတွက် အခက်အခဲတွေ့ရပုံကို ကျန်ရစ်သူ မနွယ်နီစန်းက ပြောပြပါတယ်။ “ဆေးရုံစရိတ်တွေကို ၄ သောင်းလောက်ပေးထားရတယ်။ ကျန်တဲ့ ၇ သောင်းကိုတော့ ဆရာဝန်က သူဌေးကို ပြောလို့ရရင်လည်း ရ မရရင်လည်း တရားဥပဒေအရ တိုင်မယ်ပေါ့။ ဆရာဝန်ကလည်း ၁ လ ၅၀၀၀ တတ်နိုင်ရင် ၅၀၀၀၊ ၁ သောင်း တတ်နိုင်ရင် ၁ သောင်းပေါ့။ ဒါပေမယ့် သူဌေးက လုံးဝဆက်သွယ်လို့မရသေးဘူး။” ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားေ ထိုင်းနိုင်ငံ ဗဟိုအစိုးရက နိုင်ငံတကာ အလယ်မှာ ကတိတွေ အထပ်ထပ် ပေးခဲ့ဖူးပေမယ့် ခရိုင်နဲ့ မြို့နယ်အဆင့် အစိုးရတွေလက်ထဲမှာတော့ ကျင့်သုံးမှု အားနည်းနေတယ်လို့ ထိုင်းနိုင်ငံအတွင်း ၄ နှစ်လောက် နေခဲ့ပြီး မြန်မာနိုင်ငံ ရှေ့နေများအသင်းနဲ့ လက်တွဲဆောင်ရွက်ဖူးသူ ဟောင်ကောင်တက္ကသိုလ်က ရှေ့နေ (မဟာတန်း) တက်ရောက်နေတဲ့ ကျောင်းသား ပီတာ မောရစ်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဒေသခံ အစိုးရက အားကောင်းတာမို့ ဗဟိုအစိုးရနဲ့ ဆောင်ရွက်ရုံနဲ့တင် မပြီးမြောက်ဘဲ ဒေသခံ အောက်ခြေအစိုးရနဲ့ပါ ဆက်ဆံရေးကောင်းမှ ထိရောက်မှု ရှိမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ် လူဦးရေနဲ့ လူမှုရေး သုတေသနဌာန ရွှေ့ပြောင်းနေထိုင်သူများဆို by သီရိထက်စံ (ဒီဗွီဘီ)
| ||
Posted: 06 Nov 2012 04:01 AM PST
ရခိုင်ပြည်နယ် ပဋိပက္ခမှာ အစိုးရက လုံခြုံရေး တိုးမြှင့်ချ ထားပြီး ထိန်းချုပ်နေ တာကို ထောက်ခံတဲ့ အကြောင်းနဲ့ နယ်ခြားစောင့် တပ်တတပ် ချထား အကောင်အထည် ဖော်သင့်တဲ့ အကြောင်း အသက် ၉၂ နှစ်အရွယ် ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်က ပဋိပက္ခ အခြေအနေနဲ့ စပ်လျဉ်းလို့ သခင်ချန်ထွန်းကို မေးမြန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကစဖြစ်တဲ့၊ အခု အောက်တိုဘာမှာလည်း တကျော့ပြန်ဖြစ်တာမှာ ၁၅၀ ကျော်လောက် သေဆုံးပြီး ၁ သိန်းကျော်လောက် ရွှေ့ပြောင်းနေထိုင်ရတာ ဘဘတို့လည်း ကြားရမှာပေါ့။ သက်ကြီးဝါကြီး နိုင်ငံရေးသမားတွေရဲ့အမြင်၊ အတွေ့အကြုံအရ ဒီပြဿနာတွေ ငြိမ်းအေးသွားအောင် ဘာတွေလုပ်သင့်တယ်လို့ ဘဘတို့ အကြံပြုချင်ပါလဲ။ “ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ဆုတ်ခွာတော့ အင်္ဂလိပ်၊ အမေရိကန်တပ်တွေက နောက်ကလိုက်တိုက်တော့ ဘင်္ဂလားဒေ့ရှ်ပေါ့၊ ဟိုတုန်းကတော့ အိန္ဒိယနယ်ထဲပေါ့။ အဲက ဘင်္ဂါလီတွေက ဒီဘက်လိုက်လာပြီး ရခိုင်တွေဘာတွေ ရိုက်နှက်ပြီးတော့ နေရာယူကြတာရှိခဲ့တယ်လေ။ ဒါက ၁၉၄၃-၄၄ လောက်က။ အဲဘက်မှာရှိတဲ့ ခေါ်တောတွေက သင်္ဘောမောင်း၊ ဘာမောင်းဆိုတော့ ခေါ်တောပဲခေါ်တာပေါ့။ သူတို့တွေက ဟိုဘက်မှာ ဆင်းရဲကျပ်တည်းတယ်ဆိုတော့ ဒီဘက်မှာချောင်လည်တော့ ဒီဘက်ကို ကူးချင်တာပဲ။ ဒီဘက်ကလည်း သူတို့ကို အမျိုးသားမှတ်ပုံတင်တို့ ဘာတို့လုပ်မပေးဘူးကြားတယ်၊ ဒါကလည်း အစိုးရ မူဝါဒအတိုင်းပေါ့။ သူတို့က ဒီနိုင်ငံသားမဟုတ်တဲ့အတွက်။ အခုက ဟိုကနေလာတာမှာ စစ်တပ်ကနေ စောင့်ရှောက်ထိန်းသိမ်းနေတယ်ဆို အခု လတ်တလော ဖြစ်နေတဲ့ မီးရှို့ဖျက်ဆီးမှုတွေ အဆုံးသတ်ဖို့ဆိုရင် လူ့အဖွဲ့အစည်း ၂ ခုမှာ တဖွဲ့ဖွဲ့ကို ဖယ်ထုတ်လိုက်ရမလား။ အတူယှဉ်တွဲနေထိုင်ရမလားဆိုတာ ဘဘ အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောပြပေးပါလား။ “များသောအားဖြင့် ရခိုင်အမျိုးသားတွေက သူ့ဘာသာသူ နေကြတာပေါ့။ ဟိုဘက်က ၀င်ဝင်လာပြီးတော့ လူဦးရေက ညီမျှသလိုဖြစ်လာတော့ ရိုက်ကြနှက်ကြ၊ လုယက်ကြပေါ့လေ၊ ဒီလိုလုပ်လာတာ။ ဒါက စောစောကတည်းက ထိန်းသိမ်းရမယ့်နေရာ။ ၁၉၅၆ တုန်းက ဘဘတို့ရောက်ဖူးတယ်လေ။ ဦးရာရှစ်က ၁၉၅၂ ခုနှစ်မှာပြောတယ်။ ရိုဟင်ဂျာဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ အမှန်ကတော့ ခေါ်တောပဲ။ ရိုဟင်ဂျာပဲ တိုင်းရင်းသားလိုလို နာမည်ပေးလိုက်တော့ ရိုဟင်ဂျာ ရိုဟင်ဂျာဆိုပြီး သတင်းစာကရေး ဘာရေးရေးတာ။ မိန်းမ ၄ ယောက်ရှိတဲ့ ဘင်္ဂါလီ ၁ ယောက်ရှိတယ်။ သူက ဟိုဘက်ပြေး၊ ဒီဘက်ပြေး ဟိုကဖမ်း ဒီဘက်ပြေးနဲ့ ဒီဘက်ကဖမ်း ဟိုဘက်ပြေးနဲ့။ မိန်းမ ၄ ယောက်က ဟိုဘက်ရော ဒီဘက်ကရော ယူထားတာ။” “ဦးရာရှစ်ဆိုတာက စက်မှုလက်မှုဝန်ကြီးဟောင်း ဖဆပလ အစိုးရခေတ်၊ ၁၉၃၆ ခုနှစ် သပိတ်တုန်းက သူက အင်္ဂလိပ်စကားလည်းပြောတတ်တော့ ဦးနုက ဥက္ကဋ္ဌပေမယ့် သူက ဒု-ဥက္ကဋ္ဌပေမယ့် အကုန်ခြယ်လှယ်သွားတော့၊ ဦးနုက ၀န်ကြီးချုပ်ဖြစ်တော့ ဦးရာရှစ်ကို ခေါ် ၀န်ကြီးပေးခဲ့တာ။ လူကတော့ သိပ်တော်တယ်၊ သိပ်လျင်တယ်။ သူက ဦးရာရှစ်နှင့် ကုမ္ပဏီတွေဖွင့်ခဲ့တယ်။ ဟသာင်္တ ဦးမြတို့ဘာတို့ဆိုရင် သူ့ကုမ္ပဏီတွေပါလို့ဆိုပြီး ဖဆပလက ထွက်တာတွေဘာတွေ လုပ်ခဲ့တယ်။ ဦးရာရှစ်က မဂိုလမ်းမှာ ဦးရာရှစ်ကုမ္ပဏီဆိုပြီး ဆိုင်းဘုတ်ကြီးနဲ့။ သို့သော်လည်း အဘတို့လည်း အဲဒီတုန်းက ပါလီမန်အမတ်ဖြစ်နေတော့ ပါလီမန်ဆွေးနွေးပွဲတွေမှာ ပြောခဲ့ပါတယ်။ ပြောတော့ ဦးနုက သိပ်ပြီး ဦးရာရှစ်ကို အားထားတယ်။ အားကိုးတော့ မကြိုက်ရင်ထွက်သွားဆိုပြီး အဘတို့ကို ဒီလောက်ထိအောင် လေသံက သုံးတာကို ခံခဲ့ရတယ်။ ဦးရာရှစ်က အဲဒီကျမှ နိုင်ငံသား လျှောက်တာ။ နိုင်ငံသား ရကာစရှိသေးတယ်။ ဖဆပလ အမတ်ပေါင်းစုံ အစည်းအဝေးမှာ ဦးနုက ၀န်ကြီးစာရင်း တင်ပြတဲ့အခါမှာ ဒီလောက်တော့ မသင့်ပါဘူး၊ သူ့ကိုတော့ ပြန်စဉ်းစားပေးပါ။ အမတ်တွေက ပြောကြတာ။ အဘလည်း ပါတယ်။ ပြောကြတဲ့အခါမှာ မကြိုက်ရင် ထွက်သွားဆိုတဲ့ စကား ဦးနုက သုံးခဲ့တာ။ ဦးရာရှစ်ကို သူက ဒီလောက် အားထားတယ်၊ ယုံကြည်တယ်။ ဘာလို့ဆိုတော့ ၃၆ ခုနှစ် ကျောင်းသားသပိတ်မှောက်ပွဲတုန်းက ဦးနုက ဥက္ကဋ္ဌ။ ဦးရာရှစ်က သပိတ်နဲ့ပတ်သက်ပြီး အင်္ဂလိပ်စကားလည်း တော်တော်ပြောတတ်တော့ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ ရှေ့ဆောင်ပြီး သေသေချာချာ ရေရေလည်လည် ပြောတတ်တော့ သူ့ကို ဦးနုက အားကိုးတယ်။ အဲဒါဆို ဦးရာရှစ်နဲ့ ရိုဟင်ဂျာနဲ့က ဘယ်လိုပတ်သက်လဲ။ “ဦးရာရှစ်က ၀န်ကြီး ဆိုတော့ ရိုဟင်ဂျာဆိုပြီး သူက နာမည်ပေး လိုက်တာ။ ဘင်္ဂါလီတွေလို့ပဲ အားလုံးက မြင်နေတာ။ သို့သော် ရိုဟင်ဂျာက ဗမာပြည်ရဲ့ လူမျိုး ၈၀ ထဲမှာ လူမျိုးတမျိုး အနေနဲ့ မပါပါဘူး။ သူကတော့ နာမည်ပေး လိုက်တာပေါ့။ ဒါပေမယ့် အဲဒီတုန်းက အခြေအနေအရ သူက ပြောတာပေါ့။” အဲဒါကို အဘတို့ လွှတ်တော်က အသိမှတ်ပြုလိုက်လား ရိုဟင်ဂျာကို။ “လွှတ်တော်က မပြုပါဘူး။ ပြင်ပမှာပါပဲ။ လွှတ်တော်ကို မရောက်လာပါဘူး။ လွှတ်တော်အမတ်တွေအနေနဲ့ နိုင်ငံရေးအနေနဲ့ ဒါတွေက သိနေရတာကို။ ရခိုင်ကလည်း ဖဆပလမှာရှိတော့ ရခိုင်အမျိုးသားတွေဘက်က တာဝန်အရ လိုက်ရမှာပေါ့။ ဟိုဘက်က ရိုဟင်ဂျာလို့ ခေါ်တဲ့ ခေါ်တောတွေပေါ့။ နောက်တော့မှ ရိုဟင်ဂျာဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ အဲတော့ သူတို့က နယ်ချဲ့လာတာပေါ့။ ဟိုဘက်ကနှင်တော့ ဒီဘက်တိုးသလောက်တိုးပြီး ကျန်ရစ်ခဲ့တာပေါ့။ အဲဒါကနေ အခုလာပြီးတော့ ဒီဘက်ကို ထပ်ပြီးဝင်ချင်တော့ ရခိုင်ရွာတွေကို ရိုက်နှက်၊ ဖျက်ဆီး မောင်းနှင်တာပေါ့ မနေနိုင်အောင်လုပ်ကြတယ်လို့ မြင်ပါတယ်။” စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်း ၂၀ လောက် ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဗမာပြည်က မောင်းထုတ်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ သွားပြီးတော့ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို ကမ္ဘာကလည်း စာနာကြတယ်၊ အခုလည်းကျရော ရိုဟင်ဂျာကိစ္စက တုတ်၊ ဓားတွေနဲ့ အပြန်အလှန် မီးရှို့သတ်ဖြတ်နေကြတာတွေက ဗမာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ ကမ္ဘာကလည်း စိတ်ဝင်စားနေတယ်။ ဗမာပြည်က ခေါင်းဆောင်တွေလည်း အမေရိကန်၊ အင်္ဂလန်တွေ သွားနေတဲ့အချိန်၊ ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အချိန်မှာ အချိန်ကိုက် ဖြစ်လာတာက ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။ “ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ကတော့ အစကလည်း ရှိတယ်လေ။ ဟိုဘက်က သိပ်ပြီး ဆင်းလည်းဆင်းရဲတယ်၊ အလုပ်ကလည်း ရှားပါး၊ လူဦးရေကလည်း သိပ်ပြီး ထူထပ်လာတော့ ဒီဘက်ကို သဘာဝအတိုင်း လာပြီး ရခိုင်ရွာတွေကို မီးရှို့ဖျက်ဆီးပြီး သူတို့က တက်နေကြတာ၊ ဒီဘက်မှာ နေလို့ရအောင် လုပ်တာ။ ဒီဟာတွေက သူတို့ရဲ့ ဆင်းရဲမှု အခြေအနေတွေအရ၊ လူဦးရေကလည်း များများလာတဲ့အခြေအနေအရ ရခိုင်က လူနည်းစုလို ဖြစ်သွားတယ် ရွာလေးတွေက။ အဲမှာ အနိုင်ကျင့်ပြီး အိမ်တွေဖျက်၊ မီးရှို့ပြီး လူတွေ မနေနိုင်အောင် မောင်းထုတ်နေကြတယ်လို့ ဒီလိုပဲ ယူဆတယ်၊ မြင်တယ်။ by အေးနိုင် (ဒီဗွီဘီ)
| ||
Posted: 06 Nov 2012 03:51 AM PST
ပဲခူးတိုင်း ဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ကျီးတော ကျေးရွာ
ဖောင်တော်ဦး စေတီ တော်မြတ်ကြီးအား ၃-၄-၁၉၉၉နေ့၌ နိုင်ငံတော်ငြိမ် ၀ပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ အတွင်းရေးမှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး ခေါင်းဆောင်ပြီး မွေးရပ် ဇာတိမြေ ဖြစ်သော လက်ပံတန်းမြို့နယ် အတွင်း၌ရှိသော ကျီးတော ဖောင်တော်ဦး စေတီ တော် မြတ်ကြီး(ခ) ပေါ်တော်မူ ဘုရား စေတီကြီးအား ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး ကိုယ်တိုင် ပဲခူးတိုင်း တိုင်းမှူး ဗိုလ်ချုပ်တင်အေး၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းညွန့်၊ ဗိုလ်မှူးချုပ်သိန်းအောင်၊ ဗိုလ်မှူးချုပ်လွန်းမောင်နှင့် ၀န်ကြီးအဖွဲ့ဝင်များနှင့် ကုမ္ပဏီမိသားစု ၅ ခုတို့မှ အလှူငွေများနှင့် ကျီးတော ဖောင်တော်ဦး စေတီတော်မြတ် ကြီးအား မင်္ဂလာအချိန်အခါ နံနက် ၈း၁၀ နာရီ၌ ရွှေထီးတော်ကြီးအား တင်လှူ ပူဇော်ခဲ့ပါသည်။ ထီးတော်တင်ပွဲအပြီး၌ လက်ပံတန်းမြို့၏ ကျက်သရေဆောင် လောကမာန်အောင်ရွှေ ဘုန်းရောင် စေတီတော်မြတ်ကြီး၏ ဘက်စုံပြုပြင်ရန်အတွက် အထက်မှဖော်ပြ ထားသော ကုမ္ပဏီ ၅ ခုမှ အလှူ ငွေများထည့်ဝင်လှူဒါန်းမှု ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ အနည်းငယ် တင်ပြရာတွင် ဒုတိယဗိုလ်ချုပ်ကြီး နှင့် အစိုးရ၀န်ကြီးများရှေ့၌ ရွှေသံ လွင်ကုမ္ပဏီမှ အလှူငွေတစ်သိန်း နှင့် သိန်းဆွေဝင်းကုမ္ပဏီ (ဦးခင် မြင့်)မှ အလှူငွေ တစ်သိန်း၊ မြန်နိုင်မြင့်ကုမ္ပဏီမှ အလှူငွေတစ် သိန်း၊ စူပါဝမ်းကုမ္ပဏီမှ အလှူငွေ တစ်သိန်းနှင့် တော်ဝင်မိသားစု ကုမ္ပဏီမှ အလှူငွေတစ်သိန်းစီကို အသီးသီး လှူဒါန်းမှုပြုလုပ်ခဲ့ပါ သည်။ ၎င်းလှူဒါန်းမှုမှာ ““ဖော် ရှိုး””သဘောမျိုး ငွေတစ်သိန်းကပ်ထားသော ပုံးခွံများအား လူကြီးများရှေ့၌ လှူဒါန်းမှုပြုလုပ်ခဲ့ပြီး ငွေသားမပါ ပုံးခွံများသာဖြစ်ပါသည်။ ယခုအချိန်အထိ အချိန် ကာလ ၁၃ နှစ်ကျော်ကြာခဲ့ပါပြီ။ ၎င်းတို့ထံမှ အလှူငွေများ မရရှိသေးကြောင်းကို ဘုရားကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံမှ ၀မ်းနည်းဖွယ်ရာ သိရှိလိုက်ရပါသည်။ ယခုလည်း ကျီးတောဖောင်တော်ဦးစေတီတော်ြ ယခုကျီးတောဖောင်တော်ဦး စေတီတော်မြတ်ကြီး၌ ကျောင်းထိုင်ဆရာတော် ဦးသောဘိတနှင့် ဦးခိုက်တွေ့ဆုံပြီး မိမိသိလိုသော အချက်များကို မေးမြန်းမိပါသည်။ ကျောင်းထိုင်ဆရာတော် ဦးသောဘိတ၏ ကျီးတောဖောင် တော်ဦးစေတီတော်ကြီး၏ သာ သနာအဓွန့်ရှည်ရန်အတွက် ရှေ့ လုပ်ငန်းစဉ်များနှင့် ယခုပြုပြင် ပြောင်းလဲလုပ်ဆောင်ချက်များကို အနည်းငယ်တင်ပြရလျှင် ယခုပွင့် လင်းရာသီ ရောက်ပြီးဖြစ်သည့် အတွက် ရွှေသင်္ကန်းကပ်လှူရန် အတွက် ငြမ်းများပြုလုပ်ထားမှုကို တွေ့ရှိရပါသည်။ နောက်စေတီ တော်ကြီး၏ အနောက်ဘက်၌ရှိ သော ဗောဓိပင်ကြီး၏ အောက်၌ ပဉ်္စ၀ဂ်ဂီရဟန်း ၅ ဦးပါနှင့် ဘုရား ပုံတော် တရားဦးဟောနေသော ဗုဒ္ဓရုပ်ပွားတော်ပုံကို ထုဆစ်ပြီး ၎င်းင်းရှေ့၌ ““သစ္စာတရားဓမ္မာရုံ အကျယ် (၄၅)ပေနှင့်၊ အမြင့် (၁၂) ပေ၊ အခန်း (၅) ခန်းဆောက် လုပ်ရန်အတွက် ရည်ရွယ်ထား ကြောင်း ပြောပြပါသည်။ ယခုလည်း ၁၈ ကြိမ်မြောက် မဟာပဌာန်းပူဇော်ပွဲကိုလည်း ပြာသိုလဆန်း (၁၄၊ ၁၅) နှင့်လပြည့် ကျော် ၁ ရက်နေ့ထိပြုလုပ်မည် ဖြစ်ကြောင်းသိရပါသည်။ ယခုကျွန်တော်လက်ပံတန်းသားကလောင် မြန်မာသံတော်ဆင့် သတင်းစာ by Myanmartandawsint Newspaper | ||
Posted: 06 Nov 2012 03:40 AM PST
ရန်ကုန်မြို.၊ ပန်းဘဲတန်းမြို.နယ်၊ အမှတ်(၉)ရပ်ကွက်၊ (၃၁)လမ်း အောက်လမ်း၊ အိမ်အမှတ်(၇၅) ပထမထပ်နေ၊ ဦးဗစ်ကီး(ခ)ဦးဝင်းနိုင်ထွန်း၊ အသက်(၄၂)သည် ၂၀၁၂ခုနှစ် နိုဝင်ဘာလ၆ရက် နံနက်၁နာရီ ၃၀မိနစ် အချိန်ခန်.တွင် အိမ်ခန်း အတွင်းရှိ တံခါးပေါက် ဘောင်တန်းအား တီဗွီအင်တနာ ကြိုးဖြင်.ချည်နှောင်ကာ မိမိကိုယ်ကို မိမိဆွဲကြိုးချကာ သတ်သေခဲ.ပါသည်။
သေဆုံးသူတွင် မကျမ်းမာသော အမေအိုကြီးနှင်. ညီမ၊နှင်. အတူသမီး၂ယောက် ကျန်ရစ်ခဲ.ပါသည်၊၄င်းအမှုဖြစ် by Myanmar News Now | ||
Posted: 06 Nov 2012 03:10 AM PST
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ပဋိပက္ခ အခြေ အနေများ ကိုထိမ်းသိမ်းနိုင် ရန် တရားမဝင် ကိုင်ဆောင်ထား သည့် လက်နက် ဥပဒေပါ လက်နက် များကို နီးစပ်ရာ ရဲစခန်းများနှင့် လုံခြုံရေး အဖွဲ့များထံ သုံးရက်အတွင်း အပ်နှံရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့ပြီးနောက်ပိုင်း သက်ဆိုင်ရာသို့ လက်နက်များ လာရောက် အပ်နှံ မှုများ ရှိကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ်အဖြစ် လူဦးရေ ၈၉ ဦးသေဆုံးပြီး ၁၃၆ ဦးဒဏ်ရာရရှိကာ လူနေအိမ် ၅၃၅၁ အိမ်မီးလောင်ပျက်စီးဆုံးရှုံး၍ လူဦးရေ ၃၂၂၃၁ ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် တစ်ကျော့ပြန်အရေးအခင်းအား ငြိမ်းချမ်းစွာဖြေရှင်း နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း တရားမဝင် ကိုင်ဆောင်ထားသည့် သေနတ်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြား၊ ဂျင်ကလိ၊ လက်နက် အစိတ်အပိုင်းနှင့် လက်နက် ထုတ်လုပ်သော ဆက်စပ်ပစ္စည်းများ အားလုံးကို နီးစပ်ရာရဲစခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များထံ အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ နိုဝင်ဘာလ ၃ ရက်နေ့အတွင်း လာရောက် အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း လာရောက်အပ် နှံမှုမရှိပါက ယင်းတရားမဝင်လက်နက် ကိုင်ဆောင်ထားသူများကို ဥပဒေအရထိရောက်စွာ အရေးယူသွားမ ည်ဖြစ်ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးကကြေညာခဲ့ြေ ယင်းကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်း ရခိုင်ပြည်နယ် အတွင်းရှိတစ်ချို့မြို့ နယ်များတွင် အဆိုပါတရား မဝင်လက်နက် များအား လာရောက်အပ်နှံမှုများရှိကြကြောင် ''တစ်ချို့ဒေသတွေမှာတော့ လာရောက်အပ်နှံမှုတွေရှိပါတယ်။ ဘယ်ဒေသတွေမှာအပ်ပြီးတော့ လာအပ်တဲ့ လက်နက် အမျိုးအစား အတိအကျစာရင်းကိုတော့ ကျွန်တော်တို့မရရှိသေးပါဘူး။ ဒါပြည်နယ်မှူးကို မေးရမယ့် ကိစ္စမို့ ကျွန်တော်ပြည်နယ်မှူး ကိုမေးပေးပါ့မယ်။ မေးပေးအပြီး ကျွန်တော်ပြန်ဆက်သွယ် ပေးပါ့မယ်။ ကျွန်တော်တို့ ခုလောလောဆယ် သိထားတာ ကတော့ မောင်တောတို့၊ ကျောက်တော်တို့ ဘက်မှာ လာအပ်တယ်လို့ သိရပါ တယ်''ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တရားမဝင်ကိုင်ဆောင်ထားသည့်လက် မာန်ယုကျော်(ရွှေဝမြေ) - Yangon Media Group
| ||
Posted: 06 Nov 2012 03:04 AM PST
အောက်တိုဘာလ ၃၁ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိဗလီတစ်ခုမှ လက်နက်များ တွေ့ရှိဖမ်းဆီး ရမိသဖြင့် ယင်းနှင့်ပတ်သက်သည့် တရားခံဘင်္ဂလီနှစ်ဦး အား သံတွဲရဲစခန်းမှ ဖမ်းဆီးရုံးတင် စစ်ဆေးလျ
က် ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အောက်တိုဘာလ ၃၁ ရက်နေ့တွင် သံတွဲမြို့ပေါ်ရှိဗလီနှင့် ဘုန်းကြီးကျောင်းများအား စစ်ဆေးရှာ ဖွေရန်ဆုံးဖြတ်ချက် အရ သံတွဲမြို့နယ်ရဲမှူး၊ စသုံးလုံး၊ မြို့နယ်ထွေအုပ်၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများပါဝင်သည့်အဖွဲ့သည် ယင်းနေ့၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် သံတွဲမြို့ ၃ ရပ်ကွက်ရှိ ဂျာမေ့ဗလီသို့ရှောင် တခင်ဝင်ရောက် ရှာဖွေခဲ့ရာ ဗလီဆရာတစ်ဦးနှင့် ဗလီဂေါပက တစ်ဦးတို့ အားတွေ့ ရှိပြီး ဗလီအတွင်းမှ သံပိုက်လုံးတပ်ဆင်ထားသော အရှည် ၅ ပေ ၉ လက်မခန့်ရှိ အသွားသံလျက် ပုံပါ လှံ တစ်ချောင်း၊ ဓါးအရိုးသံပိုက်လုံး ၂ ပေ ၃ လက်မခန့်ရှိ ဓါးဦးချွန်ဓါးရှည်တစ်ချောင်း၊ ဝါးရိုးတပ်ထား သော ၂ ပေ ၃ လက်မခန့်ရှိ ဓါးရှည်တစ်ချောင်း၊ သံဖြင့်ပြုလုပ်ထားသော ဂျင်ဂလိ ၁၅ ချောင်း၊ ဖူဂျီ ဆပ်ပြာပလက်စတိတ်ဘူးဖြင့် ထည့်ထားသော ဂေါ်လီလုံး ၁၇၈ လုံး၊ လောက်စာလုံးလေးဂွပိုက်အရွယ် ကျောက်ခဲ ၁၃ လုံး၊ ကျွဲချိုဖြင့်ပြုလုပ် ထား သော လေးဂွ ၂ ခုနှင့် သစ်သားလေးဂွ ၁ ခု၊ အလျား ၁ ပေခန့် အနံ ၁၀ လက်မခန့်ရှိ လွယ်ကြိုးပါသော လွယ်အိပ်သားရေ အညိုရောင်အိပ်တစ်လုံး၊ အနီရောင်ဆေး သုတ်ထားသော ၃ ပေခန့်ရှိ သံပိုက်လုံး ၁ ချောင်း၊ အနီရောင်ဆေးသုတ်ထားသော ၂ ပေခန့်ရှိ သံပိုက်လုံး ၁ ချောင်း၊ BINOCULARS တံဆိပ်ပါ ပြောက်ကျား မှန်ဘီလူး ၁ ခုနှင့် မှန်ဘီလူးထည့်သည့် အစိမ်းရောင်ပြောက်ကျား အိပ်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိ ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဗလီဆရာဦးချစ်ဦး (ခ)ဝါဟစ် (၆၁ နှစ်၊ ဘ-ဦးညီလေး၊ ဘင်္ဂလီ/ အစ္စလာမ်၊ သံတွဲမြို့ ၂ ရပ်ကွက်နေသူ)နှင့် ဗလီဂေါပက ဦးတင်အောင်(ခ)ဟာနီဖာ (၇ဝနှစ်၊ ဘ-ဦးရွှေသီး၊ ဘင်္ဂလီ/အစ္စလာမ်၊ သံတွဲမြို့ ၂ ရပ်ကွက်နေသူ)တို့အား သံတွဲရဲစခန်းမှ (ပ)၁၁၄/၂၀၁၂၊ လက်နက်ပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေး ယူစစ်ဆေးလျက် ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေေ မာန်ယုကျော်(ရွှေဝမြေ) - Yangon Media Group | ||
Posted: 06 Nov 2012 02:57 AM PST
နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ(၈) အမှတ် (၄၃)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 06 Nov 2012 02:40 AM PST
| ||
Posted: 06 Nov 2012 02:34 AM PST
| ||
Posted: 06 Nov 2012 02:25 AM PST
| ||
Posted: 06 Nov 2012 02:17 AM PST
| ||
Posted: 06 Nov 2012 02:11 AM PST
| ||
Posted: 06 Nov 2012 02:04 AM PST
| ||
Posted: 06 Nov 2012 01:12 AM PST
မဇ္ဈိမ အပတ်စဉ် ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၇)၊ အင်္ဂါနေ့၊ နိုဝင်ဘာလ (၆) ရက်၊ ၂၀၁၂ ခုနှစ်
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 05 Nov 2012 07:23 PM PST
အာဖဂန် နစ္စတန်က နေတိုး တပ်ဖွဲ့နဲ့ အစိုးရကို တော်တော်များများ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ ဟတ်ကာနီ စစ်သွေးကြွ အဖွဲ့ကို နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အမိန့်ထုတ် လိုက်ပါတယ်။
အခုတော့ ဒီအမိန့်အရ ဟက်ကာနီ အဖွဲ့နဲ့ အဖွဲ့ အကြီးအကဲ Qari Zakir ရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်လိုက်ပြီး သူတို့ရဲ့ ခရီးသွားလာခွင့်တွေနဲ့ သူတို့ကို လက်နက် ရောင်းချမှုတွေကို ပိတ်ပင် တားမြစ်လိုက်တာ ဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီရဲ့ လက်ရှိ အဖွဲ့ဝင် နိုင်ငံ တခု ဖြစ်တဲ့ ပါကစ္စတန်နဲ့ ဟတ်ကာနီ အဖွဲ့တို့ဟာ ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်မှုတွေ ရှိခဲ့တာပါ။ ဒီလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
| ||
Posted: 05 Nov 2012 07:24 PM PST
ဒီကနေ့ နိုဝင်ဘာ ၆ ရက်မှာ တကမ္ဘာလုံးက စိတ်ဝင်စားနေကြတဲ့ အမေရိကန် သမ္မတရွေး ကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မနေ့ကတော့ လက်ရှိသမ္မတဘာရက် အိုဘားမားနဲ့ ပြိုင်ဘက် သမ္မတလောင်း ရီပတ်ဘလေကန် မစ် ရွမ်နီတို့ နောက်ဆုံး ရက်အဖြစ် ဟိုဘက်ဒီဘက် မဲအကူးအပြောင်းလွယ်တဲ့ ပြည်နယ်တွေမှာ အဓိက ထားပြီး အကြိတ်အနယ် မဲဆွယ်ခဲ့ကြပါတယ်။
သမ္မတအိုဘားမားဘက်က နာမည် ကျော် အနုပညာရှင်တွေ များစွာပါဝင် မဲဆွယ်ပေးခဲ့ကြပြီး ကမ္ဘာကျော် အဆိုတော် ဘရုစ် စပရင်း စတင်းကတော့ ဝစ္စကွန်ဆင်ပြည်နယ်မှာ လူထုကို ဖျော်ဖြေလို့ သမ္မတ မဲဆွယ်ဆောင်ပုဒ် ရှေ့သို့ ဖောဝပ်သီချင်းကို အတိုင် |
[Message clipped] View entire message
0 comments:
Post a Comment