မဟာပဇာပတိဂေါတမီ ဘိက္ခုနီမအကြောင်း သိကောင်းစရာ
by Moenge Aung on Wednesday, November 21, 2012 at 6:04pm
သဒ္ဒါ ,သတိ ,၀ီရိယ, ပညာ, ဟူသော ကြီးပွါးကြောင်းတရားများဟာ ...ဘ၀နေ၀င်ချိန်ကို လှပစေပြီး နောက်ဆုံး အိုခြင်းကင်းရာ သေခြင်းကင်းရာ ၊မနှစ်သက်အပ်တဲ့ သတ္တ၀ါ သင်္ခါရတို့နှင့် တွေ့ဆုံခြင်း ဆင်းရဲကင်းရာ၊.နှစ်သက်အပ်တဲ့သတ္တ၀ါသင်္ခါရတို့ နှင့်ကွေကွင်းရခြင်း ဆင်းရဲကင်းရာ ၊ အသင်္ခတဓါတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ စံမြန်းလေပြီးသော မဟာပဇာပတိဂေါတမီ ဘိက္ခုနီအကြောင်းကို
တိပိဋိကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ရေးသားပြုစုသော မဟာဗုဒ္ဓ၀င် ကျမ်းလာအတိုင်း ထုပ်ဖေါ်၍ ဆရာလေးရဲ့ဓမ္မမိတ်ဆွေများ ကြည်ညို သဒ္ဒါ ပွါးများ နိုင်ကြပါစေခြင်းအကျိုးငှာ
ဓမ္မဒါနဖြင့် မျှဝေလိုက်ပါသည်။
မဟာပဇာပတိဂေါတမီထေရီမ၏အလောင်းအမျိုးကောင်းသမီးသည်ပဒုမု
တ္တရာမြတ်စွာဘုရား လက်ထက်တော် အခါဝယ်
ဟံသာဝတီမင်းနေပြည်ဖြစ်လတ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏
တရားဒေတနာကို ကြားနာစဉ်မြတ်စွာဘှုရားရှင်က ဘိက္ခုနီမ တပါးကို
ညဥ့်အပိုင်းအခြားကို သိကြသော ဘိက္ခုနီ -၀ါကြီးသော ဘိက္ခုနီမတို့အနက်
အသာဆုံး အမြတ်ဆုံး - ဧတဒဂ် ရာထူး၌ ထားတော်မူသည်ကို
တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် တိုရတ္တညူဧတဒဂ်”
ရာထူးဌာနန္တရကို ဆုတောင်းပတ္တနာမှု ပြုလေ၏။
ပဒုမုတ္တရ မြတ်စွာဘုရားသည်လည်း ဗျာဒိတ်စကားမိန့်ကြားတော်မူလေ၏။
”ရေခပ်ကျွန်မ အကြီးအကဲဘ၀”
ရေခပ်ကျွန်မအမျိုးသမီးသည်အသက်ထက်ဆုံး အလှူကိုပေးလှူကာ
သီလကိုစောင့်ထိန်း၍
ထိုဘ၀မှစုတေလတ်သော်နတ်ပြည်၌ ဖြစ်ပြီးလျှင်တဖန်တခုသောဗုဒ္ဓ
န္တရခေတ်၌ နတ်ပြည်မှ
စုတေခဲ့၍ဗာရာဏသီပြည်ဝယ်ရေခပ်ကျွန်မငါးရာတို့၏အကြီးအကဲကျွန်မြ
ဖစ်လာ၏။
ထိုနောက်ဝါ
လကပ်သောအခါပစ္စေကဗုဒ္ဓါအရှင်မြတ်ဆူတို့သည်နန္ဒမူလိုဏ်မှကြွလာေ
တ်ာမူကာဗာရာသီပြည်ဣသိပတနမိဂဒါ ၀ုန်ု
ု်တော၌သက်ဆင်းတော်မူကြ၍မြို့၌ဆွမ်းခံလှည့်လည်တော်မူကြပြီးလျှင်မိဂ
ဒါဝုန်တောသို့တဖန်ပြန်ကြွတော်မူကြပြီး“၀ါဆိုရန် ကျောင်းငယ်အလို့ငှာ
လက်အမူ-ဟတ္ထကံကို တောင်းခံကြကုန်အံ့ဟု ကြံစည်တိုင်
ပင်ကြလေ၏။ဆိုခါနီးကပ်လျှင်ဝါ
ဆိုကျောင်းရှာရမြဲဓမ္မတာဖြစ်သောကြောင့်ပစ္စေကဗုဒ္ဓါ၅ဆူတို့သည်“ဟတ္ထ
ကံကိုတောင်းခံကြကုန်အံ့”ဟုသင်္ကန်းရုံတော်မူကြကာညနေချမ်းအခါ၌မြို့
တွင်းသို့ဝင်၍ဗာရာဏသီသူဌေး၏အိမ်တံခါး၌ရပ်တော်မူကြလေကုန်၏။
ရေခပ်ကျွန်မအကြီးအကဲဖြစ်သော အမျိုးသမီးသည် ရေအိုးရွက်၍
ရေဆိပ်သို့ သွားစဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ်၅ဆူတို့ မြို့တွင်းသို့
ဝင်တော်မူကြသည်တို့ကို မြင်လိုက်ရလေ၏။
ဗာရာဏသီသူဌေးသည်ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကြွလာတော်မူကြသော
အကြောင်းကိုကြားသိပြီးလျှင်
“တပည့်တော်တို့မှာအရှင်ဘုရားတို့အားဟတ္ထကံပေးနိုင်ရန်အခွင့်မရှိ၊
ကြွတော်မူကြကုန်လော့” ဟု ပစ်ပစ်ခါခါ
စကားပြောကြားလိုက်လေသည်။ထိုအခါပစ္စေကဗုဒ္ဓါ အရှင်မြတ်၅ဆူတို့
မြို့တွင်းမှ ပြန်ကြွကာ ထွက်လာကြသည်တိုကို
ရေခပ်ကျွန်မအကြီးအကဲအမျိုးသမီးသည်ရေအိုးကိုရွက်၍မြို့တွင်းသို့ဝင်စဉ်
ပက်ပင်းတွေ့မြင်ရ၍ရေအိုးကိုချကာရှိခိုးဦးညွတ်လျှက်မျက်နှာကိုမော့ချီကာ
“အရှင်မြတ်တို့သည်မြို့တွင်းသိုင်ပြီးကာမျှဖြစ်ကြ၍လျှင်ပြန်လည်ထွက်ခွါေ
တ်ာမူခဲ့ကြကုန်ပြီ၊ဘယ်လိုအကြောင်းရှိပါသနည်း”ဟုမေးလျှောက်လေ၏။
ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က“ါဆိုကျောင်းငယ်အတွက်ဟတ္ထကံလက်အမူကို
တောင်းခံရန်ငါတို့လာခဲ့ကုန်ပြီ” ဟုမိန်တော်မူကြလေလျှင်အမျိုးသမီးသည်
“ရခဲ့ပါပြီလားအရှင်ဘုရားတို့”ဟု မေးပြန်လေ၏
ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က“မရခဲ့ပါဒါယိကာမ”ဟုမိန့်တော်မူကြလေလျှင်
အမျိုးသမီးသည်အရှင်မြတ်တို့....ဤ၀ါဆိုကျောင်းဆိုသည်ကိုအစိုးရသူလူ
ကုံထံတို့သာဆောက်လုပ်လှူဒါန်းကောင်းပါသလောသို့မဟုတ်တပည့်တေ
ာ်များဆင်းရဲသားတို့
သည်လည်းဆောက်လုပ်လှူဒါန်းနိုင်ပါသလောဟုမေးပြန်လေ၏။
ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က“အစိုးရသူလူကုံထံဖြစ်စေ .
ဆင်းရဲသားဖြစ်စေမည်သူမဆိုဆောက်လုပ်လှူဒါန်းနိုင်၏ဒါယိကာမ”ဟုမိန့်
တော်မူကြလေလျှင်
အမျိုးသမီးသည်“ကောင်းပါပြီအရှင်ဘုရားတို့တပည့်တော်မတို့ဆောက်လု
ပ်လှူဒါန်းကြပါမည်၊
နက်ဖြန်ခါတပည့်တော်မ၏ဤယခုပင့်ဖိတ်သည့်ဆွမ်းကိုအလှူခံတော်မူကြ
ပါဘုရား”ဟုပင့်ဖိတ်၍ရေအိုးကိုတဖန်ကောက်ယူကာ ( မြို့ တွင်းသို့
ပြန်မသွားသေးပဲ) လာခဲ့ရင်းဖြစ်သည့်ရေဆိပ်လမ်း ၌ ရပ်တည်၍ လာတိုင်း
လာတိုင်းသော ကြွင်းကုန် သည့်  ရေခပ်ကျွန်မတို့ကို “ဤနေရာ၌
ရှင်မတို့ ထိုင်ကြလော့ ” ဟု စုဝေးဖိတ်ခေါ်လေ၏။
ရေခပ်ကျွန်မငါးရာစုံညီကြသောအခါ “အမိတို့..အမြဲတစေသူတပါး၏
ကျွန်မအလုပ်ကိုသာ ပြုလုပ်လိုကြသလော၊
သို့မဟုတ်ကျွန်မအဖြစ်မှလွတ်လိုကြသလော့”.. ဟုမေးမြန်းလေ၏။
အားလုံးရေခပ်ကျွန်မတို့ “အိုရှင်မ...ငါတို့သည်ယနေ့ပင် ကျွန်မအဖြစ်မှ
လွတ်လိုကြပါကုန်၏”ဟု တညီတညွတ်တည်း ပြောဆိုကြလေလျှင်
ထိုအကြီး အကဲ အမျိုးသမီးသည် “ယင်းသို့လျှင်ဖြစ် ငါသည် ဟတ္တက =
လက်မှုတောင်းခံ၍ မရကြသည် ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅ဆူတို့ကို
နက်ဖြန်ကောင်းမှုကုသိုလ်အလို့ငှာ ပင့်ဖိတ်အပ်ပြီးကုန်ပြီ ၊ အမိတို့၏
အရှင်သခင် လင်ယောက်ျားများကို တနေ့တာမျှ ဟတ္ထက =လက်အမှုကို
လှူဒါန်းကြပါကုန်စေ”ဟု တိုက်တွန်းစကား ပြောကြားလေ၏။
ထိုရေခပ်ကျွန်မတို့သည် ကောင်းပါပြီ” ဟု ၀န်ခံကြ၍ ညနေချမ်းအခါ
တောအုပ် အလုပ်လုပ်ပြီး၍ ပြန်လာကြသော မိမိတို့၏ သခင်
လင်ယောက်ျားများအား ထိုအကြောင်းကို ပြောကြားကြလေကုန်၏ ။
ထိုလင်ယောက်ျားတို့သည်လည်း “ကောင်းပြီ”ဟု အားလုံးသဘောတူ
ဝန်ခံကြကာ အကြီးဆုံးကျွန်ယောက်ျား၏ အိမ်တံခါးဝ၌
စည်းဝေးညီမှုကြလေကုန်၏ ။
ထိုအခါ ကျွန်ယောက်ျားတို့ကို ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည်
“အမောင်တို့... နက်ဖြန်ခါ ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅ဆူတို့အား
ဝါဆိုကျောင်းဆောက်လုပ်ရန် ဟတ္ထကံ= လက်အမှု ကို လှူကြကုန်လော့”
ဟု တိုက်တွန်းစကား အကျိုးအာနိသင်ကို ဖော်ပြကာ ပြောကြားပြီးလျှင်
မလိုက်နာလိုသော ကျွန်ယောက်ျားများကိုလည်း အတင်းအကြပ်
တရားဟောပြ အဆုံးအမဖြင့် ခြိမ်းခြောက်၍ အားလုံးကိုပင် ၀န်ခံစေလေ၏
။ ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် နောက်တနေ့၌
ပစ္စေကဗုဒ္ဓါတို့အား ဆွမ်းလှူပြီးလျှင်
ဟတ္ထကံ=လက်အမှုလှူဒါန်းကျွန်သားတို့အား အမှတ်ချက် ပေးလိုက်လေ၏
။ ကျွန်ယောက်ျားငါးရာတို့သည် ထိုခဏမှာပင်တောသို့ဝင်ကြ၍
သစ်အဆောက်အဦတို့ကို စုပေါင်း သယ်ဆောင်ခဲ့ကြပြီးလျှင်
လူတရာလျှင်တကျောင်းကျစီ စင်္ကြံ၊ နေ့သန့်ရာ - စသည်နှင့်တကွသော
ဝါဆိုကျောင်း ၅ကျောင်းကို ဆောက်လုပ်ကြ၍ ညောင်စောင်း၊ အင်းပျဉ်
သောက်ရေ သုံးရေ စသည်တို့ကို မလိုရအောင် တည်ထားကြလျက်
ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား ၀ါတွင်းသုံးလပတ်လုံး ထိုမိမိတို့၏
ဝါဆိုကျောင်းများ၌ နေထိုင်သီတင်းသုံးရန် လျှောက်ထားတောင်းပန်
ခံဝန်ချက် ရယူပြီးလျှင် အလှည့်ကျဆွမ်းအလှူဒါနကို ပေးလှူကြလေကုန်၏။
မိမိအလှည့်ကျသော နေ့၌ ဆွမ်းလှူရန်မတတ်နိုင်သော ရေခပ်ကျွန်မအား
အကြီးအကဲ ကျွန်မ အမျိုးသမီးသည် မိမိတို့အိမ်မှပင်
ဆွမ်းအလျာပစ္စည်းများကို ထုတ်၍ ပေးလေ၏
ဤသို့ဝါတွင်းသုံးလကြာပြုစုလုပ်ကျွေးကာဝ
ါကျွတ်ခါနီးလတ်သော်ရေခပ်ကျွန်မအကြီးအကဲ အမျိုးသမီးသည်
ကျွန်မတယောက် တယောက်လျှင်အ၀တ်အထည် တထည်ကျစီ
စီမံရက်လုပ်စေလေ၏ ။ ထိုသို့စီမံချက်အရ
အ၀တ်ကြမ်းအထည်ငါးရာတို့ကိုမှ တဖန် လဲလှယ် ဖလှယ်၍ အကြီးအကဲ
ရေခပ်ကျွန်မသည် ပစ္စေဗုဒ္ဓါ ၅ဆူတို့အား တိစီဝရိက် ( သင်္ကန်းကြီး ဧကစ္စီ
သင်းပိုင်) သင်္ကန်းအချော သုံးထည်စီ ပြုလုပ်ကာ ဆက်ကပ် လှူဒါန်းလေ၏
။ ပစ္စေကာဗုဒ္ဓါအရှင်မြတ်တို့သည် ထိုကျွန်မတို့ ကြည့်ရှု နေကြစဉ်ပင်
ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွတော်မူကြလေကုန်၏ ။
0 comments:
Post a Comment