အိုဘားမားမှာ မြန်မာပြည်သို့ လာရောက် လည်ပတ်သည့် စတုတ္ထမြောက် အမေရိကန် သမ္မတဖြစ်။
Author: lubo601 |
6:27 PM |
No မှတ်ချက် |
- မြန်မာပြည်သို့ ပထမဆုံးလာရောက် လည်ပတ်သော အမေရိကန် သမ္မတမှာ Ulysses S. Grant ဖြစ်ပြီး ၁၈၇၉ တွင်လာရောက်ခဲ့ပါသည်။ Grant သည် ၁၈၆၉ မှ ၁၈၇၇ အထိ အမေရိကန် သမ္မတဖြစ်ခဲ့ပြီး၊ မြန်မာပြည် ရန်ကုန်နှင့် မော်လမြိုင်မြို့များ သို့ သမ္မတဟောင်း တစ်ဦး အနေဖြင့် လာရောက်ချိန်တွင် အထက်မြန်မာပြည်တွင် သီပေါမင်းထီးနန်းစိုးစံ လျက်ရှိပါသည်။
မြန်မာပြည်ရောက်ဖူးတဲ့ ဒုတိယမြောက် သမ္မတမှာ Herbert Hoover ဖြစ်ပြီး၊ ၁၉၀၅ ခုနှစ် နှင့် ၁၉၀၇ ခုနှစ်များတွင် မြန်မာနိုင်သို့ နှစ်ကြိမ်တိုင် တိုင် လာရောက် လည်ပတ် ခဲ့ဖူး ပါသည်။
သူသည် ၁၉၂၉ မှ ၁၉၃၃ အထိ အမေရိကန် သမ္မဖြစ်ခဲ့ပြီး သမ္မတ ဖြစ်မီက မြန်မာပြည် ရောက်ဖူးခြင်း ဖြစ်သည်။
တတိယမြောက် အမေရိကန် သမ္မတမှာ Richard Nixon ဖြစ်ပြီး အမေရိကန် ဒု-သမ္မတ အဖြစ် ၁၉၅၃ တွင် တစ်ကြိမ်၊ အမေရိကန် သမ္မတဟောင်း အဖြစ် ၁၉၈၅ တွင် တစ်ကြိမ် လာရောက်ခဲ့ဖူးပါသည်။
အထက်ပါ အချက်အလက်များအရ မစ္စတာ ဘားရက် အိုဘားမားကတော့ မြန်မာပြည်သို့ လာရောက်လည်ပတ်သော စတုတ္ထမြောက် အမေရိကန် သမ္မတ ဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင်- မစ္စတာ အိုဘားမားသည် သမ္မတတာဝန် ထမ်းဆောင် နေစဉ် အတွင်း မြန်မာပြည်သို့ လာရောက်သည့် ပထမဆုံးသော သမိုင်းဝင် အမေရိကန် သမ္မတ ဖြစ်ကြောင်းကိုမူကား အထူး ပြောစရာ လိုမည် မထင်ပေ။
(BSN ၏ ယခင်ပို့စ် အများစု ကဲ့သို့ ဟာသ မဟုတ်ဘဲ ဗဟုသုတ အလို့ငှာ သတင်းမှန် ဖော်ပြခြင်း ဖြစ်ပါကြောင်း)
အသေးစိတ် သိချင်ရင်- မြန်မာတိုင်း မှာပါတဲ့ Creeping tigers, intelligent elephants and befriending communists: memoirs of visits by three former US presidents [လေ့လာ ရေးသားသူ- Tim McLaughlin] (စာမျက်နှာ ၁ နှင့် ၂) ကို ဖတ်ပါ
http://www.mmtimes.com/index.php/special-features/ 153-sanctions-to-sucess/ 3191-creeping-tigers-intelligen t-elephants-and-befriending-co mmunists-memoirs-of-visits-by- three-former-us-presidents.htm l?limitstart=0
(ပူးတွဲပါပုံ- “အမေရိကန် ဒု-သမ္မတ နစ်ဆင်နဲ့ မြန်မာသမ္မတတ ဒေါက်တာဘဦး ပုံ” ကိုတော့ မြန်မာတိုင်းက “ရင်းမြစ် မသိပါ” လို့ ရေးထားပေမဲ့..ကျွန်တော် ဇီးကွက်မျက်ပြူးကတော့ အမေရိကန် ပြန်ကြားရေး ဌာနာက ၁၉၈၀ ပြည့်လွန်နှစ်များ အတွင်း ထုတ်ဝေတဲ့ ရွှေလမ်းငွေလမ်း- (ရေးသူ - ဦးညိုမြ) စာအုပ်ထဲမှာ ပထမဆုံး မြင်တွေ့ဖူးပါတယ်ခင်ဗျာ။
စကားမစပ်- BSN ရဲ့ သဘာဝ အတိုင်း ဟာသ ပြောရရင် ဒီပလ္လင်ပေါ် ထိုင်သူများ အားလုံး အိမ်သာ တက်ချင်ကြတဲ့ အတွက် ဒေါက်တာ ဘဦးနဲ့ နစ်ဆင်တို့ ပလ္လင်ပေါ် မထိုင်ရဲကြခြင်း ဖြစ်တယ်လို့ ကွယ်လွန်သူ ဖဆပလခေတ် ၀န်ကြီးဟောင်း တစ်ဦးရဲ့ ပေါက်ကရ ပြောပြချက်ကိုလည်း မှတ်သား နားထောင်ခဲ့ဖူးပါကြောင်း။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment