သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁၁)
သစ်ထူးလွင်
|
- နိုဝင်ဘာလ (၂၀) ရက်နေ့ ထုတ် ဖလားဝါးနယူး(စ်)ဂျာနယ် အတွဲ(၈) အမှတ်(၄၅)
- ဓာတ်ဆီထည့်ရာမှ နေအိမ်နှစ်လုံး မီးလောင်
- သံတွဲ-ရန်ကုန်ကားများပေါ်တွင် မွတ်စလင်များမပါရေးကြပ်မတ်ရန် ညွှန်ကြားချက်ထုတ်
- မုံရွာတွင် တရားမ၀င်ကျောက်စိမ်းရိုင်းတုံး
များ (၁၆၅)အိတ်ဖမ်းဆီးရမိ - အမရပူရမြို့နယ် ဓာတ်ဆီဂိုထောင်မှာ ၁ နာရီနီးပါး မီးလောင်း (ရုပ်/သံ)
- လက်ပန်းတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေး တောင်းဆို၊ သမ္မတရုံးဝန်ကြီး သွားရောက်မေးမြန်း
- ၁ ရက် လျှပ်စစ်မီး ၄ နာရီ ပြန်ရရေး ဘိုကလေး ဒေသခံများ ဆန္ဒထုတ်ဖော်
- တိုင်းရင်းသားတက္ကသိုလ် ကျောင်းသားများ ဆန္ဒထုတ်ဖော်
- ဒေါ်အောင်ဆန်းစုကြည်က ‘Burma’ လို့ပဲ ဆက်ခေါ်မည်
- နိုင်ငံတွင်း တရားစီရင်မှုနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက် ၁၉ ချက်ပါ ကြားဖြတ်အစီရင်ခံစာ လွှတ်တော်၌တင်သွင်း
- OIC အတွင်းရေးမှူးချုပ် မြန်မာပြည် လာရန် စီစဉ်နေ
- နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် EURO SPORTS JOURNAL VOL 4. NO 32
- နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁၃
- မိုးထိမိုးမိ ရွှေလုပ်သားများမှ ခေါင်းဆောင်ငါးဦး ရိုက်နှက်ဖမ်းဆီးခံရ
- မကူညီချင်နေပါ ဒုက္ခမပေးပါနဲ့
- နိုဝင်ဘာလ (၂၄) ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၃၇)
- နိုဝင်ဘာလ (၂၂) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ်(၈၄၆)
- နိုဝင်ဘာလ (၂၁) ရက်နေ့ ထုတ် Good health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ်(၄၁၂)
- ဖွံ့ဖြိုးရေး ကျောင်းသားတွေ ချီတက် ဆန္ဒပြ
- shade journal အတွဲ(၇)၊အမှတ်(၂) နိုဝင်ဘာ ၂၈ မှ ဒီဇင်ဘာ ၄ ရက်နေ့ထိ။
- နည်းပညာဖြင့်အလှည့်စားခံနေရသော ရဲတပ်ဖွဲ့နှင့်ဒုစရိုက်နှိမ်နှ
င်းရေးအဖွဲ့များ - ရေဘေးပြီး သူကြီးဘေးပါ ခံနေကြရတဲ့ မီးလောင်ကျွန်းရွာ
- “ ကောင်းမွန်သော အစိုးရ၊သန့်ရှင်းသော အစိုးရ၏ ဇာခန်းဆီးနောက်ကွယ်မှာ ”ထင်လင်းဦး ( Wisdom Villa)
- ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြသူများ မုံရွာမြို့ကို ချီတက်
- ငလျင်ဘေးသင့်သူတွေ အကူညီများစွာလိုအပ် (ရုပ်/သံ)
Posted: 23 Nov 2012 07:12 AM PST
| ||
Posted: 23 Nov 2012 07:03 AM PST
ရန်ကုန်၊နိုဝင်ဘာ-၂၃
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် သမကုန်းအ၀ိုင်းအနီး (၁၁)ရပ်ကွက်ရှိ လူနေအိမ်နှစ်လုံး ယနေ့နံနက် ၉ နာရီကျော်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အမှတ်(၁၁)ရပ်ကွက် မန္တလေးလမ်းနှင့် ခိုင်သဇင်လမ်းထောင့်ရှိ တရားမ၀င် ဓာတ်ဆီသိုလှောင်နေသော လူနေအိမ်မှစတင်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြော ဓာတ်ဆီများအား ပုံးတစ်ခုမှတစ်ခုသို့ လဲလှယ်ရာမှ စတင်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဓာတ်ဆီလဲလှယ်သည့် အိမ်ရှင်အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။ မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ် ၂၂ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီးဖြင့် ငြိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၆ သိန်းကျော် မီးလောင်ကျွမ်းခဲ့ကြောင်း အထက်ပါအရာရှိကပင် အတည်ပြုပြောကြားသည်။ 7Day News Journal
| ||
Posted: 23 Nov 2012 07:01 AM PST
သံတွဲမြို့မှ ရန်ကုန်သို့ သွားသော အဝေးပြေး ခရီးသည်တင် ယာဉ်များတွင် အစ္စလာမ် ဘာသာဝင်များ မပါရှိစေရေး ကြပ်မတ်ရန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။
ခရိုင်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ယင်းညွှန်ကြားချက်အား မြို့နယ် မ.ထ.သ က နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် အဝေးပြေးကားလိုင်းများထံဆက်လက် ဒေသခံတစ်ဦးက“ လေယာဉ်နဲ့သွားမယ်ဆိုရင် ကားခထက် လေးငါးဆမက ကုန်တာပေါ့၊ တော်ရုံနဲ့ ခရီးသွားဖို့ မလွယ်တော့ဘူး” ဟုပြောသည်။ သံတွဲ- ရန်ကုန်ကားခမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် အထိဖြစ်ပြီး လေယာဉ်ခ များမှာ မြန်မာ့ လေကြောင်း ၄၈၀၀၀ ကျပ်နှင့် ကျန်ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ၇၅၀၀၀ ကျပ်ဖြစ်သည်။ “တစ်ကယ်ဆိုရင် ကားလမ်းမှာ လုံခြုံမှု မရှိဘူးဆိုရင် အာဏာပိုင်တွေက လုံခြုံရေးစီစဉ်ပေးသင့်တယ်” ဟုလည်းအခြား ဒေသခံ တစ်ယောက်က ပြောသည်။ အဆိုပါ ညွှန်ကြားစာများတွင် မည်သည့် အကြောင်းကြောင့်ဟုမပါရှိပဲ နောက်ထပ်ညွှန်ကြားချက်မရမီ အချိန်ထိ လိုက်နာရန်ဟုသာ ဖော်ပြ ထားသည်။ Yangon Press International | ||
Posted: 23 Nov 2012 06:47 AM PST
တရားမ၀င် သယ်ဆောင်လာသော ကျောက်စိမ်း ရိုင်းတုံးများ ကို ဆာလာအိတ်ဖြင့် ထုပ်ပိုး၍ ဖားကန့်မြို့နယ် ဟောင်ပါး ရွာမှ တဆင့် ချင်းတွင်းဖြစ်ကြောင်း တိုင်း စက်လှေဖြင့်စုန်ဆင်း သယ်ဆောင်လာပြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက် တာဝါတိုင်ဆိပ် တွင် ယူဒီကောင်တာ (၆)ဘီး ကား ယာဉ်နံပါတ် ၂က/၆၀၅၈သို့ပြောင်းပြီးတင်ဆောင်
၎င်းကျောက်စိမ်းရိုင်းတုးံ (၁၆၅)အိတ် အလေးချိန်(၆၂၄၈.၅၀)ပိဿာဖြစ်ပြီး ပိုင်ရှင်မှာ မင်းကင်းမြို့ နယ် တောင်ဘတ်ကျေး ရွာမှ ဦးအောင်နိုင်ဝင်း၏ ပစ္စည်းများဖြစ်ကြောင်း စုံစမ်းသိ ရသည်။ ၄င်းကျောင်းစိမ်းအရိုင်းတုံးမျာ ကိုသစ္စာ(မုံရွာ) ။ ။ Yangon Media Group | ||
Posted: 23 Nov 2012 06:19 AM PST
မန္တလေးတိုင်း အမရပူရမြို့နယ် အမှတ် (၂) ယန္တရားတပ်ရဲ့ရှေ့က ဓာတ်ဆီဂိုထောင်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှာ ၁ နာရီနီးပါး မီးလောင်းကျွမ်းခဲ့ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး အောင်အောင် ။ ။ DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 23 Nov 2012 06:13 AM PST
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းက လက်ပန်းတောင်းတောာင် ကြေးနီစီမံကိန်းကို လုံးဝဖျက်သိမ်းပစ်လိုက်ဖို့ ဆန္ဒပြသမားတွေက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အဆင့်တိုးပြီး တောင်းဆိုလိုက်ပါတယ်။
စီမံကိန်းဝန်းကျင်က ရွာသားတွေ၊ ကျောင်းသားတွေ၊ သံဃာတော်တွေ ပူးပေါင်းပါဝင်တဲ့ ဆန္ဒပြသမားတွေဟာ သပိတ်စခန်းလေးခု လှစ်ထားပြီး ဒီနေ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အထွေထွေသပိတ်ကော်မတီအစည်းအဝေးမှ ကိုရဲရင့်ကျော်က “ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကို ကျနော်တို့ တောင်းဆိုပါတယ်။ နိုင်ငံတော်အဆင့်ကို တောင်းဆိုပါတယ်။ အဲဒီဖျက်သိမ်းရေးကို လာပြီးညှိနှိုင်းမယ့် ပုဂ္ဂိုလ်ကလည်း ပြည်ထောင်စုအဆင့်နဲ့ ဒီကိစ္စကို လုံးဝဆုံးဖြတ်ပေးနိုင်သူပဲ လာပြီးတော့ ညှိနှိုင်းမှုကို လက်ခံပါတယ်။ သပိတ်မှောက်တဲ့သူတွေအနေနဲ့ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီးတော့ ကျနော်တို့ကို အကြောင်းပြန်ပေးဖို့ စာတင်ပါတယ်။ ၃၀ ရက်နေ့မှ အကြောင်းမပြန်ဘူးဆိုရင် နိုင်ငံတော်အစိုးရရဲ့ တာဝန်သာဖြစ်သည်ဆိုပြီး စာတင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီစီမံကိန်းကိစ္စကို တိုင်းဒေသကြီးအဆင့်နဲ့ မဆုံးဖြတ်နိုင်လို့ သမ္မတကို ဖြေရှင်းပေးဖို့ တောင်းဆိုမှာ ပါလို့ ပြောပါတယ်။ သပိတ်ကော်မတီဝင်တဦးဖြစ်တဲ့ ဒေါ်နုက ဒီစီမံကိန်းကိစ္စကို တိုင်းဒေသကြီးအဆင့်နဲ့ မဆုံးဖြတ်နိုင်လို့ သမ္မတကို ဖြေရှင်းပေးဖို့ တောင်းဆိုမှာပါလို့ ပြောပါတယ်။ “ဘာကြောင့် ဒီလိုဆုံးဖြတ်တာတုန်းဆိုတော့ ဒီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း ဒီကိစ္စကို သူ စီမံခန့်ခွဲလို့ မဖြစ်ဘူး။ ဒီဘက်က တရုတ်ကုမ္ပဏီမှာရှိနေတဲ့ သူတွေကလည်း သူတို့ စီမံခန့်ခွဲပိုင်ခွင့် မရှိဘူးဆိုပြီးဆိုတော့ ဒီလက်ပန်းတောင်းမပျက်စီးဖို့၊ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်ကို မပျက်စီးဖို့ မရရတဲ့နည်းနဲ့ နည်းလမ်းကိုရှာတော့ ဒီနည်းကို သုံးတာပါ” လို့ ပြောပါတယ်။ သပိတ်စခန်းတခုမှာ ရောက်ရှိဆန္ဒထုတ်ဖော်နေတဲ့ ပခုက္ကူမြို့က ဦးပဉ္စင်းတပါးက လယ်တီဆရာတော်ဘုရားရဲ့ သိမ်ပါတဲ့အတွက် ဘာသာရေးအရ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒထုတ်ေ “ဦးဇင်းတိုက ဒီအရေးက ဘာသာရေးအတွက်ကို ဦးတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့က မြတ်စွာဘုရားရဲ့သားတော်တွေ၊ ဘာသာရေးတခုတည်းအတွက် ဦးတည်တယ်ဆိုပေမယ့် ဒီအရေးဟာ အထွေထွေအရေးဖြစ်နေတဲ့အတွက် ဦးဇင်းတို့က အောင်မြင်ဖို့အတွက် ဆုံးခန်းတိုင်အောင် စည်းဘောင်အတွင်းထဲကနေပြီးတော့ တရားဓမ္မ နည်းလမ်းကျကျနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ဦးဇင်းတို့ ဆုံးဖြတ်ထားတာ” လို့ မိန့်ကြားပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဟာ နိုင်ငံတော်စီမံကိန်းဖြစ်ပြီး တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ အစုရှယ်ယာထည့်ဝင် လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီကြေးနီစီမံကိန်းတွေကြောင့် မြေဧက ၈၀၀၀ နီးပါး သိမ်းဆည်းခံရပါတယ်။ ကနဦးပိုင်း ထုတ်လုပ်မှုတွေအရ တောင်တလုံး ပျောက်ကွယ်ခဲ့သလို ထပ်မံပျောက်မယ့်အခြေအနေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ရှေးဟောင်း လယ်တီဆရာတော်ဘုရားရဲ့ ကျောင်းဆောင် စီမံကိန်းနယ်မှာ ပါတာတွေအပြင် ဒေသခံတွေရဲ့ အလုပ်အကိုင်၊ နေရေး စတာတွေကို ထောက်ပြပြီး လွန်ခဲ့တဲ့ လအတန်ကြာကတည်းက စီမံကိန်းကို ရပ်တန့်ဖို့ ဆန္ဒပြပွဲတွေ လုပ်နေတာပါ။ ကုမ္ပဏီတွေဘက်ကတော့ ရပ်နားမှာ မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ဒီနောက် သိပတ်စခန်းတွေဖွင့်လှစ် ဆန္ဒပြနေရာမှာ သံဃာအပါး ၃၀၀ ခန့်နဲ့ လူ ၁၀၀၀ ၀န်းကျင်လောက် သပိတ်စခန်းလေးခုမှာ ခွဲပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဆက်လက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ “အဲဒီမှာ လုပ်ကိုင်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ။ ပြည်သူလူထုအန္တရာယ် ရှိမရှိ လွတ်လပ်တဲ့ အဖွဲ့ဖွဲ့ပြီးတဲ့အခါကျတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီး လေ့လာသုံးသပ်ပြီးတဲ့အခါကျတော့ ဘယ်လိုအကာကွယ်တွေ ဆက်လုပ်နိုင်မလဲ စသဖြင့်ပေါ့လေ” လို့ ပြောပါတယ်။ ဒီအရေးကြီးအဆိုတင်မှုအပေါ် ကာကွယ်ရေးဝန်ကြီးက လက်ပန်တောင်းတောင် စီမံကိန်းကို လူ့အခွင့်အရေးကော်မရှင် လာသွားပြီးတဲ့အကြောင်း၊ အမျိုးသားလွှတ်တော်က သတ္တုနဲ့ သက်ဆိုင်တဲ့ ကော်မတီတရပ်လည်း လာရောက်စစ်ဆေးအကြံပေးပြီးကြောင် ဒါပေမယ့် ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတာကို ထောက်ပြပြီး အများပြည်သူဆန္ဒအရ ဒီကော်မရှင်ကို ဖွဲ့စည်းဖို့ လွှတ်တော်ဥက္ကဋ္ဌက ၀င်ပြောပြီး အများသဘောတူ အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ ညနေ ၅ နာရီမထိုးခင်မှာတော့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဟာ သပိတ်စခန်းဖွင့်လှစ်ထားရှိရာ လက်ပန်းတောင်းတောင် သပိတ်စခန်းကိုရောက်ရှိလာပြီး သပိတ်စခန်းက တာဝန်ရှိသူတွေကို တွေ့ဆုံပြီး လိုလားချက်တွေ မေးမြန်းနေတယ်လို့ အဲဒီနေရာမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်က ပြောပါတယ်။ by အေးနိုင်(ဒီဗွီဘီ)
| ||
Posted: 23 Nov 2012 06:08 AM PST
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အမာကျေးရွာ အုပ်စုမှာ ၁ ရက်ကို လျှပ်စစ်မီး ၄ နာရီ ပြန်ရရေး အတွက် ဒီနေ့ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြပါတယ်။
ဆန္ဒ ထုတ်ဖော် သူတဦးက “ကျနော်တို့ အချက် ၄ ချက်ကို တောင်းဆိုတာပါ။ အဓိကအချက်ကတော့ တညကို ၄ နာရီ ပေးနေကျ မီးပေးနေတာကို ပြန်ပေးဖို့ပါ။ အရင်က ည ၆ နာရီကနေ ၁၀ နာရီအထိ မီးပေးပါတယ်။ နောက်ပိုင်း ၃ နာရီပဲ ပေးတယ်။ အခု ၂ နာရီပဲ ပေးတော့တယ်” လို့ ပြောပါတယ်။ လျှပ်စစ်မီးရရှိရေးအတွက် တောင်းဆိုချက် ၄ ချက်မှာ တညကို ၄ နာရီ လျှပ်စစ်မီးပြန်ရရှိရေး၊ မီးအားပြည့်မီရေး/မီးပြတ်တောက် ပြည်သူတွေထံက မီးသုံးစွဲခ ကောက်ခံရာမှာ တလကို တရားဝင် ကျပ် ၁၀၀၀ နဲ့ တီဗွီတလုံးအတွက် ၇၅၆ ကျပ် သတ်မှတ်ထားပေမယ့် တာဝန်ရှိသူတွေက ပိုမိုကောက်ခံနေတယ်လို့ ပြောပါတယ်။ “တလကို တီဗွီတလုံးအတွက် ၃၀၀၀ ကျပ်၊ ရေခဲသေတ္တာအသုံးပြုခ ၃၅၀၀ ဆိုပြီး အပိုကောက်ခံပါတယ်။” တောင်းဆိုချက်တွေ ရရှိရေးအတွက် ဒေသခံပြည်သူ ၅၀ က လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ စာရေးသားပေးပို့ထားတယ်လို့ ဆိုပါတယ်။ တောင်းဆိုချက်တွေကို သက်ဆိုင်ရာက ဖြေရှင်းမပေးပါက ဆက်လက်ဆန္ဒဖော်ထုတ်သွားမယ် လို့ ဒေသခံက ပြောပါတယ်။ by ဒီဗွီဘီ | ||
Posted: 23 Nov 2012 05:53 AM PST
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) က ကျောင်းသား ၅၀၀ လောက်ဟာ နေရာသစ်မှာ ကျောင်းဆောင် မလုံလောက်မှုနဲ့ နေရေးထိုင်ရေး အခက်အခဲရှိတာတွေ ရှိနေတာကြောင့် နိုဝင်ဘာ ၂၂ ရက် ညပိုင်းက မိုင် ၃၀ ကျော် ဝေးတဲ့ မန္တလေးမြို့ကို လမ်းလျှောက်ပြန်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဒီနေ့ မနက်ပိုင်းမှာ ကျောင်းသားတွေဟာ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) မှာ ကျောင်းပြန် တက်ရရေး၊ ကျောင်းသား အုပ်ချုပ်တဲ့စနစ်ဖြစ်ရေးနဲ့ တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံဖြိုးရေး ဒီဂရီကောလိပ် ရေရှည်တည်ရှိရေး စတဲ့ ၃ ချက်ကို အာဏာပိုင် တွေဆီ တောင်းဆိုထားတာပါ။ ဒီတောင်းဆိုချက်တွေကို အာဏာပိုင်တွေဆီက အကြောင်းပြန်ကြားချက် မရရင်တော့ လမ်းပေါ်ထွက် ဆန္ဒပြမယ်လို့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ “ကျနော်တို့ ၃ နာရီထိ စောင့်မှာပေါ့။ ကျနော်တို့ ဆန္ဒပြတာမဟုတ်ဘူး၊ ဆန္ဒဖော်ထုတ်တာလည်း မဟုတ်ဘူး၊ ကျနော်တို့ ကျောင်းသားတွေ ဘာမှ ဘယ်သူမှ ထိခိုက်နစ်နာအောင် မလုပ်ဘူး။ ကျနော်တို့ တန်းစီလမ်းလျှောက်တာပဲ၊ ရတနာပုံလမ်းထိပ် ဟိုးဘက် စွယ်တော်အထိပေါ့။” နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ဆန္ဒထုတ်ဖော်နေတဲ့ကျောင်းသားတွေ နယ်စပ်ရေးရာဝန်ကြီးဌာနကနေ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) က ကျောင်းသား ၆၀၀ ကျော်ကို စစ်ကိုင်းရွာသစ်ကြီးကို ပြီးခဲ့တဲ့ လပိုင်းကမှ အတင်းအဓမ္မ ပြောင်းရွှေ့လိုက်ရတဲ့အတွက် ကျောင်းသားတွေအခုလို လူစုလူဝေးနဲ့ တောင်းဆိုရတာပါ။ နယ်စပ်ဒေသ၀န်ကြီးဌာန လက်အောက်ခံ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) ကို ပညာရေးဝန်ကြီးဌာနကနေ မန္တလေးကောလိပ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ဖို့ရှိတာကြောင့် ကျောင်းသားတွေကို ပြောင်းရွှေ့ရတာလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားကျောင်းသားတွေ အနေနဲ့ လိုလားချက်တွေကို မရမချင်း တောင်းဆိုသွားမယ်လို့ ကိုသင်းကိုကိုအောင်က ဆက်ပြောပါတယ်။ “ကျနော်တို့ ပြင်ဆင်ထားတာက အဲ ၃ နာရီရောက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းမရမချင်း ဒီမန္တလေးကျောင်းမှာပဲ နေမှာပါ။” ကျောင်းမပြောင်းရွှေ့ရဖို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ် တိုင်းရင်းသား ဒီဂရီကောလိပ်ဟာ မြန်မာနိုင်ငံ နယ်စပ်ဒေသအသီးသီးက အစိုးရ ၁၀ တန်းအောင် တိုင်းရင်းသားကျောင်းသားတွေကို သင်ကြားပေးနေတဲ့ ကောလိပ် တခု ဖြစ်ပြီး၊ ၂၀၀၀ နှစ်ကတည်းက ဖွင့်လှစ်သင်ကြားပေးနေခဲ့တာလဲ ဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားလူငယ် by မင်းလွင် (ဒီဗွီဘီ) | ||
Posted: 23 Nov 2012 05:44 AM PST
မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Myanmar အစား Burma ဟုသာ ဆက်လက် ခေါ်ဝေါ် သုံးစွဲသွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောဆိုလိုက်သည်။ တိုင်းတပါး အစိုးရများက မြန်မာနိုင်ငံအား Myanmar ဟု အင်္ဂလိပ်လို ခေါ်ဝေါ်နေကြသည်ကို စိတ်ပျက်မိကြောင်း ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
နိုင်ငံတွင်း တရားစီရင်မှုနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက် ၁၉ ချက်ပါ ကြားဖြတ်အစီရင်ခံစာ လွှတ်တော်၌တင်သွင်း
Posted: 22 Nov 2012 10:34 PM PST
ရန်ကုန်၊နိုဝင်ဘာ-၂၃
စွပ်စွဲခံရသူအား ညှင်းပန်းနှိပ်စက်ပြီး ရရှိသည့် ထွက်ချက်ဖြင့် တိုင်ချက်ဖွင့်ခြင်း၊ လာဘ်ပေးလာဘ်ယူ မှုများရှိနေခြင်း၊ တရားသူကြီးများ အုပ်ချုပ်ရေးပိုင်းကို ကြောက်နေရခြင်း၊ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးတွင် သြဇာလွှမ်းမိုးမှု (influence)ရှိနေခြင်း စသည့် တွေ့ရှိချက် များပါဝင်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် တင်သွင်းလိုက်သည်။ အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင် ကော်မတီက တရားရုံးများသို့ သွားရောက်လေ့လာခြင်း၊ ဥပဒေပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခြင်းမှရရှိသော တွေ့ရှိချက်(၁၂)ချက်နှင့် သုံးသပ်ချက်ငါးချက် ပါရှိသည်။ အစီရင်ခံစာ၏ သုံးသပ်ချက်အပိုင်းတွင် နိုင်ငံသူနိုင်ငံသားများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်သော တရားရုံးများ ဖြစ်လာစေရန် အထူးတိုက်တွန်းသင့်ခြင်း၊ အများပြည်သူ ယုံကြည်ကိုးစားအားထားရသော တရားရုံးများ ဖြစ်လာရေးအတွက် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရန် အထူးကြိုးစားဆောင်ရွက်ရန် လိုအပ်ခြင်း စသဖြင့် ပါဝင်ကြောင်းလည်း သိရှိရသည်။ ယင်းအစီရင်ခံစာသည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် သြဂုတ်လ ၇ ရက်မှစ၍ ယခုအချိန်ထိ ကော်မတီ၏ ပထမဦးဆုံး အစီရင်ခံစာဖြစ်သည်။ ကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော်မတီအတွင်းရေးမှူး ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်တွင် အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့သည်။ 7Day News Journal | ||
Posted: 22 Nov 2012 10:31 PM PST
ကမ္ဘာ့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်မည့် ကိုယ်စားလှယ် အဖွဲ့တခုသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အရေး ဖြေရှင်းနိုင်ရန် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးရန် မြန်မာနိုင်ငံကို လာရောက်ရန် စီစဉ်နေကြောင်း သိရှိရသည်။ Ekmeleddin Ihsanoglu ဦးဆောင်မည့် OIC ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံများမှ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 22 Nov 2012 10:27 PM PST
| ||
Posted: 22 Nov 2012 10:20 PM PST
နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁၃
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Nov 2012 09:38 PM PST
ရန်ကုန်မှ နေပြည်တော် သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော် နေသော ရွှေလုပ်သား များ ရေတာရှည်မြို့နယ် ရေနီစက္ကူစက်ရှေ့ အရောက်တွင် ခေါင်းဆောင်လေးဦး ရိုက်နှက်ဖမ်းဆီး ခံလိုက်ရကြောင်း ပါဝင် ဆန္ဒပြသူ မအိမွန်ကျော်က မြန်မာ့ခေတ်သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 22 Nov 2012 09:14 PM PST
ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ် ကျေးရွာ၌ အသက် (၁၅)နှစ် အရွယ်အား ရဲတပ်သား ချစ်မွေး(အိမ်ထောင်ရှင်)က သား မယားအဖြစ် (၁၀)ရက်ခန့်ပြုကျင့် ခဲ့သည်ဆိုကာ ရဲစခန်းသို့ တိုင်ကြား ထားကြောင်း ကာယကံရှင်များနှင့် တာဝန်ရှိသူ အချို့ထံက သိရှိရ သည်။ အဆိုပါ သားမယားအဖြစ် ပြုကျင့်ခံရသည်ဆိုသူ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Nov 2012 09:10 PM PST
နိုဝင်ဘာလ (၂၄) ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၃၇)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Nov 2012 09:07 PM PST
| ||
Posted: 22 Nov 2012 09:08 PM PST
နိုဝင်ဘာလ (၂၁) ရက်နေ့ ထုတ် Good health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ်(၄၁၂)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Nov 2012 08:34 PM PST
နယ်စပ် စည်ပင်ဌာနက ကျောင်းကို ပညာရေး ဌာန လွှဲပေးခဲ့ပြီးနောက် ကျောင်းသား တွေကို ရွာသစ်ကြီး ဖွံ့ဖြိုးရေး တက္ကသိုလ်ကို လွှဲပေးခဲ့တာပါ။ ရွာသစ်ကြီးမှာ နေရေးထိုင်ရေး ခက်ခဲပြီး ကျောင်းဆောင်ပါ မလုံလောက်လို့ ကျောင်းသား တွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ကျောင်းဟောင်းကို ပြန်ရွှေ့ပေးဖို့ တောင်းဆို ပေမယ့် မထူးခြားလို့ ခုလို ချီတက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို လမ်းမှာ ရဲကားနဲ့ လိုက်ပြီးတားဆီးခဲ့ကာ ကျောင်းကို ပြန်လိုက်ဖို့ ခေါ်တယ်လို့လဲ သိရပါတယ်။ သူတို့ကို ဗကသ အဖွဲ့၊ ဆရာများ သမဂ္ဂနဲ့ သတင်းထောက် တွေက စစ်ကိုင်း တံတားထိပ်က သွားကြိုပြီး ကျောင်းဟောင်းမှာပဲ ပြန်နေရာချ ပေးကြောင်း သွားတွေ့ခဲ့တဲ့ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ကိုမိုးထက်နေက ပြောပါတယ်။ သောကြာနေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 22 Nov 2012 10:43 AM PST
| ||
Posted: 22 Nov 2012 10:31 AM PST
ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှာ မြို့နယ်ပေါင်း (၂၆)မြို့နယ်ရှိပါတယ်။ မြို့နယ်ပေါင်း(၂၆) မြို့နယ်မှာ ပါဝင်တဲ့ အိမ်မဲမြို့လေးမှာ လောင်းကစားများ လွှမ်းမိုးပြီး လောင်ကစား မြို့တော်လို့တောင် တင်စားပြောင်းလဲ ခေါ်ရလောက်တဲ့ အခြေအနေမှာ ဖြစ်နေပါတယ်။
လောင်းကစားသမားများ ထင်ပေါ်စွာ လှုပ်ရှားတဲ့အတွက် အိမ်မဲမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အိမ်မဲ(၂)ထံသို့ တင်ပြ ဆွေးနွေးကြသဖြင့် အခြားမြို့နယ်မှ ဒုစရိုက် နှိမ်နှင်းရေးအဖွဲ့များ လာရောက်၍ အခြေချကာ၊ လောင်းကစား သမားများ၊လောင်းကစား ဒုစရိုက်များ ပပျောက်အောင်(၈.၈.၂၀၁၂)တွင် အိမ်မဲမြို့တွင် လောင်းကစားခြင်းကို စနစ်တကျ နှိမ်နင်းခဲ့ပါတယ်။အငယ်စားဒိုင် တာဝန်ရှိ ဒုစရိုက်နှိမ်နင်းသူတွေဟာ သစ်ပင်ရဲ့ အကိုင်းအခက်များကို ခုတ်ထွင် ရှင်းလင်းခြင်း မျိုးသာဖြစ်ပြီး ပင်စည်နဲ့အမြစ်ကို ခုတ်ထစ်ရှင်းလင်းခြင်း မျိုးမဟုတ်သဖြင့် လောင်းကစားခြင်း ဒုစရိုက်မှုဟာ အမြစ်ပျက်နှိမ်နင်း မရဖြစ်နေပါတယ်။ ၂၀၁၂ခုနှစ |
[Message clipped] View entire message
0 comments:
Post a Comment