Thursday, November 1, 2012

ရခိုင်မုန်.တီ တစ်ခွက် ၊ ဘင်ဂါလီအရေး ၊ ရုဖ်ကော့စ် နဲ့ကျွန်ုပ်၏တောင်စဉ်ရေမရအတွေးများ

Won Thar Nu 

မနေ့က ကျွန်တော်အလုပ်လုပ်တဲ့နေရာနားက တစ်ပတ်တစ်ရက်ရှားရှားပါးပါးရောင်းတဲ့ မြန်မာဆိုင်က ရခိုင်မုန့်တီသွားစားရင်း သွေးချင်းရခိုင်တွေရင်ဆိုင်နေရတဲ့ဘင်ဂါလီ ပြဿနာခေါင်းထဲဝင်လာပါတယ်။ ဟိုတွေး ဒီတွေးတောင်းစဉ်ရေမရ အတွေးနယ်ချဲ.ပြီးကျွန်တော်ချာတိတ်ဘ၀က အလှမွေး ငါးလေးတွေမွေးခဲ့တုန်းက အဖြစ်အပျက်လေးတစ်ခုကိုသွားစဉ်းစားမိတယ် ။ ကျွန်တော်ငယ်ငယ်က အကောင်ဘလောင်မွေးတာသိပ်ဝါသနာပါတာဗျ။ မွေးခဲ့တဲ့အကောင်တွေထဲမှာ အိမ်တွေမှာအလှမွေးလေ့ရှိတဲ့ငါးလေးတွေလဲအပါအ၀င်ပေါ့ ။ အဲ … ပထမတုန်းကတော့ကျွန်တော်ရွှေငါးလေးတွေပဲသီးသန့်ဝယ်ပြီးမွေးခဲ့တာပါ ။ ဒီငါးလေးတွေကအရောင်တွေကလဲလှ၊ရောင်စုံလေးတွေ ၊ပြီးတော့သူတို့ကူးခတ်ပုံကလဲ အရမ်းညင်သာပြီး ၊ သိပ်ပြီးစိတ်လှုပ်ရှားစရာကောင်းတယ်လေ ။

တစ်နေ့ ကျွန်တော်နေထိုင်ရာရပ်ကွက်အနီး အင်းယားကန်မှာ ရွှေငါးလေးတွေအတွက်မှော်သွားဆယ်ရင်း ကန်ထဲမှာရောင်စုံ ဆိုတေးငါးလေးတွေ.တော့ ၊ ကျွန်တော့်ဗီဇကိုက အကောင်ဘလောင်
မွေးတာ ၀ါသနာပါသူပီပီ ၊အဲဒီဆိုတေးငါး အကောင်ဆယ်ကောင် ၊ ဆယ့်ငါးကောင်လောက်ဖမ်းလာခဲ့တာပေါ့ ။
သူတို့ရဲ့အရောင်ကလည်း ရွေငါးလေးတွေနဲ့ အရောင်ကလည်း ခပ်ဆင်ဆင်၊ လိမ္မော်ရောင်ဖျော့ဖျော့လေးတွေ ၊
အိမ်ကရှိပြီးသားရွှေငါးလေးတွေနဲ့ တစ်ကန်ထဲမှာရောထားလိုက်ရင်၊အရောင်အသွေးအမျိုးအစားစုံ
တဲ့ငါးလေးတွေနဲ့ စမတ်ကျပြီး သိပ်ကြည့်ကောင်းမှာပဲပေါ့ ။ လမ်းတစ်လျောက် စိတ်ကူးယဉ်လာခဲ့တဲ့အတိုင်း
အိမ်ရောက်တော့ ရှိပြီးသားရွှေငါးလေးတွေနဲ့အတူ မှန်ကန်ထဲမှာပဲအတူ ရောပြီးထား လိုက်ပါတယ်။
အစပိုင်းတော့ ရောင်စုံငါးလေးတွေကြည့်ပြီး ကြည်နူးလိုက် ၊စာဖတ်လိုက် နဲ့သိပ်ပျော်နေတာပေါ့ ။
အဲ….. နောက်လေး ၊ငါး ရက်လောက်လည်းကြာရော၊ ကျွန်တော့်ရွှေငါးလေးတွေ တစ်ကောင်ပြီးတစ်ကောင်
ဆန့်ငင် ၊ ဆန့်ငင်နဲ့သေကုန် တော့တာပါပဲ ။ ကျွန်တော်လည်းရှိစုမဲ့စု မုန့်ဖိုးထဲကမစားရက်မသောက်ရက်
နဲ့ ၀ယ်ထားတဲ့ရွှေငါးလေးတွေမို့ နှမြောလည်း နှမြော ၊ ၀မ်းလည်းဝမ်းနည်းပေါ့ ။
ဒါပေမယ့်လည်း ဒီရွှေငါးလေးတွေမရှိရင် ကျွန်တော် မနေတတ်ဘူးလေ ။ဒါနဲ့အိမ်ကမိဘတွေ
မသိအောင် မုန့်ဖိုးကိုမသုံးပဲ နောက်ထပ်ရွှေငါးတစ်အုပ် ထပ်ဝယ်ထည့်လိုက်တာပေါ့ ။
အိမ်က မိဘတွေရုတ်တရက်ကြည့်မယ်ဆို ရင်အရင်ဝယ်ထားတဲ့ ရွှေငါးလေးတွေလိုလိုဘာလိုလိုပေါ့ ။ မုန့်မစားပဲ ငါးတွေထပ်ဝယ်တာ အိမ်ကသိရင်အဗြင်းခံရမှာကိုး …. ဟဲ … ဟဲ ။
အဲ…. ဒီလိုနဲ.နောက် လေးငါးရက် ၊ တစ်ပတ်လောက်ကြာတော့ ရွှေငါးလေးတွေတစ်ကောင်ပြီး
တစ်ကောင် ထပ်ပြီး ကြွပါလေရော ။ ဒါနဲ့စိတ်မပျက်သေးဘူး ။ ကျောင်းမှာ မုန့်စားဆင်းချိန် ၊ ရေသောက်
ဗိုက်မှောက် ၊ မုန့်ဖိုးကိုရအောင်စု ၊ အဖေ၊အမေတွေမသိအောင် ရွှေငါးတွေဝယ် ၊ ထပ်ဖြည့်နဲ့ပေါ့ ။ ဒီလိုနဲ့
ဒီရွှေငါးတွေလည်းထပ်သေ ၊ ထပ်ဝယ်တဲ့ရွှေငါးတွေလည်းအလွန်ဆုံးခံ နှစ်ပတ်ပဲ ။ နောက်တော့ …… ခုနှစ်ကြိမ် ၊ ရှစ်ကြိမ်မြောက်လောက်မှာ တော့ ကျွန်တော်လည်း သံသယ၀င်လာတာပေါ့ ။
ဒီ ရွှေငါးလေးတွေ နဲ့ ဆိုတေးငါးလေးတွေဟာ ငါးချင်းလည်းအတူတူ ၊ အရောင်လေးတွေကလည်းခပ်စဉ်စဉ် ၊
ဘာလို့ ငြိမ်းချမ်းစွာအတူယဉ်တွဲ မနေထိုင်နိုင်ရတာလဲပေါ့ ။ အဲဒါနဲ့…. ဒီငါးတွေကိုညလုံးပေါက်စောင့်
ကြည့်ဖို့ဆုံးဖြတ်လိုက်တယ် ။ ငြိမ်းချမ်းစွာအတူယဉ်တွဲ မနေထိုင်နိုင်ရခြင်းရဲ့ အကြောင်းအရင်း ရုဖ်ကော့စ် (Root Cause) ကိုရှာမယ်ပေါ့လေ ။ ဟဲ ….ဟဲ …:D ....
ကိုယ့်ကိုကိုယ့် မဟာဗျူဟာမြောက် ငါးမျိုးစု စေ့စပ်ညှိုနှိုင်းရေးမှုးကြီးလိုလိုဘာလိုလိုပေါ့လေ ။ စိတ်ကူးတွေယှဉ်ခဲ့တာ ။ ကိုယ်အတွေးနဲ့ကိုယ်တော့ဟုတ်နေ
တာပဲပေါ့ ။ ဒီလိုနဲ့ ကျောင်းပိတ်ရက်တစ်ရက်မှာ ညလုံးပေါက်မအိပ်ပဲ စောင့်ကြည့်ဖြစ်ခဲ့ပါတယ် ။
အဲ့ဒီညမှာပဲ သိလိုက်ရတာက ….. ဒီဆိုတေးငါးတွေက လစ်ရင်လစ်သလို ရွှေငါးလေးတွေရဲ့ဗိုက်ကို နုတ်သီးနဲ့လိုက်လိုက်ထိုးတာဗျ။ ရွှေငါးလေးတွေကပင်ကိုယ်ကလဲ နုနယ်တဲ့
ငါးမျိုးတွေဆိုတော့ ၊ ကြာတော့ဗိုက်တွေမှာအနာဖြစ် ၊ ဗိုက်တွေပေါက် ၊မှိုစွဲပြီးတော့သေကုန်တာပဲ ။ အဲဒါနဲ့ ကျွန်တော်ရဲ မဟာဗျူဟာမြောက် စိတ်ကူးဖြစ်တဲ့ ဒီလူမျိုးစုနှစ်ခု …… အဲလေ …ယောင်လို. :D
ဒီငါးမျိုးစု နှစ်ခု ငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်နိုင်ရေး ၊ ကိုအိပ်ဇစ်စတန်. (Coexistence)ကိုအလျော့မပေးပဲဆက်လက်အကောင်အထည်ဖေါ်မယ်ပေါ့ ၊ ဒီစိတ်ကူးရဲ့နောက်ကွယ်မှာ ဧည့်သည်တွေ
အိမ်ကိုလာတဲ့အခါ ၊ ၊ သူငယ်ချင်းတွေ အိမ်ကိုသွားလည်တဲ့အခါ ကျွန်တော့်ရဲ့ ငါးမျိုးစုံတဲ့ ငါးနိုင်ငံတော်ကြီးမှာ ငါးမျိုးစုတွေငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နေကြတယ် ဆိုတာလည်း ကြွားချင်တာကိုးဗျ ။ အဲ့လိုကြွားလိုက်ရင်ကိုယ့်ကိုလဲအထင်ကြီးခံရမယ် ။ သူတို့ကိုယ့်ရဲလုပ်ဆောင်ချက်ကိုသဘောကျရင်
ကျွန်တော့ရဲ့မဟာဗျူဟာမြောက် စီမံကိန်း အတွက်အထောက်အကူတွေရမယ် ၊ မဟာဗျုဟာမြောက် ငါးမျိုးစုညှိနှိုင်းရေးမှုးဖြစ်တဲ့ ကျွန်တော့်ကိုလဲယုံကြည်လေး စားလာကြမယ်ပေါ့လေ ။ ဒါနဲ့ဆိုတေးငါးတွေဟာရွှေငါးတွေ ရဲ့ဗိုက်ကို ဘာလို့လိုက်ဆိပ်လဲဆိုတဲ့ ရုဖ်ကော့စ်ကို ရှာတာပေါ့ ။ သူတို့ဗိုက်ဆာလို့များလားပေါ့လေ ????
ငါးစာတွေပိုထည့် ၊ ငါးစာအမျိုးစုံအောင်ထည့်ကြည့် ၊ မရ ။ သူတို့ဒီရေမှော်တွေများမကြိုက်ကြလို.လား ???
တွေးပြီး အခြားရေမှော်တွေ အမျိုးစုံအောင်ထည့်ပေးလည်း ။ မထူးခြား ။နောက်တော့ မုန့်ဖိုးထဲကပဲစုဆောင်းပြီး ဒီကောင်တွေ အောက်စီဂျင် အလုံလောက်မရလို့စိတ်တိုပြီးလိုက်ကိုက်တယ်ထင်လို့ အောင်စီဂျင်စက်ဝယ်တတ်ပေးလည်း မအောင်မြင် ။ ဒီကောင်တွေရွှေငါးတွေကို ကိုက်မြဲလိုက်ကိုက်နေဆဲပဲ ။
နောက်ခြောက်လ ၊ ခုနှစ်လလောက်လဲကြာ ၊ ရွှေငါးတွေအတွက်ကုန်ကျတဲ့ ငွေလဲဆုံးရှုံး ။ ကျောင်းမှာသူများတွေ မုန့်စားဆင်းချိန်ကိုယ်က ဗိုက်ဟောင်းလောင်းနဲ့ နေရတာများလာတော့လူကညစ်ချင်လာတယ် :( သို့ပေမယ့် ကျွန်တော်ရလိုက်တဲ့ တစ်ခုတည်းသာအကျိုးရလဒ်အနေနဲ့ ကျွန်တော်တို့ရပ်ကွက်ထဲက အလှမွေးငါးရောင်းတဲ့ တရုတ်ကြီးကတော့ ကျွန်တော့်မုန့်ဖိုးတွေသူအိပ်ကပ်ထဲရောက်လာတာကြောင့်ကျွန်တော့်ကိုသဘောတွေကျပြီးဆက်ဆံရေးအထူးပြေ
ပြစ်ခဲ့ပါတယ် ။ အမှန်တိုင်းဝန်ခံရရင်တော့ ဒီပြဿနာကိုပြေလည်စေနိုင်မယ့်တစ်ခုတည်းသော နည်းလမ်း (ရေတို (သို့) ရေရှည်) ကိုကျွန်တော်အစကတည်းကရိပ်မိခဲ့ပါတယ် ။ ဒါကတော့ နောက်ထပ်မှန်ကန်တစ်ခုထပ်ဝယ်ပြီး ဒီဆိုတေးငါးတွေ ကိုခွဲထားလိုက်ဖို့ပါပဲ ။ ဒါပေမယ့်သေချာတာက မှန်ကန်တစ်ခုရှိပြီး သားဖြစ်သောကြောင့် ၊ ကျွန်တော်မိဘတွေကနောက်ထပ် မှန်ကန်တစ်ခု ထပ်ပြီးပူစာလို့မဖြစ်နိုင်တော့မှန်းသိတာကတစ်ကြောင်း ၊
ဂျီးတော်ကြီးဆီကပူစာရင်ရနိုင်ပေမယ့် အောက်ကျမခံချင်တဲ့မာနကကတစ်ကြောင်း ၊ ကျွန်တော်ကိုယ်တိုင်ကပေကပ် ကပ်နိုင်ပြီး ဒီငါးနှစ်မျိုးကို အတူတစ်ကွ တစ်ကန်တည်းမြင်ချင်တဲ့စိတ်ကူးကြောင့် ၊ဒီ ငါးမျိုးစုနှစ်ခု ငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်ရေးကို ဇွတ်အတင်း အကောင်ထည်ဖော်ခဲ့လို့နောက်ဆုံးတော့ ရွှေငါးတွေလဲဆုံး ၊ ငွေလည်းကုန် ၊ လူလည်း စားချိန်မှာ မစားရမသောက်ရလို့ ကျန်းမာရေးထိခိုက် တဲ့အဖြစ်နဲ့ကြုံခဲ့တာပါ ။ နောက်ဆုံးသော အဖေ၀ယ်ပေးထားတဲ့ လက်ပတ်နာရီ ကိုပေါင်ပြီး ဒီ ဆိုတေးငါး တွေအတွက်မှန်ကန်တစ်ခု
ဝယ်ဖို့ကျွန်တော် ဆုံးဖြတ်လိုက်ပါတော့တယ် ။ ပြန်တွေး ကြည့်ရင် သူငယ်ချင်းတွေကိုကြွားချင်တဲ့စိတ် ၊ဇွတ်တရွတ်ပေကပ်ကပ် နိုင်တဲ့ စိတ် ၊
ကျွန်တော်ကိုယ်တိုင်က ငါးမဟုတ်ပဲ ငါးတွေရဲ့ခံ စားမှုကိုမိမိ စိတ်ကူးနဲ့ယှဉ်ကြည့်ပြီး လူအထင်ကြီးအောင် ထင်သလိုဇွတ်လုပ်ခဲ့တာကြောင့် ရုပ်ဖ်ကော့ ကိုရှာရင်း သရေကွင်းအစရှာမရ သလို လုံးလည်ချာလည်လိုက်ပြီး နောက်ဆုံးတော့ မဆုံးရှုံး သင့်တာတွေဆုံးရှုံးခဲ့တာပါ ။ တစ်ကယ်တော့ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲ နေထိုင်ဖို့ ဆိုတာ ကာယကံရှင်တွေကိုယ်တိုင် ကစိတ်ကျေနပ်မှပဲ ပြေလည်မှာပါ ။ မြန်မာစကားပုံတစ်ခုလို ပဲ ကိုယ်တိုင်ထိမှ သိတာပါ ။ အဲ့ဒီလိုကိုယ်တိုင်သိဖို့ အတွက် မိမိကိုယ်တိုင် ကာယကံရှင်တွေရဲ့ ခံစားမှုမျိုးကို သိဖို့ဘင်ဂါလီတွေနဲ့အချိန်အတိုင်းအတာတစ်ခုအထိ မိမိတို့မိသားစုနှင့်အတူတစ်ကွနေကြည့်ကြဖို့ နိုင်ငံကျော် ဒန်ကုလားကြီး ၊ နတ်ကတော်ကာကွယ်ရေးဗူးသီးပြုပ် ၊ ဖျာသည်ရေး ၀ံကြီးတို. ၊ မာဆက်ရေးရာ ၀ံကြီး တို့ကို တိုက်တွန်း ချင်ပါသည် ။ နောက်ဆုံး မိမိကိုယ်တိုင် သိပြီး ရုဖ်ကော့စ် ကိုရှာဖွေနိင်တဲ့ အထိပေါ့ ………………….။
ကိုယ်ချင်းစာနိုင်ဖို့အတွက်ပါ …………….။

( ရှင်းလင်းချက် - ကျွန်ုပ်ကို အစွန်းရောက် ၊ မျက်ကန်းမျိုးချစ် ၊ လိုတာထက်ပိုတယ် လို. စွပ်စွဲခံရမှာကြောက်တာကြောင့် ဤစာစုတွင်ပါသော ဝေါဟာရအချို့၏ အဓိပ္ပါယ် ကိုရှင်းလင်းအပ်ပါသည် ။
ဒန်ကုလား - ဒန်အိုးပေါက်ဖာသောကုလား /နတ်ကတော် - ကနားစီး (သို.) နတ်ကသော နပ္ပုလ္လိင် ဖျာသည် - ဖျာ ရောင်းသူ /မာဆက် - အနှိပ်ခန်း /၀ံကြီး - မျောက်ကဲ့သို့အလားသဏ္ဍာန်ရှိသောတိရိစ္ဆာန်)

အားလုံးကိုယ်ကျန်းမာ၊စိတ်ချမ်းသာပြီး စိုးရိမ်ကြောင့်ကြကင်းနိုင်ကြပါစေ ။

ညီညီမောင်
၃၀.၁၀.၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...