သစ်ထူးလွင်သတင်းစုစည်းမှု (၁၂-၁၁)
သစ်ထူးလွင်
|
- စဉ့်ကိုင်မြို့နယ်ရှိ မြစည်းခုံ စေတီတော်ကြီး ငလျှင်ကြောင့် ပျက်စီး
- နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် ထွက်ခွာ
- Online Charging နှင့် Convergent Billing စနစ် ၀န်ကြီး စစ်ဆေး
- နိုဝင်ဘာလ (၁၁)ရက်နေ့ ထုတ် မော်နီတာ သတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၂၇)
- ၈၈ မျိုးဆက် မွန်ပြည်နယ် ခရီးစဉ် (ရုပ်/သံ)
- တရုတ်လူမျိုးတစ်ဦးက အမှိုက်ကောက် ကလေးငယ် တစ်ဦးအား ရိုက်နှက်ခဲ့သဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွါး
- လယ်သမားနှင့် အင်းသူကြီးတို့ပြသနာ တိုင်ကြားထားသော်လည်းဖြေရှင်းေ
ပးခြင်းမရှိသေး - ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းလုံခြုံရေးအား
နည်း - ကျောက်တော်မြို့နယ် အတွင်း နိုင်ငံသားကတ် ကိုင်ဆောင် ထားသည့် ဘင်္ဂါလီ လူမျိုးမရှိ
- SHADE ဂျာနယ်၊ အတွဲ(၇)၊အမှတ်(၁)၊နိုဝင်ဘာ(၁၄)
ရက်နေ့မှ(၂၀)ရက်နေ့အထိ။ - “ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်တည်ဆောက်လိုကြလျှင် ”
- ငလျင်ဒဏ်ခံ ပြည်သူများအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိန်း(၁၀၀) လှူဒါန်း
- တောင်ကုတ်မြို့နယ် NLD ကျေးရွာရုံး တိုက်ခိုက်ခံရ
- နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၆
- နောက်ဆက်တွဲ ငလျင်ဒဏ် စိုးရိမ်ရ
- ငလျင်ကြီးနောက် နောက်ဆက်တွဲငလျင်တွေလှုပ်
- တပ်မတော်နဲ့ လက်နက်ကိုင် မောင်တောမှာတိုက်ပွဲဖြစ်
- ကျွန်တော်တို့ရဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
- ပျက်စီး ၊ သေဆုံး ၊ ဒဏ်ရာရမှု တချို့ ဖြစ်ပေါ်ခဲ့တဲ့ ရွှေဘို ငလျှင် (သတင်း-ရုပ်/သံ)
- ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အမျိုးသမီးပုံများ ဖော်ပြနေခြင်းကိစ္စ
- ပုဂံမှာ ဟိုတယ်တွေ တည်ဆောက် နေတာရပ်ဖို့ ဒေသခံတွေ တောင်းဆို
- ၀ါဝါ၀င်းရှေ့ကလယ်သမားတွေ ဇာတ်နာလွန်းပြီ
- စံရိပ်ငြိမ်ဖြစ်စဉ်ပါဝင်သူများ ရဲတပ်ဖွဲ့မှ စုံစမ်းနေပြီ
- ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သပိတ်ကျင်းမြို့မှ ငလျင်ဒဏ်သင့် ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေး
Posted: 12 Nov 2012 08:09 AM PST
၁၁.၁၁.၁၂ ၊ နံနက် ၇ နာရီ ၄၂ မိနစ် တွင် လှုပ်ခတ် သွားသော မြေငလျင် ဒဏ်ကြောင့် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင် စဉ့်ကိုင်မြို့နယ် တအုံရွာ ၌ တည်ရှိသော မြစည်းခုံ စေတီ တော်ကြီးမှာ စိန်ဖူးတော် ပြတ်ထွက် သွားခြင်း၊ ကြာမှောက် ကြာလှန်များ ပျက်စီး သွားခြင်း တို့ ဖြစ်ပေါ် ခဲ့ပါသည်။
၎င်း အဖြစ်အပျက်နှင့် ဓာတ်ပုံများကို ယင်း မြစည်းခုံ ကျောင်း ဆရာတော် ဦဿးသန မှ ပေးပို့ တင်ပြထားခြင်း ဖြစ်ပါသည်။ by Myanmar News Now | ||||
Posted: 12 Nov 2012 07:53 AM PST
မြန်မာပြည် အလယ်ပိုင်း ဒေသမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး ပြင်းပြင်း ထန်ထန် လှုပ်ခတ် ပြီးတဲ့နောက် ပြင်းအား အတန်အသင့်ရှိတဲ့ ငလျင်ငယ် တွေဟာ ဒီမနက်ထိ ဆက်လက် လှုပ်ခတ် နေဆဲဖြစ်ပါတယ်။ ဒီလို ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေ တာကြောင့် ဒေသခံ ပြည်သူတွေဟာ အထိတ်တလန့် ဖြစ်နေကြပြီး မိုးဇလဌာန ငလျင်ဌာနခွဲက တာဝန်ရှိသူတဦးက ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦးတွေရဲ့ ကြံခိုင်မှုကို သေချာ စစ်ဆေးမှု မလုပ်ဘဲ ဆက်လက် မနေထိုင်ဖို့ အတွက် သတိပေး ပြောကြားပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။
တနင်္ဂနွေနေ့ မနက် ၇နာရီ ၄၂မိနစ်ကျော်မှာ စစ်ကိုင်းတိုင်းဒေကြီး ရွှေဘိုမြို့ မြောက်ဖက် ၄၅မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက်မှာ အဲ့ဒီ့နေ့မှာပဲ ပြင်းအား ရစ်ခ်ျတာ စကေး အဆင့် ၅လောက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် ၃ခု ဆက်လက်လှုပ်ခတ်ခဲ့ပါတယ်။ ဒီလိုနောက်ဆက်တွဲ ဆက်လက်ဖြစ်ပေါ်နေတဲ့ငလျင်ငယ်တွေ “ငလျင်ကလည်းအခုထိ လှုပ်တုံး။ ဒီနေ့ မနက် ၉နာရီကျော်က အထိလှုပ်သွားသေးတယ်ဗျာ။ လူတွေ ထိတ်လန့်ယုံလောက်ပဲ ဖြစ်တယ်ဗျ။” အခြားထိခိုက်မှုများပြားခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီးက စဉ့်ကူးမြို့က ဒေသခံတဦးကတော့ ညကလည်း ငလျင်ငယ်တွေ အဆက်မပြတ်ဆိုသလို လှုပ်ခတ်နေတာကြောင့် လူတွေ အထိတ်တလန့်နဲ့ ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။ “ညပိုင်းကတော့ ၃ခါလောက် ၄ခါလောက် ဆက်တိုက်ပေါ့ဗျာ။ မနေ့ညကတော့ မအိပ်ရဘူးပေါ့ဗျာ။ လူတွေကတော့ အပြင်ဖက်ထွက်အိပ်နေကြတာပေါ့။ ဒါပေမဲ့ မအိပ်ရဘူး။ ခဏလေး နာရီ တနာရီ နှစ်နာရီလောက်ခြားပြီးရင် တခါ လှုပ်လိုက်ပေါ့။ သူက လင်းပိုင်းလောက်ထိ ၄နာရီလောက်ထိ လှုပ်တယ်ဗျ။ လှုပ်တာက ကျနော်တို့ ၁၂ခွဲလောက်က တော်တော်လေး လှုပ်လိုက်သေးတယ်ဗျ။ နောက်တခါ ၂နာရီလောက်က တခါ လှုပ်လိုက်သေးတယ်ဗျ။ ညပိုင်းကိုက ၃ခါ ၄ခါလောက်က အတော်လှုပ်တယ်ဗျ။ အရင်နီးပါးလောက် မပြင်းပေမဲ့လည်း အတော်ကို သိသာတယ်ဗျ။” မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ထုတ်ပြန်တဲ့သတင်းမှာတော့ သန်းခေါင်ကျော် ၁နာရီအချိန်လောက်မှာ ပြင်းအား ၅ဒသမ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဖော်ပြပါတယ်။ မိုးဇလဌာန ငလျင်ဌာနခွဲ၊ ဦးစီးအရာရှိ ဦးကျော်ကျော်လင်းကတော့ ငလျင်ကြီးတခုလှုပ်ပြီးတဲ့နောက် ရက်ပိုင်းကနေ လပိုင်းကြာအောင်အထိ ငလျင်ငယ်တွေ ဆက်တိုက်ဆိုလို ဆက်လက်လှုပ်ခတ်တတ်ကြောင်း ပြောပါတယ်။ တချို့ ပြင်းအား ၃လောက်သာ ရှိတဲ့ ငလျင်ငယ်တွေကိုတော့ သက်ဆိုင်ရာဌာနက တိုင်းထွာဖို့ ခက်ခဲကြောင်း ပြောပါတယ်။ “သူတို့ဒေသမှာတော့ အသေးလေးတွေပေါ့ဗျာ။ အသေးလေးတွေဆိုတာက ၃အဆင့်လောက်ပဲ ရှိတဲ့ ဟာမျိုးတွေပေါ့။ ၃ဆင့်လောက်ရှိတဲ့ဟာကျ ကျနော်တို့ တိုင်းထွာရေးစက်တွေနဲ့ နည်းနည်း ဝေးကွာ နေတဲ့အခါကျ တခါတလေ record မရတတ်ဘဲ ရှိတတ်တယ်။ ကျနော်တို့ရဲ့ တိုင်းထွာရေး စခန်းတွေက ဘယ်မှာရှိလဲဆို အဲဒီဖက်နဲ့ အနီးဆုံးဆို မန္တလေးမှာ ရှိတယ်။ မန္တလေးစက်က အဲဒီနားဆိုရင် ၄ အဆင့်၊ ၅အဆင့်လောက်မှ တိုင်းထွာလို့ ရတာ။ ၃အဆင့်လောက်ကျ ဒီစက်တွေက record မ၀င်ဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ၃လောက်ဆိုရင်ကို ဘာပဲ ပြောပြော ငလျင်လှုပ်တယ်ဆိုပြီးတော့ သတိပြုမိတာပေါ့။” ဒီလိုနောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်တတ်တာကြောင့် ငလျင်ကြီးလှုပ်စဉ်က ထိခိုက်ပျက်ဆီးခဲ့တဲ့နေအိမ်တွေ “ငလျင်ကြီးလှုပ်ခဲ့တဲ့အချိန်တုံး အစိုးရပိုင်သတင်းစာတွေမှာလည်း ငလျင်လှုပ်ချိန်နဲ့ လှုပ်ပြီးနောက် လိုက်နာဆောင်ရွက်ရမဲ့ အချက်တွေကို ဖော်ပြပြီး သတိပေးနိုးဆော်ထားပါတယ်။ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကျောက်မြောင်းနဲ့ စဉ်ကူးမြို့ကို ဆက်သွယ်ဖို့ ဆောက်လုပ်နေတဲ့ ရတနာသိင်္ဃခေါ် ဧရာဝတီ မြစ်ကူးတံတားပျက်ဆီးခဲ့သလို ဘုရားစေတီတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အဆောက်အဦးတွေပျက်ဆီးခဲ့ရပြီး အနည်းဆုံး လူ တဒါဇင်လောက် သေဆုံးခဲ့ပါတယ်။ သမ္မတရုံး Website မှာတော့ ခြောက်ဦးသေဆုံးကြောင်း ဖော်ပြပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက်မှာတော့ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့အဖွဲ့ ပြီးခဲ့တဲ့နှစ် မတ်လအတွင်းကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုပြီး ပြင်းအားအဆင့် ၇ ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၇၀ကျော်သေဆုံးကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒေသခံတွေကတော့ အနည်းဆုံး လူ ၁၃၀ကျော်လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းပြီး ဒီငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် ကိုမိုးဇော် (ဗွီအိုအေ) | ||||
Posted: 12 Nov 2012 07:06 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည (၇)နာရီ မိနစ်(၄၀)တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံ ခရီးစဉ်သို့ ထွက်ခွာ သွားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 12 Nov 2012 06:50 AM PST
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရန်ကုန်မြို့ဟံသာဝတီရှိသတင်း အချက်အလက် နည်းပညာ ဌာနနှင့် အော်တိုတယ်လီဖုန်း စခန်း၌ ပြည်ပ နိုင်ငံများနှင့် အင်တာနက် ချိတ်ဆက်ထားမှု၊ ADSL သုံးစွဲသူများ လွယ်ကူ အဆင် ပြေစေရေး စီမံ ဆောင်ရွက် ထားရှိမှု၊ ကြိုးဖုန်း (Auto Phone) သုံးစွဲသူများ အတွက် ဆောင်ရွက် ထားရှိမှု များကို လည်းကောင်း၊ နံနက် ၉ နာရီခွဲတွင် မိုဘိုင်းလ် ဆက်သွယ်ရေး စခန်း ဗဟန်း အိတ်ချိန်းရှိ GSM မိုဘိုင်းလ် တယ်လီဖုန်း များအတွက် Online Charging System (OCS) ၏ ဆောင် ရွက် နေပုံများနှင့် အလုံ အိတ်ချိန်းရှိ CDMA မိုဘိုင်းလ် တယ်လီဖုန်း များအတွက် Convergent Billing System (CBS)ဆောင်ရွက်နေပုံ များကိုလည်းကောင်း လိုက်လံ ကြည့်ရှု စစ်ဆေးသည်။
တယ်လီဖုန်း သုံးစွဲသူများ အနေနှင့် အမှန်တကယ် သုံးစွဲ ခဲ့သည့်အတိုင်း တယ်လီဖုန်း သုံးစွဲခများ ပေးဆောင် နိုင်ရန် တယ်လီဖုန်း သုံးစွဲခ ကောက်ခံမှု စနစ်များသည် မှန်ကန် မြန်ဆန်ပြီး ထင်သာမြင်သာ ရှိရမည် ဖြစ်သည့်အပြင် မိမိတို့ ဌာနနှင့် ပတ်သက်၍ စမ်းသပ်စစ်ဆေး လိုပါက မှန်ကန်စွာ ရှင်းလင်း ပြောကြား ပေးကြရန်နှင့် GSM တယ်လီဖုန်းများ အတွက် ဖုန်းခေါ်ဆိုခ ကောက်ယူမှု စနစ် Online Charging System (OCS) နှင့် CDMA ဖုန်းများအတွက် ဖုန်းခေါ်ဆိုခ ကောက်ခံမှု စနစ် Convergent Billing System (CBS)တို့ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အာမခံ တာဝန်ယူ ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက လှည့်လည်စစ်ဆေး ကြည့်ရှုစဉ် မှာကြားခဲ့သည်။ GSM မိုဘိုင်းလ် တယ်လီဖုန်း များအတွက် ဒေါ်တင်နွယ်မိုး (လက်ထောက် အင်ဂျင်နီယာ ဖုန်း ဝ၉-၅၁ဝဝ ဝဝ၁)၊ ဒေါ်ခင်ဖြိုး (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၅ဝ၂၁ဝ၁ဝ)၊ CDMA မိုဘိုင်းလ် တယ်လီဖုန်း များအတွက် ဦးသန့်ဇင်ထွေး (လက်ထောက် အင်ဂျင်နီယာ ဖုန်း ဝ၉- ၇၃ဝဝ ဝ၁ဝဝ)၊ ဦးကိုကိုအောင် (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၈၅ဝဝ ဝဝ၁) နှင့် ကြိုးဖုန်း (Auto Phone) များအတွက် ဦးဇော်မင်းဦး (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၅၄၂ ၁ဝ၇၇) တို့ထံ တယ်လီဖုန်း ခေါ်ဆိုခ များနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ မြ၀တီ | ||||
Posted: 12 Nov 2012 06:34 AM PST
နိုဝင်ဘာလ (၁၁)ရက်နေ့ ထုတ် မော်နီတာ သတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၂၇)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 12 Nov 2012 06:30 AM PST
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့စည်း ဖော်ဆောင်ရေး ခရီးစဉ် အဖြစ် မွန်ပြည်နယ်ကို ၅ ရက်ကြာ ရောက်ရှိ နေပါတယ်။ တင်ဆက်-ရဲဝင့်သူ။ ရိုက်ကူး- အောင်စိုးထိုက် DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 12 Nov 2012 04:49 AM PST
ကွမ်ကျိုးမှ လာရောက်သော တရုတ်လူမျိုး တစ်ဦးက အမှိုက်ကောက် ကလေး ငယ်တစ်ဦးအား မဟာအောင်မြေ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး စခန်းအတွင်း ရိုက်နှက်ခဲ့သဖြင့် အများ ပြည်သူများ မကျေမနပ် ဖြစ်ကာ အထိကရုဏ်း အသွင်ဆောင်သည့် အခြေတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကွမ်းကျိုးမှ လာသော ကျောက်ကုန်သည် တစ်ဦး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 12 Nov 2012 04:29 AM PST
ဧရာဝတီတိုင်း၊ ပန်းတနော် မြို့နယ် ခနွဲ့ကဘို ကျေးရွာနေ လယ်သမား သုံးဦးနှင့် အင်းသူကြီး အပါအဝင်၊ တပည့် အယောက်(၂၀)ခန့်တို့ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လယ်သမားများမှ နယ်မြေခံ ရဲစခန်းသို့ တိုင်ကြား ထားသော်လည်း ယနေ့ချိန်ထိ တစုံ တရာ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း လေးခွဖြင့် ပစ်ခတ်ခံရသူ ကိုဝင်းထိုက်စိုးကပြောသည် ။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 12 Nov 2012 04:31 AM PST
ရခိုင် ပြည်နယ် တွင်းတွင် လက်ရှိ ကုန်းတွင်းပိုင်း လုံခြုံရေး အဆင့် တိုးမြှင့်ထား သော်လည်း ရေကြောင်း လုံခြုံရေး အားနည်း ချက် ရှိကြောင်းနှင့် ပင်လယ်တွင်း ရေကြောင်း လုံခြုံရေး အတွက် တိုးမြှင့်ထားရန် လိုအပ်ကြောင်း ရခိုင် ပြည်နယ်တွင်း ရှိ ပြည်နယ် လွှတ်တော်မှ အမတ်များ၊ ဒေသတွင်းရှိ အင်အားကြီး ပါတီများနှင့် ပြည်နယ်တွင်း တာဝန် ကျလျက်ရှိသော လုံခြုံရေး တပ်များက ဆိုကြသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 12 Nov 2012 04:09 AM PST
ရခိုင်ပြည်နယ် အတွင်း ၁၉၈၂ နိုင်ငံသား ဥပဒေဖြင့် ဆောင်ရွက်လျက်ရှိရာ ကျောက်တော် မြို့နယ်တွင်း၌ တရားဝင် နိုင်ငံသားကဒ် ဆောင်ထားသော ဘင်္ဂါလီလူမျိုးများ မရှိကြောင်း ကျောက်တော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးမှ အရာရှိ က ထုတ်ဖော် ပြောကြားသည်။ ၁၉၆၀ ခုနှစ် မတိုင်ခင် ကာလတွင်း ၀င်ရောက်လာသော တိုင်းရင်းသား မဟုတ်သည့် မျိုးနွယ်စု များသည် အမျိုးသား မှတ်ပုံတင် ကတ်များ သာ ကိုင်ဆောင်ခွင့် ရရှိခဲ့ပြီး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 12 Nov 2012 03:58 AM PST
| ||||
Posted: 11 Nov 2012 10:52 PM PST
မြန်မာ ပြည်သူ ပြည်သား အများစု ပြောကြသော စကား တစ်ခွန်း ရှိပါသည် “ အေးအေး ဆေးဆေးပဲ နေချင်တယ် ၊ နိုင်ငံရေး တွေ ဘာတွေလည်း စိတ်မ၀င်စားပါဘူး ၊ ဘယ်အစိုးရ တက်တက် ကိုယ့်ထမင်း ကိုယ်ရှာစားရမှာပဲ” ဟူသောစကား ဖြစ်ပါ သည် ။ အလွန်စာနာ နားလည်ဖွယ် ကောင်းလှသော စကားတစ်ခွန်း ဖြစ်ပါသည် ။ ထို့ထက်ပို၍ ဆိုခွင့်ရလျှင် အလွန် လူသားပီသသော စကား တစ်ခွန်းလည်း ဖြစ်သည်ဟု ဆိုချင် ပါသည် ။
လူ့ဘ၀၏ အဓိက လိုအပ်ချက်မှာ စားဝတ်နေရေး ဖြစ်ပါသည် ။ မိမိတို့ အသက်ခန္ဓာ တည်မြဲရေး အတွက် အဓိက လိုအပ်သော အစားအစာ (ထမင်းတစ်နပ်) ။ မိမိတို့ ကာအိနြေ္ဒ ထိမ်းသိမ်း ကာကွယ်ရန် ဖုံးလွှမ်းအပ်သော အ၀တ်တန်ဆာ ၊ မိမိတို့ မိသားစု အတွက် မှီခိုရန် နားနေရန် အိပ်စက်ရန် လိုအပ်သောနေစရာတို့သည် လူသားတို့အတွက်မရှိမဖြစ်တောင့်တ ကြောင့်ကြနေရ သော အရာများဖြစ် ပါသည် ။ သာမန်ပြည်သူများ အဖို့ သမ္မတဖြစ်ရေး ၊၀န်ကြီးဖြစ်ရေး၊လွှတ်တော် အမတ် ဖြစ်ရေး ၊ ပါတီ ခေါင်းဆောင်ဖြစ်ရေး ဆိုသည်တို့ မှာ အိမ်မက်ထဲတွင်ပင် ပေါ်မလာသည့် အကြောင်းတရားများဖြစ်ပါသည် ။ နေစရာ တစ်ခုရှိ၍ စားရေးနှင့်ဝတ်ရေးကိုအဆင်ပြေေ ထိုသို့ ရိုးစင်းလှစွာ ဘ၀ကိုဖြတ်သန်းလိုကြသော ပြည်သူပြည်သားများသည် “ စစ် ” ဆိုသည့်အသံကို နားမှ လေသံ ပင် မကြားလိုကြ ပါ ။ အမြောက်သံ ၊ ကျည်သံ ၊ ဗုံးသံများကို မကြားလိုကြပါ ။ ကူးသန်းရောင်းဝယ်ကြသူများ ဖြစ်စေ ၊တောင်ယာလယ်လုပ်ဓါးမခုတ် လုပ်ကိုင်စားသောက်သူများဖြစ်စေ ငြိမ်းချမ်းသောဘ၀ကို ဖြတ်သန်းလိုကြသူများ ချည်းသာဖြစ်ကြပါသည် ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပြည်တွင်းမငြိမ်းချမ်းမှုမျာြး အဓိကပြဿနာများကို သွေးနုသားနု ဒီမိုကရေစီနိုင်ငံသစ် ဆောင်းပါး နောက်ဆက်တွဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး၏ တာဝန်များ ၊ ဖက်ဒရယ်မူ တစ္ဆေ နှင့် အာဏာ(၃)ရပ်၏ တကယ့်ပိုင်ရှင်အစစ်အမှန် ဆောင်းပါးတွင် ဖော်ပြခဲ့ပြီးဖြစ်ပါ သည် ။ ယင်း တွင် “ ယခု အရေးတကြီး ဖြေရှင်းရန်လိုအပ်နေ သည့် ကချင် ပြည်နယ် ပြဿနာ နှင့် အခြား တိုင်းရင်း သား လက်နက်စွဲကိုင်မှု ပြဿနာများ သည် မည်သည့်အတွက်ကြောင့် ဖြစ်ပွားနေရသည် ဆိုသည်ကို အခြေခံကျကျ လေ့လာ (Conflict Analysisလုပ်)ကြည့်ပါ” ဟု တင်ပြခဲ့ ပါသည်။ ထို့အပြင် “ အထူးသဖြင့် …… တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိ ထိုဆောင်းပါးပါအပြီး ရက်များမကြာမီ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ KIO နှင့် ဆွေးနွေးရန် ထွက်ခွာသွားခဲ့ပါသည် ။ အောက်တိုဘာ ၂၉ ရက်တွင် စတင် ကျင်းပ သည့် ရွှေလီငြိမ်းချမ်းရေး အစည်းအဝေးတွင် မည်သည့်အကြောင်းအရာကိုမျှ ပီပီပြင်ပြင် မဆွေးနွေးနိုင်ခဲ့ကြဘဲ နောက်တစ်ကြိမ် ထပ်မံညှိနိုင်းဆွေးနွေးကြရန် ဟုဆို၍ ပြန်လာခဲ့ကြရ ကြောင်းကိုလည်း ပြည်သူအများ သိရှိပြီးဖြစ် ပါသည် ။ ထိုဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ငြိမ်းချမ်းရေးရောင်နီသစ်ကို မျှော်လင့်ခြင်းကြီး စွာဖြင့် စောင့်စားနေခဲ့ကြသော ကချင် တိုင်းရင်းသား များ နှင့်တကွ ငြိမ်းချမ်းရေး ကို အမှန်တကယ်လိုလားကြသော လူသားဆန်သည့် နှလုံးသားရှိသူ ပြည်သူပြည်သားများ အဖို့ ခဲလေသမျှ သဲရေကျခဲ့ရပြန်ပါသည် ။ “ ငြိမ်းချမ်းရေး ဆွေးနွေးကြပြီတဲ့ ” ဟူသော ၀မ်းသာ အားရ အားတက်သရော အသံကလေး များမှ လေ၀ယ် မပျောက်မီ ဝေသီမှုန်မှိုင်းသောအကြည့်များ မျက်ရည်စို့သော မျက်ဝန်းများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့် ကာဖြင့် “ မအောင်မြင်ပြန်ဘူးတဲ့” ဟုယူကြုံးမရ တီးတိုးပြောဆိုကြရပြန်ပါပြီ ။ အထူးသဖြင့် သေနတ်သံများ ၊ ဗုံးသံများ ၊ အမြောက်သံ များကြားတွင် အိုးပစ် အိမ်ပစ် ၊ လင်တကွဲ မယားတကွဲ၊ မိဘတစ်ကွဲ သားသမီးတကွဲဖြင့် စစ်ဘေး စစ်ဒဏ် ကျောကော့ခံလျှက် အထုတ် ကလေးများ ပိုက်ကာ တောကြီးခေါင်ခေါင် အသက်ဘေးမှ ဝေးလွတ်ရာ တိမ်းရှောင်နေ ကြရ ရှာသည့် ကချင်ပြည်နယ်ဒေသခံ တိုင်းရင်းသားများ အဖို့တော့ မည်မျှ ကြေကွဲဝမ်းနည်းကြရှာလိမ့်မည်နည် တိုင်းရင်းသားများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထို ကချင်တိုင်းရင်းသားများနှင့် ဖြစ်နေသော ပဋိပက္ခသည် လူမျိုးရေး ပြဿနာမဟုတ်ပါ ။နိုင်ငံရေး အယူအဆ ကွဲလွဲ မှု(ကွန်မြူနစ် ၊ ဆိုရှယ်လစ် .. စသည် ဖြင့် ) လည်းမဟုတ်ပါ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဖြစ်ပေါ်နေသော ပြဿနာ ( Constitutional Crisis) ဖြစ်ပါသည် ။ တိုင်းရင်းသားများသည် တန်းတူညီမျှခွင် (ဗမာတစ်ကျပ် ရှမ်းတစ်ကျပ် ဟူသော စကားကို )လက်ကိုင် ထားခဲ့ ကြပြီး ဗမာသည်လည်း ပြည်နယ် တစ်ခု ၊ ရှမ်း ၊ ချင်း ၊ ကချင် ၊ ကရင် ၊ မွန် စသည့် အခြား တိုင်းရင်းသား များသည်လည်း ပြည်နယ်တစ်ခုစီ ၊ အခွင့်အရေးနှင့် အာဏာတူမျှ ရမည်ဟူ၍တောင်းဆိုခဲ့ကြသည်။အကယ် ၍ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ များ တွင် ထိုFederal State ကို တင်ပြတောင်းဆိုလာကြလျှင် ၊ မိမိတို့ တိုင်း/ပြည်နယ်တွင် ဥပဒေများ သီးခြား စီရှိရမည် ဖြစ်သည် ဟု ဆိုလာကြလျှင် မည်သူကဦးဆောင်ဖြေရှင်းမည်နည်း ၊ မည်သူက တာဝန်ခံ၍ မည်သို့ ဆုံးဖြတ် ကြမည်နည်း ။ခါတိုင်းလိုပင် နောက်တစ်ချိန်တွင် ထပ်မံဆွေးနွေးကြရန်ဟုဆိုကာ နောက်လှည့် ပြန်လာ ကြဦးမည်လား။ … ဤမျှတိုင်းပြည်အတွက် အရေးကြီးလှသည့် ဥပဒေရေးရာ ထိမ်းညှိ မှုများကို ဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးမရှိဘဲ နှင့် ထိုပြဿနာ များကိုမည်သူဖြေရှင်းမည်နည်း” ဟု ပြည်သူ တစ်ယောက်အနေဖြင့် မေးခဲ့သည် ။ ယခုလည်း ဤမေးခွန်းကိုပင် ထပ်မေးရပါတော့မည် ။ KIO ဘက်မှ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွန်လွတ်ဂမ် ၊ အဖွဲ့ဝင် ဦးဂျီးနောင် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် ဒ(KIA)ု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်တို့၏ ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် ရှင်းလင်း ပြော ကြားသော စကားများကို လေ့လာသုံးသပ်လျှင် KIO ၏ လိုလားချက်များကို တွေ့မြင်ရပါသည် ။ ထိုလိုလားချက်များမှာ .. ၁။ ၂၀၀၈ ဥပဒေက ပြည့်စုံ မှုမရှိပါ ။ ထိုအခြေခံဥပဒေထဲတွင် တိုင်းရင်းသားများ အခွင့်အရေးကို အာမခံ ချက် ပေးမထားပါ။ တိုင်းရင်းသားအခွင့်အရေးကို အာမခံချက်မျိုးကို ပေးထားနိုင် တဲ့ အခြေခံဥပဒေမျိုး၊ တိုင်းရင်းသားတွေ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေနိုင်သည့် ဥပဒေတရပ်လိုပါသည် ။ ဒါကြောင့် အခြေခံဥပဒေကို ပြောနေတာ ဖြစ်ပါ သည်။ ၂။ KIO က မူ ကို အဓိကအချက် ကိုင်စွဲပါသည် ၊ လူကို မစွဲပါ ။ KIO အား ၂၀၀၈ အခြေခံဥပဒေကို စွဲကိုင် ပြော ဆိုဆွေးနွေး လာလျှင် မည်သူနှင့်မဆို (ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက်ပြောဆိုလျှင် ၃။ အပစ် အခတ် ရပ်စဲခြင်းသည် ငြိမ်းချမ်းရေး မဟုတ်ပါ။ အပစ်အခတ် ရပ်စဲသည်ကို ယာယီ ငြိမ်းချမ်းရေး ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များမှ ပြည်သူ့စစ် ဖြစ်သွားသည်ကို ထာဝရ ငြိမ်းချမ်းရေးဟု အဓိပ္ပါယ်ဖွင့်ဆိုနေသည်ကို KIO အပါအ၀င် တခြား တိုင်းရင်းသားအဖွဲ့တွေလည်း လက်မခံပါ ။ ထိုအပစ်အခတ်ရပ်စဲရေး ကိစ္စသည် အချိန်မရွေး ပြန်ပြီး ပြဿနာ ဖြစ်လာနိုင်ပါသည်။ ၄။ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မှသာလျှင် စစ်ရေးရော အခြားကိစ္စတွေပါ အကုန်အစင် ပြေလည် သွားမည် ဟု ယုံကြည် ကြပါသည် ။ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေရခြင်းသည် နိုင်ငံရေး စနစ်ကြောင့် ဖြစ်လာရခြင်း ဖြစ်သဖြင့် ။ နိုင်ငံရေး စနစ်ကို ညှိနှိုင်း ပြီး ပြုပြင်နိုင်မည် ဆိုပါက အစွယ်အပွားဖြစ်သော ပြဿနာများ အားလုံး ပြေလည်သွားမည်ဟု KIO က ယုံကြည်သည် ။ ။ ၃၀ ရက်နေ့ အစည်းအဝေးတွင် KIO ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဆွန်လွတ်ဂမ်က “ ကြိုတင်ကန့်သတ်ချက်များမပါရှိေ ဤသည်မှာ KIO ဘက်မှ ထုတ်ဖော်ပြောဆိုလာသော အချက်အလက်များ ဖြစ်ပါသည် ။ ကချင်ပြည်နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ၏ စကားကို ကိုးကားပြောဆိုရလျှင် ဤသို့ တိုင်းရင်းသားများက လိုလားပါသည် ဟူ သော အချက်အလက် များကို မဆွေးနွေး မညှိနှိုင်းဘဲနှင့် အဘယ်မည်သောပုဂ္ဂိုလ် ဦးဆောင်သော အဘယ်အဆင့်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကစစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင် နိုင်ပါမည်နည်း ။ စာရေးသူရေးသားသော ဆောင်းပါးတိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် အလွန်လက်ခံနိုင်ဖွယ် မရှိကြောင်း ကို ထောက်ပြ ပြောဆိုထားပါသည် ။ မြန်မာနိုင်ငံသား တစ်ယောက်ပင် လက်မခံနိုင်သော တစ်ဘက်စောင်းနင်း ဥပဒေကို မည်သည့် တိုင်းရင်းသားများ က မည်သို့လက်ခံနိုင်ကြပါမည်နည်း ။ ယခင့်ယခင် အစိုးရများလက်ထက်တွင် အခွင့်အရေး များကို မိန့်မိန့်ကြီး ခံစားခွင့် စံစားခွင့်ရခဲ့သော တိုင်းရင်းသား မည်ကာမတ္တ ပုဂ္ဂိုလ်များကတော့ လက်ခံကောင်းလက်ခံကြ ပေလိမ့်မည် ။ ဗဟိုအစိုးရ လုပ်ချင်တိုင်းလုပ်သမျှ ကျောကော့အောင်ခံခဲ့ရသည့် တိုင်းရင်းသားစစ်စစ်များကတော့ ဤသို့သောအကြောင်းခြင်းရာ များကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို အမြန်ဆုံးပြန်လည်ဖွဲ့စည်း၍ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေပါ အချက်များကို တိကျသော အဓိပ္ပါယ်ဖွင့်ဆိုပေးရန် ၊ လိုအပ်သည့် ဥပဒေများကို ပြင်ဆင်ခြင်း ၊ တိုးချဲ့ ခြင်း ၊ ပယ်ဖျက်ခြင်းတို့ ပြုလုပ်ရန် တစ်စိုက်မတ်မတ် တိုက်တွန်းနေခြင်း ဖြစ်ပါ သည် ။ “ ယခုဆွေးနွေးပွဲတွင် KIO ဘက်မှ အဖွဲ့ဝင် ဦးဂျီးနောင်က“ကျွန်တော်တို့ လိုချင်တာက တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်ပါတယ် ” ဟု အတိအလင်း ဆိုလာပါပြီ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ခေါင်းဆောင် “ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ” ဘာတွေများ တုံ့ပြန်ခဲ့ပါသနည်း ။ ဆွေးနွေးပွဲတစ်ခုအတွက် လိုအပ်သည်များကိုမှ ပြင်ဆင်မသွားခဲ့သော ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် တစ်ဦး အနေဖြင့် နောက်တစ်ခေါက်တွင် ဆွေးနွေးပါမည် ဟူ၍သာ ပြောခဲ့ရသည်မဟုတ်ပါလော ။ ဤလိုပုံနှင့်တော့ ဇာတ်မျောကြီး နှင့် မိုးလင်းပါလိမ့်မည် ။ အိပ်ပျော်နေသူကို နိုးထစေရန်လွယ်ကူသော်လည်း အိပ်ချင်ယောင် ဆောင်နေသူကို နှိုးရန် မလွယ်သကဲ့သို့ပင် ရှိပါတော့မည် ။ မတတ်နိုင်ပါပြီ ။ ပြောရေးရှိလာတော့လည်း ပြောရပါတော့မည် ။ ကချင် ၊ကယား၊ကရင် ၊ ချင်း ၊ မွန် ၊ ရှမ်း စသော တိုင်းရင်းသားများလိုလားတောင်း ပြည်နယ်တစ်ခုသည် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ချက်များကို လွတ်လပ်စွာ လုပ်ဆောင် ပိုင်ခွင့်ရှိရပါ မည် ။ ၎င်း၏ သဘာဝ သယံဇာတများ ကို ထုတ်ယူသုံးစွဲခြင်း ၊ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ပြည်နယ် သူ ပြည်နယ်သားများကို ကိုယ်စားပြုသော ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရ အဖွဲ့တို့၏ လွတ်လပ်သော ဆုံးဖြတ်ချက်များ ဖြင့် ဆောင်ရွက်ပိုင်ခွင့်ပေးရပါမည် ။ လူအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်အသုံးချရန် လွတ်လပ်စွာ လုပ် ဆောင်ပိုင်ခွင့်များ ပေးရပါမည် ။ ၎င်းပြည်နယ်တွင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြုပ်နှံမှုများကို လွတ်လပ် စွာ စီမံလုပ်ဆောင်ခွင့်ရှိရပါမည် ။ ပြည်နယ်တစ်ခု၏ စီးပွားရေးလုပ်ငန်းများ သယံဇာတများကို ဗဟိုအစိုးရမှ ချုပ်ကိုင်ထား၍ ကချင်ပြည်နယ် အသုံးစာရိတ် (budget) ကို ပြည်ထောင်စုက စီမံခန့်ခွဲပေးနေသော အနေအထားကို မည်သည့်ပြည်နယ် ကမျှ လက်ခံနိုင်လိမ့်မည်မဟုတ်ပါ ။ ပညာရေး ၊ကျန်းမာရေး စသော .. ကဏ္ဍအသီးသီးကိုလည်း လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ပေးရပါမည် ။ ဆိုလိုသည်မှာ ကချင်ပြည်နယ်တွင် အစိုးရကျောင်းများကို ပြည်ထောင်စု အစိုးရမှ သွားဆောက်ပေးသည် ဆိုသည့် ကိစ္စမှာ ပြည်ထောင်စု ဟု အမည်ခံထားသည့် နိုင်ငံတစ်ခုတွင် ဖြစ်ကောင်းသည့် ကိစ္စမဟုတ်ပါ ။ ထိုနည်းတူ လမ်းဖောက်ခြင်း တံတားဆောက်ခြင်း စသည့်ကိစ္စများကို ပြည်ထောင်စုက အစစ အရာရာ လိုက်လုပ်ပေးနေရမည်မဟုတ် ပါ ။ ပြည်ထောင်စု နိုင်ငံတစ်ခုတွင် ပြည်နယ်များသည် ပြည်ထောင်စု အစိုးရ၏ လက်ဝေခံမဟုတ်ကြပါ ။ မည်သည့်နေရာ တွင် လမ်းဖောက်မည် ၊ မည်သည့်နေရာတွင် တံတား ဆောက်မည် ။ မည်သည့် နေရာတွင် ကျောင်း ဆောက်မည် ၊ မည်သည့် နေရာတွင်ဆေးပေးခန်းလိုအပ်သည်။ ပည်နယ်တိုးတက်ဖွံ့ဖြိုး ရေး အတွက် မည်သည့်စီမံကိန်းများကိုလုပ်ဆော ပြည်ထောင်စု အစိုးရသည် ပြည်နယ်တစ်ခုတွင် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုကို လုပ်ဆောင်လိုပါကပြည်နယ် သူ ပြည်နယ်သားများအား ကိုယ်စားပြုသော အာဏာပိုင်အဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ရပါမည် ။သို့သော် ထိုသို့ ပြည်ထောင်စု အစိုးရ မှ လုပ်ဆောင်သော စီမံချက်များသည် ပြည်နယ်အတွက် အကျိုးထက် အပြစ်ကပိုများသည့် စီမံကိန်းများဖြစ်လျှင် ပြည်နယ်သူ ပြည်နယ်သားများက လက်ခံကြလိမ့်မည် မဟုတ်ပါ ။ ပြည်နယ်တစ်ခုမှ တန်ဖိုးထားသော သဘာဝပတ်ဝန်းကျင် ပျက်ပြားစေမည့် စီမံချက်များ(ဥပမာအားဖြင့် မြစ်ဆုံစီမံကိန်းကဲ့သို့သော ကိစ္စရပ်များ)၊ ပြည်နယ် ဓလေ့ထုံးတမ်းစဉ်လာများ ယဉ်ကျေးမှုစံများနှင့် မကိုက်ညီသော စီမံချက်များဆိုပါက လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပါ ။ ထိုသို့ ပြည်နယ်သူ ပြည်နယ်သား များက လက်မခံ သော လုပ်ဆောင်ချက်များကိုပြည်ထောင် ဤသည်မှာ တိုင်းရင်းသားများ လိုချင်သော စစ်မှန်သော ပြည်ထောင်စု စနစ်ဖြစ်ပါသည် ။ ဤသည်ပင်လျှင် federal state စနစ်ဖြစ်ပါသည် ။ ဖက်ဒရယ်စတိတ် မူဝါဒ ဆိုသည်မှာ နိုင်ငံရေးပုရောဟိတ်အချို့ လိုရာဆွဲ အဓိပ္ပါယ် ဖွင့်ဆိုသကဲ့သို့ ပြည်နယ်တစ်ခုသည် ပြည်ထောင်စုမှ သီးခြားခွဲထွက်သွားခြင်းကို ဆိုလိုသည်မဟုတ်ပါ ။ ယူဂိုဆလား ဗီးယား ပြည်ထောင်စုမှ ပြည်နယ်များ ခွဲထွက်သွားပြီး သီးခြားနိုင်ငံများ အဖြစ်ထူထောင် ရပ်တည်ကြခြင်းမျိုးမဟုတ်ပါ ။ မိမိတို့ ပြည်နယ်တွင် မိမိတို့ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီသော ဥပဒေ များကို ချမှတ်၍ မိမိတို့ကြမ္မာကို မိမိတို့ လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်ကို ဆိုလိုပါသည် ။ မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးခွင့် ဆိုသည် မှာလည်း ၎င်းတို့ ပြည်နယ်မှ သယံဇာတ များ ၊သဘာဝပတ်ဝန်းကျင်များ ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ၎င်းတို့ ဘာသာ လွတ်လပ်စွာ စီမံခန့်ခွဲလိုခြင်း ဟု ရှင်းလင်းစွာ နားလည်ကြရမည်ဖြစ်ပါသည် ။ ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံ တော် ဆိုသည် မှာ ပင်လုံစာချုပ် မှ စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်သည် ။ မည်သည့်တိုင်းရင်းသားမျှ ပြည်ထောင်စု မှ ခွဲထွက် လိုသည်ဟု မပြောကြပါ ။မတောင်းဆိုကြပါ ။ ပြည်ထောင်စု ဟု အမည်ခံလျှက် ဗဟိုအစိုးရမှ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက် ၍ သော်လည်းကောင်း လွှမ်းမိုးသည်ကို မခံလိုကြခြင်းသာ ဖြစ်ပါသည် ။ ပြည်ထောင်စုအတွင် တို |
[Message clipped] View entire message
0 comments:
Post a Comment