Monday, November 12, 2012

အရက်နှင့် ဆက်နွယ်နေသော ပြသနာများ


by Moenge Aung on Monday, November 12, 2012 at 9:11am 

ဦးနှောက်ကိုထိခိုက်စေသောအကြောင်းများ
            ၁။ အရက်က ဦးနှောက်ကို အဆိပ်သင့်စေခြင်း
            ကလပ်စည်းများ၏ နံရံများကို ထိခိုက်ပျက်စီးစေပြီး ကလပ်စည်းများ၏ လုပ်ငန်းများကို တဒင်္ဂသော် လည်းကောင်း၊ ထာဝရသော်လည်းကောင်း ထိခိုက်စေပါသည်။ ဦးနှောက်ကလပ်စည်းများ ပုံမှန်အလုပ်မလုပ် နိုင်သည် နှင့်အမျှ ဦးနှောက်လုပ်ငန်းဆောင်တာများ လည်းကမောက်ကမဖြစ်လာ စေနိုင်ပါသည်။

            ၂။အရက်သောက်သုံးခြင်းကြောင့် လိုအပ်သောဗီတာမင်ဓာတ်များနှင့် အခြားဓာတ်များချို့တဲ့လာ၍ ယင်းမှ တစ်ဆင့် ဦးနှောက်ကို ထိခိုက်စေခြင်း
            အရက်ကိုစွဲမြဲစွာ သောက်သုံးသူတစ်ယောက်သည် နေ့စဉ်အစားအစာ စာသုံးမှုကို ထိခိုက်ပျက်စီး လာစေပါသည်။ နေ့စဉ် အချိန်မှန်ထမင်းဟင်းစားရန် စိတ်မပါတော့ခြင်း၊ မေ့လျော့ခြင်းများ ဖြစ်လာကာ အရက်ပြီး အရက်ဖြစ်လာပြီး နေ့စဉ် လိုအပ်သော အာဟရများ ရရှိမှု လျော့နည်းလည်ပါသည်။ လိုအပ်သော ဗီတာမင်ဓာတ်များ မရရှိသောအခါ ဦးနှောက်သည်လည်း ပုံမှန်အလုပ်လုပ်နိုင်ရန်များစွာ အခက်အခဲရှိလာသည်။ ထိုသို့ဖြင့် အရက်က ဗီတာမင်နှင့် အခြားဓာတ်များ ချို့တဲ့သွားစေပြီး ဦးနှောက်ကို ထိခိုက်ပျက်စီးစေပါသည်။
            ၃။အရက်သည် အခြားသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ အပေါ်ထိခိုက်ပျက်စီးစေနိုင်ခြင်း
            ကိုယ်တွင်းအင်္ဂါများအစိတ်အပိုင်းများ ထိခိုက်ပျက်စီးစေခြင်းသည် ဦးနှောက်လုပ်ငန်းများ အပေါ်အကျိုး သက်ရောက်မှုများ ရှိလာစေပါသည်။
            ၄။အရက်သောက်ပြီး အလွန်အကျွံ သောက်၍အရက်မူးနေစဉ် ဦးခေါင်းကို မတော်တဆထိခိုက် ဒဏ်ရာရ စေခြင်း

အရက်ကြောင့်ဖြစ်ပေါ်လာနိုင်သော  ဦးနှောက်ထိခိုက်မှုများ

(၁) အရက်ဖြတ်ပြီး ၀က်ရူးပြန်ခြင်း
            ဦးနှောက် ပုံမှန် အလုပ်လုပ်နိုင်ရန် ဦးနှောက်ကလပ်စည်းများ ကိုလှုံ့ဆော်နေသော စနစ်နှစ်ရပ်ရှိသည်။ ပထမစနစ်သည် ဦးနှောက်ကလပ်စည်းများ ကိုပိုမိုတက်ကြွစွာ အလုပ်လုပ်ရန်လှုံ့ဆော်တတ်သည်။ ဒုတိယစနစ်သည် ဦးနှောက်ကလပ် စည်းများကို လှုံ့ဆော်လိုက်ပါက ကလပ်စည်းများ လေးလံထိုင်းမှိုင်း သွားစေသည်။ ထိုစနစ်နှစ်ခု မျှတသော လှုံ့ဆော်မှု တို့ကြောင့် ဦးနှောက်ကလပ်စည်းများသည် တက်ကြွလွန်းခြင်းလည်းမရှိ၊ ထိုင်းမှိုင်းလေးလံခြင်း လည်းမရှိဘဲ ပုံမှန်အလုပ်လုပ် နိုင်ခြင်းဖြစ်သည်။
            အရက်သောက်ပြီး ထိုနှစ်ခုလုပ်ဆောင်ချက် ပုံမှန်မဖြစ်သောအခါ ဦးနှောက်ကလပ်စည်းများ အလွန့်လွန် တက်ကြွစွာ ပုံမမှန် အလုပ်လုပ်လာခြင်းကြောင့် အရက်ပြတ်ပြီး မကြာမှီ အချိန်တွင်းမှာပင် လူနာသည် ကြွက်သားများ တောင့်တင်း လာပြီး ကွေးကောက်သွားခြင်း၊ သတိလစ်သွားခြင်း၊ ဆီးဝမ်းများသတိလက်လွတ် ယိုထွက်ခြင်း၊ အလွန်ဆိုးဝါးလာပါက လူနာသည် အသက်ရှု မရတော့ဘဲ အသက်ဆုံးရှုံးသည်အထိဖြစ်လာနိုင်ပါသည်။ အရက်ပြတ်ခြင်းကြောင့် ဖြစ်ပေါ်လာ သော အတက်ရောဂါ ဝေဒနာသည် လူသိများသော ၀က်ရူးပြန်ရောဂါ (Epilepsy) နှင့် လက္ခဏာခြင်း ဆင်တူသော် လည်း ဖြစ်ပေါ်စေသော အကြောင်းအရင်း၊ ရောဂါသဘာဝနှင့် ကုသပုံမတူညီပါ။

(၂) သ၀န်တိုစိတ်လွန်စိတ်ရောဂါ( Morbid Jealousy)
            အရက်သောက်သုံသူများတွင်တွေ့ရတတ်သော ထိုစိတ်ရောဂါသည်။ မိမိဇနီး၊ ခင်ပွန်း၊ ချစ်ခင်နှစ်သူများ အပေါ် ယုံမှားသံသယစိတ်လွန်ကဲစွာ ဖြစ်ပေါ်လာသည့် ဝေဒနာတစ်မျိုး ဖြစ်သည်။ ထိုသူသည် မိမိဇနီး၊ ခင်ပွန်း၊ စေ့စပ်ထားသူ၊ ချစ်ခင်နေသူသည် ဖောက်လွဲဖောက်ပြန် ဖြစ်နေသည်။ ဖြစ်လုဆ*ဆ* ဖြစ်နေသည့် အခြေအနေတွင် ရှိနေသည်ဟု ယုံကြည်ယူဆထားတတ်ကြပါသည်။ ထိုသံသယစိတ်သည် လူနာ၏ အတွင်းစိတ်မှ အခြေခံလာတတ် ခြင်းဖြစ်သည်။ ပြင်ပအခြေအနေ အဖြစ်အပျက်များအပေါ် များစွာအခြေမခံတတ်ပါ။ ထိုကဲ့သို့ သံသယစိတ်သည်။ ရောဂါဆိုးဝါးလာသည်နှင့်အမျှ တဖြည်းဖြည်းစွဲမြဲခိုင်မာလာတတ်သည်။ လူနာသည် မိမိ၏ဇနီး၊ခင်ပွန်း ဖောက်လွဲ ဖောက်ပြန်ဖြစ်နေခြင်းကို လုံးဝမှန်ကန်သည်ဟု နောက်ဆုံးယုံကြည်လာတတ်သည်။ သ၀န်တိုလိုစိတ်လွန်ရောဂါသည် များစွာသော လူမှုရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေးဆိုင်ရာ နောက်ဆက်တွဲ အခြေအနေများ ရှုပ်ထွးဖြစ်ပေါ်လာနိုင် သောစိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်မျိုးဖြစ်ပါသည်။

(၃) အရက်စွဲရောဂါ
            မည်သူမဆို အရက်တစ်မျိုး၊ အထူးသဖြင့် အရက်အပြင်းစား (ဥပမာ ရမ်၊၀ီစကီ၊ ဂျင်၊ အရက်ဖြူ အစရှိသည်) တို့ကို နေ့စဉ် ငါးပက်မှ ခုနှစ်ပတ်အထိ သောက်သုံးပါက ရက်သတ္တပတ် သုံးပတ်အတွင်း ထိုလူသည်အရက်စွဲ သွားနိုင်ပါသည်။အရက်စွဲခြင်းကို Alchol Dependency ဟုခေါ်ပါသည်။ အရက်စွဲသူဆိုသည်မှာ အရက်ကို မသောက် သုံးရပါက တွေ့ကြုံခံစားရမည့်သူမျိုးကို ဆိုလိုပါသည်။ အရက်စွဲနေသူသည် အရက်ကို နေ့စဉ် အချိန်မှန်သောက်နေ တတ်သူဖြစ်ပြီး၊ တစ်ရက် အရက်မသောက်ရပါက ၂၄နာရီမှ ၄၈ နာရီအတွင်း အရက်ပြတ်လက္ခဏာ တစ်မျိုးမျိုးကို ခံစားလာရတတ်ပါသည်။

Created by ko myo thu

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...